
ဆံပင္ေတြဘာေၾကာင့္ကြၽတ္တာလဲ””’
ဆံပင္ကြၽတ္ျခင္းမွာ အေၾကာင္းရင္း အမ်ိဳးမ်ိဳး ရွိတတ္ၾကပါတယ္။ အမ်ားစုကို ၾကည့္မယ္ဆိုရင္ ေန႔တစ္ေန႔တာမွာ ဆံပင္အေခ်ာင္းေရ ၅၀ ကေန ၁၀၀ အထိ ပုံမွန္ ကြၽတ္တတ္ ၾကပါတယ္။ မ်ားေသာအားျဖင့္ ပုံမွန္ ဆံပင္ ကြၽတ္ျခင္းဆိုတာက ေခါင္းၿဖီးလိုက္တဲ့ အခါမွာ ဘီး မွာ ဆံပင္မ်ား ကပ္ညိလာျခင္းမ်ိဳး နဲ႔ အက်ီမၤွာ ဆံပင္တို႔ ကပ္ညိေနျခင္း မ်ိဳးကို ဆိုလိုတာ ျဖစ္ပါတယ္။ ပုံမွန္ မဟုတ္တဲ့ ဆံပင္ ကြၽတ္ျခင္း ဆိုတာကေတာ့ ဆံပင္ၿဖီးတဲ့ အခါတိုင္း ဆံပင္ေတြဟာ ဘီးမွာ အေထြးလိုက္ ပါလာတာမ်ိဳးနဲ႔ ေခါင္းေလွ်ာ္တဲ့အခါ ကြၽတ္ပါသြားၿပီးဆံပင္တို႔ တစ္ျဖည္းျဖည္း ပါးလ်လာျခင္းမ်ိဳးကို ဆိုလိုတာ ျဖစ္ပါတယ္။ ႐ုတ္တရက္ သိသိ သာသာ ဆံပင္မ်ား ကြၽတ္လာၿပီ ဆိုရင္ မေပါ့ပါ နဲ႔ ဆရာဝန္ နဲ႔ တိုင္ပင္တာမ်ိဳး ဆံပင္ကို ဂ႐ုစိုက္ေပးတာမ်ိဳး ျပဳလုပ္သင့္ ပါတယ္။
သြိဳင္း႐ြိက္””
သြိဳင္း႐ြိက္ဂလင္း နဲ႔ ပတ္သက္တဲ့ ျပႆနာမ်ိဳး ျဖစ္ေနၿပီ ဆိုရင္လည္း သင့္ဆံပင္ေတြ ကြၽတ္တတ္ ပါတယ္။ သြိဳင္း႐ြိက္ဂလင္း ဆိုတာဟာ သင့္လည္ပင္း ရဲ႕အေျခမွာ ရွိေနတဲ့ လိပ္ျပာပုံ သ႑ာန္ ဝလင္း တစ္ခုပဲ ျဖစ္ပါတယ္။ သြိဳင္း႐ြိက္ဂလင္း ဟာ လူ႔ ခႏၶာကိုယ္ ရဲ႕ လုပ္ေဆာင္မူွ အေတာ္မ်ားမ်ားကို ပုံမွန္ ျဖစ္ေအာင္ ထိန္းညႇိ ေပးထားတဲ့ ေဟၚမုန္းေတြကို ထုတ္ေပးေန တာပဲ ျဖစ္ပါတယ္။ သြိဳင္႐ြိက္ ေဟာ္မုန္း ထုတ္ေပးတဲ့ အနည္း အမ်ား ေပၚမွာ မူတည္ၿပီး ဆံပင္ေပါက္တဲ့ ျဖစ္စဥ္ လြဲမွား သြား တတ္တာပဲ ဖစ္တယ္လို႔ ဆိုပါတယ္။ သို႔ေပမဲ့ သြိဳင္း႐ြိက္ဂလင္း ေၾကာင့္ ျဖစ္တတ္တဲ့ ကိုယ္ အေလးခ်ိန္ က်ျခင္း တက္ျခင္း အပူ အေအး မခံႏိုင္ျခင္း ႏွလုံးခုန္ ေျပာင္းလဲျခင္း ေတြလို ေဝဒနာမ်ားေလာက္ ဆံပင္ကြၽတ္ျခင္း ဟာ မထင္ရွားတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။
ခုခံအား စနစ္””’
ခႏၶာ ကိုယ္ ရဲ႕ ခုခံအား စနစ္ ဟာ ဆံခ်ည္မွ်င္ အိတ္ ေတြကို မွားယြင္း တိုက္ခိုက္ တာေၾကာင့္ ဆံပင္ ကြၽတ္ျခင္း ျဖစ္ရတာ ျဖစ္ပါတယ္။ ေတြ႕ရခဲတဲ့ ေရာဂါတစ္ခုလို႔ ဆိုပါတယ္။ သို႔ပါေသာ္လည္း အဲ့ဒီလို ကြၽတ္သြားတဲ့ ဆံပင္ မ်ားရဲ႕ ေနရာမွာ ေျခာက္လ တစ္ႏွစ္ခန႔္ ၾကာရင္ ဆံပင္ေတြ ျပန္ေပါက္ လာႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။
ကေလး ေမြးတဲ့အခါ””
အခ်ိဳ႕ အမ်ိဳးသမီးေတြမွာ ကိုယ္ဝန္ေဆာင္ ေနစဥ္ အတြင္း ဆံပင္မ်ား တိုးလာတတ္ ပါတယ္။ကိုယ္ဝန္ ေဆာင္ခ်ိန္မွာ ေဟာ္မုန္ေတြ မ်ားလာတာေၾကာင့္ ဆံပင္မ်ားလည္း မကြၽတ္ေတာ့ပဲ တန႔္ေနတာ ျဖစ္ပါတယ္။ ဒါကေတာ့ ပုံမွန္ ျဖစ္႐ိုး ျဖစ္စဥ္လို႔ ဆိုရမွာပါ။ ကေလး ေမြးၿပီးတဲ့ အခ်ိန္မွာေတာ့ ေဟာ္မုန္းဟာ ပုံမွန္ အေျခေနကို ျပန္ေရာက္ သြားတာေၾကာင့္ ရပ္တန္ေနတဲ့ ဆံပင္ေတြဟာ အလွ်င္အျမန္ကို ကြၽတ္က် လာတာပဲ ဖစ္တယ္လို႔ ဆိုပါတယ္။ တစ္ခ်ိန္ထဲမွာပဲ ဆံပင္ေတြဟာ မ်ားစြာ ကြၽတ္ထြက္ သြားၾကၿပီး ဆံပင္မ်ား ပါးလ်လာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ေနာက္ႏွႏွစ္ခန႔္ ၾကာတဲ့ အခါမွာေတာ့ အံအားသင့္ေလာက္ေအာင္ ျပန္လည္ထူထဲ လာတာကို ေတြ႕ႀကဳံ ခံစားရ ျပန္မွာ ျဖစ္ပါတယ္။ ဒါကေတာ့ ပုံမွန္ ျဖစ္႐ိုး ျဖစ္စဥ္ တစ္ခုပါပဲ။
ေပြး””
ဦးေရျပား ေပၚမွာ ေပြး ေပါက္ခဲ့တယ္ဆိုရင္ေတာ့ ဦးေရျပားမ်ား ယားယံလာၿပီး ဆံပင္မ်ားကြၽတ္ထြက္ လာၾကပါ လိမ့္မယ္။ဒါဟာ မူွိပိုး ေၾကာင့္သာ ျဖစ္ပါတယ္။ ဒါကို မူွိပိုးသတ္တဲ့ ေဆး နဲ႔ ကုသ ရမွာ ျဖစ္ပါတယ္။ အဲ့ဒီ မူွိ ပိုးဟာ တိုက္႐ိုက္ ထိမိ တဲ့ ေနရာ မ်ား ကို အလြယ္တကူ ကူး စက္ ႏိုင္ ပါ တယ္။
ဆံပင္ ကြၽတ္ျခင္း နဲ႔ ေရာဂါ တစ္ခ်ိဳ႕ ဆက္စပ္မူွ ကို သိထားၿပီ မို႔ မိမိ ကိုယ္ကိုယ္ ဂ႐ုစိုက္ ဆင္ခ်င္ ႏိုင္ၾကပါေစ။
စႏၵီျမင့္မိုရ္#
Unicode
ဆံပင်တွေဘာကြောင့်ကျွတ်တာလဲ””’
ဆံပင်ကျွတ်ခြင်းမှာ အကြောင်းရင်း အမျိုးမျိုး ရှိတတ်ကြပါတယ်။ အများစုကို ကြည့်မယ်ဆိုရင် နေ့တစ်နေ့တာမှာ ဆံပင်အချောင်းရေ ၅၀ ကနေ ၁၀၀ အထိ ပုံမှန် ကျွတ်တတ် ကြပါတယ်။ များသောအားဖြင့် ပုံမှန် ဆံပင် ကျွတ်ခြင်းဆိုတာက ခေါင်းဖြီးလိုက်တဲ့ အခါမှာ ဘီး မှာ ဆံပင်များ ကပ်ညိလာခြင်းမျိုး နဲ့ အကျီၤမှာ ဆံပင်တို့ ကပ်ညိနေခြင်း မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆံပင် ကျွတ်ခြင်း ဆိုတာကတော့ ဆံပင်ဖြီးတဲ့ အခါတိုင်း ဆံပင်တွေဟာ ဘီးမှာ အထွေးလိုက် ပါလာတာမျိုးနဲ့ ခေါင်းလျှော်တဲ့အခါ ကျွတ်ပါသွားပြီးဆံပင်တို့ တစ်ဖြည်းဖြည်း ပါးလျလာခြင်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ရုတ်တရက် သိသိ သာသာ ဆံပင်များ ကျွတ်လာပြီ ဆိုရင် မပေါ့ပါ နဲ့ ဆရာဝန် နဲ့ တိုင်ပင်တာမျိုး ဆံပင်ကို ဂရုစိုက်ပေးတာမျိုး ပြုလုပ်သင့် ပါတယ်။
သွိုင်းရွိက်””
သွိုင်းရွိက်ဂလင်း နဲ့ ပတ်သက်တဲ့ ပြဿနာမျိုး ဖြစ်နေပြီ ဆိုရင်လည်း သင့်ဆံပင်တွေ ကျွတ်တတ် ပါတယ်။ သွိုင်းရွိက်ဂလင်း ဆိုတာဟာ သင့်လည်ပင်း ရဲ့အခြေမှာ ရှိနေတဲ့ လိပ်ပြာပုံ သဏ္ဍာန် ဝလင်း တစ်ခုပဲ ဖြစ်ပါတယ်။ သွိုင်းရွိက်ဂလင်း ဟာ လူ့ ခန္ဓာကိုယ် ရဲ့ လုပ်ဆောင်မူှ အတော်များများကို ပုံမှန် ဖြစ်အောင် ထိန်းညှိ ပေးထားတဲ့ ဟေါ်မုန်းတွေကို ထုတ်ပေးနေ တာပဲ ဖြစ်ပါတယ်။ သွိုင်ရွိက် ဟော်မုန်း ထုတ်ပေးတဲ့ အနည်း အများ ပေါ်မှာ မူတည်ပြီး ဆံပင်ပေါက်တဲ့ ဖြစ်စဉ် လွဲမှား သွား တတ်တာပဲ ဖစ်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ သွိုင်းရွိက်ဂလင်း ကြောင့် ဖြစ်တတ်တဲ့ ကိုယ် အလေးချိန် ကျခြင်း တက်ခြင်း အပူ အအေး မခံနိုင်ခြင်း နှလုံးခုန် ပြောင်းလဲခြင်း တွေလို ဝေဒနာများလောက် ဆံပင်ကျွတ်ခြင်း ဟာ မထင်ရှားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ခုခံအား စနစ်””’
ခန္ဓာ ကိုယ် ရဲ့ ခုခံအား စနစ် ဟာ ဆံချည်မျှင် အိတ် တွေကို မှားယွင်း တိုက်ခိုက် တာကြောင့် ဆံပင် ကျွတ်ခြင်း ဖြစ်ရတာ ဖြစ်ပါတယ်။ တွေ့ရခဲတဲ့ ရောဂါတစ်ခုလို့ ဆိုပါတယ်။ သို့ပါသော်လည်း အဲ့ဒီလို ကျွတ်သွားတဲ့ ဆံပင် များရဲ့ နေရာမှာ ခြောက်လ တစ်နှစ်ခန့် ကြာရင် ဆံပင်တွေ ပြန်ပေါက် လာနိုင်ပါတယ်လို့ ဆိုထားပါတယ်။
ကလေး မွေးတဲ့အခါ””
အချို့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင် နေစဉ် အတွင်း ဆံပင်များ တိုးလာတတ် ပါတယ်။ကိုယ်ဝန် ဆောင်ချိန်မှာ ဟော်မုန်တွေ များလာတာကြောင့် ဆံပင်များလည်း မကျွတ်တော့ပဲ တန့်နေတာ ဖြစ်ပါတယ်။ ဒါကတော့ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ်လို့ ဆိုရမှာပါ။ ကလေး မွေးပြီးတဲ့ အချိန်မှာတော့ ဟော်မုန်းဟာ ပုံမှန် အခြေနေကို ပြန်ရောက် သွားတာကြောင့် ရပ်တန်နေတဲ့ ဆံပင်တွေဟာ အလျှင်အမြန်ကို ကျွတ်ကျ လာတာပဲ ဖစ်တယ်လို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာပဲ ဆံပင်တွေဟာ များစွာ ကျွတ်ထွက် သွားကြပြီး ဆံပင်များ ပါးလျလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်နှနှစ်ခန့် ကြာတဲ့ အခါမှာတော့ အံအားသင့်လောက်အောင် ပြန်လည်ထူထဲ လာတာကို တွေ့ကြုံ ခံစားရ ပြန်မှာ ဖြစ်ပါတယ်။ ဒါကတော့ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ် တစ်ခုပါပဲ။
ပွေး””
ဦးရေပြား ပေါ်မှာ ပွေး ပေါက်ခဲ့တယ်ဆိုရင်တော့ ဦးရေပြားများ ယားယံလာပြီး ဆံပင်များကျွတ်ထွက် လာကြပါ လိမ့်မယ်။ဒါဟာ မူှိပိုး ကြောင့်သာ ဖြစ်ပါတယ်။ ဒါကို မူှိပိုးသတ်တဲ့ ဆေး နဲ့ ကုသ ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ မူှိ ပိုးဟာ တိုက်ရိုက် ထိမိ တဲ့ နေရာ များ ကို အလွယ်တကူ ကူး စက် နိုင် ပါ တယ်။
ဆံပင် ကျွတ်ခြင်း နဲ့ ရောဂါ တစ်ချို့ ဆက်စပ်မူှ ကို သိထားပြီ မို့ မိမိ ကိုယ်ကိုယ် ဂရုစိုက် ဆင်ချင် နိုင်ကြပါစေ။
စန္ဒီမြင့်မိုရ်#
No Comments