ဆံသားေကာင္းျခင္းနဲ႔မိန္းမသားအလွ””

ဆံသားေကာင္းျခင္းနဲ႔မိန္းမသားအလွ””
Health

ဆံသားေကာင္းျခင္းနဲ႔မိန္းမသားအလွ””

မိန္းမမွန္ရင္ လွခ်င္ၾကတာ မထူးဆန္းပါ။ လွခ်င္လို႔ အလွျပင္ၾကတာလည္း သဘာဝ
ပါပဲ။ ဆံဖ်ားကစ ေျခဖ်ားတစ္ဆုံး အလွအပကို ဂ႐ုျပဳၾကတဲ့ ပ်ိဳပ်ိဳေမတို႔ အေနနဲ႔ ဆံပင္ကို အမ်ိဳးစုံ ျပဳလုပ္ခ်င္ၾကတာကလည္း မိန္းကေလးမ်ားရဲ႕ ဝါသနာပါပဲ။ ဆံပင္ကိုေကာက္လိုက္ ေျဖာင့္လိုက္ အေရာင္အမ်ိဴးမ်ိဳး ဆိုးလိုက္နဲ႔ အလွျပင္ တတ္ၾကတဲ့ အခါမွာ ဆံပင္သား ဓာတုေဆးဝါးတို႔ ဓာတ္ကို ခံရတဲ့အတြက္ ပ်က္စီးလာၾကတာလည္း ေတြ႕ေနရပါတယ္။

အခ်ိဳ႕ဆံသားေတြကေတာ့ ဆံပင္ေကာက္ျခင္း ေျဖာင့္ျခင္းေဆးဆိုးျခင္းမ်ား မရွိပါပဲ မြဲေျခာက္ ပ်က္စီးကာ ဆံ ႏွစ္ခြ ျဖစ္ျခင္းမ်ိဳးလည္း ရွိတတ္ပါတယ္။ ဤသည္မွာကေတာ့ ေနေရာင္ျခည္ထဲ ေနပူပူထဲကို အကာအကြယ္ မပါပဲ သြားျခင္း၊ မိမိဆံသားနဲ႔ အဆင္မေျပတဲ့ ေခါင္းေလွ်ာ္ရည္မ်ားကို ဆက္တိုက္ သုံးမိေနျခင္း၊ ေခါင္းကို မၾကာခဏ ေလွ်ာ္ေနျခင္း စသည္တို႔ေၾကာင့္ပဲ ျဖစ္ပါတယ္။

အခ်ိဳ႕ကေတာ့ မိမိဆံသား မပ်က္စီးေစရန္ ေပါင္းတင္ေနေသာ္လည္း အက်ိဳး မထူးသည္ကို ေတြ႕ႀကဳံေနၾကရ တတ္ပါတယ္။ ဤသည္မွာ ေပါင္းတင္ေဆးမ်ားမွာ ပါရွိတဲ့ ဓာတုေဆး အခ်ိဳ႕ဟာ သင့္ဆံသားနဲ႔ ဓာတ္မတည့္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ သင့္ဆံပင္သားေတြ ပ်က္စီးမူွကို ကာကြယ္ဖို႔ သင့္ဆံသားေတြ ေတာက္ပ ေကာင္းမြန္လာဖို႔အတြက္ ဓာတုေဆးဝါး လုံးဝကင္းတဲ့ သဘာဝသီးႏွံ အခ်ိဳ႕နဲ႔ လတ္လတ္ဆတ္ဆတ္ ျပဳလုပ္ၿပီး ေပါင္းတင္ၾကည့္လိုက္ပါ သဘာဝက ေပးတဲ့ သီးႏွံမ်ားဟာဆိုရင္ လူသားတို႔ကို အက်ိဳးမ်ားစြာ ေပးႏိုင္ပါတယ္။

ေဗာက္ထျခင္းနဲ႔ ဆံသား ၾကမ္းရွမူွ”’

သင့္ဦးေခါင္က ယားယံေနၿပီး ကုတ္လိုက္တဲ့ အခါတိုင္း ျဖဴျဖဴ အေရျပားဖတ္ေတြ ျမင္မေကာင္ေအာင္ ထြက္လာတဲ့အတြက္ သင္စိတ္ပ်က္ေနၿပီလား၊ ဆံသားေတြ ၾကမ္းရွ ဆံခြေတြထြက္လို႔ ေဗာက္ထျခင္း အတြက္ေတာ့ သင္သိပ္စိတ္မပူပါနဲ႔ေတာ့ သင္နဲ႔ အနီးဆုံးမွာရွိၿပီး ဓာတုေဆး ကင္းတဲ့ ဆံပင္ ေပါင္းတင္ေဆးကို သင္ကိုယ္တိုင္ အလြယ္တကူ ျပဳလုပ္ႏိုင္ပါတယ္။

ပါဝင္ရမဲ့ ပစၥည္းေတြကေတာ့….

ၾကက္ဥ သုံးလုံး ၊ အုန္းဆီ လက္ဘက္ရည္ဇြန္း တစ္ဇြန္းပဲ ဖစ္ပါတယ္။

အသုံးျပဳပုံကေတာ့……

အဲ့ဒီပစၥည္း ႏွစ္မ်ိဳးကို သမေအာင္ေမႊၿပီး ဆံသားအရင္းကေန အဖ်ားထိေအာင္ ႏွံစပ္ေအာင္ သုတ္ လိမ္း လိုက္ပါ။ (ဆံပင္ အတို၊ အရွည္ေပၚ မူတည္ၿပီး အသုံးျပဳပစၥည္း အေရအတြက္ကို အတိုးအေလ်ာ့ လုပ္ႏိုင္ပါတယ္) သုတ္လိမ္းၿပီးတဲ့အခါ ဦးေရျပားကို ႏွိပ္ နယ္ ေပးပါ ဦးေရျပားကို ႏွိပ္တဲ့အခါမွာ လက္ေခ်ာင္းေလးမ်ားကိုသာ အသုံးျပဳပါ။ ဦးေခါင္းအႏွံ႔ ပုံမွန္ေလးသာ ႏွိပ္ေပးရပါမယ္။ ၾကမ္းတမ္းစြာ မျပဳလုပ္ရပါ။ ဦးေရျပားနဲ႔ ဆံသားေတြဆိုတာ နဂို သဘာဝအရ ႏုညံ့တဲ့ သေဘာ ရွိပါတယ္။ သုတ္လိမ္းၿပီးေနာက္ နာရီဝက္ခန႔္ထားၿပီး ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားနဲ႔ ျပန္ေလွ်ာ္ေပးရပါမယ္။ အုန္းဆီနဲ႔ ၾကက္ဥတို႔မွာ ပါဝင္တဲ့ ဗီတာမင္ ဓာတ္မ်ားဟာ သင့္ဆံပင္သားမ်ားကို ၾကမ္းရွျခင္း ေဗာက္ထျခင္းတို႔မွ ကာကြယ္ေပးၿပီး ေပ်ာ့ေပ်ာင္းေတာက္ေျပာင္ သန႔္ရွင္းလာတာကို သင္ အေသအခ်ာ ေတြ႕ျမင္ရပါလိမ့္မယ္။

မြဲေျခာက္မူွနဲ႔ အစိုဓာတ္ကင္းျခင္း””’

သင့္ရဲ႕ ဆံပင္သားေတြဟာ မစိုေျပပဲ မြဲေျခာက္ေျခာက္နဲ႔ ေခါင္းဖီးတဲ့ အခါမွာ ႐ူွပ္ေထြးေနၿပီ း ျပတ္ထြက္ျခင္းမ်ား ျဖစ္ေနတာမို႔ သင္စိတ္ပ်က္ေနၿပီလား ၊ မပူပါနဲ႔ သင့္ အနီးအနားမွာ သင္နဲ႔ လုံးဝရင္းႏွီးၿပီးျဖစ္တဲ့ အလြယ္တကူ ရရွိႏိုင္တဲ့ သစ္သီးတစ္မ်ိဳးက သင့္ကို ကူညီေပးပါလိမ့္မယ္။

အဲ့ဒီ အသီးကေတာ့……

ေထာပတ္သီးပဲ ျဖစ္ပါတယ္။ သူနဲ ေပါင္းစပ္ရမဲ့ ပစၥည္းေတြကေတာ့ ၾကက္ဥတစ္
လုံးရဲ႕ အကာနဲ႔ သံလြင္ဆီ လက္ဘက္စားဇြန္း တစ္ဇြန္းပဲ ျဖစ္ပါတယ္။

ျပဳလုပ္ရမွာကေတာ့…..

ေထာပတ္သီး တစ္လုံးကို အခြံဖယ္ၿပီး အတြင္းသားမ်ားကို သန႔္စင္တဲ့ ခြက္တစ္ခုမွာ ထည့္ပါ၊ ၾကက္ဥတစ္လုံးရဲ႕ အကာရည္နဲ႔ သံလြင္ဆီတို႔ကို ေရာထည့္လိုက္ပါ။ ၿပီးေနာက္ ေက်သြားသည္အထိ ႀကိတ္ ေခ်ပါ။ သမၿပီး ေက်ညက္သြားၿပီဆိုရင္ ဦးေခါင္မွာ ဆံရင္းကေန အဖ်ားအထိ ႏွံစပ္ေအာင္ သုတ္လိမ္းၿပီး မ်က္ႏွာသုပ္ပုဝါ သန႔္သန႔္နဲ႔ ထုတ္ေပါင္းထားပါ။ နာရီဝက္ခန႔္ ရွိၿပီဆိုေတာ့မွ ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားနဲ႔ ျပန္လည္ေလွ်ာ္ၿပီး သန႔္စင္လိုက္ပါ။ အေျခာက္ခံစက္နဲ႔ ဆံပင္သားမ်ားကို အေျခာက္ခံႏိုင္ပါတယ္။ သို႔ေသာ္ အပူရွိန္ မျပင္ရန္ႏွင့္ ဆံသားတို႔အား ခပ္ဖြဖြ ဖီးေပးရန္ကိုျဖင့္ သတိျပဳရပါမယ္။

သင့္ဆံသား ပ်က္စီးမူွ အေပၚမွာ မူတည္ၿပီး တစ္ႀကိမ္နဲ႔ မသိသာေသးရင္ ေနာက္ထပ္တစ္ႀကိမ္ ထပ္မံ ျပဳလုပ္ေပးပါ၊ သင့္ ဆံပင္သားမ်ား ေတာက္ေျပာင္ လွပႏုညံ့ ေကာင္းမြန္လာတာကို လက္ေတြ႕ သိျမင္ ခံစားရမွာ ျဖစ္တာမို႔ ေနာက္မက်ေသးဘူးေနာ္ အခုပဲ စမ္လုပ္ၾကည့္ လိုက္ပါေတာ့လို႔…

စႏၵီျမင့္မိုရ္#

Unicode

ဆံသားကောင်းခြင်းနဲ့မိန်းမသားအလှ””

မိန်းမမှန်ရင် လှချင်ကြတာ မထူးဆန်းပါ။ လှချင်လို့ အလှပြင်ကြတာလည်း သဘာဝ
ပါပဲ။ ဆံဖျားကစ ခြေဖျားတစ်ဆုံး အလှအပကို ဂရုပြုကြတဲ့ ပျိုပျိုမေတို့ အနေနဲ့ ဆံပင်ကို အမျိုးစုံ ပြုလုပ်ချင်ကြတာကလည်း မိန်းကလေးများရဲ့ ဝါသနာပါပဲ။ ဆံပင်ကိုကောက်လိုက် ဖြောင့်လိုက် အရောင်အမျိူးမျိုး ဆိုးလိုက်နဲ့ အလှပြင် တတ်ကြတဲ့ အခါမှာ ဆံပင်သား ဓာတုဆေးဝါးတို့ ဓာတ်ကို ခံရတဲ့အတွက် ပျက်စီးလာကြတာလည်း တွေ့နေရပါတယ်။

အချို့ဆံသားတွေကတော့ ဆံပင်ကောက်ခြင်း ဖြောင့်ခြင်းဆေးဆိုးခြင်းများ မရှိပါပဲ မွဲခြောက် ပျက်စီးကာ ဆံ နှစ်ခွ ဖြစ်ခြင်းမျိုးလည်း ရှိတတ်ပါတယ်။ ဤသည်မှာကတော့ နေရောင်ခြည်ထဲ နေပူပူထဲကို အကာအကွယ် မပါပဲ သွားခြင်း၊ မိမိဆံသားနဲ့ အဆင်မပြေတဲ့ ခေါင်းလျှော်ရည်များကို ဆက်တိုက် သုံးမိနေခြင်း၊ ခေါင်းကို မကြာခဏ လျှော်နေခြင်း စသည်တို့ကြောင့်ပဲ ဖြစ်ပါတယ်။

အချို့ကတော့ မိမိဆံသား မပျက်စီးစေရန် ပေါင်းတင်နေသော်လည်း အကျိုး မထူးသည်ကို တွေ့ကြုံနေကြရ တတ်ပါတယ်။ ဤသည်မှာ ပေါင်းတင်ဆေးများမှာ ပါရှိတဲ့ ဓာတုဆေး အချို့ဟာ သင့်ဆံသားနဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပါတယ်။ သင့်ဆံပင်သားတွေ ပျက်စီးမူှကို ကာကွယ်ဖို့ သင့်ဆံသားတွေ တောက်ပ ကောင်းမွန်လာဖို့အတွက် ဓာတုဆေးဝါး လုံးဝကင်းတဲ့ သဘာဝသီးနှံ အချို့နဲ့ လတ်လတ်ဆတ်ဆတ် ပြုလုပ်ပြီး ပေါင်းတင်ကြည့်လိုက်ပါ သဘာဝက ပေးတဲ့ သီးနှံများဟာဆိုရင် လူသားတို့ကို အကျိုးများစွာ ပေးနိုင်ပါတယ်။

ဗောက်ထခြင်းနဲ့ ဆံသား ကြမ်းရှမူှ”’

သင့်ဦးခေါင်က ယားယံနေပြီး ကုတ်လိုက်တဲ့ အခါတိုင်း ဖြူဖြူ အရေပြားဖတ်တွေ မြင်မကောင်အောင် ထွက်လာတဲ့အတွက် သင်စိတ်ပျက်နေပြီလား၊ ဆံသားတွေ ကြမ်းရှ ဆံခွတွေထွက်လို့ ဗောက်ထခြင်း အတွက်တော့ သင်သိပ်စိတ်မပူပါနဲ့တော့ သင်နဲ့ အနီးဆုံးမှာရှိပြီး ဓာတုဆေး ကင်းတဲ့ ဆံပင် ပေါင်းတင်ဆေးကို သင်ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ပါဝင်ရမဲ့ ပစ္စည်းတွေကတော့….

ကြက်ဥ သုံးလုံး ၊ အုန်းဆီ လက်ဘက်ရည်ဇွန်း တစ်ဇွန်းပဲ ဖစ်ပါတယ်။

အသုံးပြုပုံကတော့……

အဲ့ဒီပစ္စည်း နှစ်မျိုးကို သမအောင်မွှေပြီး ဆံသားအရင်းကနေ အဖျားထိအောင် နှံစပ်အောင် သုတ် လိမ်း လိုက်ပါ။ (ဆံပင် အတို၊ အရှည်ပေါ် မူတည်ပြီး အသုံးပြုပစ္စည်း အရေအတွက်ကို အတိုးအလျော့ လုပ်နိုင်ပါတယ်) သုတ်လိမ်းပြီးတဲ့အခါ ဦးရေပြားကို နှိပ် နယ် ပေးပါ ဦးရေပြားကို နှိပ်တဲ့အခါမှာ လက်ချောင်းလေးများကိုသာ အသုံးပြုပါ။ ဦးခေါင်းအနှံ့ ပုံမှန်လေးသာ နှိပ်ပေးရပါမယ်။ ကြမ်းတမ်းစွာ မပြုလုပ်ရပါ။ ဦးရေပြားနဲ့ ဆံသားတွေဆိုတာ နဂို သဘာဝအရ နုညံ့တဲ့ သဘော ရှိပါတယ်။ သုတ်လိမ်းပြီးနောက် နာရီဝက်ခန့်ထားပြီး ခေါင်းလျှော်ရည် အပျော့စားနဲ့ ပြန်လျှော်ပေးရပါမယ်။ အုန်းဆီနဲ့ ကြက်ဥတို့မှာ ပါဝင်တဲ့ ဗီတာမင် ဓာတ်များဟာ သင့်ဆံပင်သားများကို ကြမ်းရှခြင်း ဗောက်ထခြင်းတို့မှ ကာကွယ်ပေးပြီး ပျော့ပျောင်းတောက်ပြောင် သန့်ရှင်းလာတာကို သင် အသေအချာ တွေ့မြင်ရပါလိမ့်မယ်။

မွဲခြောက်မူှနဲ့ အစိုဓာတ်ကင်းခြင်း””’

သင့်ရဲ့ ဆံပင်သားတွေဟာ မစိုပြေပဲ မွဲခြောက်ခြောက်နဲ့ ခေါင်းဖီးတဲ့ အခါမှာ ရူှပ်ထွေးနေပြီ း ပြတ်ထွက်ခြင်းများ ဖြစ်နေတာမို့ သင်စိတ်ပျက်နေပြီလား ၊ မပူပါနဲ့ သင့် အနီးအနားမှာ သင်နဲ့ လုံးဝရင်းနှီးပြီးဖြစ်တဲ့ အလွယ်တကူ ရရှိနိုင်တဲ့ သစ်သီးတစ်မျိုးက သင့်ကို ကူညီပေးပါလိမ့်မယ်။

အဲ့ဒီ အသီးကတော့……

ထောပတ်သီးပဲ ဖြစ်ပါတယ်။ သူနဲ ပေါင်းစပ်ရမဲ့ ပစ္စည်းတွေကတော့ ကြက်ဥတစ်
လုံးရဲ့ အကာနဲ့ သံလွင်ဆီ လက်ဘက်စားဇွန်း တစ်ဇွန်းပဲ ဖြစ်ပါတယ်။

ပြုလုပ်ရမှာကတော့…..

ထောပတ်သီး တစ်လုံးကို အခွံဖယ်ပြီး အတွင်းသားများကို သန့်စင်တဲ့ ခွက်တစ်ခုမှာ ထည့်ပါ၊ ကြက်ဥတစ်လုံးရဲ့ အကာရည်နဲ့ သံလွင်ဆီတို့ကို ရောထည့်လိုက်ပါ။ ပြီးနောက် ကျေသွားသည်အထိ ကြိတ် ချေပါ။ သမပြီး ကျေညက်သွားပြီဆိုရင် ဦးခေါင်မှာ ဆံရင်းကနေ အဖျားအထိ နှံစပ်အောင် သုတ်လိမ်းပြီး မျက်နှာသုပ်ပုဝါ သန့်သန့်နဲ့ ထုတ်ပေါင်းထားပါ။ နာရီဝက်ခန့် ရှိပြီဆိုတော့မှ ခေါင်းလျှော်ရည် အပျော့စားနဲ့ ပြန်လည်လျှော်ပြီး သန့်စင်လိုက်ပါ။ အခြောက်ခံစက်နဲ့ ဆံပင်သားများကို အခြောက်ခံနိုင်ပါတယ်။ သို့သော် အပူရှိန် မပြင်ရန်နှင့် ဆံသားတို့အား ခပ်ဖွဖွ ဖီးပေးရန်ကိုဖြင့် သတိပြုရပါမယ်။

သင့်ဆံသား ပျက်စီးမူှ အပေါ်မှာ မူတည်ပြီး တစ်ကြိမ်နဲ့ မသိသာသေးရင် နောက်ထပ်တစ်ကြိမ် ထပ်မံ ပြုလုပ်ပေးပါ၊ သင့် ဆံပင်သားများ တောက်ပြောင် လှပနုညံ့ ကောင်းမွန်လာတာကို လက်တွေ့ သိမြင် ခံစားရမှာ ဖြစ်တာမို့ နောက်မကျသေးဘူးနော် အခုပဲ စမ်လုပ်ကြည့် လိုက်ပါတော့လို့…

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …