ဇန္နဝါရီလ ၃၀ ရက္ေန႔ဆိုတာ

ဇန္နဝါရီလ ၃၀ ရက္ေန႔ဆိုတာ
Entertainment

ဇန္နဝါရီလ ၃၀ ရက္ေန႔ဆိုတာ

၁၉၆၉ ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ ဘီးတဲလ္ အဖြဲ႕က သူတို႔ရဲ႕ ေနာက္ဆုံး ပရိသက္ေဖ်ာ္ေျဖပြဲကို ပရိသက္ေတြမပါဘဲ လန္ဒန္ၿမိဳ႕က အက္ပဲ ေကာ္ပိုေရးရွင္း ႐ုံးခ်ဳပ္ရဲ႕ ေခါင္းမိုးေပၚမွာ ေဖ်ာ္ေျဖခဲ့ပါတယ္။

၄၂မိနစ္ၾကာ ေဖ်ာ္ေျဖပြဲကို ဘီးတဲလ္အဖြဲ႕သားေတြျဖစ္တဲ့ ဂြၽန္လင္ႏြန္ ၊ ေဂ်ာဂ်္ ဟာရစ္ဆင္ ၊ ဘီလီ ပရက္စတန္ ၊ ရင္ဂို စတား နဲ႔ ေပၚလ္မကၠေနး တို႔က တီးမႈတ္ သီဆိုခဲ့ၾကပါတယ္။ Let it be ၊ Don’t let me down ၊ I’ve got a feeling ၊ Dig a pony ၊ Get back သီခ်င္းေတြနဲ႔ ႏႈတ္ဆက္ ေျဖေဖ်ာ္ခဲ့ၾကတယ္။

တကယ္ေတာ့ သူတို႔အဖြဲ႕က ၁၉၆၆ ခုႏွစ္ ၾသဂုတ္လ ကတည္းက ဆန္ဖရန္စစၥကို ပြဲမွာ အကြဲအၿပဲ စတင္ခဲ့တာပါ။ သူတို႔အဖြဲ႕သားေတြအေနနဲ႔ ေခါင္မိုးေပၚမွာ စုၿပီး ဘာျဖစ္လို႔ သီခ်င္းဆိုခဲ့တာကိုေတာ့ တစ္ေယာက္မွ ရွင္းမျပခဲ့ၾကပါဘူး။

ဇန္နဝါရီလ ၃၀ ရက္ေန႔ဆိုတာ1

သက္သက္ လူစိတ္ဝင္စားေအာင္ လုပ္တာ လားလို႔ သတင္းသမားေတြရဲ႕ စကားနာထိုးတာ ကိုလည္း ျပန္လည္ ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ဘီးတဲလ္ အဖြဲ႕ဆိုတာ လီဗာပူးၿမိဳ႕က ၁၉၆၀ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ အဂၤလိပ္ေရာ့ခ္တီးဝိုင္း တစ္ဝိုင္းပါ။ ဂြၽန္လင္ႏြန္ ၊ ေဂ်ာဂ်္ ဟာရစ္ဆင္ ၊ ဘီလီ ပရက္စတန္ ၊ ရင္ဂို စတား ၊ ေပၚလ္မကၠေနး နဲ႔သူတို႔ ဝိုင္းက ကမာၻေပၚမွာ ၾသဇာအရွိဆုံးတီးဝိုင္းတစ္ခု ျဖစ္ပါတယ္။

ဘီးတဲလ္ရဲ႕ လူငယ္ေတြစုစည္းမႈ က ေခာတ္သစ္ဂီတပုံစံ တစ္ခုကို ျပသႏိုင္ခဲ့ပါတယ္။ ဂႏၲဝင္ဂီတနဲ႔ ႐ိုးရာေပါ့ျမဴးဇစ္ကို ေရာေမြထားတဲ့ အမ်ိဳးအစားကို ၁၉၅၀ ေရာ့ခ္ဟန္ေတြ ထည့္သြင္းထားတာေၾကာင့္ သူတို႔ေက်ာ္ၾကားခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ဘဲေလး ၊ အိႏၵိယဂီတ ၊ စိတ္နယ္လြန္ဂီတ နဲ႔ အျပင္းစားေရာ့ခ္ ပုံစံေတြကိုလည္း ေရာစပ္ တီးမႈတ္ခဲ့ပါတယ္။ ဂီတလုပ္ငန္းမွာ သမာ႐ိုးက်သြားေနတဲ့ အသံသြင္းမႈ သီခ်င္းေရးဟန္ အႏုပညာရွင္ေတြရဲ႕ တင္ဆက္မႈ အဖြဲ႕လိုက္တီးခတ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကို ေတာ္လွန္ခဲ့ၾကပါတယ္။

ဇန္နဝါရီလ ၃၀ ရက္ေန႔ဆိုတာ2

လူငယ္ေတြရဲ႕ ေခာတ္တစ္ေခာတ္ ျဖစ္ေအာင္ကို သူတို႔က လုပ္ျပႏိုင္ခဲ့လို႔ အဲ့ဒိ ေခာတ္ကာလ တစ္ေလွ်ာက္လုံး ဘီးတဲလ္က လူငယ္ေတြ အသဲစြဲ ျဖစ္ခဲ့ၾကတာပါ။

လီဗာပူးၿမိဳ႕က ပဲနိလိန္းလို႔ ေခၚတဲ့ လမ္းကေလးကေန ထြက္လာတဲ့ ကမာၻေက်ာ္ တီးဝိုင္း တစ္ခုရဲ႕ နိဂုံးက ၁၉၆၉ ဇန္နဝါရီလ ၃၀ရက္ေန႔ မွာ ျဖစ္ခဲ့တယ္ဆိုရင္ ကာလတိုေလး အတြင္းမွာ ကမာၻ႔လူငယ္ထုကို ဖမ္းစားႏိုင္ခဲ့တဲ့ အစြမ္းကို ေလးစားရမွာပါ။

ေမာင္ယႆ
REF: on this day

Unicode

ဇန်နဝါရီလ ၃၀ ရက်နေ့ဆိုတာ

၁၉၆၉ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဘီးတဲလ် အဖွဲ့က သူတို့ရဲ့ နောက်ဆုံး ပရိသက်ဖျော်ဖြေပွဲကို ပရိသက်တွေမပါဘဲ လန်ဒန်မြို့က အက်ပဲ ကော်ပိုရေးရှင်း ရုံးချုပ်ရဲ့ ခေါင်းမိုးပေါ်မှာ ဖျော်ဖြေခဲ့ပါတယ်။

၄၂မိနစ်ကြာ ဖျော်ဖြေပွဲကို ဘီးတဲလ်အဖွဲ့သားတွေဖြစ်တဲ့ ဂျွန်လင်နွန် ၊ ဂျောဂျ် ဟာရစ်ဆင် ၊ ဘီလီ ပရက်စတန် ၊ ရင်ဂို စတား နဲ့ ပေါ်လ်မက္ကနေး တို့က တီးမှုတ် သီဆိုခဲ့ကြပါတယ်။ Let it be ၊ Don’t let me down ၊ I’ve got a feeling ၊ Dig a pony ၊ Get back သီချင်းတွေနဲ့ နှုတ်ဆက် ဖြေဖျော်ခဲ့ကြတယ်။

တကယ်တော့ သူတို့အဖွဲ့က ၁၉၆၆ ခုနှစ် သြဂုတ်လ ကတည်းက ဆန်ဖရန်စစ္စကို ပွဲမှာ အကွဲအပြဲ စတင်ခဲ့တာပါ။ သူတို့အဖွဲ့သားတွေအနေနဲ့ ခေါင်မိုးပေါ်မှာ စုပြီး ဘာဖြစ်လို့ သီချင်းဆိုခဲ့တာကိုတော့ တစ်ယောက်မှ ရှင်းမပြခဲ့ကြပါဘူး။

သက်သက် လူစိတ်ဝင်စားအောင် လုပ်တာ လားလို့ သတင်းသမားတွေရဲ့ စကားနာထိုးတာ ကိုလည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဘီးတဲလ် အဖွဲ့ဆိုတာ လီဗာပူးမြို့က ၁၉၆၀ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အင်္ဂလိပ်ရော့ခ်တီးဝိုင်း တစ်ဝိုင်းပါ။ ဂျွန်လင်နွန် ၊ ဂျောဂျ် ဟာရစ်ဆင် ၊ ဘီလီ ပရက်စတန် ၊ ရင်ဂို စတား ၊ ပေါ်လ်မက္ကနေး နဲ့သူတို့ ဝိုင်းက ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးတီးဝိုင်းတစ်ခု ဖြစ်ပါတယ်။

ဘီးတဲလ်ရဲ့ လူငယ်တွေစုစည်းမှု က ခောတ်သစ်ဂီတပုံစံ တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ ဂန္တဝင်ဂီတနဲ့ ရိုးရာပေါ့မြူးဇစ်ကို ရောမွေထားတဲ့ အမျိုးအစားကို ၁၉၅၀ ရော့ခ်ဟန်တွေ ထည့်သွင်းထားတာကြောင့် သူတို့ကျော်ကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘဲလေး ၊ အိန္ဒိယဂီတ ၊ စိတ်နယ်လွန်ဂီတ နဲ့ အပြင်းစားရော့ခ် ပုံစံတွေကိုလည်း ရောစပ် တီးမှုတ်ခဲ့ပါတယ်။ ဂီတလုပ်ငန်းမှာ သမာရိုးကျသွားနေတဲ့ အသံသွင်းမှု သီချင်းရေးဟန် အနုပညာရှင်တွေရဲ့ တင်ဆက်မှု အဖွဲ့လိုက်တီးခတ်မှုတွေ တော်တော်များများကို တော်လှန်ခဲ့ကြပါတယ်။

လူငယ်တွေရဲ့ ခောတ်တစ်ခောတ် ဖြစ်အောင်ကို သူတို့က လုပ်ပြနိုင်ခဲ့လို့ အဲ့ဒိ ခောတ်ကာလ တစ်လျှောက်လုံး ဘီးတဲလ်က လူငယ်တွေ အသဲစွဲ ဖြစ်ခဲ့ကြတာပါ။

လီဗာပူးမြို့က ပဲနိလိန်းလို့ ခေါ်တဲ့ လမ်းကလေးကနေ ထွက်လာတဲ့ ကမ္ဘာကျော် တီးဝိုင်း တစ်ခုရဲ့ နိဂုံးက ၁၉၆၉ ဇန်နဝါရီလ ၃၀ရက်နေ့ မှာ ဖြစ်ခဲ့တယ်ဆိုရင် ကာလတိုလေး အတွင်းမှာ ကမ္ဘာ့လူငယ်ထုကို ဖမ်းစားနိုင်ခဲ့တဲ့ အစွမ်းကို လေးစားရမှာပါ။

မောင်ယဿ
REF: on this day

No Comments

Leave a Reply

Your email address will not be published.

ဘယ္လ္ဂ်ီယံမွာ စျပမယ့္ ဝမ္းဒါးဝူးမန္း ၁၉၈၄ ကို မၾကာခင္ ၾကည့္ရေတာ့မယ္
Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

ဆယ္လ္မန္ခန္း ရဲ႕ တိုက္ဂါး ၃ အေျခအေနေကာင္းရင္ စက္တင္ဘာ ထဲမွာ ျပသမယ္
Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

ဂလိုက္ဒါစီးၿပီး ဒရမ္တီးသူ အြန္လိုင္းေပၚမွာ ၾကည့္ရွဳသူမ်ား
Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …