
International-news











မောင်ယဿ REF: UPI
Photo: epa efe

Unicode

တစ်ပူပေါ် နှစ်ပူဆင့်တဲ့ တရုတ်ပြဿနာ

ကိုဗစ် -၁၉ ရဲ့ အဓိက ပြဿနာက အခြားကူးစက် ရောဂါတွေလို ဖြစ်တာနဲ့ ရောဂါလက္ခဏါ မပြတာပါပဲ။ ရောဂါ ဖြစ်နိုင်တယ်လို့ သံသယ ရှိတာနဲ့ အခြားလူတွေကို မကူးစက်အောင်လို့ သံသယရှိတဲ့သူကို ခွဲထားရတာပါပဲ။

ခွဲထားခံရတဲ့သူက အနည်းဆုံး ၂ ပတ်ကျော်လို့ ရောဂါ လက္ခဏါ မပေါ်ဘူးဆိုမှာ ရောဂါ သံသယ စာရင်းမှာ ဖယ်ရှားခံရတာပါ။ သီးခြား ခွဲထားပြီး စောင့်ကြည့် ခံနေရတဲ့ သူတွေကို သီးခြား အဆောက်အအုံ တစ်ခုမှာ ထားပါတယ်။

အခု တရုတ်မှာဖြစ်တဲ့ ကိစ္စဆိုရင် တစ်ပူပေါ် ၂ ပူဆင့်တဲ့ ကိစ္စ ဖြစ်သွားပါတယ်။ သီးခြား ခွဲထားတဲ့ သူတွေနေတဲ့ ဟိုတယ်တစ်လုံး ပြိုကျပြီး ဒါဇင်နဲ့ ချီတဲ့ လူတွေက အဆောက်အအုံ ပျက် အောက်မှာ ပိတ်မိနေတယ်တဲ့။

ကွမ်းကျို ပြည်နယ်က ရှင်ကျီအာ အဆင့်မြင့် ငါးထပ်တိုက် ဟိုတယ်က ပြိုကျပြီး လူ ၇၀ ကျော်က အဆောက်အအုံပျက် အောက်မှာ ပိတ်မိနေပါတယ်။

အရေးပေါ်ထိန်းသိမ်းမှု ဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ ပြိုကျ ပြီးနောက် ၇ နာရီအကြာမှာ ကယ်ထုတ်နိုင်တဲ့ သူ ၃၈ ရှိခဲ့ပါတယ်လို့ သိရပါတယ်။ ဖူကျန်နေ့စဉ် သတင်စာကမှု နေ့လည်ပိုင်း လောက်ကတည်းက ပြိုကျခဲ့တဲ့ အဆောက်အအုံကို ရှင်းလင်းရေးလုပ်ရင်း ကယ်ဆယ်ရေးကို တပြိုင်နက် လုပ်နေတာပါ လို့ဆိုတယ်။

အဲ့ဒိ အဆောက်အအုံက ကိုဗစ် -၁၉ ရောဂါကူးစက် ခံရသူလို့ သံသယရှိသူတွေကို ထားတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ နောက်ပြီး အဆောက်အအုံရဲ့ ဒီဇိုင်းကိုက အဲ့လိုမျိုး သီးခြားခွဲထားဖို့ ရည်ရွယ်ပြီး တည်ဆောက်တဲ့ ပုံပါပဲ။

အဆောက်အအုံထဲမှာ ရှိတဲ့ လူစာရင်း နဲ့ သေဆုံးသူဦးရေ ဒဏ်ရာရသူဦးရေ တို့ကို ကွမ်ကျိုးမြို့ မီးသတ်ဌာနရော ဖူကျန် ပြည်နယ် အရေးပေါ် ကယ်ဆယ်ရေးကပါ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

ဟိုတယ်ကို ၂၀၁၈ ဇွန်လက ဖွင့်ခဲ့တာဖြစ်ပြီး လူ ၈၀ တည်းခိုလို့ရအောင် ဆောက်ထားတာပါ။ ဖူကျန်ပြည်နယ် မှာ ရောဂါကူးစက်ခံရသူ ၂၉၆ ယောက်ရှိပြီး လူ ၁သောင်းကျော်ကို ရောဂါရှိသူနဲ့ အနီးကပ် ပတ်သက်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ သီးခြားခွဲထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရောဂါ စဖြစ်တဲ့ ဝူဟန်မှာ လူ ၄သောင်းကျော် ရှိပြီး ဟူဘဲ တစ်ပြည်နယ်လုံးမှာတော့ ရောဂါ ဖြစ်ပွားသူ ၇ သောင်းနီးပါးရှိပါတယ်။

မောင်ယဿ REF: UPI
Photo: epa efe

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
International-news
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ သန်ဆွန်နီယွန် ဆိုတဲ့ ထိုင်းနိုင်ငံသားက အောက်ဈေးနဲ့ ရတယ်ဆိုပြီး ကြက်ဥကတ်တွေ အများကြီးအား ကားကြီးတွေနဲ့ လာရောင်းတာကို ဝယ်ခဲ့ ပါတယ် ။ သူ့တော့ ကြက်ဥ တွေကို စားလည်း စားမယ် ဈေးတင်ပြီး တော့လည်း ရောင်းမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေပါတယ် ။ သူ့လိုပဲ လူတော်တော်များများ ကလည်း အဲ့ဒိကားနဲ့ လာရောင်းတဲ့ ကြက်ဥ တွေကို များများစားစား ဝယ်ယူ ခဲ့ပါတယ် ။ အခုတော့ ဒေသခံ သတင်းစာ ဆရာတွေကို သူကြက်ဥ အတုတွေ ဝယ်မိတယ်ဆိုပြီး ပြောလာ ပါတယ် ။ ပြီးခဲ့တဲ့ တနလာင်္နေ့က သူ …

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
International-news
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ အရှေ့ အာရှက အွန်လိုင်း အသုံးပြုသူတွေ ရဲ့ ဖုန်းတွေထဲမှာ ပြန့်နှံ့ နေတဲ့ ကော်ရိုနာ ဗိုင်းရက် စစ်ဆေးရေး ဂိတ်တစ်ခုမှာ ရဲတွေက လူတစ်ယောက်ကို ပစ်သတ် လိုက်တာတွေ ၊ စူပါမားကတ်တစ်ခုမှာ လူတွေ တိုးကြိတ် ဝယ်ယူပြီး လုယက် သွားနေတာတွေ နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လူတွေကိုရိုက်နှက် နေတဲ့ ဗီဒီယို ဖိုင်တွေက ၂၀၁၅ ခုနှစ်လောက်က တင်ထားတဲ့ ဖိုင်အဟောင်းတွေကို ပြန်တင်ပြီး သတင်းအမှားတွေ ဖြန့်နေတာပါ ။ လော့ဒေါင်း အမိန့်ကို ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ …

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
International-news
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို လက်ရှိ ဟောင်ကောင်မှာ အဓိကရုဏ်း ဖြစ်ပွားရတဲ့ အထိ ဖြစ်နေတဲ့ တရုတ်ဗဟို အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ကြမ်းကို မဖျက်သိမ်းဘူး ဆိုရင် ဗြိတိန်က ဟောင်ကောင်သား ၃သိန်း အထိ ဗီဇာ လျှောက်ပိုင်ခွင့် ပြု မယ် လို့ ဆိုတယ် ။ အဲ့ဒိ ကြေညာချက်ကို အမေရိကန် ကနေဒါနဲ့ သြစတေးလျှ တို့ကလည်း ပူးတွဲ ထုတ်ခဲ့ပါတယ် ။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါ်မနစ်ရာအက် က တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး …