ဇာတ္လမ္းတြဲ႐ိုက္ဖို႔ ကမ္းလွမ္းခံရတဲ့ ဇာဇာထက္
- By : Phoe Linn
- Category : Entertainment

ဇာတ္လမ္းတြဲ႐ိုက္ဖို႔ ကမ္းလွမ္းခံရတဲ့ ဇာဇာထက္
Sexy ေမာ္ဒယ္အေနနဲ႔ ပရိသတ္ေတြ သိၾကတဲ့ ေမာ္ဒယ္ ဇာဇာထက္ကို ဇာတ္လမ္းတြဲ ႐ိုက္ကူးဖို႔ အတြက္ ကမ္းလွမ္းခံခဲ့ရတယ္လို႔ သိရပါတယ္။
ေမာ္ဒယ္ဇာဇာထက္ကို ဇာတ္လမ္းတြဲ႐ိုက္ကူးရန္ xxxxx ထုတ္လုပ္ေရးက ကမ္းလွမ္းခဲ့တာျဖစ္ၿပီး သူမအေနနဲ႔ ႐ိုက္ကူးရန္ ဆုံးျဖတ္ခ်က္ မျပဳလုပ္ရေသးေၾကာင္း ေျပာပါတယ္။
” ဇာတ္လမ္းတြဲ႐ိုက္ဖို႔က အစ္မကိုလာကမ္းလွမ္းတာပါ။ဆယ္လီ အမ်ားႀကီးပါတယ္ေျပာတယ္။အစ္မကို ဇာတ္လမ္းတြဲမွာ ထည့္႐ိုက္ဖို႔ကို meeting လုပ္ၿပီးဆုံးျဖတ္ၿပီးရင္ ျပန္ေျပာမယ္ ေျပာထားတာ။ မေန႔က အေၾကာင္းျပန္တယ္။ ေခၚ႐ိုက္မယ္ေပါ့ ။အစ္မဘက္ကေတာ့ ႐ိုက္ဖို႔ကို ဇာတ္ၫႊန္းတစ္ခ်က္ ၾကည့္ရဦးမယ္။အစ္မက ဇာတ္ကားမွာ လုပ္ကြက္ရလား။ဗီလိန္လား၊ ဘယ္လိုဇာတ္႐ုပ္က်မလဲ။
မသိေသးဘူး။ အဲဒီေတာ့ အဲဒါတစ္ခ်က္ၾကည့္ရဦးမယ္။အစ္မ တစ္ခုပဲစိုးရိမ္တာ။ေရွ႕မွာ နမူနာ ယူစရာ ျဖစ္ခဲ့တယ္ေလ။ကိုယ့္ကို သက္မဲ့ဇာတ္႐ုပ္မ်ိဳးဆို ေၾကာက္တယ္။အဲဒါေၾကာင့္ အခုထိ ဇာတ္႐ုပ္မသိေသးေတာ့ အစ္မဘက္က မဆုံးျဖတ္ႏိုင္တာပါ”လို႔ ေမာ္ဒယ္ဇာဇာထက္က စူပါသတင္းစုံကို ေျပာပါတယ္ ။
ေမာ္ဒယ္ဇာဇာထက္က သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ဒါ႐ိုက္တာညိဳမင္းလြင္နဲ႔ ကိုယ္ပိုင္အမွတ္ ၃၇၆ အမည္ရ ဇာတ္ကားကို႐ိုက္ကူးခဲ့ဖူးၿပီး သူမအေနနဲ႔ ဇာတ္လမ္းတြဲကို လက္ခံ ႐ိုက္ကူးျဖစ္ပါက ဒုတိယ အႀကိမ္ေျမာက္ သ ႐ုပ္ ေဆာင္ ျခင္း ျဖစ္ ေၾကာင္း သိ ရ ပါ တယ္။
” သ႐ုပ္ေဆာင္အေနနဲ႔ေရွ႕မွာ ကိုညိဳမင္းလြင္နဲ႔ ကိုယ္ပိုင္အမွတ္၃၇၆ဆိုၿပီး႐ိုက္ထားတာရွိတယ္။အဲဒီကားက မထြက္ျဖစ္ဘူးလားမသိဘူး။အဲဒီတုန္းက ပထမဆုံးလည္းျဖစ္ေတာ့သိပ္သ႐ုပ္မေဆာင္တတ္ဘူး။ တိုင္းရင္းသားဆိုေတာ့စကားေျပာတာ အခက္အခဲ နည္းနည္းရွိခဲ့တယ္။အခုဇာတ္လမ္းတြဲကေတာ့လုပ္ကြက္ရရင္ လုပ္ၾကည့္ခ်င္တယ္။သူတို႔ဘက္ကလည္း ကာ႐ိုက္တာကို အဆင္ေျပရင္ ႐ိုက္ဖို႔ ေျပာပါတယ္”လို႔ ဇာဇာထက္က သ ႐ုပ္ ေဆာင္ ပိုင္း နဲ႔ ပတ္ သက္ ၿပီး ေျပာ ပါ တယ္။
လက္တေလာမွာေတာ့ အႏုပညာလႈပ္ရွားမႈမ်ားအေနနဲ႔က ေၾကာ္ျငာနဲ႔ ရႈိးပြဲ ေဖ်ာ္ေျဖမႈမ်ား ရွိၿပီး မၾကာမီထြက္ရွိမယ့္ အဆိုေတာ္ Novem htoo ရဲ႕ ရွာေဖြျခင္းသီခ်င္း MTVမွာ ပါ ဝင္ သ ႐ုပ္ ေဆာင္ ထား ေၾကာင္း သိ ရ ပါ တယ္။
အဆိုပါMTVကိုလည္း psycho ဆန္ဆန္ ႐ိုက္ကူးထားျခင္းေၾကာင့္ ပရိသတ္ ၾကားအေျပာမ်ားလာႏိုင္ဖြယ္ ရွိတဲ့ သီခ်င္း ျဖစ္ လာ ဖြယ္ ရွိ ေၾကာင္း သူ မ က ေျပာ ပါ တယ္။
သတင္း ဝါးဝါးေလး
ဓာတ္ပုံ ဇာဇာထက္ ေဖ့ဘြတ္ခ္
Unicode
ဇာတ်လမ်းတွဲရိုက်ဖို့ ကမ်းလှမ်းခံရတဲ့ ဇာဇာထက်
Sexy မော်ဒယ်အနေနဲ့ ပရိသတ်တွေ သိကြတဲ့ မော်ဒယ် ဇာဇာထက်ကို ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အတွက် ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
မော်ဒယ်ဇာဇာထက်ကို ဇာတ်လမ်းတွဲရိုက်ကူးရန် xxxx ထုတ်လုပ်ရေးက ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူမအနေနဲ့ ရိုက်ကူးရန် ဆုံးဖြတ်ချက် မပြုလုပ်ရသေးကြောင်း ပြောပါတယ်။
” ဇာတ်လမ်းတွဲရိုက်ဖို့က အစ်မကိုလာကမ်းလှမ်းတာပါ။ဆယ်လီ အများကြီးပါတယ်ပြောတယ်။အစ်မကို ဇာတ်လမ်းတွဲမှာ ထည့်ရိုက်ဖို့ကို meeting လုပ်ပြီးဆုံးဖြတ်ပြီးရင် ပြန်ပြောမယ် ပြောထားတာ။ မနေ့က အကြောင်းပြန်တယ်။ ခေါ်ရိုက်မယ်ပေါ့ ။အစ်မဘက်ကတော့ ရိုက်ဖို့ကို ဇာတ်ညွှန်းတစ်ချက် ကြည့်ရဦးမယ်။အစ်မက ဇာတ်ကားမှာ လုပ်ကွက်ရလား။ဗီလိန်လား၊ ဘယ်လိုဇာတ်ရုပ်ကျမလဲ။
မသိသေးဘူး။ အဲဒီတော့ အဲဒါတစ်ချက်ကြည့်ရဦးမယ်။အစ်မ တစ်ခုပဲစိုးရိမ်တာ။ရှေ့မှာ နမူနာ ယူစရာ ဖြစ်ခဲ့တယ်လေ။ကိုယ့်ကို သက်မဲ့ဇာတ်ရုပ်မျိုးဆို ကြောက်တယ်။အဲဒါကြောင့် အခုထိ ဇာတ်ရုပ်မသိသေးတော့ အစ်မဘက်က မဆုံးဖြတ်နိုင်တာပါ”လို့ မော်ဒယ်ဇာဇာထက်က စူပါသတင်းစုံကို ပြောပါတယ် ။
မော်ဒယ်ဇာဇာထက်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒါရိုက်တာညိုမင်းလွင်နဲ့ ကိုယ်ပိုင်အမှတ် ၃၇၆ အမည်ရ ဇာတ်ကားကိုရိုက်ကူးခဲ့ဖူးပြီး သူမအနေနဲ့ ဇာတ်လမ်းတွဲကို လက်ခံ ရိုက်ကူးဖြစ်ပါက ဒုတိယ အကြိမ်မြောက် သ ရုပ် ဆောင် ခြင်း ဖြစ် ကြောင်း သိ ရ ပါ တယ်။
” သရုပ်ဆောင်အနေနဲ့ရှေ့မှာ ကိုညိုမင်းလွင်နဲ့ ကိုယ်ပိုင်အမှတ်၃၇၆ဆိုပြီးရိုက်ထားတာရှိတယ်။အဲဒီကားက မထွက်ဖြစ်ဘူးလားမသိဘူး။အဲဒီတုန်းက ပထမဆုံးလည်းဖြစ်တော့သိပ်သရုပ်မဆောင်တတ်ဘူး။ တိုင်းရင်းသားဆိုတော့စကားပြောတာ အခက်အခဲ နည်းနည်းရှိခဲ့တယ်။အခုဇာတ်လမ်းတွဲကတော့လုပ်ကွက်ရရင် လုပ်ကြည့်ချင်တယ်။သူတို့ဘက်ကလည်း ကာရိုက်တာကို အဆင်ပြေရင် ရိုက်ဖို့ ပြောပါတယ်”လို့ ဇာဇာထက်က သ ရုပ် ဆောင် ပိုင်း နဲ့ ပတ် သက် ပြီး ပြော ပါ တယ်။
လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုများအနေနဲ့က ကြော်ငြာနဲ့ ရှိုးပွဲ ဖျော်ဖြေမှုများ ရှိပြီး မကြာမီထွက်ရှိမယ့် အဆိုတော် Novem htoo ရဲ့ ရှာဖွေခြင်းသီချင်း MTVမှာ ပါ ဝင် သ ရုပ် ဆောင် ထား ကြောင်း သိ ရ ပါ တယ်။
အဆိုပါMTVကိုလည်း psycho ဆန်ဆန် ရိုက်ကူးထားခြင်းကြောင့် ပရိသတ် ကြားအပြောများလာနိုင်ဖွယ် ရှိတဲ့ သီချင်း ဖြစ် လာ ဖွယ် ရှိ ကြောင်း သူ မ က ပြော ပါ တယ်။
သတင်း ဝါးဝါးလေး
ဓာတ်ပုံ ဇာဇာထက် ဖေ့ဘွတ်ခ်
No Comments