”ဆံသားကောက်သော အမျိုးသားများအတွက် စတိုင်ကျစေရန် နည်းလမ်းအချို့”
- By : Phoe Linn
- Category : beauty-tip
- Tags: fashion & beauty

”ဆံသားကောက်သော အမျိုးသားများအတွက် စတိုင်ကျစေရန် နည်းလမ်းအချို့”
အချို့အချို့သောအမျိုးသားများရဲ့ ဆံသားတွေဟာ ကောက်ကြောင်းရှိတဲ့ သဘောမျိုးဖြစ်ပြီး အချို့အချို့သောအမျိုးသားများ မှာတော့ ဆံသားတွေဟာ ကောက်ကောက်ကွေးကွေးတွေ ဖြစ်နေတတ်ပါတယ်။
ဒီလိုဆံသားကောက်ကြောင်း ရှိတဲ့ အမျိုးသားတွေနဲ့ ဆံသားကောက်ကွေးနေတဲ့ အမျိုးသားတွေအနေနဲ့ မိမိတို့ရဲ့ ဆံပင်ကို ပုံစံကျန လှပအောင် ပုံဖော်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒီလိုပြဿနာတွေကို ဘယ်လို ဖြေရှင်းမလည်း?
”ဆံသားကောက်ပြီး ကြမ်းသူများအတွက်”
သင့်ရဲ့ဆံပင်သားတွေ ကောက်ကွေးပြီး ဆံသားဟာ ကြမ်းနေတယ်ဆိုရင် သင့်မှာ ဆံသားတွေ ထူထဲမုှကြောင့် ပုံသွင်းရ ခက်ခဲတတ်ပါတယ်။ သင်ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲမှာ ပျော့ဆေးကိုပါ ပေါင်းစပ်ထားတဲ့ ရှမ်ပူမျိုးကို သုံးပေးပါ။
နေ့စဉ်လည်း ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားကို ခြောက်သွေ့အောင် သုတ်ပြီးနောက် ဂျယ်လ်အမျိုးအစားပါဝင်ပြီး ရေဓာတ်ပါဝင်တဲ့ ခေါင်းလိမ်း အလှဆီကို သုံးပါ။ ခရင်မ်နဲ့ ဂျယ်လ်အမျိုးအစားက သင့်ဆံသားကို ပုံစံကျနကာ တစ်နေကုန် စတိုင်ကျနေစေမှာပဲ ဖြစ်ပါတယ်။
”ဆံသားကောက်ပြီး ပျော့သူများအတွက်”
အဲ့သည့်လို ဆံပင်သားမျိုးဟာဆိုရင် ဆံသားတွေဟာ ဦးခေါင်းမှာ ကပ်နေတတ်ပါတယ်။ ဒီလိုဦးခေါင်းမှာကပ်ပြီး ခပ်ပါးပါးဖြစ်နေပေမဲ့ လိုသလို ပုံဖော်နိုင်တဲ့ ဆံသားမျိုးသာ ဖြစ်ပါတယ်။ နေ့စဉ် အပျော့စား ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးနိုင်ပြီး ကော်ပါဝင်တဲ့ ဆံပင်ဖြန်း စပရေးကို သုံးနိုင်ပါတယ်။
သင့်မျက်နှာနဲ့ လိုက်ဖက်မဲ့ ဆံပင်ပုံစံ ဒါမှမဟုတ် သင်ကြိုက်နှစ်သက်တဲ့ ဆံပင်ပုံစံကို ကြာရှည်ခံစေဖို့ ဆံသားကို ခပ်တောင့်တောင့် ဖြစ်နေစေမဲ့ ကော်ပါဝင်တဲ့ ခေါင်းလိမ်းဆီ ဒါမှမဟုတ် ဖျန်းတဲ့ စပရေးမျိုးနဲ့ ပုံဖော်ပေးရမှ ာဖြစ်ပါတယ်။
”ဆံသားကောက်ပြီး ပုံမှန်ဆံသား ရှိသူများအတွက်”
အချို့သောသူများမှာ ဆံသားတွေက ကောက်နေသော်လည်း ဆံသားရဲ့အကြောကတော့ ပုံမှန်ဖြစ် နေလေ့ရှိ ကြပါတယ်။ ဒီလိုဆံသားပိုင်ရှင် အနေနဲ့ကတော့ ကြိုက်နှစ်သက်ရာ ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးချယ်နိုင်ပြီး တစ်ပတ်မှာ သုံးကြိမ်လောက်တော့ ရေဓာတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးကို သုံးပေးပါ။
ဆံသားတွေ ပိုမိုတောက်ပြောင်စေဖို့ ဆံပင်ပုံဖော်ချိန်မှာ သံလွင်ဆီ ဒါမှမဟုတ် ဂျိုဂျိုးဘား အဆီပါဝင်တဲ့ ခေါင်းလိမ်းတဲ့ အလှကုန်မျိုးကို ရွေးချယ်ပါ။ ခရင်အမျိုးအစားကတော့ သင့်ဆံသားနဲ့ ဆံပင်ပုံကို ပိုမိုကြာရှည်ခံပြီး ပုံကြနေစေမှာပဲ ဖြစ်ပါတယ်။
ဆံသားကောက်တဲ့ အမျိုးသားများ စိတ်ချမ်းသာစွာ ဆံပင်ကို စတိုင်ကျလှပ နေစေမှာမို့ လိုက်နာကြည့်ကြပါစို့။
# စန္ဒီမြင့်မိုရ်
Zawgyi
”ဆံသားေကာက္ေသာ အမ်ိဳးသားမ်ားအတြက္ စတိုင္က်ေစရန္ နည္းလမ္းအခ်ိဳ႕”
အခ်ိဳ႕အခ်ိဳ႕ေသာအမ်ိဳးသားမ်ားရဲ႕ ဆံသားေတြဟာ ေကာက္ေၾကာင္းရွိတဲ့ သေဘာမ်ိဳးျဖစ္ၿပီး အခ်ိဳ႕အခ်ိဳ႕ေသာအမ်ိဳးသားမ်ား မွာေတာ့ ဆံသားေတြဟာ ေကာက္ေကာက္ေကြးေကြးေတြ ျဖစ္ေနတတ္ပါတယ္။
ဒီလိုဆံသားေကာက္ေၾကာင္း ရွိတဲ့ အမ်ိဳးသားေတြနဲ႔ ဆံသားေကာက္ေကြးေနတဲ့ အမ်ိဳးသားေတြအေနနဲ႔ မိမိတို႔ရဲ႕ ဆံပင္ကို ပုံစံက်န လွပေအာင္ ပုံေဖာ္ဖို႔ ခက္ခဲတတ္ၾကပါတယ္။ ဒီလိုျပႆနာေတြကို ဘယ္လို ေျဖရွင္းမလည္း?
”ဆံသားေကာက္ၿပီး ၾကမ္းသူမ်ားအတြက္”
သင့္ရဲ႕ဆံပင္သားေတြ ေကာက္ေကြးၿပီး ဆံသားဟာ ၾကမ္းေနတယ္ဆိုရင္ သင့္မွာ ဆံသားေတြ ထူထဲမုွေၾကာင့္ ပုံသြင္းရ ခက္ခဲတတ္ပါတယ္။ သင္ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းေလွ်ာ္ရည္ထဲမွာ ေပ်ာ့ေဆးကိုပါ ေပါင္းစပ္ထားတဲ့ ရွမ္ပူမ်ိဳးကို သုံးေပးပါ။
ေန႔စဥ္လည္း ေခါင္းေလွ်ာ္ေပးဖို႔ လိုအပ္ပါတယ္။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ဆံသားကို ေျခာက္ေသြ႕ေအာင္ သုတ္ၿပီးေနာက္ ဂ်ယ္လ္အမ်ိဳးအစားပါဝင္ၿပီး ေရဓာတ္ပါဝင္တဲ့ ေခါင္းလိမ္း အလွဆီကို သုံးပါ။ ခရင္မ္နဲ႔ ဂ်ယ္လ္အမ်ိဳးအစားက သင့္ဆံသားကို ပုံစံက်နကာ တစ္ေနကုန္ စတိုင္က်ေနေစမွာပဲ ျဖစ္ပါတယ္။
”ဆံသားေကာက္ၿပီး ေပ်ာ့သူမ်ားအတြက္”
အဲ့သည့္လို ဆံပင္သားမ်ိဳးဟာဆိုရင္ ဆံသားေတြဟာ ဦးေခါင္းမွာ ကပ္ေနတတ္ပါတယ္။ ဒီလိုဦးေခါင္းမွာကပ္ၿပီး ခပ္ပါးပါးျဖစ္ေနေပမဲ့ လိုသလို ပုံေဖာ္ႏိုင္တဲ့ ဆံသားမ်ိဳးသာ ျဖစ္ပါတယ္။ ေန႔စဥ္ အေပ်ာ့စား ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ေပးႏိုင္ၿပီး ေကာ္ပါဝင္တဲ့ ဆံပင္ျဖန္း စပေရးကို သုံးႏိုင္ပါတယ္။
သင့္မ်က္ႏွာနဲ႔ လိုက္ဖက္မဲ့ ဆံပင္ပုံစံ ဒါမွမဟုတ္ သင္ႀကိဳက္ႏွစ္သက္တဲ့ ဆံပင္ပုံစံကို ၾကာရွည္ခံေစဖို႔ ဆံသားကို ခပ္ေတာင့္ေတာင့္ ျဖစ္ေနေစမဲ့ ေကာ္ပါဝင္တဲ့ ေခါင္းလိမ္းဆီ ဒါမွမဟုတ္ ဖ်န္းတဲ့ စပေရးမ်ိဳးနဲ႔ ပုံေဖာ္ေပးရမွ ာျဖစ္ပါတယ္။
”ဆံသားေကာက္ၿပီး ပုံမွန္ဆံသား ရွိသူမ်ားအတြက္”
အခ်ိဳ႕ေသာသူမ်ားမွာ ဆံသားေတြက ေကာက္ေနေသာ္လည္း ဆံသားရဲ႕အေၾကာကေတာ့ ပုံမွန္ျဖစ္ ေနေလ့ရွိ ၾကပါတယ္။ ဒီလိုဆံသားပိုင္ရွင္ အေနနဲ႔ကေတာ့ ႀကိဳက္ႏွစ္သက္ရာ ေခါင္းေလွ်ာ္ရည္ အမ်ိဳးအစားကို ေ႐ြးခ်ယ္ႏိုင္ၿပီး တစ္ပတ္မွာ သုံးႀကိမ္ေလာက္ေတာ့ ေရဓာတ္ပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးကို သုံးေပးပါ။
ဆံသားေတြ ပိုမိုေတာက္ေျပာင္ေစဖို႔ ဆံပင္ပုံေဖာ္ခ်ိန္မွာ သံလြင္ဆီ ဒါမွမဟုတ္ ဂ်ိဳဂ်ိဳးဘား အဆီပါဝင္တဲ့ ေခါင္းလိမ္းတဲ့ အလွကုန္မ်ိဳးကို ေ႐ြးခ်ယ္ပါ။ ခရင္အမ်ိဳးအစားကေတာ့ သင့္ဆံသားနဲ႔ ဆံပင္ပုံကို ပိုမိုၾကာရွည္ခံၿပီး ပုံၾကေနေစမွာပဲ ျဖစ္ပါတယ္။
ဆံသားေကာက္တဲ့ အမ်ိဳးသားမ်ား စိတ္ခ်မ္းသာစြာ ဆံပင္ကို စတိုင္က်လွပ ေနေစမွာမို႔ လိုက္နာၾကည့္ၾကပါစို႔။
# စႏၵီျမင့္မိုရ္
No Comments