ဇီဝဗေဒပညာရှင်တွေ က ခြင်တွေကို မျက်စေ့ကန်းအောင် လုပ်နိုင်လိုက်ပြီ
- By : Kaung Khant
- Category : International-news

ဇီဝဗေဒပညာရှင်တွေ က ခြင်တွေကို မျက်စေ့ကန်းအောင် လုပ်နိုင်လိုက်ပြီ
မောင်ယဿ ( သြဂုတ် ၂၉ )
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာဘာဘာရာ တက္ကသိုလ်က ဇီဝဗေဒပညာရှင်တွေက လူတွေ ကို မြင်နိုင်အောင် ခြင်တွေ ရဲ့ဗီဇကို ပြင်လိုက် နိုင်တယ်လို့ ဆိုလိုက်ပါတယ်။
အဲ့ဒိဗီဇပြောင်း ခြင် တွေက လူတွေကလွဲပြီး ကျန်တဲ့ အရာတွေကိုပဲ မြင်နိုင်တော့မှာ ဖြစ်ပြီး လူတွေကတော့ ခြင် ကြောင့် ဖြစ်တဲ့ ရောဂါကူးစက်မှု ကိုရှောင်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။
အဲ့ဒိဗီဇပြောင်း ခြင် တွေကို လွှတ်ပေးလိုက်ပြီး ပြင်ပ က ခြင်တွေနဲ့ မျိုးဖောက်လိုက်ရင် ပေါက်လာတဲ့ ခြင်တွေ က အလိုလို လူတွေကို မမြင်တော့တဲ့ အကောင်တွေ ဖြစ်ကုန်တော့မှာ ပါ။
တဖြည်းဖြည်းနဲ့ မျက်မမြင်ခြင်တွေ က ကမ္ဘာမှာပြန့်နှံ့ လာပြီး တစ်ကမ္ဘာ လုံးက ခြင်တွေက လူတွေကို မမြင်ဘူး ဖြစ်သွားမှာပါ။
ဇူလိုင်လထုတ် Current Biology မဂ္ဂဇင်းမှာ အဲ့ဒိအကြောင်းကို အသေးစိတ်ဖော်ပြ ထားပါတယ်။ ဇီဝဗေဒ ပညာရှင် ခရိတ်မွန်တဲ နဲ့ အဖွဲ့က ခြင်တွေကို ဗီဇတည်းဖြတ်တဲ့ လုပ်ငန်းလုပ်ပြီး ခြင်တွေရဲ့ အလင်းအာရုံခံ စနစ်ဗီဇကို ပြင်ပြီး အကောင်သစ်မွေးထုတ် လိုက်တာပဲဖြစ်ပါတယ်။
ခြင်တစ်ကောင်ရဲ့ ဆဲလ်ထဲက မျိုးရိုးဗီမျှင်မှာ အလင်းအာရုံခံတဲ့ ဗီဇထုံး ၅ ထုံး ထဲ ၂ ထုံးကို ဖြတ်ထုတ်လိုက်ပြီး ဆဲလ်ကိုရှင်အောင်မွေးကာ အကောင်သစ်တစ်ကောင် ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။
အဲ့ဒိအမြင်အာရုံ အထုံး ၂ ထုံးကိုဖြတ်တောက်လိုက် လို့ ခြင်တွေက လူတွေကို မမြင်နိုင်တော့ပါဘူး ။ နောက်ပြီး လူတွေကို ကိုက်နိုင်စွမ်း အားနည်းသွားပါတယ်။
“ အမြင်ထုံး ၂ထုံး ကိုဖြတ်လိုက်လို့ သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ လူတွေကို မမြင်နိုင်တော့တာပါ။ ကျနော်တို့ ဖြတ်လိုက်နိုင်ခဲ့ပါပြီ။ အမြင်အာရုံ ကြော ဆိုင်ရာ အာနည်းနေတဲ့ ခြင်တွေက အခြားသက်ရှိတွေကိုပဲ သူတို့ ပစ်မှတ်ထားနိုင်တော့ မှာပါ” လို့ မွန်တဲ က ဆိုပါတယ်။
ဇီကာ ဗိုင်ရက်လို အသဲယောင် အသားဝါ ပိုးတွေကို သယ်ဆောင်တဲ့ အေးဒိစ် ခြင်တွေကို အဲ့လိုလုပ်ဖို့အတွက် သူတို့တွေ အထူး အာရုံ စိုက်နေပါတယ်လို့ လည်း ဆိုပါတယ်။ လက်ရှိကမ္ဘာကြီးက ပူနွေးမှု ပိုလာတဲ့အတွက် အာဖရိက က နိုင်ငံတွေမှာ ခြင်ပေါက်အားပိုကောင်း လာနေပါတယ်။
အဲ့တော့ ခြင်ကြောင့် ရောဂါကူးစက်မှု ဒေသတွေမှာ ဗီဇပြောင်းမျိုးတွေကို ထုတ်လွှတ်ပြီး ခြင်တွေ ကို ဗီဇပြောင်းခိုင်း လိုက်ရင် လူတွေ ကူးစက်ရောဂါဖြစ်ပွားမှု ကျဆင်းစေမှာပါလို့ ဆိုပါတယ်။
သူကတော့ အဲ့ဒိဗီဇပြောင်း ခြင်တွေက လူတွေကိုပဲ မကိုက် မှာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ဂေဟ စနစ်ကိုမပျက်စေ ပါဘူးလို့ အာမခံထားပါတယ်။
REF: world of buzz,Photo: Credit university of califonia
Zawgyi
ဇီဝေဗဒပညာရွင္ေတြ က ျခင္ေတြကို မ်က္ေစ့ကန္းေအာင္ လုပ္ႏိုင္လိုက္ၿပီ

ေမာင္ယႆ ( ၾသဂုတ္ ၂၉ )
အေမရိကန္ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္တာဘာဘာရာ တကၠသိုလ္က ဇီဝေဗဒပညာရွင္ေတြက လူေတြ ကို ျမင္ႏိုင္ေအာင္ ျခင္ေတြ ရဲ႕ဗီဇကို ျပင္လိုက္ ႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။
အဲ့ဒိဗီဇေျပာင္း ျခင္ ေတြက လူေတြကလြဲၿပီး က်န္တဲ့ အရာေတြကိုပဲ ျမင္ႏိုင္ေတာ့မွာ ျဖစ္ၿပီး လူေတြကေတာ့ ျခင္ ေၾကာင့္ ျဖစ္တဲ့ ေရာဂါကူးစက္မႈ ကိုေရွာင္ရွားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။
အဲ့ဒိဗီဇေျပာင္း ျခင္ ေတြကို လႊတ္ေပးလိုက္ၿပီး ျပင္ပ က ျခင္ေတြနဲ႔ မ်ိဳးေဖာက္လိုက္ရင္ ေပါက္လာတဲ့ ျခင္ေတြ က အလိုလို လူေတြကို မျမင္ေတာ့တဲ့ အေကာင္ေတြ ျဖစ္ကုန္ေတာ့မွာ ပါ။
တျဖည္းျဖည္းနဲ႔ မ်က္မျမင္ျခင္ေတြ က ကမာၻမွာျပန႔္ႏွံ႔ လာၿပီး တစ္ကမာၻ လုံးက ျခင္ေတြက လူေတြကို မျမင္ဘူး ျဖစ္သြားမွာပါ။
ဇူလိုင္လထုတ္ Current Biology မဂၢဇင္းမွာ အဲ့ဒိအေၾကာင္းကို အေသးစိတ္ေဖာ္ျပ ထားပါတယ္။ ဇီဝေဗဒ ပညာရွင္ ခရိတ္မြန္တဲ နဲ႔ အဖြဲ႕က ျခင္ေတြကို ဗီဇတည္းျဖတ္တဲ့ လုပ္ငန္းလုပ္ၿပီး ျခင္ေတြရဲ႕ အလင္းအာ႐ုံခံ စနစ္ဗီဇကို ျပင္ၿပီး အေကာင္သစ္ေမြးထုတ္ လိုက္တာပဲျဖစ္ပါတယ္။
ျခင္တစ္ေကာင္ရဲ႕ ဆဲလ္ထဲက မ်ိဳး႐ိုးဗီမွ်င္မွာ အလင္းအာ႐ုံခံတဲ့ ဗီဇထုံး ၅ ထုံး ထဲ ၂ ထုံးကို ျဖတ္ထုတ္လိုက္ၿပီး ဆဲလ္ကိုရွင္ေအာင္ေမြးကာ အေကာင္သစ္တစ္ေကာင္ ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။
အဲ့ဒိအျမင္အာ႐ုံ အထုံး ၂ ထုံးကိုျဖတ္ေတာက္လိုက္ လို႔ ျခင္ေတြက လူေတြကို မျမင္ႏိုင္ေတာ့ပါဘူး ။ ေနာက္ၿပီး လူေတြကို ကိုက္ႏိုင္စြမ္း အားနည္းသြားပါတယ္။
“ အျမင္ထုံး ၂ထုံး ကိုျဖတ္လိုက္လို႔ သူတို႔ရဲ႕ ပစ္မွတ္ျဖစ္တဲ့ လူေတြကို မျမင္ႏိုင္ေတာ့တာပါ။ က်ေနာ္တို႔ ျဖတ္လိုက္ႏိုင္ခဲ့ပါၿပီ။ အျမင္အာ႐ုံ ေၾကာ ဆိုင္ရာ အာနည္းေနတဲ့ ျခင္ေတြက အျခားသက္ရွိေတြကိုပဲ သူတို႔ ပစ္မွတ္ထားႏိုင္ေတာ့ မွာပါ” လို႔ မြန္တဲ က ဆိုပါတယ္။
ဇီကာ ဗိုင္ရက္လို အသဲေယာင္ အသားဝါ ပိုးေတြကို သယ္ေဆာင္တဲ့ ေအးဒိစ္ ျခင္ေတြကို အဲ့လိုလုပ္ဖို႔အတြက္ သူတို႔ေတြ အထူး အာ႐ုံ စိုက္ေနပါတယ္လို႔ လည္း ဆိုပါတယ္။ လက္ရွိကမာၻႀကီးက ပူေႏြးမႈ ပိုလာတဲ့အတြက္ အာဖရိက က ႏိုင္ငံေတြမွာ ျခင္ေပါက္အားပိုေကာင္း လာေနပါတယ္။
အဲ့ေတာ့ ျခင္ေၾကာင့္ ေရာဂါကူးစက္မႈ ေဒသေတြမွာ ဗီဇေျပာင္းမ်ိဳးေတြကို ထုတ္လႊတ္ၿပီး ျခင္ေတြ ကို ဗီဇေျပာင္းခိုင္း လိုက္ရင္ လူေတြ ကူးစက္ေရာဂါျဖစ္ပြားမႈ က်ဆင္းေစမွာပါလို႔ ဆိုပါတယ္။
သူကေတာ့ အဲ့ဒိဗီဇေျပာင္း ျခင္ေတြက လူေတြကိုပဲ မကိုက္ မွာျဖစ္တဲ့အတြက္ သဘာဝပတ္ဝန္းက်င္ ေဂဟ စနစ္ကိုမပ်က္ေစ ပါဘူးလို႔ အာမခံထားပါတယ္။
REF: world of buzz
Photo: university of califonia
No Comments