ဆံပင္ေတြ ပ်က္စီး အခြေတြ မ်ားေနလား

ဆံပင္ေတြ ပ်က္စီး အခြေတြ မ်ားေနလား
beauty-tip

ဆံပင္ေတြ ပ်က္စီး အခြေတြ မ်ားေနလား

သင့္ ဆံပင္သားေတြ ညိဳမြဲၿပီး ေၾလာက္ေသြ႕ကာ ဆံဖ်ားမွာ ႏွစ္ခြ ျဖစ္ျခင္းမ်ားအတြက္ သင္အေတာ္စိတ္ပ်က္ ေနရမယ္ဆိုတာ မေျပာလည္း သိပါတယ္ ။

အဲ့သည့္လို ဆံပင္သားေတြ ပ်က္ဆီးမူွကို သင္ဘယ္လို ကာကြယ္ မလည္း…..

ဒါက သိပ္မခက္လွပါဘူး မိမိတို႔ရဲ႕ ေန႔စဥ္ ဆံသား အေပၚ ဂ႐ုတစိုက္ မရွိမူွေတြကို ေလ်ာ့ခ်ၿပီး ဆံပင္ ေတြကို အေလးထား ျပဳျပင္မူွ အေသးစားေလးေတြကို လုပ္ေပးမယ္ ဆိုရင္ ေငြကုန္ေၾကးက်လည္း သက္သာ ဆံပင္သားေတြလည္း အားေကာင္း က်န္းမာ လာမွာ ျဖစ္ပါ တယ္ ။

….သင့္ ဆံပင္ေတြကို ခဏခဏ အေရာင္ဆိုးတာေတြ အေရာင္ ခြၽတ္တာ ေတြကို ဆင္ခ်င္ ရပါမယ္ အေရာင္ ဆိုးေဆး အေရာင္ ခြၽတ္ေဆးေတြဟာ ဓာတု ေဆးဝါးေတြ ျဖစ္တာမို႔ သင့္ ဆံပင္သား ေတြကိုေျခာက္ေသြ႕ ပ်က္စီးေစၿပီး ဆံဖ်ား ႏွစ္ခြ ျဖစ္ျခင္းကို အားေပးတာမို႔ပါ ။

ေနာက္တစ္ခုက ဆံပင္မွာ လိမ္းတဲ့ ဂ်ဲလ္မ်ားနဲ႔ ဆံပင္ဖ်န္းတဲ့ စပေရးေတြမွာ ေကာ္ေတြ ပါဝင္တာမို႔
အၿမဲ မသုံးသင့္ပါ ။

…..ဆံပင္ကို ေလျပင္းျပင္း တိုက္ခတ္ ခံရျခင္းမွ ကာကြယ္ပါ ၊ ေနေရာင္ျခည္ ျပင္းျပင္း အထိ မခံပါနဲ႔ ေနပူပူ ေလပူပူ ေတြဟာ သင့္ ဆံသားေတြကို ဖ်က္စီးႏိုင္တာ မို႔ပါ၊

ေနပူပူ ေလပူပူထဲကို မျဖစ္မေန သြားလာရတဲ့ အခါ သင့္ဆံပင္ကို ပုဝါနဲ႔ ေပါင္းထား စည္းထားပါ၊ ဦးထုတ္နဲ႔ ထီးေဆာင္းေပးျခင္းကို အက်င့္ ရွိပါေစ ။

…..ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းေလွ်ာ္ရည္ ရဲ႕အခြၽဲ အေမႊးနံေတြ ကိုေပ်ာက္သည္အထိ ဦးေခါင္းအားေရ
မ်ားမ်ားေလာင္းပါ၊။

ေခါင္းေလွ်ာ္ၿပီးလို႔ဆံပင္ကိုေရေျခာက္ေအာင္သုတ္တဲ့အခါမွာ ၾကမ္းၾကမ္းတမ္းတမ္းပြတ္သုတ္ျခင္းကိုေရွာင္ပါ။

ဒီအျပဳအမူွေတြဟာ သင့္ဆံသားမ်ားကိုက်ိဳးေက်ေစၿပီး အဖ်ားႏွစ္ခြေတြျဖစ္လာေစမွာျဖစ္ပါတယ္။သင္ သတိထားရမွာက ေခါင္းေလွ်ာ္ၿပီးၿပီးခ်င္း ေခါင္းဖီးျခင္းကိုမျပဳလုပ္မိပါေစနဲ႔။

…..ဗီတာမင္ ေအ ၊ ဘီ ၊ ဒီ ၊ ပ႐ိုတင္းနဲ႔ကယ္လ္ဆီယမ္ေတြပါဝင္တဲ့ အစားအစာမ်ားကိုစားသုံးေပးပါ။ ေရမ်ားမ်ားေသာက္ပါ။

….ေခါင္းဖီးမ်ားျခင္းဟာလည္းဆံသားပ်က္စီးမူွကိုျဖစ္ေပၚေစပါတယ္။တစ္ေန႔ တာလုံးမွာ အမ်ားဆုံးေလးႀကိမ္သာ ေခါင္းဖီးသင့္ပါတယ္။

ညအိပ္ယာဝင္ခါနီးရင္ေတာ့ဆံပင္ကို ရွင္းၿပီးဖီးၿပီးမွအိပ္ပါ။ဒီလိုလုပ္ျခင္းဟာ ဦးေရျပားမွာရွိေနတဲ့ အဆီဂလင္းေတြ အဆီထြက္ေအာင္လူွံ႔ေဆာ္ေပးျခင္းတစ္မ်ိဳးျဖစ္ပါတယ္။

..ေလမူွတ္စက္ ေျဖာင့္စက္ ေကာက္စက္ တို႔ရဲ႕ အပူေတြကိုေန႔စဥ္မထိေတြ႕မိဖို႔သတိျပဳပါ။ဆံဖ်ားေတြကိုမၾကာခဏတိေပးပါ။

….ဆံပင္ကိုမၾကာခဏ ေရေႏြးေငြ႕ေပးၿပီး ေပါင္းတင္ပါ။

ဆံပင္သားမ်ား ဆိုဆိုး႐ြား႐ြား ပ်က္စီးၿပီး ဆံပင္ႏွစ္ခြျဖစ္ျခင္းမ်ားကို ဤသို႔ လိုက္နာေဆာင္႐ြက္ျခင္းျဖင့္ ျပန္လည္ ေကာင္းမြန္လာမည့္ဆံေကသာကို ရရွိ မွာမို႔ လိုက္နာဘို႔က သင္တို႔တာဝန္ပါလို႔…..

စႏၵီျမင့္မိုရ္#

Unicode

ဆံပင်တွေ ပျက်စီး အခွတွေ များနေလား

သင့် ဆံပင်သားတွေ ညိုမွဲပြီး လြောက်သွေ့ကာ ဆံဖျားမှာ နှစ်ခွ ဖြစ်ခြင်းများအတွက် သင်အတော်စိတ်ပျက် နေရမယ်ဆိုတာ မပြောလည်း သိပါတယ် ။

အဲ့သည့်လို ဆံပင်သားတွေ ပျက်ဆီးမူှကို သင်ဘယ်လို ကာကွယ် မလည်း…..

ဒါက သိပ်မခက်လှပါဘူး မိမိတို့ရဲ့ နေ့စဉ် ဆံသား အပေါ် ဂရုတစိုက် မရှိမူှတွေကို လျော့ချပြီး ဆံပင် တွေကို အလေးထား ပြုပြင်မူှ အသေးစားလေးတွေကို လုပ်ပေးမယ် ဆိုရင် ငွေကုန်ကြေးကျလည်း သက်သာ ဆံပင်သားတွေလည်း အားကောင်း ကျန်းမာ လာမှာ ဖြစ်ပါ တယ် ။

….သင့် ဆံပင်တွေကို ခဏခဏ အရောင်ဆိုးတာတွေ အရောင် ချွတ်တာ တွေကို ဆင်ချင် ရပါမယ် အရောင် ဆိုးဆေး အရောင် ချွတ်ဆေးတွေဟာ ဓာတု ဆေးဝါးတွေ ဖြစ်တာမို့ သင့် ဆံပင်သား တွေကိုခြောက်သွေ့ ပျက်စီးစေပြီး ဆံဖျား နှစ်ခွ ဖြစ်ခြင်းကို အားပေးတာမို့ပါ ။

နောက်တစ်ခုက ဆံပင်မှာ လိမ်းတဲ့ ဂျဲလ်များနဲ့ ဆံပင်ဖျန်းတဲ့ စပရေးတွေမှာ ကော်တွေ ပါဝင်တာမို့
အမြဲ မသုံးသင့်ပါ ။

…..ဆံပင်ကို လေပြင်းပြင်း တိုက်ခတ် ခံရခြင်းမှ ကာကွယ်ပါ ၊ နေရောင်ခြည် ပြင်းပြင်း အထိ မခံပါနဲ့ နေပူပူ လေပူပူ တွေဟာ သင့် ဆံသားတွေကို ဖျက်စီးနိုင်တာ မို့ပါ၊

နေပူပူ လေပူပူထဲကို မဖြစ်မနေ သွားလာရတဲ့ အခါ သင့်ဆံပင်ကို ပုဝါနဲ့ ပေါင်းထား စည်းထားပါ၊ ဦးထုတ်နဲ့ ထီးဆောင်းပေးခြင်းကို အကျင့် ရှိပါစေ ။

…..ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည် ရဲ့အချွဲ အမွှေးနံတွေ ကိုပျောက်သည်အထိ ဦးခေါင်းအားရေများများလောင်းပါ၊။

ခေါင်းလျှော်ပြီးလို့ဆံပင်ကိုရေခြောက်အောင်သုတ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းပွတ်သုတ်ခြင်းကိုရှောင်ပါ။

ဒီအပြုအမူှတွေဟာ သင့်ဆံသားများကိုကျိုးကျေစေပြီး အဖျားနှစ်ခွတွေဖြစ်လာစေမှာဖြစ်ပါတယ်။သင် သတိထားရမှာက ခေါင်းလျှော်ပြီးပြီးချင်း ခေါင်းဖီးခြင်းကိုမပြုလုပ်မိပါစေနဲ့။

…..ဗီတာမင် အေ ၊ ဘီ ၊ ဒီ ၊ ပရိုတင်းနဲ့ကယ်လ်ဆီယမ်တွေပါဝင်တဲ့ အစားအစာများကိုစားသုံးပေးပါ။ ရေများများသောက်ပါ။

….ခေါင်းဖီးများခြင်းဟာလည်းဆံသားပျက်စီးမူှကိုဖြစ်ပေါ်စေပါတယ်။တစ်နေ့ တာလုံးမှာ အများဆုံးလေးကြိမ်သာ ခေါင်းဖီးသင့်ပါတယ်။

ညအိပ်ယာဝင်ခါနီးရင်တော့ဆံပင်ကို ရှင်းပြီးဖီးပြီးမှအိပ်ပါ။ဒီလိုလုပ်ခြင်းဟာ ဦးရေပြားမှာရှိနေတဲ့ အဆီဂလင်းတွေ အဆီထွက်အောင်လူှံ့ဆော်ပေးခြင်းတစ်မျိုးဖြစ်ပါတယ်။

..လေမူှတ်စက် ဖြောင့်စက် ကောက်စက် တို့ရဲ့ အပူတွေကိုနေ့စဉ်မထိတွေ့မိဖို့သတိပြုပါ။ဆံဖျားတွေကိုမကြာခဏတိပေးပါ။

….ဆံပင်ကိုမကြာခဏ ရေနွေးငွေ့ပေးပြီး ပေါင်းတင်ပါ။

ဆံပင်သားများ ဆိုဆိုးရွားရွား ပျက်စီးပြီး ဆံပင်နှစ်ခွဖြစ်ခြင်းများကို ဤသို့ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြန်လည် ကောင်းမွန်လာမည့်ဆံကေသာကို ရရှိ မှာမို့ လိုက်နာဘို့က သင်တို့တာဝန်ပါလို့…..

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

''အသက္အ႐ြယ္နဲ႔ အလွျပဳျပင္မႈ''1
beauty-tip
အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ

”အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်များ” ဆယ်ကျော်သက်အရွယ် မိန်းကလေးများ အတွက်က အလှပြုပြင်ရာမှာ အထူးသတိပြုနေစရာ မလိုအပ်သော်လည်း အသက် ငါးဆယ်ကျော် အရွယ်ကို ရောက်လာပြီ ဆိုရင်တော့ အလှပြုပြင်ရာမှာ သတိပြုရမဲ့ အချက်တွေ ရှိလာပါပြီ။ အသက်အရွယ် ငါးဆယ်ကျော် လာပြီဆိုရင် မျက်တွင်းချိုင့်ခြင်း ပါးပြင်အရေပြားများ တင်းရင်မှု မရှိတော့ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မျက်တွင်းချိုင့်ခြင်း မဖြစ်ရအောင် အဆင့်တစ်အနေနဲ့ ဟိုင်ရာလူရိုနစ်အက်စစ်၊ ရက်တီနောအက်စစ် နျူရိုပက်တိုက် ပါဝင်တဲ့ လိုးရှင်းတွေဟာ ဆိုရင် ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် မျက်ဝန်းတစ်ဝှိုက်ကို လိမ်းပေးပြီး မျက်တွင်းမချိုင့်အောင် ကာကွယ်နိုင်ပါတယ်။ အဆင့်နှစ်ကတော့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ မိတ်ကပ် …

သဘာဝ မ်က္ႏွာသန႔္စင္ ဂ်ယ္လ္
beauty-tip
သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။

သင်ကိုယ်တိုင် ပြုလုပ်ထားတဲ့ သန့်စင်သော သဘာဝ မျက်နှာသန့်စင် ဂျယ်လ်( Rose Water Cleansing Gel)နဲ့ သင့်အလှကို ထိန်းသိမ်းပါ။ နေ့တစ်နေ့တာရဲ့ မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ ရုံးသွားတာဖြစ်ဖြစ် အလုပ်သွားတာဖြစ်ဖြစ် ပွဲလမ်းရှိလို့အပြင်ထွက်တာမျိုးဖြစ်ဖြစ် အပြင်ထွက်ဖို့ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုရင် ပျိုပျိုမေတို့ရဲ့မလုပ်မဖြစ် လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုကတော့ မိတ်ကပ်လိမ်း အလှပြုပြင်ခြင်းပါပဲ။ ဒီလို မိတ်ကပ်လိမ်းပြီး အပြင်ကိစ္စတွေ သွားလာပြီးရင် အိမ်ပြန်ရောက်တဲ့ အခါမှာ မဖြစ်မနေလုပ်သင့်တဲ့ အလုပ်ကတော့ ညအိပ်ရာမဝင်ခင် လိမ်းထားတဲ့ မိတ်ကပ်တွေကို ပြန်ဖျက်ဖို့ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ညအိပ်ယာဝင်တဲ့အခါ မိတ်ကပ်တွေကို မဖျက်မိဘူးဆိုရင် ချွေးပေါက်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့ပြီး ဝက်ခြံ ထွက်လွယ်တာမျိုးစတဲ့ အရေပြား ပြဿနာတွေများစွာ ဖြစ်လာနိုင်လို့ပဲ …

သင့္ႏႈတ္ခမ္းေလး အလွေပၚ လြင္ျပီး ဆြဲေဆာင္မွဳ ရိွခ်င္တယ္ဆုိရင္
beauty-tip
သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင်

သင့်နှုတ်ခမ်းလေး အလှပေါ် လွင်ပြီး ဆွဲဆောင်မှု ရှိချင်တယ်ဆိုရင် သင့်ရဲ့နှုတ်ခမ်းတစ်စုံကို အလှတွေ ပိုမိုပေါ်လွင်ပြီး ပိုမို တောက်ပလာစေဖို့ဆိုရင် နှုတ်ခမ်းနီဆိုးခြင်းကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကဲဒါဆို နှုတ်ခမ်းလှလှလေး တစ်စုံကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်သလဲ ဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါစို့။ ၁. လိုက်ဖက် ပါစေ… သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ လှပပြီး စွဲဆောင်မှုရှိမဲ့ နှုတ်ခမ်းတစ်စုံ ရရှိဖို့အတွက် သင်အသုံးပြုမဲ့ နှုတ်ခမ်းနီနဲ့ သင့်ရဲ့ နှုတ်ခမ်းတစ်ဝုှိက်မှာ ပုံဖော်မဲ့ ခဲတံရဲ့အရောင်ဟာ အရောင်နှစ်ခု လိုက်ဖက်မှုရှိပြီး တူညီမျှတ ဟာမိုနီကျနေဖို့ လိုအပ်ပါတယ်။ ၂. မှန်ကန်စွာ စတင်ပါ… သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီ ဆိုးတော့မယ်ဆိုရင် ပထမဦးစွာ အပေါ်နှုတ်ခမ်းကနေ စတင် …