ည အိပ္စက္မႈနဲ႔ က်န္းမာေရး ျပႆနာ

ည အိပ္စက္မႈနဲ႔ က်န္းမာေရး ျပႆနာ
Health

ည အိပ္စက္မႈနဲ႔ က်န္းမာေရး ျပႆနာ

လူတိုင္းလူတိုင္းဟာ တစ္ေန႔တာ ၿပီးဆုံးခ်ိန္မွာ လုံေလာက္စြာ အိပ္စက္ အနားယူဖို႔ လိုအပ္ပါတယ္။ တစ္ေန႔ကို ညစဥ္ ၇ နာရီကေန ၉ နာရီ အထိ လုံေလာက္တဲ့ အိပ္စက္မႈ လိုအပ္ပါတယ္ဆိုတာကို အိပ္စက္မႈဆိုင္ရာ အထူးကုဆရာဝန္မ်ားက ဆိုထားပါတယ္။

သင္ဟာ အဲဒီလို လုံေလာက္တဲ့ အိပ္စက္မႈမ်ိဳး မရခဲ့ဘူး။ အိပ္ေပ်ာ္ဖို႔ ခဲယဥ္းၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္မႈေတြ ျဖစ္ေနၿပီဆိုရင္ က်န္းမာေရးဆိုင္ရာျပႆနာ တစ္ခုခုကို သင္ ရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။

အိပ္ေရးပ်က္ေစႏိုင္တဲ့ က်န္းမာေရးျပႆနာေတြကေတာ့ (စိတ္ဓာတ္က်ျခင္း) သင္ဟာ စိတ္ဓာတ္က်ေနတဲ့အတြက္ စိတ္အားငယ္ၿပီး ဝမ္းနည္းျခင္း လကၡဏာတစ္မ်ိဳးထည္းျဖစ္ေနတယ္လို႔ မထင္လိုက္ပါနဲ႔။ စိတ္က် ေဝဒနာ ခံစားရသူေတြအေနနဲ႔ အိပ္မေပ်ာ္ျခင္းအပါအဝင္ သာမန္ ေပ်ာ္႐ႊင္တဲ့ဘဝမ်ိဳးကိုေတာင္ ရဖို႔ ခက္ခဲပါတယ္။ သူတို႔ေတြဟာ ေန႔ခင္းဘက္မွာ မလိုအပ္ဘဲ အလြနိအကြၽံအိပ္တဲ့ လကၡမ်ိဳးရွိေနပါတယ္။

(မီးယပ္ေသြးဆုံး)

အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆုံးခ်ိန္မွာ ျဖစ္တတ္တာကေတာ့ ညဘက္ေခြၽးထြက္မ်ားတာ၊ ပူစပ္ပူေလာင္ျဖစ္တာအျပင္ အိပ္မေပ်ာ္ႏိုင္ျခင္းကိုလည္းျဖစ္ေစပါတယ္။ အိပ္စက္မႈကို အားေပးတဲ့ ေဟာ္မုန္း ပ႐ိုဂ်က္စတုန္း အဆင့္ေတြ က်ဆင္းသြားတာေၾကာင့္လို႔ ကြၽမ္းက်င္ပညာရွင္ေတြက ဆိုပါတယ္။

ဒါ့ျပင္ ညဘက္ေခြၽးထြက္ျခင္းေၾကာင့္ တေရးႏိုးတဲ့အခါ ျပန္အိပ္မေပ်ာ္တာမ်ိဳး ျဖစ္တတ္ပါတယ္လို႔ဆိုပါတယ္။

(ဆီးခ်ိဳ)

ဆီးခ်ိဳရွိသူေတြဟာလည္း ေသြးဆုံးအမ်ိဳးသမီးမ်ားလို ညဘက္ ေခြၽးထြက္တာေၾကာင့္ အိပ္မေပ်ာ္ ေဝဒနာ ခံစားရတယ္လို႔ ဆိုပါတယ္။ ဆီးခ်ိဳေရာဂါရွိသူေတြဟာ အိပ္ရာဝင္ခ်ိန္မွာ ေသြးတြင္းသၾကားဓာတ္ က်ဆင္းတဲ့အတြက္ ညဘက္ ေခြၽးထြက္တာလို႔ ဆိုပါတယ္။

ဒါ့ျပင္ မၾကာခဏ ဆီးထသြားရတာေၾကာင့္လည္း ညဘက္ အိပ္ေရးမဝျဖစ္ရတာ ျဖစ္တယ္။

(ရင္ပူနာ)

ရင္ပူတဲ့ ေဝဒနာရွိသူေတြအေနနဲ႔လည္း ညဘက္မွာ အိပ္မေပ်ာ္ျခင္းေဝဒနာကို ျဖစ္ေပၚေစတာလို႔ ဆိုပါတယ္။ အထူးသျဖင့္ ညစာကို အဆီမ်ားတဲ့ အစားအစာ၊ အစပ္စာ၊ အက္ဆစ္ လြန္ကဲတဲ့ အစားအစာေတြ စားသုံးမိရင္ အိပ္ေပ်ာ္ဖို႔ခက္ခဲႏိုင္ပါတယ္။

(သြိဳင္း႐ိုက္)

သြိဳင္း႐ိုက္ အလုပ္လြန္တဲ့ေရာဂါ ဒါမွမဟုတ္ သြိဳင္း႐ိုက္ အလုပ္မလုပ္တဲ့ေရာဂါ ရွိသူေတြမွာလည္း အိပ္ေပ်ာ္ဖို႔ ခက္ခဲတဲ့ ေရာဂါရွိပါတယ္။ သြိဳင္း႐ိုက္ အလုပ္လြန္တဲ့ ေရာဂါရွိသူေတြမွာ ႐ုပ္ဇီဝ ျဖစ္ပ်က္ႏႈန္း ျမန္ဆန္တာေၾကာင့္ တစ္ညလုံး တက္ႂကြေနတဲ့အတြက္ မအိပ္ခ်င္ေတာ့သလို ေခြၽးထြက္လည္း မ်ားတာေၾကာင့္ ျဖစ္ပါတယ္။ သြိဳင္း႐ိုက္ အလုပ္မလုပ္တဲ့သူေတြမွာ ေန႔လယ္ပိုင္း ငိုက္မ်ည္းေနတတ္ၿပီး အိပ္ေနတတ္တာ ေၾကာင့္ ညဘက္ အိပ္မေပ်ာ္တာမ်ိဳး ျဖစ္တာပါ။

အထက္ကေဖာ္ျပထားတဲ့ ေဝဒနာေတြကိုသိၿပီဆိုရင္ သင္ ဘာ့ေၾကာင့္ အိပ္မေပ်ာ္သလဲ ဆိုတာကို စမ္းစစ္ၿပီး အၿမဲတမ္း အိပ္ေပ်ာ္ဖို႔ ခဲယဥ္းေနတဲ့ ေဝဒနာအတြက္ ဆရာဝန္ေတြနဲ႔ အေလးအနက္ထား ေဆြးေႏြးသင့္ပါေၾကာင္း သတိေပးလိုက္ပါတယ္ေနာ္။

စႏၵီျမင့္မိုရ္#

Unicode

ည အိပ်စက်မှုနဲ့ ကျန်းမာရေး ပြဿနာ

လူတိုင်းလူတိုင်းဟာ တစ်နေ့တာ ပြီးဆုံးချိန်မှာ လုံလောက်စွာ အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ညစဉ် ၇ နာရီကနေ ၉ နာရီ အထိ လုံလောက်တဲ့ အိပ်စက်မှု လိုအပ်ပါတယ်ဆိုတာကို အိပ်စက်မှုဆိုင်ရာ အထူးကုဆရာဝန်များက ဆိုထားပါတယ်။

သင်ဟာ အဲဒီလို လုံလောက်တဲ့ အိပ်စက်မှုမျိုး မရခဲ့ဘူး။ အိပ်ပျော်ဖို့ ခဲယဉ်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်မှုတွေ ဖြစ်နေပြီဆိုရင် ကျန်းမာရေးဆိုင်ရာပြဿနာ တစ်ခုခုကို သင် ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

အိပ်ရေးပျက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ (စိတ်ဓာတ်ကျခြင်း) သင်ဟာ စိတ်ဓာတ်ကျနေတဲ့အတွက် စိတ်အားငယ်ပြီး ဝမ်းနည်းခြင်း လက္ခဏာတစ်မျိုးထည်းဖြစ်နေတယ်လို့ မထင်လိုက်ပါနဲ့။ စိတ်ကျ ဝေဒနာ ခံစားရသူတွေအနေနဲ့ အိပ်မပျော်ခြင်းအပါအဝင် သာမန် ပျော်ရွှင်တဲ့ဘဝမျိုးကိုတောင် ရဖို့ ခက်ခဲပါတယ်။ သူတို့တွေဟာ နေ့ခင်းဘက်မှာ မလိုအပ်ဘဲ အလွနိအကျွံအိပ်တဲ့ လက္ခမျိုးရှိနေပါတယ်။

(မီးယပ်သွေးဆုံး)

အမျိုးသမီးများ မီးယပ်သွေးဆုံးချိန်မှာ ဖြစ်တတ်တာကတော့ ညဘက်ချွေးထွက်များတာ၊ ပူစပ်ပူလောင်ဖြစ်တာအပြင် အိပ်မပျော်နိုင်ခြင်းကိုလည်းဖြစ်စေပါတယ်။ အိပ်စက်မှုကို အားပေးတဲ့ ဟော်မုန်း ပရိုဂျက်စတုန်း အဆင့်တွေ ကျဆင်းသွားတာကြောင့်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

ဒါ့ပြင် ညဘက်ချွေးထွက်ခြင်းကြောင့် တရေးနိုးတဲ့အခါ ပြန်အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်လို့ဆိုပါတယ်။

(ဆီးချို)

ဆီးချိုရှိသူတွေဟာလည်း သွေးဆုံးအမျိုးသမီးများလို ညဘက် ချွေးထွက်တာကြောင့် အိပ်မပျော် ဝေဒနာ ခံစားရတယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ အိပ်ရာဝင်ချိန်မှာ သွေးတွင်းသကြားဓာတ် ကျဆင်းတဲ့အတွက် ညဘက် ချွေးထွက်တာလို့ ဆိုပါတယ်။

ဒါ့ပြင် မကြာခဏ ဆီးထသွားရတာကြောင့်လည်း ညဘက် အိပ်ရေးမဝဖြစ်ရတာ ဖြစ်တယ်။

(ရင်ပူနာ)

ရင်ပူတဲ့ ဝေဒနာရှိသူတွေအနေနဲ့လည်း ညဘက်မှာ အိပ်မပျော်ခြင်းဝေဒနာကို ဖြစ်ပေါ်စေတာလို့ ဆိုပါတယ်။ အထူးသဖြင့် ညစာကို အဆီများတဲ့ အစားအစာ၊ အစပ်စာ၊ အက်ဆစ် လွန်ကဲတဲ့ အစားအစာတွေ စားသုံးမိရင် အိပ်ပျော်ဖို့ခက်ခဲနိုင်ပါတယ်။

(သွိုင်းရိုက်)

သွိုင်းရိုက် အလုပ်လွန်တဲ့ရောဂါ ဒါမှမဟုတ် သွိုင်းရိုက် အလုပ်မလုပ်တဲ့ရောဂါ ရှိသူတွေမှာလည်း အိပ်ပျော်ဖို့ ခက်ခဲတဲ့ ရောဂါရှိပါတယ်။ သွိုင်းရိုက် အလုပ်လွန်တဲ့ ရောဂါရှိသူတွေမှာ ရုပ်ဇီဝ ဖြစ်ပျက်နှုန်း မြန်ဆန်တာကြောင့် တစ်ညလုံး တက်ကြွနေတဲ့အတွက် မအိပ်ချင်တော့သလို ချွေးထွက်လည်း များတာကြောင့် ဖြစ်ပါတယ်။ သွိုင်းရိုက် အလုပ်မလုပ်တဲ့သူတွေမှာ နေ့လယ်ပိုင်း ငိုက်မျည်းနေတတ်ပြီး အိပ်နေတတ်တာ ကြောင့် ညဘက် အိပ်မပျော်တာမျိုး ဖြစ်တာပါ။

အထက်ကဖော်ပြထားတဲ့ ဝေဒနာတွေကိုသိပြီဆိုရင် သင် ဘာ့ကြောင့် အိပ်မပျော်သလဲ ဆိုတာကို စမ်းစစ်ပြီး အမြဲတမ်း အိပ်ပျော်ဖို့ ခဲယဉ်းနေတဲ့ ဝေဒနာအတွက် ဆရာဝန်တွေနဲ့ အလေးအနက်ထား ဆွေးနွေးသင့်ပါကြောင်း သတိပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …