
ဆံပင္ ဆိုးေဆးေၾကာင့္ တစ္သက္တာ ႐ုပ္ပ်က္ ဆင္းပ်က္ ျဖစ္ရသူ
ဆံပင္ေဆးဆိုးတဲ့ လူတိုင္း သိသင့္တာက ေဆးက ေသြးနဲ႔ တည့္ရဲ႕လား ကိုယ့္ အေရျပားနဲ႔ တည့္ရဲ႕လားဆိုတာကို စမ္းသက္ ၿပီးမွ ေဆးဆိုး သင့္ပါတယ္ ။ ဒီလိုမွ မဟုတ္ရင္ အဂၤလန္ အေနာက္ပိုင္းက ေရာ္ဘင္ခ်ယ္ရီ လို ဒုကၡမ်ားသြား ႏိုင္ပါတယ္ ။ ခ်ယ္ရီ ( ၂၉ႏွစ္ ) က လြန္ခဲ့တဲ့ ၁၀ ႏွစ္ ေလာက္တုန္းက ဆံပင္ေဆးဆိုးရင္ အလားဂ်စ္ ( ေသြးနဲ႔ မတည့္ျခင္း ) ျဖစ္ၿပီး ေသလု မတတ္ ျဖစ္ခဲ့ ရပါတယ္ ။
“ ၂၀၁၀ ေလာက္ကေပါ့ က်မဘဝမွာ အႀကီးဆုံး အမွားတစ္ခုကို လုပ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္ ။ က်မက က်မရဲ႕ ေ႐ႊေရာင္ဆံပင္ ကို အေရာင္ခြၽတ္ၿပီး နီညိဳေရာင္ ဆိုးခ်င္တယ္လို႔ ဆံပင္ညပ္ဆိုင္ ကိုသြားေျပာတယ္ ။ ဆိုင္က ဆိုးေဆးနဲ႔ အေရျပားနဲ႔ တည့္မတည့္ ( Patch test ) စစ္ၿပီးမွ လုပ္တာေပါ့လို႔ေျပာတယ္ ။ က်မက ဆံပင္ကို ေဆးဆိုးတိုင္း အလားဂ်စ္ ျဖစ္မျဖစ္ စစ္ၿပီးမွ ဆိုးတာပါ ။
ဒီတစ္ခါ လလည္း အရင္အတိုင္းပဲ စစ္ပါတယ္ ။ ဘာသက္ေရာက္မႈမွ မျပလို႔ ဆိုင္က ေဆးဆိုးေတာ့မယ္ ဆိုၿပီး က်မကိုေခၚ ေဆးဆိုးေပး ပါတယ္ ။ ဆိုင္ကေန အိမ္ျပန္ေရာက္ကတည္းက ဦးေရျပားက မီးေလာင္သလို ပူစပ္ပူေလာင္ႀကီး ခံစားေနရတယ္။ ေအာင့္အီးသည္းခံ ၿပီးေတာ့ အဲ့ဒိေန႔ ေနလိုက္တယ္ ။ ညအိပ္ရာ ဝင္ၿပီး မနက္လင္းေတာ့ က်မရဲ႕ ေခါင္းတစ္ခုလုံး ေယာင္ကိုင္းၿပီး နဂိုထက္ ၂ ဆေလာက္ႀကီးသြားပုံ ေပၚေနတယ္ ။
က်မေခါင္းက ခရမ္းခ်ဥ္သီးပုံျဖစ္ေနၿပီ။ ေဆးခန္းကို သြားျပေတာ့ ေဆးခန္းက ဧည့္ႀကိဳကပဲ ေဆး႐ုံးကို တန္းသြားဖို႔ေျပာလို႔ ေဆး႐ုံကို အျမန္ သြားခဲ့ရပါတယ္။ ေဆး႐ုံေရာက္ေတာ့ က်မရဲ႕မ်က္ေစ့ေတြေတာင္ ပိတ္ေတာ့မယ္။ ၿပီးေတာ့ ႏွာေခါင္းနဲ႔ အသက္ရႈလို႔ မရေတာ့ဘူး။ ပါးစပ္နဲ႔ ရႈေနရတယ္။ ကံေကာင္းခ်င္ေတာ့ ဆရာဝန္က ဘာေၾကာင့္ ျဖစ္တယ္ဆိုတာကို အေျဖခ်က္ျခင္းသိလို႔ ေဆးထိုးေပးႏိုင္လိုက္ခဲ့တယ္။
ေဆးထိုးၿပီး ၁၆နာရီမွာ ပုံမွန္ အသက္ျပန္ရႈလာႏိုင္တယ္။ အိမ္ျပန္လို႔ ရၿပီဆိုလို႔ အိမ္ျပန္လာတာ အိမ္ေရာက္လို႔ သိပ္မၾကာဘူး ႏွာေခါင္းျပန္ပိတ္လာလို႔ ေဆး႐ုံကို ျပန္ေျပးရတယ္။ ေဆး႐ုံမွာ ၄ ရက္ၾကာေအာင္ ကုသၿပီးေနာက္မွာေတာ့ က်မသက္သာ ေပ်ာက္ကင္းခဲ့ပါတယ္။
ဒါေပမဲ့ ေရာဂါရဲ႕ ေနာက္ဆက္တြဲအျဖစ္ က်မေနေရာင္က တိုက္႐ိုက္ထိေတြ႕မႈ ၾကာၾကာမခံႏိုင္ေတာ့ ပါဘူး”လို႔ ေျပာခဲ့ပါတယ္။ သူမက ဆံပင္ ေဆးဆိုးေတာ့မယ္ဆိုရင္ ၄၈နာရီၾကာေအာင္ patch test ကို ေသေသခ်ာခ်ာ လုပ္ပါလို႔ မွာၾကားခဲ့ပါတယ္။
ေမာင္ယႆ REF:world of buzz
Unicode
ဆံပင် ဆိုးဆေးကြောင့် တစ်သက်တာ ရုပ်ပျက် ဆင်းပျက် ဖြစ်ရသူ
ဆံပင်ဆေးဆိုးတဲ့ လူတိုင်း သိသင့်တာက ဆေးက သွေးနဲ့ တည့်ရဲ့လား ကိုယ့် အရေပြားနဲ့ တည့်ရဲ့လားဆိုတာကို စမ်းသက် ပြီးမှ ဆေးဆိုး သင့်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် အင်္ဂလန် အနောက်ပိုင်းက ရော်ဘင်ချယ်ရီ လို ဒုက္ခများသွား နိုင်ပါတယ် ။ ချယ်ရီ ( ၂၉နှစ် ) က လွန်ခဲ့တဲ့ ၁၀ နှစ် လောက်တုန်းက ဆံပင်ဆေးဆိုးရင် အလားဂျစ် ( သွေးနဲ့ မတည့်ခြင်း ) ဖြစ်ပြီး သေလု မတတ် ဖြစ်ခဲ့ ရပါတယ် ။
“ ၂၀၁၀ လောက်ကပေါ့ ကျမဘဝမှာ အကြီးဆုံး အမှားတစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ကျမက ကျမရဲ့ ရွှေရောင်ဆံပင် ကို အရောင်ချွတ်ပြီး နီညိုရောင် ဆိုးချင်တယ်လို့ ဆံပင်ညပ်ဆိုင် ကိုသွားပြောတယ် ။ ဆိုင်က ဆိုးဆေးနဲ့ အရေပြားနဲ့ တည့်မတည့် ( Patch test ) စစ်ပြီးမှ လုပ်တာပေါ့လို့ပြောတယ် ။ ကျမက ဆံပင်ကို ဆေးဆိုးတိုင်း အလားဂျစ် ဖြစ်မဖြစ် စစ်ပြီးမှ ဆိုးတာပါ ။
ဒီတစ်ခါ လလည်း အရင်အတိုင်းပဲ စစ်ပါတယ် ။ ဘာသက်ရောက်မှုမှ မပြလို့ ဆိုင်က ဆေးဆိုးတော့မယ် ဆိုပြီး ကျမကိုခေါ် ဆေးဆိုးပေး ပါတယ် ။ ဆိုင်ကနေ အိမ်ပြန်ရောက်ကတည်းက ဦးရေပြားက မီးလောင်သလို ပူစပ်ပူလောင်ကြီး ခံစားနေရတယ်။ အောင့်အီးသည်းခံ ပြီးတော့ အဲ့ဒိနေ့ နေလိုက်တယ် ။ ညအိပ်ရာ ဝင်ပြီး မနက်လင်းတော့ ကျမရဲ့ ခေါင်းတစ်ခုလုံး ယောင်ကိုင်းပြီး နဂိုထက် ၂ ဆလောက်ကြီးသွားပုံ ပေါ်နေတယ် ။
ကျမခေါင်းက ခရမ်းချဉ်သီးပုံဖြစ်နေပြီ။ ဆေးခန်းကို သွားပြတော့ ဆေးခန်းက ဧည့်ကြိုကပဲ ဆေးရုံးကို တန်းသွားဖို့ပြောလို့ ဆေးရုံကို အမြန် သွားခဲ့ရပါတယ်။ ဆေးရုံရောက်တော့ ကျမရဲ့မျက်စေ့တွေတောင် ပိတ်တော့မယ်။ ပြီးတော့ နှာခေါင်းနဲ့ အသက်ရှုလို့ မရတော့ဘူး။ ပါးစပ်နဲ့ ရှုနေရတယ်။ ကံကောင်းချင်တော့ ဆရာဝန်က ဘာကြောင့် ဖြစ်တယ်ဆိုတာကို အဖြေချက်ခြင်းသိလို့ ဆေးထိုးပေးနိုင်လိုက်ခဲ့တယ်။
ဆေးထိုးပြီး ၁၆နာရီမှာ ပုံမှန် အသက်ပြန်ရှုလာနိုင်တယ်။ အိမ်ပြန်လို့ ရပြီဆိုလို့ အိမ်ပြန်လာတာ အိမ်ရောက်လို့ သိပ်မကြာဘူး နှာခေါင်းပြန်ပိတ်လာလို့ ဆေးရုံကို ပြန်ပြေးရတယ်။ ဆေးရုံမှာ ၄ ရက်ကြာအောင် ကုသပြီးနောက်မှာတော့ ကျမသက်သာ ပျောက်ကင်းခဲ့ပါတယ်။
ဒါပေမဲ့ ရောဂါရဲ့ နောက်ဆက်တွဲအဖြစ် ကျမနေရောင်က တိုက်ရိုက်ထိတွေ့မှု ကြာကြာမခံနိုင်တော့ ပါဘူး”လို့ ပြောခဲ့ပါတယ်။ သူမက ဆံပင် ဆေးဆိုးတော့မယ်ဆိုရင် ၄၈နာရီကြာအောင် patch test ကို သေသေချာချာ လုပ်ပါလို့ မှာကြားခဲ့ပါတယ်။
မောင်ယဿ REF:world of buzz
No Comments