Health
သင့်အနေနဲ့ ခေါင်းမလျှော်ခင်မှာ ကြိုတင်ပြင်ဆင်မှူ လုပ်ဖို့မလိုဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အမှန်တော့ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်မှူ လုပ်တာဟာ ထိရောက်တဲ့အကျိုးရှိတယ်ဆိုတာ သင်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်ပါ လက်တွေ့ အကျိုးရှိကြောင်း တွေ့မြင်လာပါလိမ့်မယ်။ ခေါင်းမလျှော်ခင်မှာ ကြိုတင်ပြင်ဆင်မှူအနေနဲ့ ဦးရေပြားနဲ့ ဆံချည်မျှင် အိတ်တွေကို အစိုဓာတ် ထိန်းပေးဖို့ လိုပါတယ်။
အဆီလိမ်းပါ””
စစ်ဆေးပါ””’
စန္ဒီမြင့်မိုရ်#
Unicode
ဆံကေသာ လှဖို့အမှားတွေပြင်စို့””’
သင့်ရဲ့ ဆံကေသာမှာ အညစ်အကြေး ကြေးညှော်တွေ သန့်စင်ဖို့ ဆံကေသာ လှပနုညံဖို့ ၊ အနံအသက်ကောင်းပြီးစိတ်ချမ်းသာဖို့ ဆိုတာတွေအတွက် ခေါင်းလျှော်ခြင်းကို သင်ပြုလုပ်တဲ့အခါမှာ နည်းမှန် လမ်းမှန် ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ ဘာတွေ မှားယွင်းနေလည်း နည်းမှန် လမ်းမှန်က ဘာတွေလည်း ဆိုတာကိုသိစေဖို့ အခုလို လမ်းညွှန်လိုက်မယ်နော်။
ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်ပါ”’
သင့်အနေနဲ့ ခေါင်းမလျှော်ခင်မှာ ကြိုတင်ပြင်ဆင်မူှ လုပ်ဖို့မလိုဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အမှန်တော့ခေါင်းမလျှော်ခင် ကြိုတင်ပြင်ဆင်မူှ လုပ်တာဟာ ထိရောက်တဲ့အကျိုးရှိတယ်ဆိုတာ သင်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်ပါ လက်တွေ့ အကျိုးရှိကြောင်း တွေ့မြင်လာပါလိမ့်မယ်။ ခေါင်းမလျှော်ခင်မှာ ကြိုတင်ပြင်ဆင်မူှအနေနဲ့ ဦးရေပြားနဲ့ ဆံချည်မျှင် အိတ်တွေကို အစိုဓာတ် ထိန်းပေးဖို့ လိုပါတယ်။
အဆီလိမ်းပါ””
ခေါင်းမလျှော်မှီမှာ သင်နှစ်သက်ရာအဆီ တစ်မျိုးမျိုးကိုဦးခေါင်းနဲ့ဆံသားအနှံ လိမ်းပေးပါ။အဆီရဲ့သဘောက ဆံသားတွေကိုအစိုဓာတ်ထိန်းပေးပြီး ပျော့ပြောင်းစေပါတယ်။ ခေါင်းလျှော်နေချိန်မှာ ဆံသားပျက်စီးမူှကို ကာကွယ်ပေးပါတယ်။ အုန်းဆီ သံလွင်ဆီ တို့ဟာဗီတာမင်နဲ့သတ္ထုဓာတ်တွေပါဝင်ပြီးဆံသားအတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်ခြင်းကြောင့်အစိုဓာတ်ကိုကြာရှည်ထိန်းပေးနိုင်ပါတယ်။ဗီတာမင်အီးနဲ့ အင်တီအောက်ဆီးဒင့်တို့ကတော့
ဦးရေပြားကျန်းမာရေးကိုကောင်းမွန်စေပါတယ်။အဆီအစား ပျားရည် ဒိန်ချဉ် ဒါမှမဟုတိထောပတ်သီး စတဲ့ တစ်မျိုးမျိုးကိုလည်းအစားထိုးပြီးသုံးစွဲနိုင်ပါတယ်။ဦးရေပြားအနှံလိမ်းပြီးတဲ့အခါအဝတ်သန့် ခေါင်းပေါင်းပြီးတစ်နာရီကြာထားပါပြီးနောက် ရေသန့်စင်အောင်ဆေးပြီးမှမိမိတို့သုံးနေကျခေါင်းလျှော်ရည်ကိုအသုံးပြုပြီး ခေါင်းကိုပြန်လျှော်ပေးပါ။
သင့်လျှော်သောခေါင်းလျှော်ရည်”””
ယနေ့ ခေတ်အချိန်အခါမှာ ခေါင်းလျှော်ရည်ဟာ ဈေးကွက်မှာအမျိုးမျိုး တွေ့ရှိနေရပြီဖြစ်ပါတယ်။ဖြောင့်ဆေးသုံးထားသောဆံပင်ကောက်ဆေးသုံးထားသောဆံပင်သဘာဝဆံပင်အရောင်ဆိုးထားသောဆံပင်စတဲ့ ဆံပင်အမျိုးမျိုးအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာမျိုးတွေရှိနေပါပြီ။ဒီလိုအမျိုးအစားအမျိုးမျိုးထဲကနေ သင့်ဆံပင်ရဲ့ ပြုပြင်မူှအပေါ်တည်မှီပြီး အစဉ်ပြေမဲ့ ခေါင်းလျှော်ရည်ကိုသာဝယ်ယူသုံးစွဲပါ။ခေါင်းလျှော်ရည်သုံးစွဲမူှ မှန်ကန်မှသာခေါင်းလျှော်ပြီးနောက် ကောင်းမွန်တဲ့သင့်စိတ်ကြိုက်ဆံသားတွေကိုရရှိနိုင်မှာပါ။ခေါင်းလျှော်ရည်မှာပါဝင်တဲ့ပစ္စည်းတို့ကို
စစ်ဆေးပါ””’
အချို့သော ခေါင်းလျှော်ရည်များမှာအမြူှပ်များစွာထလာအောင်ထည့်ထားတဲ့ ဆာလဖိတ်တွေက ဆံသားကိုအကာအကွယ်ပေးထားတဲ့အပေါ်ယံအလွှာကိုဖယ်ရှားပစ်တာကြောင့် ဆံသားတွေကိုကျွတ်ဆတ် မာကျောပြီး ပျက်စီးစေပါတယ်။ဆာလဖိတ်မပါဝင်တဲ့ခေါင်းလျှော်ရည်ဟာ အမြူှပ်မထစေတာကြောင့်သင့်အတွေးမှာ ဆံသားပေါ်ကအညစ်အကြေးတွေမစင်ဘူးလို့ အထင်ရှိကောင်းရှိနိုင်ပါတယ်။ဒါကတော့မှားယွင်းတဲ့ထင်မြင်မူှပဲဖစ်ပါတယ်။ အချို့အယ်လ်ကိုဟော ပါဝင်တဲ့ခေါင်းလျှော်ရည်တွေကလည်း ဆံသားတွေကို ခြောက်သွေ့ပြီးပျက်စီးစေလို့ အယ်လ်ကိုဟောမပါဝင်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးစွဲပါ။
ခေါင်းလျှော်နည်းကိုဂရုပြု””’
လူအများစုဟာ မှန်ကန်တဲ့ခေါင်းလျှော်နည်းမှားယွင်းတဲ့ခေါင်းလျှော်နည်းတွေကိုခွဲခါးမသိတဲ့အတွက် ဆံပင်ပျက်စီးမူှပိုမိုစေတာပဲဖြစ်ပါတယ်။ခေါင်းလျှော်တော့မယ်ဆိုရင် ဦးစွာဦးခေါင်းကိုရေလောင်းပြီး ခေါင်းလျှော်ရည်ထည့်ကာ ဆံသားတွေနဲ့ဦးရေပြာူအနှံသုတ်လိမ်းပြီးလျှော်ကြပါတယ်။ ကွန်ဒီရှင်နာ ပျော့ဆေးကိုလည်း ခေါင်းလျှော်ရည်ထည့်သကဲ့သို့ ခေါင်းအနှံလိမ်းပြီးရေလောင်းချတတ်ကြပါတယ်။အဲ့ဒီလိုနည်းတွေဟာမမှန်ကန်ပါဘူး။ အမှန်မှာတော့ ခေါင်းလျှော်ရည်းကိုဦးရေပြားမှာ လိမ်းကာ ညင်သာစွာနှိပ်နယ်ပြီး မှလျှော်ရပါမယ်။လျှော်ပြီးမှ ကွန်ဒီရှင်နာကိုဦးရေပြားသိုမလိမ်းပေးပဲ ဆံသားများနဲ့အဖျားများတွင်သာလိမ်းပေးရမှာဖြစ်ပါတယ်။
မိမိလိုချင်သောဆံသားရဖို့””’
ဒါကိုလည်းမိမိကိုယ်တိုင်ဂရုပြုအာရုံစိုက်ရမှာဖြစ်ပါတယ်။ ပျော့ပျောင်းပြီး လှပတဲ့ဆံသားတွေရရှိစေဖို့ ပရိုတင်းကိုပိုမိုစားသုံးပေးပါ။ဆံသားတွေကျွတ်ဆတ်ပြီးကျိုးပြတ်လွယ်တယ်ဆိုရင် ဆံသားကို အစိုဓာတ်ထိန်းသိမ်းပေးဖို့အာရုံစိုက်ပေးပါ။ အစိုဓာတ်ကို ထိန်ပေးတဲ့ခေါင်းလျှော်ရည်သုံးစွဲခြင်း ပေါင်းတင်ခြင်းတို့ကိုပြုလုပ်ပေးပါ။
ခေါင်းလျှော်သည်ဆိုရာတွင်””’
သင်တို့အနေနဲ့ နေ့စဉ်လိုလိုခေါင်းလျှော်နေခြင်းများတစ်ရက်ခြားခေါင်းလျှော်ခြင်းများကိုကို ရှောင်ကျဉ်ပါ။ မကြခဏ ခေါင်းလျှော်တာဟာ ဆံသားကိုခြောက်သွေ့စေပြီးကြွပ်ဆတ်တာကိုဖြစ်စေပါတယ်။ဆံပင်ကောက်ထားသူတွေအနေနဲ့ဆိုရင်လေးငါးရက်ခြား တစ်ကြိမ်သာ ခေါင်းလျှော်တာဟာအကောင်းဆုံးဖြစ်ပါတယ်။ ဆံပင်ဖြောင့်ထားသူတွေအနေနဲ့ဆိုရင်သုံးလေးရက်မှာတစ်ကြိမ်သာ ခေါင်းလျှော်ပေးပါ။ဆံသားအမျိုးအစားအပေါ်နဲ့ဆံပင်ပြုပြင်ထားမူှအပေါ်မှာမူတည်ပြီး ခေါင်းလျှော်ခြင်းကိုဂရုစိုက်ပြုလုပ်ရမှာဖြစ်ပါတယ်။မိမိရဲ့ဆံပင်သားတွေကို မပျက်မစီးစေပဲကောင်းမွန်စေချင်တယ်ဆိုရင်မိမိကိုယ်တိုင် ဆံပင်ကိုဂရုစိုက်ရမှာဖြစ်ပါတယ်။
ဆံပင်ရဲ့အလှဟာ သင့်ကိုတောက်ပစေမှာမို့ ဂရုစိုက်ဖို့မမေ့လိုက်နဲ့နော်…..။
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …