
ဇန္န၀ါရီလ ၂၉ရက္ဆိုတာ
၁၉၁၇ ဇန္န၀ါရီလ ၂၉ ရက္ေန႔မွာ ဂ်ာမန္ေတြက ျပင္သစ္ၿမိဳ႕ေတာ္ ပါရီကို ေလသေဘၤာေတြနဲ႕ စၿပီး ဗံုးက်ဲ တိုက္ခိုက္တဲ့ေန႔ပါ။ ပထမ ကမာၻစစ္အတြင္းက ဂ်ာမန္ေတြရဲ႕ မဟာဗ်ဴဟာေျမွာက္ ဗံုးက်ဲ တိုက္ခိုက္မႈပါ။
ေလသေဘာၤေတြကို သံုးၿပီး ေလေၾကာင္းကေန ဗံုးက်ဲ တိုက္ခိုက္တဲ့ အိုင္ဒီယာကို ဂ်ာမန္ေတြက ၁၉၁၅ ခုႏွစ္ေလာက္ကတည္း က လုပ္ခဲ့တာပါ။ သူတို႔က လန္ဒန္ၿမိဳ႕ကို ေကာင္းကင္ အထက္ကေန မိုင္ေတာ္ေတာ္မ်ားမ်ားကေန ဗံုးအလံုး ၅၀ေလာက္ က်ဲခ်လိုက္ပါတယ္။
နည္းဗ်ဴဟာ ေကာင္းေပမဲ့ နည္းစနစ္က မေသခ်ာေသးေတာ့ လန္ဒန္ၿမိဳ႕ေပၚကို က်ဲခ်တဲ့ ဗံုးေတြက ဟာလ္း စီးတီးၿမိဳ႕နားကို သြားက်ပါတယ္။ အဲ့ဒိလို ေလေၾကာင္းကေန ဗံုက်ဲ တိုက္ခိုက္တာကို ဇတ္ပလင္ စီးႏွင္းမႈ လို႔ေခၚပါတယ္။
ေလသေဘၤာေတြ ဇတ္ပလင္ေတြကို ေလေၾကာင္း တိုက္ခိုက္မႈအတြက္ အသံုးျပဳေသာ္လည္း ဇတ္ပလင္ ထုတ္လုပ္ေရးကုမၸဏီက အစစ အရာရာ တာ၀န္ခံရပါတယ္။ ရာသီဥတု အေျခအေန နဲ႔ ညဖက္ တိုက္ခိုက္မႈေတြလုပ္ဖို႔ ေလေၾကာင္းျပဖို႔ရယ္ အပ်က္အစီး ျပဳျပင္ဖို႔အတြက္ ကုမၸဏီက တာ၀န္ခံေပး ရပါတယ္။
ဘယ္လိုပဲ ဂ်ာမန္စစ္တပ္ကို ကုမၸဏီက တာ၀န္ခံ ေပးရေပမဲ့ ဗံုးက်ဲ တိုက္ခိုက္မႈက တိက်မႈ လံုး၀ မရွိခဲ့ပါဘူး။ က်ဲတာက တစ္ေနရာ ဗံုးက်တာက ပစ္မွတ္နဲ႔ ေတာ္ေတာ္ ေ၀းေ၀းမွာပဲ က်ပါတယ္။ အရပ္သား ေသဆံုးမႈေတြေၾကာင့္ ဇတ္ပလင္ေတြကို လူေတြက မႏွစ္ၿမိဳ႕လာက် ပါေတာ့တယ္။
သူတို႔ကို ကေလး လူသတ္သမားေတြ လို႔ေတာင္ ကင္ပြန္းတပ္ လာၾကတယ္။ မတိက်တဲ့ တိုက္ခိုက္မႈေတြေၾကာင့္ ၁၉၁၇ ခုႏွစ္ေလာက္မွာ ေလသေဘၤာေတြ ေနရာကို ေလယာဥ္ပ်ံ ေတြ အစားထိုး ၀င္လာခဲ့ပါတယ္။
အဲ့ဒိအခ်ိန္အထိ စစ္တပ္ေတြမွာ ေရတပ္နဲ႕ ၾကည္းတပ္ဆိုတာပဲ ရွိပါေသးတယ္။ ေလေၾကာင္း စီးႏွင္းမႈေတြ အားလံုးက ေရတပ္ရဲ႕ ထိန္းခ်ဳပ္မႈ ေအာက္မွာသာ ရွိပါေသးတယ္။ ေတာ္၀င္ေလတပ္ကို ဖြဲ႕စည္းဖို႔အတြက္ အဲ့ဒီတုုန္းက ႏိုင္ငံအသီးသီးက ပါလီမန္မွာ အဆိုတင္သြင္းခဲ့ရတုန္း ရွိပါေသးတယ္။
ေနာက္ၿပီး ေလေၾကာင္း ကာကြယ္ေရး စနစ္ေတြကို တည္ေဆာက္ဖို႕အတြက္ စီစဥ္မႈေတြကို ၿဗိတိသွ်ေတြက အရင္ဆံုး လုပ္ခဲ့ပါတယ္။
ပထမကမာၻစစ္မွာ ဂ်ာမန္ေတြက ၿဗိတိသွ်ေတြကို ေလသေဘၤာေတြသံုးၿပီး ဗံုးက်ဲတိုက္ခိုက္ ခဲ့သလို ျပင္သစ္ၿပည္ကိုလည္း ၁၉၁၆ ဇန္န၀ါရီလ ၂၉ ရက္ေန႕မွာ ပထမဆံုး ေလသေဘၤာေတြသံုးၿပီး ညဖက္မွာ စီးႏွင္း တိုက္ခိုက္မႈေတြ လုပ္ခဲ့ပါတယ္။ ပစ္မွတ္နဲ႕ ထိခိုက္မႈ တျခားစီျဖစ္ခဲ့ေပမဲ့ အရပ္သား အမ်ာအျပား ေသဆံုးမႈေတြသာ ျဖစ္ခဲ့ပါတယ္။
ေမာင္ယႆ REF: on this day
Unicode
ဇန်နဝါရီလ ၂၉ရက်ဆိုတာ
၁၉၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဂျာမန်တွေက ပြင်သစ်မြို့တော် ပါရီကို လေသင်္ဘောတွေနဲ့ စပြီး ဗုံးကျဲ တိုက်ခိုက်တဲ့နေ့ပါ။ ပထမ ကမ္ဘာစစ်အတွင်းက ဂျာမန်တွေရဲ့ မဟာဗျူဟာမြှောက် ဗုံးကျဲ တိုက်ခိုက်မှုပါ။
လေသဘောၤတွေကို သုံးပြီး လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တဲ့ အိုင်ဒီယာကို ဂျာမန်တွေက ၁၉၁၅ ခုနှစ်လောက်ကတည်း က လုပ်ခဲ့တာပါ။ သူတို့က လန်ဒန်မြို့ကို ကောင်းကင် အထက်ကနေ မိုင်တော်တော်များများကနေ ဗုံးအလုံး ၅၀လောက် ကျဲချလိုက်ပါတယ်။
နည်းဗျူဟာ ကောင်းပေမဲ့ နည်းစနစ်က မသေချာသေးတော့ လန်ဒန်မြို့ပေါ်ကို ကျဲချတဲ့ ဗုံးတွေက ဟာလ်း စီးတီးမြို့နားကို သွားကျပါတယ်။ အဲ့ဒိလို လေကြောင်းကနေ ဗုံကျဲ တိုက်ခိုက်တာကို ဇတ်ပလင် စီးနှင်းမှု လို့ခေါ်ပါတယ်။
လေသင်္ဘောတွေ ဇတ်ပလင်တွေကို လေကြောင်း တိုက်ခိုက်မှုအတွက် အသုံးပြုသော်လည်း ဇတ်ပလင် ထုတ်လုပ်ရေးကုမ္ပဏီက အစစ အရာရာ တာဝန်ခံရပါတယ်။ ရာသီဥတု အခြေအနေ နဲ့ ညဖက် တိုက်ခိုက်မှုတွေလုပ်ဖို့ လေကြောင်းပြဖို့ရယ် အပျက်အစီး ပြုပြင်ဖို့အတွက် ကုမ္ပဏီက တာဝန်ခံပေး ရပါတယ်။
ဘယ်လိုပဲ ဂျာမန်စစ်တပ်ကို ကုမ္ပဏီက တာဝန်ခံ ပေးရပေမဲ့ ဗုံးကျဲ တိုက်ခိုက်မှုက တိကျမှု လုံး၀ မရှိခဲ့ပါဘူး။ ကျဲတာက တစ်နေရာ ဗုံးကျတာက ပစ်မှတ်နဲ့ တော်တော် ဝေးဝေးမှာပဲ ကျပါတယ်။ အရပ်သား သေဆုံးမှုတွေကြောင့် ဇတ်ပလင်တွေကို လူတွေက မနှစ်မြို့လာကျ ပါတော့တယ်။
သူတို့ကို ကလေး လူသတ်သမားတွေ လို့တောင် ကင်ပွန်းတပ် လာကြတယ်။ မတိကျတဲ့ တိုက်ခိုက်မှုတွေကြောင့် ၁၉၁၇ ခုနှစ်လောက်မှာ လေသင်္ဘောတွေ နေရာကို လေယာဉ်ပျံ တွေ အစားထိုး ဝင်လာခဲ့ပါတယ်။
အဲ့ဒိအချိန်အထိ စစ်တပ်တွေမှာ ရေတပ်နဲ့ ကြည်းတပ်ဆိုတာပဲ ရှိပါသေးတယ်။ လေကြောင်း စီးနှင်းမှုတွေ အားလုံးက ရေတပ်ရဲ့ ထိန်းချုပ်မှု အောက်မှာသာ ရှိပါသေးတယ်။ တော်ဝင်လေတပ်ကို ဖွဲ့စည်းဖို့အတွက် အဲ့ဒီတုန်းက နိုင်ငံအသီးသီးက ပါလီမန်မှာ အဆိုတင်သွင်းခဲ့ရတုန်း ရှိပါသေးတယ်။
နောက်ပြီး လေကြောင်း ကာကွယ်ရေး စနစ်တွေကို တည်ဆောက်ဖို့အတွက် စီစဉ်မှုတွေကို ဗြိတိသျှတွေက အရင်ဆုံး လုပ်ခဲ့ပါတယ်။
ပထမကမ္ဘာစစ်မှာ ဂျာမန်တွေက ဗြိတိသျှတွေကို လေသင်္ဘောတွေသုံးပြီး ဗုံးကျဲတိုက်ခိုက် ခဲ့သလို ပြင်သစ်ပြည်ကိုလည်း ၁၉၁၆ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပထမဆုံး လေသင်္ဘောတွေသုံးပြီး ညဖက်မှာ စီးနှင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ပစ်မှတ်နဲ့ ထိခိုက်မှု တခြားစီဖြစ်ခဲ့ပေမဲ့ အရပ်သား အမျာအပြား သေဆုံးမှုတွေသာ ဖြစ်ခဲ့ပါတယ်။
မောင်ယဿ REF: on this day
No Comments