ဆံပင္အတြက္ ပန္းသီး
- By : Phoe Linn
- Category : beauty-tip
- Tags: ့health & beauty

ဆံပင္အတြက္ ပန္းသီး
ပန္းသီးဟာ သင္နဲ႔ လက္တစ္ကမ္းမွာ ရာသီမေ႐ြး ဝယ္ယူ ရရွိႏိုင္တဲ့ သစ္သီးတစ္မ်ိဳးပဲ မဟုတ္ပါလား။ ပန္းသီးရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးအာနိသင္ မ်ားစြာ ရေစႏိုင္တဲ့ အထဲက အခု ေဖာ္ျပေပးမွာကေတာ့ ပန္းသီးနဲ႔ သင့္ဆံပင္ ဆက္စပ္မႈ အက်ိဳးေတြပဲ ျဖစ္ပါတယ္။
ဆံပင္ သန္ဖို႔
ပန္းသီးဟာ ဆံပင္မ်ားကို သန္စြမ္းေစပါတယ္။ ပန္းသီးထဲမွာ ပါဝင္တဲ့ ဘိုင္အိုတင္ဓာတ္ေၾကာင့္ သင့္ဆံပင္ကို အားျပည့္ ေနေစမွာပဲ ျဖစ္ပါတယ္။ ဆံပင္တင္မက ေျခသည္း လက္သည္းေတြရဲ႕ က်န္းမာမႈကိုလည္း ေပးပါတယ္။
ဆံပင္ကြၽတ္ သက္သာေစဖို႔ကလည္း ဘိုင္အိုတင္ဟာ အသုံးဝင္ပါတယ္။ သုေတသီတို႔ရဲ႕ ေလ့လာခ်က္အရ ဘိုင္အိုတင္ဟာ ဆံပင္ကို သန္စြမ္း ေစၿပီး ဆံသားမ်ား တုတ္ခိုင္လာကာ
ဆံပင္ကို ထူထဲေစပါတယ္။ အမ်ားႀကီးမဟုတ္ပါဘူး တစ္ေန႔ကို ပန္းသီးတစ္လုံး စားေပး႐ုံနဲ႔ သင့္ဆံသားေတြ ေကာင္းမြန္စြာ သန္မာလာမွာ ျဖစ္ပါတယ္။
ဆံပင္ အရွည္ျမန္ျခင္း
သင့္ဆံပင္ေတြ အရွည္ေႏွးေနလို႔ သိပ္ စိတ္မပူပါနဲ႔။ ပန္းသီးကိုသာ စားသုံးပါ။ ပန္းသီးထဲမွာ ပ႐ိုဆိုင္နီဒင္ B2 ပါဝင္တာမို႔ ဆံပင္ထူၿပီး အရွည္ ျမန္ေစပါတယ္။ ဒါ့အျပင္ ဆံပင္ ပါးျခင္း ထိပ္ေျပာင္ျခင္း ကိုလည္း ကာကြယ္ေပးမွာ ျဖစ္ပါတယ္။
ဆံပင္ ကြၽတ္ျခင္း
ပန္းသီးထဲမွာ ဆံပင္မကြၽတ္ေအာင္ ကာကြယ္ႏိုင္တဲ့ ဓာတ္ေပါင္းေတြ ျဖစ္တဲ့ ေပ်ာ္ဝင္ႏိုင္စြမ္း မ်ားေသာ အမွ်င္ဓာတ္ ဖီေနာလစ္ျဒပ္ေပါင္း အင္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ေတြ ပါဝင္ပါတယ္။
အင္တီေအာက္ဆီးဒင့္ဟာ ဦးေရျပားရဲ႕ေသြးလည္ပတ္မူွကို ေကာင္းေစတာေၾကာင့္ ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ႏိုင္တာပဲ ျဖစ္ပါတယ္။
ေဗာက္ထျခင္း
ပန္းသီးရဲ႕ ႀကိတ္ညႇစ္ရည္ကို သင့္ဦးေရျပားမွာ လိမ္းေပးပါ။ ဦးေရျပားရဲ႕ နဂိုသဘာဝ အစိုဓာတ္ကို ထိန္းေပးႏိုင္တာမို႔ ေဗာက္ထျခင္း ကင္းေဝးေစပါတယ္။ ရွမ္ပူနဲ႔ ေခါင္းေလွ်ာ္ ၿပီးတဲ့အခါ ပန္းသီးအရည္ကို ဦးေရျပားေပၚ ေလာင္းၿပီး ညင္သာစြာ ႏွိပ္နယ္ေပးပါ။
ဆယ္မိနစ္ခန႔္ ထားၿပီး ေရေအးနဲ႔ သန႔္စင္ ေပးပါ။ ေဗာက္ထျခင္း ကင္းေဝးေစ႐ုံ သာမက ဆံသားမ်ားကိုပါ ေတာက္ေျပာင္ လာေစမွာ ျဖစ္ပါတယ္။
ကဲမိတ္ေဆြတို႔ေရ သက္သာလြယ္ကူၿပီး အက်ိဳးမ်ားတဲ့ သဘာဝ အိမ္တြင္းနည္းကေလးကို အသုံးျပဳၿပီး ဆံပင္ေတြကို ထိန္းသိမ္းလိုက္ပါစို႔….
စႏၵီျမင့္မိုရ္#
Unicode
ဆံပင်အတွက် ပန်းသီး
ပန်းသီးဟာ သင်နဲ့ လက်တစ်ကမ်းမှာ ရာသီမရွေး ဝယ်ယူ ရရှိနိုင်တဲ့ သစ်သီးတစ်မျိုးပဲ မဟုတ်ပါလား။ ပန်းသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးအာနိသင် များစွာ ရစေနိုင်တဲ့ အထဲက အခု ဖော်ပြပေးမှာကတော့ ပန်းသီးနဲ့ သင့်ဆံပင် ဆက်စပ်မှု အကျိုးတွေပဲ ဖြစ်ပါတယ်။
ဆံပင် သန်ဖို့
ပန်းသီးဟာ ဆံပင်များကို သန်စွမ်းစေပါတယ်။ ပန်းသီးထဲမှာ ပါဝင်တဲ့ ဘိုင်အိုတင်ဓာတ်ကြောင့် သင့်ဆံပင်ကို အားပြည့် နေစေမှာပဲ ဖြစ်ပါတယ်။ ဆံပင်တင်မက ခြေသည်း လက်သည်းတွေရဲ့ ကျန်းမာမှုကိုလည်း ပေးပါတယ်။
ဆံပင်ကျွတ် သက်သာစေဖို့ကလည်း ဘိုင်အိုတင်ဟာ အသုံးဝင်ပါတယ်။ သုတေသီတို့ရဲ့ လေ့လာချက်အရ ဘိုင်အိုတင်ဟာ ဆံပင်ကို သန်စွမ်း စေပြီး ဆံသားများ တုတ်ခိုင်လာကာ
ဆံပင်ကို ထူထဲစေပါတယ်။ အများကြီးမဟုတ်ပါဘူး တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးရုံနဲ့ သင့်ဆံသားတွေ ကောင်းမွန်စွာ သန်မာလာမှာ ဖြစ်ပါတယ်။
ဆံပင် အရှည်မြန်ခြင်း
သင့်ဆံပင်တွေ အရှည်နှေးနေလို့ သိပ် စိတ်မပူပါနဲ့။ ပန်းသီးကိုသာ စားသုံးပါ။ ပန်းသီးထဲမှာ ပရိုဆိုင်နီဒင် B2 ပါဝင်တာမို့ ဆံပင်ထူပြီး အရှည် မြန်စေပါတယ်။ ဒါ့အပြင် ဆံပင် ပါးခြင်း ထိပ်ပြောင်ခြင်း ကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
ဆံပင် ကျွတ်ခြင်း
ပန်းသီးထဲမှာ ဆံပင်မကျွတ်အောင် ကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ ဖြစ်တဲ့ ပျော်ဝင်နိုင်စွမ်း များသော အမျှင်ဓာတ် ဖီနောလစ်ဒြပ်ပေါင်း အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။
အင်တီအောက်ဆီးဒင့်ဟာ ဦးရေပြားရဲ့သွေးလည်ပတ်မူှကို ကောင်းစေတာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်တာပဲ ဖြစ်ပါတယ်။
ဗောက်ထခြင်း
ပန်းသီးရဲ့ ကြိတ်ညှစ်ရည်ကို သင့်ဦးရေပြားမှာ လိမ်းပေးပါ။ ဦးရေပြားရဲ့ နဂိုသဘာဝ အစိုဓာတ်ကို ထိန်းပေးနိုင်တာမို့ ဗောက်ထခြင်း ကင်းဝေးစေပါတယ်။ ရှမ်ပူနဲ့ ခေါင်းလျှော် ပြီးတဲ့အခါ ပန်းသီးအရည်ကို ဦးရေပြားပေါ် လောင်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
ဆယ်မိနစ်ခန့် ထားပြီး ရေအေးနဲ့ သန့်စင် ပေးပါ။ ဗောက်ထခြင်း ကင်းဝေးစေရုံ သာမက ဆံသားများကိုပါ တောက်ပြောင် လာစေမှာ ဖြစ်ပါတယ်။
ကဲမိတ်ဆွေတို့ရေ သက်သာလွယ်ကူပြီး အကျိုးများတဲ့ သဘာဝ အိမ်တွင်းနည်းကလေးကို အသုံးပြုပြီး ဆံပင်တွေကို ထိန်းသိမ်းလိုက်ပါစို့….
စန္ဒီမြင့်မိုရ်#
No Comments