
ဇန္နဝါရီလ ၃၁ရက္ေန႔ဆိုတာ
ဒုတိယ ကမာၻစစ္ၿပီးခါနီး ၁၉၄၅ ခုႏွစ္ ဇန္နဝါရီလ၃၁ရက္ေန႔မွာ စတီးဝဲလ္လမ္းနဲ႔ ခ်ိတ္ဆက္ထားတဲ့ လီဒိုလမ္းမ ျပန္ပြင့္သြားတဲ့ေန႔ပါ။ ဒုတိယကမာၻ စစ္အတြင္း မွာ ပ်က္စီးသြားတဲ့ ဘားမားလမ္းေခၚ စတီးဝဲလ္ လမ္း က အလြန္ အေရးပါေသာ္လည္း အခ်ိဳ႕ အစိတ္အပိုင္း ေတြသာ ျပန္ေကာင္းၿပီး သြားလာႏိုင္ေတာ့ ပါတယ္။
အခု အခ်ိန္မွာေတာ့ လမ္းေတြက ျပန္ေကာင္းေနပါၿပီ လမ္းက မိုင္၂၄၀၀ ေက်ာ္ရွိၿပီး ရန္ကုန္ကေန တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းအထိ ေပါက္ပါတယ္။ ဒုတိယ စစ္ႀကိဳကာလမွာ ဂ်ပန္ေတြက ျမန္မာႏိုင္ငံကို အလြန္ စိတ္ဝင္စားခဲ့ပါတယ္။ သူတို႔ တကယ္ စိတ္ဝင္စားတဲ့ အေၾကာင္းက စတီးဝဲလ္လမ္းကို ဖ်က္စီးဖို႔ပါပဲ။
အဂၤလိပ္ေတြက စတီးဝဲလ္လမ္းကေန တ႐ုတ္ႏိုင္ငံထဲကို လူ လက္နက္ ခဲယမ္း မီးေက်ာက္ေတြနဲ႔ ကုန္စည္ေတြကို အဆက္မပ်က္ ပို႔ေပးေနတာေၾကာင့္ အဲ့ဒိလမ္းေၾကာင္းကို ဖ်က္ႏိုင္မွ အေရွ႕အာရွ စိုးမိုးေရးကို ဂ်ပန္ေတြ လုပ္ႏိုင္မွာပါ ။ တ႐ုတ္ေတြရဲ႕ ဂ်ပန္ေတာ္လွန္ေရး လုပ္ငန္းေတြကို အေထာက္အပံ့ ရဖို႔က စတီးဝဲလ္လမ္းနဲ႔ လီဒိုလမ္းမ ေပၚကို မူတည္ေနတယ္။
ရန္ကုန္ကေန ျမစ္ႀကီးနားအထိ ရထားလမ္းနဲ႔ တက္ၿပီး လီဒိုလမ္းေပၚကေန တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းအထိ သြားႏိုင္ တယ္ဆိုတာနဲ႔ ဂ်ပန္ေတြရဲ႕ ထိုးစစ္ကို ေတာင့္ခံ႐ုံပဲ ရွိပါေတာ့တယ္။ အဲ့ဒါေၾကာင့္ ဂ်ပန္ေတြက ယိုဒယားကေန ျမန္မာျပည္ကို ဝင္ဖို႔ႀကိဳးစားခဲ့ တာပါပဲ။
ေဒသခံ ဗမာေတြရဲ႕ အကူအညီကို မရရင္ ဂ်ပန္ေတြ အင္ဖာထိေရာက္ေအာင္ သြားႏိုင္ဖို႔က မလြယ္ကူေလာက္ပါဘူး။ ရဲေဘာ္၃ က်ိပ္ အပါအဝင္ ဘီအိုင္ေအရဲ႕ အကူအညီနဲ႔ အဂၤလိပ္ေတြ ဒုတိယ ကမာၻစစ္ စစ္ဦးမွာပဲ အိႏၵိယ အထိ ဆုတ္ခြာေပခဲ့ရတယ္။ ဂ်ပန္ေတြ ရဲ႕အာရွက်ဴး ေက်ာ္စစ္က အင္ဖာမွာပဲ အဆုံးသတ္သြားရပါတယ္။
အကယ္၍မ်ား အင္ဖာကိုသာ ဂ်ပန္ေတြ ရသြားခဲ့ရင္ ဥေရာပ ကေန အေရွ႕ဖက္ဆီကို ခ်ီတက္လာတဲ့ ဂ်ာမန္နာဇီ ေတြနဲ႔ ေပါင္းစည္းမိသြားမွာ ေသခ်ာပါတယ္။ အင္ဖာတိုက္ပြဲက အဂၤလိပ္ေတြရဲ႕ မဆုတ္တမ္း ခံစစ္ျဖစ္လို႔ ၂ဖက္ စစ္တပ္ အေသအေပ်ာက္ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။
ဘာပဲျဖစ္ျဖစ္ပါ ျမန္မာႏိုင္ငံက အေရွ႕ အာရွအတြက္ အေနာက္ကမာၻနဲ႔ ဆက္သြယ္ဖို႔ရာ အတြက္ အဓိက လမ္းဆုံ တစ္ခု ျဖစ္ခဲ့တာကေတာ့ အမွန္ပါပဲ။ ၁၉၄၅ မွာ ဂ်ပန္ေတြ ျပန္အဆုတ္ စတီးဝဲလ္လမ္းကလည္း ျပန္လည္ ပြင့္သြားခဲ့ပါ တယ္။
ေမာင္ယႆ
REF: on this day
photo source: wiki pedia, britannica
Unicode
ဇန်နဝါရီလ ၃၁ရက်နေ့ဆိုတာ
ဒုတိယ ကမ္ဘာစစ်ပြီးခါနီး ၁၉၄၅ ခုနှစ် ဇန်နဝါရီလ၃၁ရက်နေ့မှာ စတီးဝဲလ်လမ်းနဲ့ ချိတ်ဆက်ထားတဲ့ လီဒိုလမ်းမ ပြန်ပွင့်သွားတဲ့နေ့ပါ။ ဒုတိယကမ္ဘာ စစ်အတွင်း မှာ ပျက်စီးသွားတဲ့ ဘားမားလမ်းခေါ် စတီးဝဲလ် လမ်း က အလွန် အရေးပါသော်လည်း အချို့ အစိတ်အပိုင်း တွေသာ ပြန်ကောင်းပြီး သွားလာနိုင်တော့ ပါတယ်။
အခု အချိန်မှာတော့ လမ်းတွေက ပြန်ကောင်းနေပါပြီ လမ်းက မိုင်၂၄၀၀ ကျော်ရှိပြီး ရန်ကုန်ကနေ တရုတ်နိုင်ငံ ချုံကင်းအထိ ပေါက်ပါတယ်။ ဒုတိယ စစ်ကြိုကာလမှာ ဂျပန်တွေက မြန်မာနိုင်ငံကို အလွန် စိတ်ဝင်စားခဲ့ပါတယ်။ သူတို့ တကယ် စိတ်ဝင်စားတဲ့ အကြောင်းက စတီးဝဲလ်လမ်းကို ဖျက်စီးဖို့ပါပဲ။
အင်္ဂလိပ်တွေက စတီးဝဲလ်လမ်းကနေ တရုတ်နိုင်ငံထဲကို လူ လက်နက် ခဲယမ်း မီးကျောက်တွေနဲ့ ကုန်စည်တွေကို အဆက်မပျက် ပို့ပေးနေတာကြောင့် အဲ့ဒိလမ်းကြောင်းကို ဖျက်နိုင်မှ အရှေ့အာရှ စိုးမိုးရေးကို ဂျပန်တွေ လုပ်နိုင်မှာပါ ။ တရုတ်တွေရဲ့ ဂျပန်တော်လှန်ရေး လုပ်ငန်းတွေကို အထောက်အပံ့ ရဖို့က စတီးဝဲလ်လမ်းနဲ့ လီဒိုလမ်းမ ပေါ်ကို မူတည်နေတယ်။
ရန်ကုန်ကနေ မြစ်ကြီးနားအထိ ရထားလမ်းနဲ့ တက်ပြီး လီဒိုလမ်းပေါ်ကနေ တရုတ်နိုင်ငံ ချုံကင်းအထိ သွားနိုင် တယ်ဆိုတာနဲ့ ဂျပန်တွေရဲ့ ထိုးစစ်ကို တောင့်ခံရုံပဲ ရှိပါတော့တယ်။ အဲ့ဒါကြောင့် ဂျပန်တွေက ယိုဒယားကနေ မြန်မာပြည်ကို ဝင်ဖို့ကြိုးစားခဲ့ တာပါပဲ။
ဒေသခံ ဗမာတွေရဲ့ အကူအညီကို မရရင် ဂျပန်တွေ အင်ဖာထိရောက်အောင် သွားနိုင်ဖို့က မလွယ်ကူလောက်ပါဘူး။ ရဲဘော်၃ ကျိပ် အပါအဝင် ဘီအိုင်အေရဲ့ အကူအညီနဲ့ အင်္ဂလိပ်တွေ ဒုတိယ ကမ္ဘာစစ် စစ်ဦးမှာပဲ အိန္ဒိယ အထိ ဆုတ်ခွာပေခဲ့ရတယ်။ ဂျပန်တွေ ရဲ့အာရှကျူး ကျော်စစ်က အင်ဖာမှာပဲ အဆုံးသတ်သွားရပါတယ်။
အကယ်၍များ အင်ဖာကိုသာ ဂျပန်တွေ ရသွားခဲ့ရင် ဥရောပ ကနေ အရှေ့ဖက်ဆီကို ချီတက်လာတဲ့ ဂျာမန်နာဇီ တွေနဲ့ ပေါင်းစည်းမိသွားမှာ သေချာပါတယ်။ အင်ဖာတိုက်ပွဲက အင်္ဂလိပ်တွေရဲ့ မဆုတ်တမ်း ခံစစ်ဖြစ်လို့ ၂ဖက် စစ်တပ် အသေအပျောက် အများဆုံးဖြစ်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ မြန်မာနိုင်ငံက အရှေ့ အာရှအတွက် အနောက်ကမ္ဘာနဲ့ ဆက်သွယ်ဖို့ရာ အတွက် အဓိက လမ်းဆုံ တစ်ခု ဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။ ၁၉၄၅ မှာ ဂျပန်တွေ ပြန်အဆုတ် စတီးဝဲလ်လမ်းကလည်း ပြန်လည် ပွင့်သွားခဲ့ပါ တယ်။
မောင်ယဿ
REF: on this day
photo source: wiki pedia, britannica
No Comments