တစ္ေယာက္တည္းလည္း ေအးေဆးပါလို႔ ဆိုတဲ့ အမ္မလီအတက္
- By : Phoe Linn
- Category : International-news

တစ္ေယာက္တည္းလည္း ေအးေဆးပါလို႔ ဆိုတဲ့ အမ္မလီအတက္
ၿပီးခဲ့တဲ့ ၅ လ ေလာက္က ႐ုပ္သံ ထုတ္လုပ္ေရး သမား ရီးစားေဟာင္း ေရာဘ္ဂ်ိဳဝါ နဲ႔ ျပတ္သြားၿပီးေနာက္မွာ သူမကို လိုင္းေပၚမွာ စိတ္ဓာတ္ မက်နဲ႔တို႔ ဖိုက္တင္း တို႔ အစစ အားေပး ေနတဲ့ ပရိသတ္ ကို သူမကို မသနားဖို႔ အတြက္ အမ္မလီအတက္ က ျပန္တိုက္တြန္း လိုက္ပါတယ္ ။ အမ္မလီ အတက္ ( ၃၀ ႏွစ္ ) တီဗီ အစီ အစဥ္ တင္ဆက္သူ က မေန႔က သူမရဲ႕ တြစ္တာမွာ “ က်မ လူေတြကို ေတာ္ေတာ္ေလး စိတ္ဓာတ ္ က်ေနပါတယ္ ။
က်မကို တစ္ေယာက္တည္း ျဖစ္ေနတာ အဆင္ေျပ ရဲ႕လား ၊ ရီးစားနဲ႔ ျပတ္သြားတယ္ ဆိုရင္ပဲ ဘဝႀကီး တစ္ခုလုံး ၿပိဳက် သလိုပဲ သူတို႔က ျမင္ေန ၾကတယ္ ။ အျခား သူေတြေရာ အဲ့လို ျဖစ္သြား ၾကလို႔လား ။ က်မေတာ့ မထင္ပါဘူး ။ အဆင္ မေျပလို႔ လမ္းခြဲ ၾကတာ ဒီဘက္ေခာတ္ ရဲ႕ အထာ ပဲေလ အဲ့ဒါကို က်မကို လာၿပီး အရမ္း သနား ေနတာေတြ ေတြ႕လို႔ စိတ္မေကာင္း ျဖစ္မိ ပါတယ္ ” လို႔ သူမက ဆိုတယ္ ။ သူမက ေရာဘ္နဲ႔ ကြဲရတဲ့ အေၾကာင္းကို ပရိသက္ကို ရွင္းျပခဲ့ ၿပီးပါၿပီ ။
ေရာဘ္က လိုတာ ထက္ပိုၿပီး သဲသဲလႈတ္တဲ့ အတြက္ေၾကာင့္ ပါလို႔ သူမက ရွင္းျပ ခဲ့ပါတယ္ ။ သူတို႔ရဲ႕ အတြင္းေရး ကို ေဖာ္ျပတဲ့ အင္ဆိုက္ဒါ ေဒးလီေမးလ္ မွာ “ သူလည္း ဒီဖက္ေခာတ္ အမ်ိဳးသားတစ္ေယာက္ပဲ ။ ေနာက္ၿပီး ႐ုပ္ရွင္ ေလာကသားတစ္ေယာက္က အမ်ိဳးသမီးတစ္ေယာက္ ကို လိုတာထက္ ပိုၿပီး မလုပ္ရ မကိုင္ရ ဆိုၿပီး ခ်ဳပ္ခ်ယ္ ေနရင္ ေရရွည္ ဘယ္လိုမွ လက္တြဲ ဖို႔ဆိုတာ မျဖစ္ ႏိုင္ပါဘူး ။
က်မက အလုပ္ ေလာဘ နည္းနည္းႀကီးေတာ့ သူ႔ကို ဂ႐ုမစိုက္ တာေတြ ဘာေတြ ရွိခဲ့တာကို သူက စိတ္မရွည္ ခ်င္ဘူး ဆိုေတာ့ ဘယ္လို လုပ္ရမလဲ ။ ျပႆနာ ျဖစ္ေတာ့ မေကာင္း ဘူးေလ ” လို႔ သူမက ဆိုတယ္ ။ သူတို႔၂ ဦးက မႏွစ္က ဧၿပီလမွာ အမ်ား ျပည္သူ ေရွ႕ေမွာက္မွာ ေပၚေပၚ ထင္ထင္ တြဲခဲ့ၿပီး ႐ုပ္သံ အစီအစဥ္ ဆုေပးပြဲ တစ္ခုမွာ ဆုံခဲ့ တာပါ ။ ဘာပဲ ေျပာေျပာ တစ္ေယာက္တည္း ျဖစ္ေနတဲ့ သူမကေတာ့ ေအးေဆးပါလို႔ ဆိုပါတယ္ ။
ေမာင္ယႆ Ref: daily mail
Unicode
တစ်ယောက်တည်းလည်း အေးဆေးပါလို့ ဆိုတဲ့ အမ်မလီအတက်
ပြီးခဲ့တဲ့ ၅ လ လောက်က ရုပ်သံ ထုတ်လုပ်ရေး သမား ရီးစားဟောင်း ရောဘ်ဂျိုဝါ နဲ့ ပြတ်သွားပြီးနောက်မှာ သူမကို လိုင်းပေါ်မှာ စိတ်ဓာတ် မကျနဲ့တို့ ဖိုက်တင်း တို့ အစစ အားပေး နေတဲ့ ပရိသတ် ကို သူမကို မသနားဖို့ အတွက် အမ်မလီအတက် က ပြန်တိုက်တွန်း လိုက်ပါတယ် ။ အမ်မလီ အတက် ( ၃၀ နှစ် ) တီဗီ အစီ အစဉ် တင်ဆက်သူ က မနေ့က သူမရဲ့ တွစ်တာမှာ “ ကျမ လူတွေကို တော်တော်လေး စိတ်ဓာတ ် ကျနေပါတယ် ။
ကျမကို တစ်ယောက်တည်း ဖြစ်နေတာ အဆင်ပြေ ရဲ့လား ၊ ရီးစားနဲ့ ပြတ်သွားတယ် ဆိုရင်ပဲ ဘဝကြီး တစ်ခုလုံး ပြိုကျ သလိုပဲ သူတို့က မြင်နေ ကြတယ် ။ အခြား သူတွေရော အဲ့လို ဖြစ်သွား ကြလို့လား ။ ကျမတော့ မထင်ပါဘူး ။ အဆင် မပြေလို့ လမ်းခွဲ ကြတာ ဒီဘက်ခောတ် ရဲ့ အထာ ပဲလေ အဲ့ဒါကို ကျမကို လာပြီး အရမ်း သနား နေတာတွေ တွေ့လို့ စိတ်မကောင်း ဖြစ်မိ ပါတယ် ” လို့ သူမက ဆိုတယ် ။ သူမက ရောဘ်နဲ့ ကွဲရတဲ့ အကြောင်းကို ပရိသက်ကို ရှင်းပြခဲ့ ပြီးပါပြီ ။
ရောဘ်က လိုတာ ထက်ပိုပြီး သဲသဲလှုတ်တဲ့ အတွက်ကြောင့် ပါလို့ သူမက ရှင်းပြ ခဲ့ပါတယ် ။ သူတို့ရဲ့ အတွင်းရေး ကို ဖော်ပြတဲ့ အင်ဆိုက်ဒါ ဒေးလီမေးလ် မှာ “ သူလည်း ဒီဖက်ခောတ် အမျိုးသားတစ်ယောက်ပဲ ။ နောက်ပြီး ရုပ်ရှင် လောကသားတစ်ယောက်က အမျိုးသမီးတစ်ယောက် ကို လိုတာထက် ပိုပြီး မလုပ်ရ မကိုင်ရ ဆိုပြီး ချုပ်ချယ် နေရင် ရေရှည် ဘယ်လိုမှ လက်တွဲ ဖို့ဆိုတာ မဖြစ် နိုင်ပါဘူး ။
ကျမက အလုပ် လောဘ နည်းနည်းကြီးတော့ သူ့ကို ဂရုမစိုက် တာတွေ ဘာတွေ ရှိခဲ့တာကို သူက စိတ်မရှည် ချင်ဘူး ဆိုတော့ ဘယ်လို လုပ်ရမလဲ ။ ပြဿနာ ဖြစ်တော့ မကောင်း ဘူးလေ ” လို့ သူမက ဆိုတယ် ။ သူတို့၂ ဦးက မနှစ်က ဧပြီလမှာ အများ ပြည်သူ ရှေ့မှောက်မှာ ပေါ်ပေါ် ထင်ထင် တွဲခဲ့ပြီး ရုပ်သံ အစီအစဉ် ဆုပေးပွဲ တစ်ခုမှာ ဆုံခဲ့ တာပါ ။ ဘာပဲ ပြောပြော တစ်ယောက်တည်း ဖြစ်နေတဲ့ သူမကတော့ အေးဆေးပါလို့ ဆိုပါတယ် ။
မောင်ယဿ Ref: daily mail
No Comments