ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ

Health

ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ

ဗုဒ္ဓဟူးနေ့ထုတ် ဆေးသိပ္ပံ ဂျာနယ်ထဲမှာ သုတေသီတွေက ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး တိကျလျှင်မြန် အကျိုး သက်ရောက်မှု အပြည့်ရှိတဲ့ စမ်းသပ်ချက်မှုကို တွေရှိထားတယ်လို့ ဆိုတယ်။ ရင်သားကင်ဆာကို ဆေးသိပ္ပံလောကမှာ အသံတိတ် လူသတ်သမားလို့ ခေါ်ပါတယ်။

ကမ္ဘာ တစ်ဝှမ်းမှာ ရင်သားကင်ဆာ ရောဂါကို ခံစားနေရတဲ့ အမျိုးသမီး သန်းနဲ့ချီ ရှိနေပါတယ်။ ဆေးသိပ္ပံ သမားတွေကို အဲ့ဒိကိစ္စကို ကြိုတင် ကာကွယ် နိုင်အောင်လို့ နည်းမျိုးစုံ စမ်းသပ်လေ့လာနေပါတယ်။ အခုတွေ့ရှိတဲ့ နည်းကတော့ ကုန်ကျစရိတ်လည်း သက်သာတဲ့အပြင် ၁၀၀% တိကျမှု ရှိတယ်လို့ ဆိုပါတယ်။

ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ1

 

လက်ရှိမှာတော့ သူတို့က ရင်သားကင်ဆာ ရှိမရှိ စမ်းသက်ချက်ကို လူအနည်းစုနဲ့ပဲ လုပ်နိုင်သေးပေမဲ့ ရတဲ့ ရလဒ်က လုံးဝကို တိကျမှု ရှိတယ်လို့ ဆိုတယ်။ သူတို့က လူတစ်ယောက်ကို စမ်းသပ်တာ တစ်နာရီတောင် မပြည့်ဘူးလို့ ဆိုပါတယ်။

Cyto PAN လို့ခေါ်တဲ့ စမ်းသပ်မှုက အရင်နည်း အဟောင်းတွေကို အဆင့်မြှင့်ထား တာပါ။ ၎င်းက အရင်တုန်းက ရောဂါလက္ခဏါ ရှိမရှိကို အကြာကြီး စောင့်ပြီးမှ သိရတဲ့ အဖြစ်ကို ပြောင်းပြန်လှန် ပစ်လိုက်တာပါပဲ။

ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ2

နောက်ပြီး ရင်သားကင်ဆာလက္ခဏါ ရှိမရှိ ကို စစ်ဆေးဖို့အတွက် ဆေးစစ်မှုက ကုန်ကျစရိတ်ကြီးတဲ့ အတွက် အလယ်အလတ် နဲ့ အောက်ခြေလူတန်းစာတွေ မစစ်နိုင်တာကိုလည်း ဖြေရှင်း ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒိ အဖွဲ့မှာပါတဲ့ သုတေသီတစ်ဦးက “ လူလတ်တန်းစားတွေနဲ့ အောက်ခြေ လူတန်းစာတွေက ရင်သား ကင်ဆာရှိမရှိ ကို ဈေးနှုန်းကြီးလို့ မစစ်ဆေးနိုင်ပါဘူး၊ နောက်ပြီး အချို့ ဒေသတွေဆိုရင် စပယ်ရှယ်လစ်တွေက မရှိတဲ့အပြင် အခြေခံ အဆောက်အအုံတွေ မရှိတော့ ပိုက်ဆံရှိလို့ စစ်မယ် ဆိုရင်တောင် လနဲ့ချီပြီ ကြာပါတယ်။

ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ3

အခုတော့ အဲ့ဒိ ပြဿနာက ပြေလည်သွားပါပြီ။ အများပြည်သူ ကျန်မာရေးဆိုင်ရာ ကိစ္စ တစ်ခုကို ပြေလည်အောင် ရှင်းလိုက်နိုင်တယ်လို့ပဲ ပြောရမှာပါခင်ဗျာ”လို့ ဆိုတယ်။

အမေရိကားမှာဆိုရင် ရင်သားကင်ဆာ ရှိမရှိ စစ်ဆေးဖို့ စောင့်ဆိုင်းနေရတဲ့ ရောဂါလက္ခဏါပြသူက နှစ်စဉ် ၃သိန်းလောက် ရှိနေပြီး အာဖရီကတိုက်မှာ ဆိုရင် နှစ်စဉ် ရင်သားကင်ဆာ လက္ခဏါ ပြနေသူ ၂သန်းကျော် ရှိပါတယ်။

ဈေးအသက်သာဆုံး တိကျမှုအရှိဆုံးနဲ့ အမြန်ဆုံး ရင်သားကင်ဆာ စမ်းသပ်မှုတွေ့ရှိ4

အဲ့ဒိထဲက ၃ပုံ ၂ပုံက ရင်သားကင်ဆာနဲ့ သေဆုံး ခဲ့ကြပါတယ်။ CytoPAN မှာ ရောဂါလက္ခဏါ စစ်ဆေး ပစ္စည်း တစ်စုံကို ၅ဒေါ်လာလောက်ပဲ ကျပါတယ်လို့ သိရပါတယ်။

မောင်ယဿ, REF: UPI, PHOTO; UPI

Zawgyi












No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …