ညဥ့္နက္မွ အစာစားတတ္တဲ့ကေလးေတြ က်န္းမာေရးထိခိုက္ႏိုင္
- By : Kaung Khant
- Category : Health

ညဥ့္နက္မွ အစာစားတတ္တဲ့ကေလးေတြ က်န္းမာေရးထိခိုက္ႏိုင္
ၿမိဳ႕ေန လူတန္းစာေတြက ညဆိုရင္ ေတာ္႐ုံနဲ႔မအိပ္တတ္ၾကေတာ့ ညလယ္စာကို ညစာလိုပဲ တဝစားတတ္လာတတ္ၾကပါတယ္။ လြန္ခဲ့တဲ့ အႏွစ္၂၀ ေလာက္ကဆိုရင္ ည ၉ နာရီဆိုတာ ေရဒီယိုက ဇာတ္လမ္းပမာနားဆင္စရာၿပီးလို႔ ကေလးေတြ အိပ္စက္ၾကဖို႔ ျပင္ၾကပါတယ္ ။ ည ၉ နာရီဆိုတာ ေတာ္ေတာ္ ေနာက္က်ေနပါၿပီ။
ဒါေပမဲ့အခုေခတ္မွာေတာ့ ည၁၁ နာရီဆိုတာ ေနာက္က်တယ္လို႔ မထင္ေသးပါဘူး ။ အနည္းဆုံး ည၁၂ နာရီေလာက္က်မွ အိပ္ၾကတာဆိုေတာ့ ညလယ္စာ ကမျဖစ္မေနစားျဖစ္သြားပါတယ္ ။ ညေန ၆နာရီ ၇ နာရီေလာက္မွာ စားထားတဲ့ညစာကလည္း ေက်ေနေလာက္ပါၿပီ ။
ညလယ္စာဆိုတာကလည္း စြဲလမ္းေစတတ္တဲ့ အရာျဖစ္ပါတယ္ ။ အကယ္၍မ်ား ညလယ္စာမစားဘဲ အိပ္ရာဝင္မယ္ဆိုရင္ အိပ္မေပ်ာ္တဲ့ ေဝဒနာကို ခံစားရပါလိမ့္မယ္ ။ အိပ္ေပ်ာ္ေအာင္ ညလယ္စာစားရင္နဲ႔ ညဖက္နဲ႔ အစာစားတဲ့ အေလ့အထႀကီးက တြင္က်ယ္သြားပါတယ္ ။
မေလးရွား ႏိုင္ငံ အဟာရနဲ႔ ကေလးသူငယ္ဆိုင္ရာ ေရာဂါ အထူးကုတစ္ဦးျဖစ္တဲ့ ေဒါက္တာ စဗင္ဒါက ညလယ္စာစားတတ္တဲ့ ကေလးေတြက ကိုယ္ခႏၲာပုံမွန္လႈတ္ရွားမႈ ပ်က္ယြင္းျခင္း အစာမေက်ျခင္းနဲ႔ သြားနဲ႔ခံတြင္းဆိုင္ရာ ေရာဂါျဖစ္ျခင္းမ်ားကို ရင္ဆိုင္ရႏိုင္ပါတယ္လို႔ သူရဲ႕ သုေတသန လုပ္ငန္းကေနရတဲ့ ရလဒ္အရ ဆိုပါတယ္ ။
“လူေတြက ညဆိုရင္ေစာေစာမအိပ္ေတာ့ မဆာဘဲနဲ႔ အစာငမ္းလို႔ျဖစ္ျဖစ္ ပ်င္းလို႔ျဖစ္ျဖစ္ စိတ္က်ေရာဂါေၾကာင့္ျဖစ္ျဖစ္ အစာစားၾကတယ္ ။ အဲ့ဒါက မလိုဘဲ အပိုစားျခင္း ကိုျဖစ္ေစပါတယ္ ။
ညဖက္ အစားစားေတာ့ ေန႔ခင္ဘက္လို ကယ္လိုရီေလာင္ကြၽမ္းမႈ မရွိဘဲ ေလာင္ကြၽမ္းမႈ အားနည္းေနတဲ့အျပင္ ဇီဝ႐ုပ္ျဖစ္ပ်က္မႈ ေႏွးေကြးေနတာေၾကာင့္ ပိုလာတဲ့ကယ္လိုရီေတြက အဆီအျဖစ္ သိုေလွာင္မႈေတြကို လုပ္ရေတာ့တာပါပဲ ။
ကေလးေတြက်ေတာ့ အစာမေက်တာေတြ ျဖစ္လာတတ္ပါတယ္ ။ ညလယ္စာေၾကာင့္ ကေလးေတြ က်န္းမာေရးထိခိုက္တာကလြဲၿပီး ဘာအက်ိဳးေက်းဇူးမွ မရပါဘူး” လို႔ သူက ဆိုပါတယ္ ။ တကယ္လို႔ ကိုယ့္ကေလးေတြက ညလယ္စာစြဲေနၿပီဆိုရင္
(၁) ကိုယ္တိုင္က မစားျပပါနဲ႔ ။
(၂) ညဖက္ကို အိပ္ရာေစာေစာ ဝင္ခိုင္းပါ ။
(၃) တီဗီ ဖုန္းအစရွိတဲ့ အီလက္ထ႐ြန္းနစ္ သုံစြဲမႈ ေလွ်ာ့ခိုင္းပါ ။
(၄) အစာမစာမျဖစ္ဆိုရင္ ကယိုရီနည္းတဲ့အစာကို နည္းနည္းစီထိန္းေကြၽးပါ ။
ကိုယ့္ ရင္ေသြးငယ္နဲ႔ သူတို႔ရဲ႕ အနာဂါတ္ကို ခ်စ္တယ္ဆိုရင္ ညလယ္စာ ေကြၽးျခင္း သည္းခံလိုက္ပါ ။
ေမာင္ယႆ REF: world of buzz
Unicode
ညဉ့်နက်မှ အစာစားတတ်တဲ့ကလေးတွေ ကျန်းမာရေးထိခိုက်နိုင်
မြို့နေ လူတန်းစာတွေက ညဆိုရင် တော်ရုံနဲ့မအိပ်တတ်ကြတော့ ညလယ်စာကို ညစာလိုပဲ တဝစားတတ်လာတတ်ကြပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀ လောက်ကဆိုရင် ည ၉ နာရီဆိုတာ ရေဒီယိုက ဇာတ်လမ်းပမာနားဆင်စရာပြီးလို့ ကလေးတွေ အိပ်စက်ကြဖို့ ပြင်ကြပါတယ် ။ ည ၉ နာရီဆိုတာ တော်တော် နောက်ကျနေပါပြီ။
ဒါပေမဲ့အခုခေတ်မှာတော့ ည၁၁ နာရီဆိုတာ နောက်ကျတယ်လို့ မထင်သေးပါဘူး ။ အနည်းဆုံး ည၁၂ နာရီလောက်ကျမှ အိပ်ကြတာဆိုတော့ ညလယ်စာ ကမဖြစ်မနေစားဖြစ်သွားပါတယ် ။ ညနေ ၆နာရီ ၇ နာရီလောက်မှာ စားထားတဲ့ညစာကလည်း ကျေနေလောက်ပါပြီ ။
ညလယ်စာဆိုတာကလည်း စွဲလမ်းစေတတ်တဲ့ အရာဖြစ်ပါတယ် ။ အကယ်၍များ ညလယ်စာမစားဘဲ အိပ်ရာဝင်မယ်ဆိုရင် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရပါလိမ့်မယ် ။ အိပ်ပျော်အောင် ညလယ်စာစားရင်နဲ့ ညဖက်နဲ့ အစာစားတဲ့ အလေ့အထကြီးက တွင်ကျယ်သွားပါတယ် ။
မလေးရှား နိုင်ငံ အဟာရနဲ့ ကလေးသူငယ်ဆိုင်ရာ ရောဂါ အထူးကုတစ်ဦးဖြစ်တဲ့ ဒေါက်တာ စဗင်ဒါက ညလယ်စာစားတတ်တဲ့ ကလေးတွေက ကိုယ်ခန္တာပုံမှန်လှုတ်ရှားမှု ပျက်ယွင်းခြင်း အစာမကျေခြင်းနဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ရောဂါဖြစ်ခြင်းများကို ရင်ဆိုင်ရနိုင်ပါတယ်လို့ သူရဲ့ သုတေသန လုပ်ငန်းကနေရတဲ့ ရလဒ်အရ ဆိုပါတယ် ။
“လူတွေက ညဆိုရင်စောစောမအိပ်တော့ မဆာဘဲနဲ့ အစာငမ်းလို့ဖြစ်ဖြစ် ပျင်းလို့ဖြစ်ဖြစ် စိတ်ကျရောဂါကြောင့်ဖြစ်ဖြစ် အစာစားကြတယ် ။ အဲ့ဒါက မလိုဘဲ အပိုစားခြင်း ကိုဖြစ်စေပါတယ် ။
ညဖက် အစားစားတော့ နေ့ခင်ဘက်လို ကယ်လိုရီလောင်ကျွမ်းမှု မရှိဘဲ လောင်ကျွမ်းမှု အားနည်းနေတဲ့အပြင် ဇီဝရုပ်ဖြစ်ပျက်မှု နှေးကွေးနေတာကြောင့် ပိုလာတဲ့ကယ်လိုရီတွေက အဆီအဖြစ် သိုလှောင်မှုတွေကို လုပ်ရတော့တာပါပဲ ။
ကလေးတွေကျတော့ အစာမကျေတာတွေ ဖြစ်လာတတ်ပါတယ် ။ ညလယ်စာကြောင့် ကလေးတွေ ကျန်းမာရေးထိခိုက်တာကလွဲပြီး ဘာအကျိုးကျေးဇူးမှ မရပါဘူး” လို့ သူက ဆိုပါတယ် ။ တကယ်လို့ ကိုယ့်ကလေးတွေက ညလယ်စာစွဲနေပြီဆိုရင်
(၁) ကိုယ်တိုင်က မစားပြပါနဲ့ ။
(၂) ညဖက်ကို အိပ်ရာစောစော ဝင်ခိုင်းပါ ။
(၃) တီဗီ ဖုန်းအစရှိတဲ့ အီလက်ထရွန်းနစ် သုံစွဲမှု လျှော့ခိုင်းပါ ။
(၄) အစာမစာမဖြစ်ဆိုရင် ကယိုရီနည်းတဲ့အစာကို နည်းနည်းစီထိန်းကျွေးပါ ။
ကိုယ့် ရင်သွေးငယ်နဲ့ သူတို့ရဲ့ အနာဂါတ်ကို ချစ်တယ်ဆိုရင် ညလယ်စာ ကျွေးခြင်း သည်းခံလိုက်ပါ ။
မောင်ယဿ REF: world of buzz
No Comments