ဇန္နဝါရီလ ၂၁ ရက္ ေန႔ ဆိုတာ
- By : Phoe Linn
- Category : International-news

ဇန္နဝါရီလ ၂၁ ရက္ ေန႔ ဆိုတာ
၁၇၉၃ ဇန္နဝါရီလ ၂၁ ရက္ေန႔မွာ ျပင္သစ္ဘုရင္ လူဝီ ၁၆ ကို ေတာ္လွန္ေရး သမားေတြက သက္ျဖတ္လိုက္တဲ့ ေန႔ပါပဲ ။ ကမာၻ႔ သမိုင္းမွာ အျပစ္သား ေတြကို ေခါင္းျဖတ္ သက္တဲ့ ဂီလိုတင္း ေခါင္း ျဖတ္စက္ လုပ္ၿပီး အျပစ္ေပး တတ္တဲ့ ဘုရင္ကို ေတာ္လွန္ေရး သမားေတြက ဇန္နဝါရီလ ၁၇ ရက္ေန႔က ဖမ္းဆီး ၿပီးေတာ့ ၂၁ ရက္ေန႔မွာ သူ႔ရဲ႕ ေခါင္းျဖတ္စက္ နဲ႔ သူ႔ကို ျပန္လည္ၿပီး ေခါင္းျဖတ္သက္ခဲ့ ပါတယ္ ။
အုပ္စိုးသူ လူတန္းစား ေတြက အုပ္ခ်ဳပ္ခံ လူတန္းစား ေတြကို နည္း ၂ နည္း နဲ႔ပဲ အုပ္ခ်ဳပ္ေလ့ ရွိတယ္ ။ တနည္းက အေၾကာက္ တရားနဲ႔ အုပ္ခ်ဳပ္ျခင္း ရယ္ ေနာက္တစ္နည္း က ေသြးခြဲ အုပ္ခ်ဳပ္ျခင္း ရယ္ ဆိုတာပဲ ျဖစ္တယ္ ။ ပေဒသရာဇ္ စနစ္ ကာလတစ္ေလွ်ာက္လုံး အုပ္စိုးသူ လူတန္းစားေတြ ( ဘုရင္ ၊နယ္စား ၊ ၿမိဳ႕စား ) က ျပည္သူေတြကို အေၾကာက္ တရားနဲ႔ အုပ္ခ်ဳပ္ခဲ့ ၾကပါတယ္ ။
နည္းမ်ိဳးစုံနဲ႔ ေျခာက္လွန႔္တဲ့ ေနရာမွာ ျပင္သစ္ဘုရင္ လူဝီ ၁၆ ရဲ႕ ဂီလိုတင္း ေခါင္းျဖတ္စက္က ဥေရာပမွာ အထူးထင္ရွား ေက်ာ္ၾကားခဲ့ ပါတယ္ ။ အုပ္စိုးသူ လူတန္းစားေတြ နားမလည္တဲ့ အရာ တစ္ခုကေတာ့ အေၾကာက္တရား က အဆုံးမဲ့ ခြန္အားေတြကို ေပးတယ္ ဆိုတာ ပါပဲ ။ ေၾကာက္႐ြံ႕ျခင္း ကေန ခြန္အားေတြ ျဖစ္လာတယ္ ။
အဲ့ဒိ ခြန္အားေတြက ေတာ္လွန္ေရးရဲ႕ အဓိက အင္အား ျဖစ္လာပါတယ္ ။
ျပင္သစ္ဘုရင္ လူဝီ ၁၆ ကို ေခါင္းျဖတ္ အျပစ္ေပးတုန္းက သူက သူ႔ရဲ႕ ေနာက္ဆုံးမိန႔္ခြန္းကို ေျပာသြားပါတယ္ ။ အဲ့ဒါကေတာ့ ငါရႈံးၿပီတဲ့ ။ အာဏါရွင္တို႔ရဲ႕ က်ဆုံးခန္းမွာ သူ႔ရဲ႕မိန႔္ခြန္းကို နားဆင္ေပးမယ့္သူက ေခါင္ျဖတ္စက္ကို ႀကိဳးဆြဲထားတဲ့ လူသန္ႀကီး တစ္ေယာက္ပဲ ရွိပါတယ္ ။ က်န္တဲ့ သူေတြက လူသံေတြ ဗုံသံ ေတြနဲ႔ ဘာမွ မၾကားလိုက္ ရပါဘူး ။
သူ အာဏါရွင္ ဘဝမွာ လူျမင္ကြင္းမွာ ဂီလိုတင္းႀကီး ကိုသုံးၿပီး ေခါင္းျဖတ္ အျပစ္ေပးတာကို လူေတြက မၾကာခဏ ျမင္ေတြ႕ဖန္ မ်ားေနေတာ့ ဘုရင္ တစ္ပါး ကြတ္မ်က္ခံ ရတာ ကိုလည္း လူေတြက သိပ္ၿပီး မထူးဆန္း သလို ျဖစ္ခဲ့တယ္ ။ ဓားစက္ အေပၚက ျပဳတ္က် လာခ်ိန္မွာ ေသမွာ ေၾကာက္ၿပီး ႐ုန္းကန္ေနလို႔ အခံခြက္ ထဲမွာ လည္ပင္းရွိမေနဘဲ ဓားစက္က သူ႔ေမး႐ိုးနဲ႔ ဦးေခါင္းခြံကိုျဖတ္မိ သြားပါေတာ့တယ္ ။ ကမာၻ သမိုင္းမွာ ရက္စက္တယ္ ဆိုတဲ့ ဘုရင္ တစ္ပါးက ျပည္သူကို အေၾကာက္တရားနဲ႔အုပ္ခ်ဳပ္ရင္း သူကိုယ္တိုင္ သူပစၥည္းနဲ႔ သူ ဇာတ္သိမ္း သြားရတာ ဇန္နဝါရီလ ၂၁ရက္ေန႔ပါ ။
ေမာင္ယႆ REF: 0n this day
Unicode
ဇန်နဝါရီလ ၂၁ ရက် နေ့ ဆိုတာ
၁၇၉၃ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြင်သစ်ဘုရင် လူဝီ ၁၆ ကို တော်လှန်ရေး သမားတွေက သက်ဖြတ်လိုက်တဲ့ နေ့ပါပဲ ။ ကမ္ဘာ့ သမိုင်းမှာ အပြစ်သား တွေကို ခေါင်းဖြတ် သက်တဲ့ ဂီလိုတင်း ခေါင်း ဖြတ်စက် လုပ်ပြီး အပြစ်ပေး တတ်တဲ့ ဘုရင်ကို တော်လှန်ရေး သမားတွေက ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီး ပြီးတော့ ၂၁ ရက်နေ့မှာ သူ့ရဲ့ ခေါင်းဖြတ်စက် နဲ့ သူ့ကို ပြန်လည်ပြီး ခေါင်းဖြတ်သက်ခဲ့ ပါတယ် ။
အုပ်စိုးသူ လူတန်းစား တွေက အုပ်ချုပ်ခံ လူတန်းစား တွေကို နည်း ၂ နည်း နဲ့ပဲ အုပ်ချုပ်လေ့ ရှိတယ် ။ တနည်းက အကြောက် တရားနဲ့ အုပ်ချုပ်ခြင်း ရယ် နောက်တစ်နည်း က သွေးခွဲ အုပ်ချုပ်ခြင်း ရယ် ဆိုတာပဲ ဖြစ်တယ် ။ ပဒေသရာဇ် စနစ် ကာလတစ်လျှောက်လုံး အုပ်စိုးသူ လူတန်းစားတွေ ( ဘုရင် ၊နယ်စား ၊ မြို့စား ) က ပြည်သူတွေကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့ ကြပါတယ် ။
နည်းမျိုးစုံနဲ့ ခြောက်လှန့်တဲ့ နေရာမှာ ပြင်သစ်ဘုရင် လူဝီ ၁၆ ရဲ့ ဂီလိုတင်း ခေါင်းဖြတ်စက်က ဥရောပမှာ အထူးထင်ရှား ကျော်ကြားခဲ့ ပါတယ် ။ အုပ်စိုးသူ လူတန်းစားတွေ နားမလည်တဲ့ အရာ တစ်ခုကတော့ အကြောက်တရား က အဆုံးမဲ့ ခွန်အားတွေကို ပေးတယ် ဆိုတာ ပါပဲ ။ ကြောက်ရွံ့ခြင်း ကနေ ခွန်အားတွေ ဖြစ်လာတယ် ။
အဲ့ဒိ ခွန်အားတွေက တော်လှန်ရေးရဲ့ အဓိက အင်အား ဖြစ်လာပါတယ် ။
ပြင်သစ်ဘုရင် လူဝီ ၁၆ ကို ခေါင်းဖြတ် အပြစ်ပေးတုန်းက သူက သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းကို ပြောသွားပါတယ် ။ အဲ့ဒါကတော့ ငါရှုံးပြီတဲ့ ။ အာဏါရှင်တို့ရဲ့ ကျဆုံးခန်းမှာ သူ့ရဲ့မိန့်ခွန်းကို နားဆင်ပေးမယ့်သူက ခေါင်ဖြတ်စက်ကို ကြိုးဆွဲထားတဲ့ လူသန်ကြီး တစ်ယောက်ပဲ ရှိပါတယ် ။ ကျန်တဲ့ သူတွေက လူသံတွေ ဗုံသံ တွေနဲ့ ဘာမှ မကြားလိုက် ရပါဘူး ။
သူ အာဏါရှင် ဘဝမှာ လူမြင်ကွင်းမှာ ဂီလိုတင်းကြီး ကိုသုံးပြီး ခေါင်းဖြတ် အပြစ်ပေးတာကို လူတွေက မကြာခဏ မြင်တွေ့ဖန် များနေတော့ ဘုရင် တစ်ပါး ကွတ်မျက်ခံ ရတာ ကိုလည်း လူတွေက သိပ်ပြီး မထူးဆန်း သလို ဖြစ်ခဲ့တယ် ။ ဓားစက် အပေါ်က ပြုတ်ကျ လာချိန်မှာ သေမှာ ကြောက်ပြီး ရုန်းကန်နေလို့ အခံခွက် ထဲမှာ လည်ပင်းရှိမနေဘဲ ဓားစက်က သူ့မေးရိုးနဲ့ ဦးခေါင်းခွံကိုဖြတ်မိ သွားပါတော့တယ် ။ ကမ္ဘာ သမိုင်းမှာ ရက်စက်တယ် ဆိုတဲ့ ဘုရင် တစ်ပါးက ပြည်သူကို အကြောက်တရားနဲ့အုပ်ချုပ်ရင်း သူကိုယ်တိုင် သူပစ္စည်းနဲ့ သူ ဇာတ်သိမ်း သွားရတာ ဇန်နဝါရီလ ၂၁ရက်နေ့ပါ ။
မောင်ယဿ REF: 0n this day
No Comments