တစ်တော့အပလီကေးရှင်းကို အမေရိကန် သမ္မတက တားမြစ်မယ်လို့ဆို

International-news

တစ်တော့အပလီကေးရှင်းကို အမေရိကန် သမ္မတက တားမြစ်မယ်လို့ဆို

အွန်လိုင်းပေါ်က နာမည်ကြီး ပလက်ဖောင်း တစ်ခုဖြစ်တဲ့ တရုတ်ကုမ္ပဏီပိုင် တစ်တော့ ဗီဒီယိုဖိုင် အတိုလေးတွေ တင်တဲ့ အပလီကေးရှင်းကို အမေရိကန်နိုင်ငံမှာ တားမြစ်ထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုလိုက် ပါတယ်။ ဒါအပြင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီကလည်း အဲ့ဒိ အပလီကေးရှင်းကို ဝယ်ယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တစ်တော့အပလီကေးရှင်းကို အမေရိကန် သမ္မတက တားမြစ်မယ်လို့ဆို1

တစ်တော့ကို အမေရိကန်မှာ အသုံးပြုခွင့် မပေးဖို့အတွက် ဘယ်လို ဥပဒေတွေကို အသုံးပြုပြီး တားမြစ်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ သူက “ ကျနော်ကတော့ တစ်တော့ကို တားမြစ်ရမှာပဲ။

အရေးပေါ် စီးပွားရေးဆိုင်ရာ အမိန့်အာဏါ ထုတ်ပြန်နိုင်မှု သို့မဟုတ် အခွင့်အာဏါ ပိုင်ဆိုင်မှုအမိန့် တစ်စုံတစ်ရာကို သုံးပြီး အမိန့် ထုတ်ပြန် ရပါလိမ့်မယ်။ အဲ့ဒိအာဏါ ကျနော်မှာ ရှိပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောသွားပါတယ်။

တစ်တော့က တရုတ်ကုမ္ပဏီ ဘိုက်ဒန့်စ်ပိုင် အွန်လိုင်းပလက်ဖောင်း တစ်ခုဖြစ်ပြီး မိုက်ခရိုဆော့ဖ် ကုမ္ပဏီက အဲ့ဒိပလက်ဖောင်းကို ဝယ်ယူမယ်လို့ စကားသံသဲ့သဲ့ ထွက်ပေါ်နေရာ နဂိုကတည်းကမှ တစ်တော့ကို လုံးခြုံရေးဆိုင်ရာ ကျိုးပေါက်မှု ရှိနေတဲ့အတွက် အမေရိကန်အစိုးရက စောင့်ကြည့်နေရာ အခုတော့ သမ္မတက ပြောင်ဖွင့်ပြောရတဲ့အထိ ဖြစ်လာပါပြီ။

ဆန်ဆာ တာဝါ သုသေတနဌာနရဲ့ အစီရင်ခံစာမှာ တစ်တော့က အမေရိကန်နဲ့ အခြားဥရောပနိုင်ငံတွေမှာ ပေါက်သွားတဲ့ အပလီကေးရှင်း တစ်ခုဖြစ်ပြီး ပထမဦးဆုံး အနောက်နိုင်ငံတွေမှာ ပေါက်သွားတဲ့ တရုတ်အပလီကေးရှင်း ဖြစ်ပါတယ်။

၂၀၂၀ ရဲ့ ပထမ ၃လအတွင်းမှာပဲ အဲ့ဒိ အပလီကေးရှင်းကို ဒေါင်လုပ်ဆွဲတဲ့ အကြိမ်ရေ ၃၅၅ သန်းရှိပါတယ်။ အွန်လိုင်းရာဇဝင်မှာ ဒေါင်းလုပ်အများဆုံး ဆွဲခံရတဲ့ လေးခုမြောက် အပလီကေးရှင်း ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

တစ်တော့ကုမ္ပဏီကတော့ အွန်လိုင်းပေါ်မှာ တစ်တော့ကို အသုံးပြုနေသူတွေရဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းထားမှု ရှိပေမဲ့ သူတို့အနေနဲ့ တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှု ကင်းရှင်းပါတယ်လို့ ဆိုထားပါတယ်။

လက်ရျိမှာလည်း အမေရိကန်က တစ်တော့သုံးသူတွေရဲ့ သတင်း အချက်အလက်တွေကို အမေရိကန်မှာပဲ သိမ်းထားပါတယ်။ အဲ့ဒါတွေကို အမေရိကန်က အလုပ်သမားတွေပဲ ကိုင်တွယ်ထားပါတယ်။ ကျနော်တို့ရဲ့ ပေါ်လစီကတော့ မိသားစုတွေ ပျော်ရှင်အောင်နဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် ဦးစားပေးထားပါတယ် လို့လည်း ဆိုပါတယ်။

မောင်ယဿ, REF: Cnn, Photo: CNN

Zawgyi



တစ်တော့အပလီကေးရှင်းကို အမေရိကန် သမ္မတက တားမြစ်မယ်လို့ဆို2









No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …