- By : Phoe Linn
- Category : International-news
မောင်ယဿ REF: on the day
Unicode
ဇန်နဝါရီလ ၂၆ရက်နေ့ဆိုတာ
၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကမ္ဘာ အကြီးဆုံး စိန်ရိုင်းတုံးကြီး ဖြစ်တဲ့ ကော်လီနမ်ကို တောင်အာဖရိက မှာ တူးဖော် တွေ့ ရှိခဲ့ ပါတယ် ။ ဖရက်ဒရစ်ဝဲလ်က ပရီမီယမ် ၂ က ကော်လီနမ် မိုင်းတွင်းမှာ တွေ့လို့ တွင်းပိုင်ရှင် သောမတ်ကော်လီနမ် ကို အစွဲပြုပြီး ကော်လီနမ် စိန်လို့ နာမည်ပေးခဲ့ပါတယ် ။ ဒါပေမဲ့ နောက် ၁၀ နှစ် အကြာ ဂျာဂါစဖွန်တိန်မိုင်း မှာ အိတ်ဆယ်စွာ စိန်တုံးကို တွေ့တော့ ကော်လီနမ်က ဒုတိယအဆင့်ကို ကျသွားပေမဲ့ အရွယ်အစား အားဖြင့် တော့ ကော်လီနမ်က ၃ ဆ ပိုကြီးတယ် ။
ကော်လီနမ်က ၄ လက်မ သာသာလေးရှည်တယ် ။ ၂ လက်မခွဲ ကျယ်တယ်။ ၂ လက်မ သာသာမြင့် ပါတယ် ။ အလေးချိန် အားဖြင့် ၃၁၀၆ ကာရက်အလေးချိန် ( ၃၈ကျပ်သား ) ရှိပါတယ် ။ ကော်လီနမ်ကို ဂျိုဟန်နက်စ်ဘာဂ်မြို့က စတန်းဒက် ဘဏ်မှာ ခဏထားပြီး လန်ဒန်မြို့ကို ပို့လိုက်ပါတယ် ။ ကော်လီနမ်ကို တောင်အာဖရိက ကနေ လန်ဒန်ကို ပို့တာက တကယ့် လှို့ဝှက် ဇာတ်လမ်း တစ်ပုဒ်ပါပဲ ။
စုံထောက်တွေ အမြောက်အမြား ရေနွေးငွေ့သင်္ဘော နဲ့ ကမ်းစပ်က ဓားပြတွေနဲ့ မိန်မလှလေးတွေနဲ့ သေနတ်တွေ ဓားတွေနဲ့ တကယ့်ဇာတ်လမ်း တစ်ပုဒ်ပါပဲ ။ ကော်လီနမ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေက အများကြီးပါပဲ ။ တကယ်တော့ ကော်လီနမ်ကို စာတိုက်ကနေ လန်ဒန်ကို ပို့လိုက်ပါတယ် ။ အခုနပြောတဲ့ အရာတွေအားလုံးက အတုအယောင် သက်သက် သာလုပ်ခဲ့ တာပါ ။
အဲ့ဒိခောတ်က ပေါင်တစ်သိန်းခွဲနဲ့ အရောင်းအဝယ် တည့်သွားတယ် ၂၀၁၆ က ဈေးနဲ့ ဆိုရင်တော့ ပေါင် ။ ဘုရင်အက်ဒွက်၇ အတွက် ထရန် စဗာအယ် ကိုလိုနီက ဝယ်ပေးထားတာပါ ။ ဘုရင်က အမ်စတာဒမ်က အက်စ်ချာဘရားသားဆီကို ပို့ပြီ စိန်ကို၉လုံးခွဲစေလိုက်ပါတယ်။ အရည်အသွေး အကောင်းဆုံး ၂လုံးကို ဘုရင့်သရဖူမှာ တပ်စေပြီး ကျန် ၇ လုံးကိုတော့ ယူနိုင်တက်ကင်းဒမ်း အပိုင်အဖြစ် ထားရှိစေခဲ့ပါ တယ် ။
ကော်လီနမ်၁ကို အာဖရိကမဟာကြယ်ကြီးလို့ခေါ် ပြီး ၃၀သားနီးပါးရှိပါတယ်။ ဒုတိယကော်လီနမ်က ၄ကျပ်သားကျော်ရှိပါတယ်။ လက်ရှိအင်္ဂလန်ဘုရင်မကြီး သရဖူတွင်ရှိသော စိန်များသည် ၁၉၅၃ခုနှစ်က သူမ၏အဘွား မေရီဘုရင်မ ထံမှ အမွေရရှိခဲ့ပါတယ် ။
မောင်ယဿ REF: on the day
No Comments