ဆံပင္ေတြ က်န္းမာေနခ်င္တယ္ ဆိုရင္
- By : Phoe Linn
- Category : beauty-tip

ဆံပင္ေတြ က်န္းမာေနခ်င္တယ္ ဆိုရင္
ရာသီဥတုေတြ မူမမွန္တဲ့အခါ မိမိတို႔ရဲ႕ ခႏၶာကိုယ္ ႀကီးဟာလည္း ေဖာက္လြဲ ေဖာက္ျပန္ ေရာဂါမ်ားလည္း ဝင္လြယ္လာေတာ့တာ အေသအခ်ာ ပါပဲ ။ မိမိတို႔ ခႏၶာကိုယ္မွာ အဓိက အက်ဆုံးနဲ႔ အလွ အပကို အကူအညီ အေပးႏိုင္ဆုံးဟာ မိမိတို႔ ဦးေခါင္း ေပၚက ဆံပင္ေတြပါပဲ ။ ေကာင္းျခင္း အျဖာျဖာ ထဲမွာ ဆံပင္ရဲ႕ ေကာင္းျခင္း ဟာလည္း မဂၤလာ တစ္ပါးပါ ။
သင္တို႔ရဲ႕ ဆံပင္ေတြ အ႐ြယ္မတိုင္ခင္ ျဖဴေန တာမ်ိဳး ဆံသားေတြ ပ်က္စီးၿပီး ႐ုပ္ဆိုး ေနတာမ်ိဳး ဆံပင္ ကြၽတ္ျခင္းေၾကာင့္ ထိပ္ေျပာင္ျခင္း ဆံပင္သား ပါးလ်ျခင္း ျဖစ္ေန တာမ်ိဳး သင္တို႔မွာ ရွိသင့္တဲ့အလွကို ပ်က္ေစ တာမ်ိဳးေတြ ျဖစ္ေနၿပီ ဆိုရင္ ေသခ်ာတယ္ သင္စိတ္ မေပ်ာ္႐ႊင္ႏိုင္ ေတာ့ဘူး ဆိုတာ ။
ဒါဆို ဘာလုပ္ မလည္း သိပ္မေတြး ပါနဲ႔ ေဈးႀကီးႀကီး ပစၥည္းေတြလည္း ရွာေဖြ အားမျဖည့္ ပါနဲ႔ သင့္အတြက္ သက္သာ လြယ္ကူစြာ ရွာေဖြလို႔ ရႏိုင္မဲ့ သဘာဝက ေပးတဲ့ အေထာက္အကူ ေလးေတြ ရွိပါတယ္ ။ ပထမဆုံး ရွားေစာင္း လက္ပတ္ ႏွစ္ခု သုံးခုကို ရွာေဖြ လိုက္ပါ ေရနဲ႔ သန႔္စင္ေအာင္ ေဆးပါ ၿပီးရင္ ေဘးအစြန္းေတြ လွီးျဖတ္ၿပီး အတုံးေလးမ်ား အေနေတာ္ တုံးလိုက္ပါ
သဘာဝ အုန္းဆီ စစ္စစ္ တစ္ဆယ္သားကို ခြက္သန႔္သန႔္မွာ ထည့္ၿပီး မီးအပူ ေပးပါ အုန္းဆီ ပူလာၿပီ ဆိုရင္ ရွားေစာင္းလက္ပတ္ တုံးေတြ ထည့္ၿပီး ေမႊပါ အစိမ္းေရာင္မွ အဝါေရာင္သို႔ေျပာင္းလာၿပီ ဆိုရင္ မီးဖိုေပၚကခ် ဇကာ ( သို႔မဟုတ္ ) ပိတ္ပါးေလးနဲ႔ စစ္ၿပီး အဖတ္ မ်ားကိုဖယ္ထား လိုက္ပါ ၾကက္သြန္နီ ဥ အေနေတာ္ ႏွစ္လုံးကို Blender နဲ႔ႀကိတ္ ဒါမွမဟုတ္ ေထာင္းၿပီး ပိတ္ပါးထဲ ထည့္ညႇစ္ အရည္ကို ယူပါ
ထို႔ေနာက္ အေအးခံထားတဲ့ အုန္းဆီနဲ႔ ေရာေမႊ လိုက္ပါ ရရွိလာတဲ့ အရည္ကို ေရမခ်ိဳးမွီ ဦးေရျပားထိဆြတ္ၿပီးႏွိပ္နယ္ ခပ္႐ႊဲ႐ႊဲ သုတ္လိမ္းပါ ။ မိနစ္ ၂၀ ခန႔္ ထားၿပီးေနာက္ ေခါင္းေလွ်ာ္ လိုက္ပါ ။ ကဲဒါဆိုရင္ သင့္ဆံပင္ ေျခာက္ေသြ႕ သြားၿပီးတဲ့ အခါမွာ ဘယ္လို ထူးျခားတဲ့ ဆံပင္သားအိအိ ႏူးညံ့တဲ့ အထိ အေတြ႕ကို ကိုယ္တိုင္ခံစားၾကည့္ ပါစို႔ရဲ႕ ။
သင္ ဒီနည္းေလးကို ႏွစ္ႀကိမ္သုံးႀကိမ္ လုပ္ၿပီးၿပီ ဆိုတာနဲ႔ သင့္ရဲ႕ ဆံပင္ေတြဟာ ထူထူ ထဲထဲ သိပ္သိပ္ကေလး ျဖစ္လာၿပီး နက္ေျပာင္ အိစို အလွပို လာတာ လက္ေတြ႕ ဆိုတာ ျမင္ပါ လိမ့္မယ္ ။ ဆံပင္ႏွစ္ခြ ျဖစ္ျခင္းမွလည္း ကာကြယ္ေပးၿပီး ဆံပင္ကြၽတ္တာ သက္သာလို႔ ထိပ္ေျပာင္ျခင္း ေဝဒနာပါ ကင္းေဝးမွာ ျဖစ္တယ္
ဆံသားျဖဴျဖဴေတြေတာင္ ျပန္ၿပီး နက္ေမွာင္ လာတာကို သင္အံ့မခန္း ေတြ႕ႏိုင္မွာ ျဖစ္တာမို႔ မၾကာေစနဲ႔ေနာ္ အခုပဲစ စမ္းသပ္လိုက္ေတာ့…… ။
အလွအပဟာ လူနဲ႔တည့္ပါတယ္လို႔….
စႏၵီျမင့္မိုရ္
Unicode
ဆံပင်တွေ ကျန်းမာနေချင်တယ် ဆိုရင်
ရာသီဥတုတွေ မူမမှန်တဲ့အခါ မိမိတို့ရဲ့ ခန္ဓာကိုယ် ကြီးဟာလည်း ဖောက်လွဲ ဖောက်ပြန် ရောဂါများလည်း ဝင်လွယ်လာတော့တာ အသေအချာ ပါပဲ ။ မိမိတို့ ခန္ဓာကိုယ်မှာ အဓိက အကျဆုံးနဲ့ အလှ အပကို အကူအညီ အပေးနိုင်ဆုံးဟာ မိမိတို့ ဦးခေါင်း ပေါ်က ဆံပင်တွေပါပဲ ။ ကောင်းခြင်း အဖြာဖြာ ထဲမှာ ဆံပင်ရဲ့ ကောင်းခြင်း ဟာလည်း မင်္ဂလာ တစ်ပါးပါ ။
သင်တို့ရဲ့ ဆံပင်တွေ အရွယ်မတိုင်ခင် ဖြူနေ တာမျိုး ဆံသားတွေ ပျက်စီးပြီး ရုပ်ဆိုး နေတာမျိုး ဆံပင် ကျွတ်ခြင်းကြောင့် ထိပ်ပြောင်ခြင်း ဆံပင်သား ပါးလျခြင်း ဖြစ်နေ တာမျိုး သင်တို့မှာ ရှိသင့်တဲ့အလှကို ပျက်စေ တာမျိုးတွေ ဖြစ်နေပြီ ဆိုရင် သေချာတယ် သင်စိတ် မပျော်ရွှင်နိုင် တော့ဘူး ဆိုတာ ။
ဒါဆို ဘာလုပ် မလည်း သိပ်မတွေး ပါနဲ့ ဈေးကြီးကြီး ပစ္စည်းတွေလည်း ရှာဖွေ အားမဖြည့် ပါနဲ့ သင့်အတွက် သက်သာ လွယ်ကူစွာ ရှာဖွေလို့ ရနိုင်မဲ့ သဘာဝက ပေးတဲ့ အထောက်အကူ လေးတွေ ရှိပါတယ် ။ ပထမဆုံး ရှားစောင်း လက်ပတ် နှစ်ခု သုံးခုကို ရှာဖွေ လိုက်ပါ ရေနဲ့ သန့်စင်အောင် ဆေးပါ ပြီးရင် ဘေးအစွန်းတွေ လှီးဖြတ်ပြီး အတုံးလေးများ အနေတော် တုံးလိုက်ပါ
သဘာဝ အုန်းဆီ စစ်စစ် တစ်ဆယ်သားကို ခွက်သန့်သန့်မှာ ထည့်ပြီး မီးအပူ ပေးပါ အုန်းဆီ ပူလာပြီ ဆိုရင် ရှားစောင်းလက်ပတ် တုံးတွေ ထည့်ပြီး မွှေပါ အစိမ်းရောင်မှ အဝါရောင်သို့ပြောင်းလာပြီ ဆိုရင် မီးဖိုပေါ်ကချ ဇကာ ( သို့မဟုတ် ) ပိတ်ပါးလေးနဲ့ စစ်ပြီး အဖတ် များကိုဖယ်ထား လိုက်ပါ ကြက်သွန်နီ ဥ အနေတော် နှစ်လုံးကို Blender နဲ့ကြိတ် ဒါမှမဟုတ် ထောင်းပြီး ပိတ်ပါးထဲ ထည့်ညှစ် အရည်ကို ယူပါ
ထို့နောက် အအေးခံထားတဲ့ အုန်းဆီနဲ့ ရောမွှေ လိုက်ပါ ရရှိလာတဲ့ အရည်ကို ရေမချိုးမှီ ဦးရေပြားထိဆွတ်ပြီးနှိပ်နယ် ခပ်ရွှဲရွှဲ သုတ်လိမ်းပါ ။ မိနစ် ၂၀ ခန့် ထားပြီးနောက် ခေါင်းလျှော် လိုက်ပါ ။ ကဲဒါဆိုရင် သင့်ဆံပင် ခြောက်သွေ့ သွားပြီးတဲ့ အခါမှာ ဘယ်လို ထူးခြားတဲ့ ဆံပင်သားအိအိ နူးညံ့တဲ့ အထိ အတွေ့ကို ကိုယ်တိုင်ခံစားကြည့် ပါစို့ရဲ့ ။
သင် ဒီနည်းလေးကို နှစ်ကြိမ်သုံးကြိမ် လုပ်ပြီးပြီ ဆိုတာနဲ့ သင့်ရဲ့ ဆံပင်တွေဟာ ထူထူ ထဲထဲ သိပ်သိပ်ကလေး ဖြစ်လာပြီး နက်ပြောင် အိစို အလှပို လာတာ လက်တွေ့ ဆိုတာ မြင်ပါ လိမ့်မယ် ။ ဆံပင်နှစ်ခွ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီး ဆံပင်ကျွတ်တာ သက်သာလို့ ထိပ်ပြောင်ခြင်း ဝေဒနာပါ ကင်းဝေးမှာ ဖြစ်တယ်
ဆံသားဖြူဖြူတွေတောင် ပြန်ပြီး နက်မှောင် လာတာကို သင်အံ့မခန်း တွေ့နိုင်မှာ ဖြစ်တာမို့ မကြာစေနဲ့နော် အခုပဲစ စမ်းသပ်လိုက်တော့…… ။
အလှအပဟာ လူနဲ့တည့်ပါတယ်လို့….
စန္ဒီမြင့်မိုရ်
No Comments