
International-news









မောင်ယဿ REF: euronews
Photo; ap

Unicode

တစ်နှစ်ထဲမှာ ရွေးကောက်ပွဲ ၃ခါ လုပ်ရတဲ့ အစ္စရေး

ရာဇဝတ်မှုတွေ အကျင့်ပျက်ခြစားမှုတွေနဲ့ အပုတ်နံ့ထွက်နေသော်လည်းပဲ အစ္စရေးကို ကာလရှည်ကြာစွာ အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် နေတန်ရာဟု ကို ဝန်ကြီးချုပ်ရာထူး ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရှိ မရှိ မဲပေးဆုံးဖြတ်တဲ့ ရွေးကောက်ပွဲကို မကြုံစဖူးထူးကဲစွာ တစ်နှစ်အတွင်း ၃ကြိမ်ပြုလုပ်မှုအား ဒီကနေ့ တနင်္လာနေ့မှာ စခဲ့ပါတယ်။

အစ္စရေးနိုင်ငံရေးသမိုင်းမှာ ဝန်ကြီးချုပ်ရာထူးကို အကြာရှည်ဆုံး ဆုတ်ကိုင်ထားနိုင်တဲ့ နေတန်ရာဟု က လက်ရှိမှာတော့ အိမ်စောင့် ဝန်ကြီးချုပ်အဖြစ်နဲ့ တစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်နေရပါတယ် ။

နက်ရှိုင်းစွာ စူးဝင်နေတဲ့ နိုင်ငံရေး လေဖြတ် အကြောသေ နေမှု ရယ် အလုံစုံပါဝင်နိုင်ရေး ခေါင်းစဉ်အောက်က ရွေးကောက်ပွဲ ၂ ကြိမ်ရယ်ကြောင့် အစ္စရေးက ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်မှာပဲ ကော်ရိုနာဗိုင်းရက်ခြောက်လှန့် ခံထားရတဲ့ တတိယအကြိမ်ရွေးကောက်ပွဲကြောင့် း ပြည်သူတွေကို ပိုပြီးချိနဲ့စေပါတယ်။

ဒီတစ်ကြိမ် မှာ နေတန်ရာဟု ဆက်နိုင်မယ်ဆိုရင် ၅ကြိမ်မြှောက် နိုင်တာဖြစ်ပြီး ပြည်သူတွေက လက်ရှိမှာ ဆက်လက်ထောက်ခံဆဲ ဖြစ်နေပါတယ်။ အခြား အမျိုးသားရေးပါတီတွေက လွှတ်တော်ထဲကို ဝင်တိုးဖို့ရာ မဖြစ်နိုင်ဘူးဖြစ်နေပါတယ်။

နေတန်ရာဟုရဲ့ လီကွတ်ပါတီကို အားနဲ့အင်နဲ့ အတိုက်အခံပြု နိုင်တာက အငြိမ်းစား စစ်တပ်အကြီးအကဲ ဘန်နီဂျန့်ဇ် ရဲ့အပြာ အဖြူပါတီ ပါပဲ။ လက်ရှိတရားစွဲ ဆိုခံထားရတဲ့ နေတန်ရာဟုက ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ထမ်းဆောင်ရန်မသင့် ဆိုတဲ့အယူကို ၎င်းတို့ကပဲ တင်သွင်းခဲ့တာပါ။

အပြာအဖြူ ပါတီနဲ့ လီကွတ်ပါတီတို့က အရင်ကတော့ မဟာမိတ်ပါတီတွေ ဖြစ်ပါတယ် ။နောက်ပိုင်းမှာ ကတော့ စားပွဲဝိုင်း ပေါ်မှာပဲ မဟာမိတ်အဖြစ်ရှိနေပြီး အာဏါရနဲ့ အတိုက်အခံအဖြစ် နိုင်ငံရေးသဘောထား ကွဲလွဲနေပါတယ်။ အစ္စရေးနိုင်ငံမှာက ရွေးကောက်ပွဲနေ့က အစိုးရရဲ့ တရားဝင်ရုံးပိတ်ရက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့ဆိုရင် လမ်းပေါ်မှာ လူတွေက ခြိမ့်ခြိမ့်သည်း အောင်ပွဲ ခံ လေ့ ရှိ ပါ တယ်။

နိုင်တဲ့ပါတီရော ရှုံးတဲ့ပါတီကပါ ပျော်ပျော်ပါးပါးကြီး အောင်ပွဲခံကြပါတယ်။ အခုတော့ လမ်း တွေ ပေါ် မှာ လူ အ နည်း ငယ် သာ ရှိ ပါ တယ်။ မဲပေးဖို့ နေရာ၁၅ နေရာမှာ လူ ရာဂဏန်းလောက်ပဲရှိပါတယ်။ လူတွေက မဲပေးပြီး ကိုယ်အိမ်ကိုယ့်ယာကိုပြန်နေကြပါတယ်။ ကော်ရိုနာဗိုင်းရက်ကိုကြောက်တာရယ် ၃ ခါရှိပြီဖြစ်တဲ့ ရွေးကောက်ပွဲရယ် ကြောင့်ပါပဲ။

မောင်ယဿ REF: euronews
Photo; ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …

ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ
International-news
ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ

ကေပေါ့ပ် အဆိုတော်နာမည် မလေးစကားနဲ့ ဝက်မကြီးလို့ အဓိပ္ပါယ်ထွက်လို့ အလှောင်ခံရ အမေရိကန် အဆိုတော် ကချေသည် စမန်သာဂျိမ်းကို လိုင်းပေါ်မှာ စကားလုံးတွေနဲ ညှင်းပန်းနှိပ်စက်မှုက သူသိများ ကျော်ကြားခဲ့ သလို အခုလည်း ကေပေါ့ပ်က နာမည်ကြီး အဆိုတော် ဘာဘီကို မလေးရှား ဖန်တွေက လိုင်းပေါ်ကနေဝိုင်းပြီး လှောင်ပြောင် သရော်နေပါတယ် ။ ဘာဘီနဲ့ မလေးရှား လိုင်းသုံးသူများ ကြားက အခြေအတင် ဖြစ်မှုက တစ်စစ လူသိများလာပြီး ဘာဘီ တင်တဲ့ပို့စ်ကို ဝိုင်းရှယ် ကြတော့တာပါပဲ ။ တောင်ကိုရီးယား FLY WITH ME အမျိုးသမီးဝိုင်းက အဆိုတော် ဆိုယောင်းကို ဘာဘီလို့ လူသိများပါတယ် ။ …