ဇန္နဝါရီလ ၂၄ ရက္ေန႔ဆိုတာ

ဇန္နဝါရီလ ၂၄ ရက္ေန႔ဆိုတာ
International-news

ဇန္နဝါရီလ ၂၄ ရက္ေန႔ဆိုတာ

၁၈၇၁ ခုႏွစ္ ဇန္နဝါရီလ၂၄ ရက္ေန႔ မွာ ခ်ားလ္ဂြတ္ရီးယား ဂ်ဳနီယာက သူ႔အေဖထြင္ခဲ့တဲ့ ဖိနပ္ေအာက္ခံဆိုးျပား နဲ႔ ဖိနပ္ခ်ဳပ္စက္ကို လက္ခံ ရရွိခဲ့တဲ့ေန႔ပါ။ ကမာၻႀကီးေပၚမွာ မဟာတီထြင္သူေတြ ရွိၾကပါတယ္။ သူတို႔ေတြက တီထြင္ျခင္းနဲ႔ ဘဝကိုတည္ေဆာက္ေနတယ္။ တီထြင္ျခင္းနဲ႔ပဲ လြတ္ေျမာက္ ကုန္ၾကပါတယ္။ ကမာ့ၻ မဟာတီထြင္သူ ၇ ဦးထဲမွာ ပါတဲ့ ခ်ားလ္ဂြတ္ရီးယားကေတာ့ တီထြင္းရင္နဲ႔ အေႂကြးေတြဝိုင္း ေထာင္က်ရတဲ့အျဖစ္ကို ႀကဳံခဲ့ရလို႔ ကံအဆိုးဆုံး မဟာတီထြင္သူလို႔ေခၚရမလိုပါပဲ ။

ဒီကေန႔ က်ေနာ္တို႔သုံးေနတဲ့ ရာဘာပစၥည္း ေတာ္ေတာ္မ်ားမ်ားက ၾကက္ေပါင္ေစးလို႔ေခၚတဲ့ ၾကက္ေပါင္ေစးအပင္က ထြက္တဲ့အေစး ကို ဓာတုနည္းနဲ႔ ျပဳျပင္ထားတာပါ။ ရာဘာအမ်ိဳးအစားေပါင္းမ်ားစြာကို ဂြတ္ရီးယားက စမ္းသက္တီထြင္ခဲ့ပါတယ္။ ၾကက္ေပါင္ေစးကို ဘယ္ဓာတုပစၥည္းနဲ႔ အပူခ်ိန္ဘယ္ ေလာက္မွာ ဖိအားဘယ္ေလာက္ေပးရင္ ဘယ္လိုအမ်ိဳးအစားရာဘာ ထြက္လာမယ္ဆိုတာကို အမ်ားႀကီးစမ္းသက္ခဲ့ပါတယ္။

ရာဘာအသင္းက သူစမ္းခဲ့တဲ့ ရာဘာအမ်ိဳးအစားက ၃၀၀၀ေက်ာ္တယ္လို႔ မွတ္တမ္းတင္ခဲ့တယ္။ ဖီလာဒယ္ဖီးယားက သူၿခံထဲမွာ အိႏၵိယကလာတဲ့ ၾကက္ေပါင္ေစး ေတြအျပည့္ပါပဲ။ တစ္မ်ိဳးၿပီးတစ္မ်ိဳးစမ္းတယ္၊ ရလဒ္ေတြကိုမွတ္တမ္း တင္ထားတယ္။ အဲ့ဒါေတြရဲ႕ အဆုံးသတ္ကေတာ့ သူ႔မွာအေႂကြးေတြ ဝိုင္းသြားတာပါပဲ။ အေႂကြးမဆပ္ႏိုင္ေတာ့လို႔ ေထာင္က်ခံလိုက္ရ တယ္။

ကံေကာင္းခ်င္ေတာ့ သူဘဝေနာက္ပိုင္းမွာ ခ်ာေဖးလို႔ေခၚတဲ့ သူေဌးတစ္ေယာက္က သူ႔ကိုသနားလို႔ ေငြေၾကးေထာက္ပံ့ေပးလို႔ အသက္ရႈေခ်ာင္ခဲ့ရတယ္။ လူသားေတြရဲ႕ အက်ိဳးအတြက္ ရာဘာနဲ႔ဆက္စပ္ပစၥည္းေတြကို တီထြင္ေပမဲ့ တီထြင္ျခင္းနဲ႔ အခ်ိန္နဲ႔က သိပ္မကိုက္ေသးလို႔ အေဟာသိကံ ျဖစ္ေနရတာကို ခ်ာေဖးက သနားသြားၿပီး သူ႔ကို ေငြေၾကးေထာက္ပံ့ ေပးခဲ့တာပါ။

အမွန္ေတာ့သူက တီထြင္သူ တစ္ဦးျဖစ္တာက အမွန္ပါ။ သူငယ္ငယ္တုန္းကဆို သူမ်ားေတြဆီမွာ အလုပ္၅ႏွစ္ေလာက္လုပ္ၿပီး ေနာက္မွာေတာ့ သူ႔အေဖဆီကို ျပန္လာၿပီး သူ႔အေဖ ကုန္မာဆိုင္မွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းသုံး ကုန္ပစၥည္းေတြကို တီထြင္ေရာင္းခ်ေနတာပါ။ သူ႔အေဖက သားရဲ႕လက္ရာေၾကာင့္ ေန႔ခ်င္းညခ်င္း ပိုက္ဆံေတြေတာ္ေတာ္ရခဲ့တယ္။ ဂြတ္ရီးယားက သူကိုယ္တိုင္ ကုန္မာဆိုင္တစ္ခုေထာင္ၿပီး လယ္ယာလုပ္ငန္ခြင္သုံး ပစၥည္းေတြကို ထုတ္လုပ္ေရာင္းခ်တာ ေတာ္ေတာ္အဆင္ ေျပပါတယ္။

ေ႐ႊနဲ႔ ေငြနဲ႔ အိမ္ေထာင္ေတာင္က် သြားေသးတယ္။ သူငယ္ခ်င္းတစ္ေယာက္က အိႏၵိယက ၾကက္ေပါင္းေစး အေၾကာင္းလာေျပာတဲ့အခ်ိန္မွာ သူဘဝက တီထြင္မႈနဲ႔ ဆင္းရဲမြဲေတမႈကို လက္ခံလိုက္ရေတာ့တာပါပဲ။ ၅၉ႏွစ္အ႐ြယ္ ေသဆုံးၿပီးေနာက္မွသူကို႔ ကမာၻ႔မဟာတီထြင္သူႀကီးဆိုတဲ့ စာရင္ထဲကို ထည့္လိုက္တာပါ။ သူ႔မ်ိဳးဆက္ေတြကေတာ့ ဂြတ္ရီးယား တာယာလုပ္ငန္းဆိုၿပီး ဆက္လက္လုပ္ကိုင္ခဲ့ပါတယ္။

ေမာင္ယႆ REF; on the day

Unicode

ဇန်နဝါရီလ ၂၄ ရက်နေ့ဆိုတာ

၁၈၇၁ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့ မှာ ချားလ်ဂွတ်ရီးယား ဂျုနီယာက သူ့အဖေထွင်ခဲ့တဲ့ ဖိနပ်အောက်ခံဆိုးပြား နဲ့ ဖိနပ်ချုပ်စက်ကို လက်ခံ ရရှိခဲ့တဲ့နေ့ပါ။ ကမ္ဘာကြီးပေါ်မှာ မဟာတီထွင်သူတွေ ရှိကြပါတယ်။ သူတို့တွေက တီထွင်ခြင်းနဲ့ ဘဝကိုတည်ဆောက်နေတယ်။ တီထွင်ခြင်းနဲ့ပဲ လွတ်မြောက် ကုန်ကြပါတယ်။ ကမာ့္ဘ မဟာတီထွင်သူ ၇ ဦးထဲမှာ ပါတဲ့ ချားလ်ဂွတ်ရီးယားကတော့ တီထွင်းရင်နဲ့ အကြွေးတွေဝိုင်း ထောင်ကျရတဲ့အဖြစ်ကို ကြုံခဲ့ရလို့ ကံအဆိုးဆုံး မဟာတီထွင်သူလို့ခေါ်ရမလိုပါပဲ ။

ဒီကနေ့ ကျနော်တို့သုံးနေတဲ့ ရာဘာပစ္စည်း တော်တော်များများက ကြက်ပေါင်စေးလို့ခေါ်တဲ့ ကြက်ပေါင်စေးအပင်က ထွက်တဲ့အစေး ကို ဓာတုနည်းနဲ့ ပြုပြင်ထားတာပါ။ ရာဘာအမျိုးအစားပေါင်းများစွာကို ဂွတ်ရီးယားက စမ်းသက်တီထွင်ခဲ့ပါတယ်။ ကြက်ပေါင်စေးကို ဘယ်ဓာတုပစ္စည်းနဲ့ အပူချိန်ဘယ် လောက်မှာ ဖိအားဘယ်လောက်ပေးရင် ဘယ်လိုအမျိုးအစားရာဘာ ထွက်လာမယ်ဆိုတာကို အများကြီးစမ်းသက်ခဲ့ပါတယ်။

ရာဘာအသင်းက သူစမ်းခဲ့တဲ့ ရာဘာအမျိုးအစားက ၃၀၀၀ကျော်တယ်လို့ မှတ်တမ်းတင်ခဲ့တယ်။ ဖီလာဒယ်ဖီးယားက သူခြံထဲမှာ အိန္ဒိယကလာတဲ့ ကြက်ပေါင်စေး တွေအပြည့်ပါပဲ။ တစ်မျိုးပြီးတစ်မျိုးစမ်းတယ်၊ ရလဒ်တွေကိုမှတ်တမ်း တင်ထားတယ်။ အဲ့ဒါတွေရဲ့ အဆုံးသတ်ကတော့ သူ့မှာအကြွေးတွေ ဝိုင်းသွားတာပါပဲ။ အကြွေးမဆပ်နိုင်တော့လို့ ထောင်ကျခံလိုက်ရ တယ်။

ကံကောင်းချင်တော့ သူဘဝနောက်ပိုင်းမှာ ချာဖေးလို့ခေါ်တဲ့ သူဌေးတစ်ယောက်က သူ့ကိုသနားလို့ ငွေကြေးထောက်ပံ့ပေးလို့ အသက်ရှုချောင်ခဲ့ရတယ်။ လူသားတွေရဲ့ အကျိုးအတွက် ရာဘာနဲ့ဆက်စပ်ပစ္စည်းတွေကို တီထွင်ပေမဲ့ တီထွင်ခြင်းနဲ့ အချိန်နဲ့က သိပ်မကိုက်သေးလို့ အဟောသိကံ ဖြစ်နေရတာကို ချာဖေးက သနားသွားပြီး သူ့ကို ငွေကြေးထောက်ပံ့ ပေးခဲ့တာပါ။

အမှန်တော့သူက တီထွင်သူ တစ်ဦးဖြစ်တာက အမှန်ပါ။ သူငယ်ငယ်တုန်းကဆို သူများတွေဆီမှာ အလုပ်၅နှစ်လောက်လုပ်ပြီး နောက်မှာတော့ သူ့အဖေဆီကို ပြန်လာပြီး သူ့အဖေ ကုန်မာဆိုင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ပစ္စည်းတွေကို တီထွင်ရောင်းချနေတာပါ။ သူ့အဖေက သားရဲ့လက်ရာကြောင့် နေ့ချင်းညချင်း ပိုက်ဆံတွေတော်တော်ရခဲ့တယ်။ ဂွတ်ရီးယားက သူကိုယ်တိုင် ကုန်မာဆိုင်တစ်ခုထောင်ပြီး လယ်ယာလုပ်ငန်ခွင်သုံး ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတာ တော်တော်အဆင် ပြေပါတယ်။

ရွှေနဲ့ ငွေနဲ့ အိမ်ထောင်တောင်ကျ သွားသေးတယ်။ သူငယ်ချင်းတစ်ယောက်က အိန္ဒိယက ကြက်ပေါင်းစေး အကြောင်းလာပြောတဲ့အချိန်မှာ သူဘဝက တီထွင်မှုနဲ့ ဆင်းရဲမွဲတေမှုကို လက်ခံလိုက်ရတော့တာပါပဲ။ ၅၉နှစ်အရွယ် သေဆုံးပြီးနောက်မှသူကို့ ကမ္ဘာ့မဟာတီထွင်သူကြီးဆိုတဲ့ စာရင်ထဲကို ထည့်လိုက်တာပါ။ သူ့မျိုးဆက်တွေကတော့ ဂွတ်ရီးယား တာယာလုပ်ငန်းဆိုပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

မောင်ယဿ REF; on the day

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …