ဇန္နဝါရီလ ၂၀ ရက္ေန႔ ဆိုတာ
- By : Phoe Linn
- Category : International-news

ဇန္နဝါရီလ ၂၀ ရက္ေန႔ ဆိုတာ
၁၉၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၀ ရက္ ေန႔မွာ ဂ်ပန္ေနထြက္ အင္ပါယာ နဲ႔ ဆိုဗီယက္ ျပည္ေထာင္စုတို႔ ၂ ႏိုင္ငံ ပုံမွန္ ဆက္ဆံေရး အတြက္ ႏိုင္ငံေပါင္းခ်ဳပ္ အသင္းႀကီးေရွ႕မွာ လက္မွတ္ေရးထိုးတဲ့ ေန႔ပါ ။ ႏိုင္ငံ ၂ ႏိုင္ငံ သေဘာတူ စာခ်ဳပ္ ေရးထိုးတာ ဘာထူးဆန္း လဲလို႔ ေမးစရာ ရွိပါတယ္ ။ တကယ္ေတာ့ ၂ ႏိုင္ငံ ပုံမွန္ ဆက္ဆံေရးလို႔ ေခါင္းစဥ္တပ္ ထားေပမဲ့ ဂ်ပန္တို႔က ဆိုဗီယက္ကို က်ဴးေက်ာ္စစ္ ဆင္ႏြဲတာ ဆိုဗီယက္ ျပည္ေထာင္စု စစ္ရႈံး သြားတဲ့အတြက္ေၾကာင့္ စစ္ေလ်ာ္ေၾကး ဆိုင္ရာ သေဘာတူ စာခ်ဳပ္ တစ္ရပ္ ျဖစ္ပါတယ္ ။
အဲ့ဒိထက္ ပိုေလးနက္တဲ့ အေၾကာင္း ကေတာ့ စက္မႈ ေတာ္လွန္ေရးေၾကာင့္ ပိုလွ်ံ လာတဲ့ ထုတ္ကုန္ေတြကို ေရာင္းခ်ဖို႔ အတြက္ နယ္ေျမသစ္ ရွာတဲ့ ေဈးကြက္ ရွာတဲ့ အေနာက္ႏိုင္ငံ ေတြရဲ႕ အားၿပိဳင္မႈေၾကာင့္ ျဖစ္လာတဲ့ ပထမ ကမာၻစစ္ ဝန္းက်င္ ကာလ ၁၉ရာစု ေႏွာင္းပိုင္းနဲ႔ ၂၀ ရာစု အေစာပိုင္း မွာ အေရွ႕ အာရွ ႏိုင္ငံေတြက အေနာက္ဥေရာပ ႏိုင္ငံေတြကို ယွဥ္ၿပိဳင္လို႔ မရႏိုင္ဘူး ဆိုတဲ့ အယူအဆ တစ္ရပ္ ျဖစ္ေပၚေနရာ အာရွသား ဂ်ပန္က ဥေရာပသား ဆိုဗီယက္ကို စစ္ႏိုင္လိုက္ ျခင္းက အာရွကိုလိုနီနယ္ ေတြမွာ လြတ္လပ္ေရး လႈတ္ရွားမႈ အတြက္ ပိုမို စိတ္အားထက္သန္ လာေစပါတယ္ ။
လြတ္လပ္ေရး လႈတ္ရွားမႈကို လုပ္ေနတဲ့ အာရွေျမေအာက္ အဖြဲ႕ ေတြ အားလုံး အတြက္ အားေဆးတစ္ခြက္ ျဖစ္ခဲ့ရပါတယ္ ။ ႐ုရွားနဲ႔ ဂ်ပန္က ၁၉၀၄ -၁၉၀၅ မွာ စစ္တစ္ႀကိမ္ ျဖစ္တယ္ ၊ ဂ်ပန္ေတြစစ္ႏိုင္တယ ္ ။ ၁၉၁၈-၁၉၂၁ ႐ုရွား ျပည္တြင္း စစ္မွာ ဂ်ပန္က စစ္အင္ အား ၇ ေသာင္း ေလာက္ကိုသုံးၿပီး ႐ုရွား နယ္ေျမေတြကို တစ္ခုၿပီး တစ္ခု သိမ္းပိုက္ခဲ့ ပါတယ္ ။
႐ုရွားေျမ ထဲမွာ ေလးႏွစ္ေက်ာ ္ၾကာေအာင္ တပ္စြဲ ထားခဲ့တဲ့ ဂ်ပန္ေတြကို ႏိုင္ငံေရး အာဏါ ရလာတဲ့ ေဘာ္ရွီဗစ္ ေတြက မတိုက္ထုတ္ ႏိုင္တဲ့ အတြက္ ၂ ႏိုင္ငံ သေဘာတူ စာခ်ဳပ္ကို ခ်ဳပ္ခဲ့ရ တာပါ ။ အဲ့ဒိ မတိုင္မီမွာ ဂ်ပန္ေတြက ဆိုဗီယက္ ႐ုရွားကို တိုင္းျပည္ တစ္ခုရယ္ လို႔ေတာင္ မသက္မွတ္ ခဲ့ပါဘူး ။ ၁၉၀၅ ခု ႐ုရွား-ဂ်ပန္စစ္ အၿပီး ပို႔သ္ေမာက္ စာခ်ဳပ္ခ်ဳပ္တဲ့ အခ်ိန္ က်မွ ဂ်ပန္က ႐ုရွားကို ႏိုင္ငံတစ္ခု ရယ္လို႔ အသိအမွတ္ ျပဳခဲ့တာပါ ။ ၁၉၂၅ ဇန္နဝါရီ ၂၀ ရက္ေန႔မွာ ေရးထိုးခဲ့တဲ့ ႐ုရွား – ဂ်ပန္ ၂ ႏိုင္ငံ သေဘာတူ စာခ်ဳပ္က ကမာၻ႔ႏိုင္ငံေရး ဇာတ္ခုံမွာ အလွည့္အေျပာင္းတစ္ရပ္ ျဖစ္ခဲ့ ပါတယ္ ။
ေမာင္ယႆ REF: on this day
Unicode
ဇန်နဝါရီလ ၂၀ ရက်နေ့ ဆိုတာ
၁၉၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် နေ့မှာ ဂျပန်နေထွက် အင်ပါယာ နဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ ၂ နိုင်ငံ ပုံမှန် ဆက်ဆံရေး အတွက် နိုင်ငံပေါင်းချုပ် အသင်းကြီးရှေ့မှာ လက်မှတ်ရေးထိုးတဲ့ နေ့ပါ ။ နိုင်ငံ ၂ နိုင်ငံ သဘောတူ စာချုပ် ရေးထိုးတာ ဘာထူးဆန်း လဲလို့ မေးစရာ ရှိပါတယ် ။ တကယ်တော့ ၂ နိုင်ငံ ပုံမှန် ဆက်ဆံရေးလို့ ခေါင်းစဉ်တပ် ထားပေမဲ့ ဂျပန်တို့က ဆိုဗီယက်ကို ကျူးကျော်စစ် ဆင်နွဲတာ ဆိုဗီယက် ပြည်ထောင်စု စစ်ရှုံး သွားတဲ့အတွက်ကြောင့် စစ်လျော်ကြေး ဆိုင်ရာ သဘောတူ စာချုပ် တစ်ရပ် ဖြစ်ပါတယ် ။
အဲ့ဒိထက် ပိုလေးနက်တဲ့ အကြောင်း ကတော့ စက်မှု တော်လှန်ရေးကြောင့် ပိုလျှံ လာတဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့ အတွက် နယ်မြေသစ် ရှာတဲ့ ဈေးကွက် ရှာတဲ့ အနောက်နိုင်ငံ တွေရဲ့ အားပြိုင်မှုကြောင့် ဖြစ်လာတဲ့ ပထမ ကမ္ဘာစစ် ဝန်းကျင် ကာလ ၁၉ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်း မှာ အရှေ့ အာရှ နိုင်ငံတွေက အနောက်ဥရောပ နိုင်ငံတွေကို ယှဉ်ပြိုင်လို့ မရနိုင်ဘူး ဆိုတဲ့ အယူအဆ တစ်ရပ် ဖြစ်ပေါ်နေရာ အာရှသား ဂျပန်က ဥရောပသား ဆိုဗီယက်ကို စစ်နိုင်လိုက် ခြင်းက အာရှကိုလိုနီနယ် တွေမှာ လွတ်လပ်ရေး လှုတ်ရှားမှု အတွက် ပိုမို စိတ်အားထက်သန် လာစေပါတယ် ။
လွတ်လပ်ရေး လှုတ်ရှားမှုကို လုပ်နေတဲ့ အာရှမြေအောက် အဖွဲ့ တွေ အားလုံး အတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ရပါတယ် ။ ရုရှားနဲ့ ဂျပန်က ၁၉၀၄ -၁၉၀၅ မှာ စစ်တစ်ကြိမ် ဖြစ်တယ် ၊ ဂျပန်တွေစစ်နိုင်တယ ် ။ ၁၉၁၈-၁၉၂၁ ရုရှား ပြည်တွင်း စစ်မှာ ဂျပန်က စစ်အင် အား ၇ သောင်း လောက်ကိုသုံးပြီး ရုရှား နယ်မြေတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ ပါတယ် ။
ရုရှားမြေ ထဲမှာ လေးနှစ်ကျော ်ကြာအောင် တပ်စွဲ ထားခဲ့တဲ့ ဂျပန်တွေကို နိုင်ငံရေး အာဏါ ရလာတဲ့ ဘော်ရှီဗစ် တွေက မတိုက်ထုတ် နိုင်တဲ့ အတွက် ၂ နိုင်ငံ သဘောတူ စာချုပ်ကို ချုပ်ခဲ့ရ တာပါ ။ အဲ့ဒိ မတိုင်မီမှာ ဂျပန်တွေက ဆိုဗီယက် ရုရှားကို တိုင်းပြည် တစ်ခုရယ် လို့တောင် မသက်မှတ် ခဲ့ပါဘူး ။ ၁၉၀၅ ခု ရုရှား-ဂျပန်စစ် အပြီး ပို့သ်မောက် စာချုပ်ချုပ်တဲ့ အချိန် ကျမှ ဂျပန်က ရုရှားကို နိုင်ငံတစ်ခု ရယ်လို့ အသိအမှတ် ပြုခဲ့တာပါ ။ ၁၉၂၅ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရေးထိုးခဲ့တဲ့ ရုရှား – ဂျပန် ၂ နိုင်ငံ သဘောတူ စာချုပ်က ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာ အလှည့်အပြောင်းတစ်ရပ် ဖြစ်ခဲ့ ပါတယ် ။
မောင်ယဿ REF: on this day
No Comments