ဆံပင္အတြက္ ပန္းသီး
- By : Kaung Khant
- Category : beauty-tip

ဆံပင္အတြက္ ပန္းသီး
ပန္းသီးဟာ သင္နဲ႔ လက္တစ္ကမ္း မွာ ရာသီ မေ႐ြး ဝယ္ယူ ရရွိႏိုင္တဲ့ သစ္သီး တစ္မ်ိဳးပဲ မဟုတ္ ပါလား ။ ပန္းသီးရဲ႕ က်န္းမာေရး ဆိုင္ရာ အက်ိဳး အာနိသင္ မ်ားစြာရ ေစႏိုင္တဲ့အထဲက အခု ေဖာ္ျပေပးမွာ ကေတာ့ ပန္းသီးနဲ႔ သင့္ ဆံပင္ ဆက္စပ္မႈ အက်ိဳးေတြပဲ ျဖစ္ပါတယ္ ။
ဆံပင္သန္ဖို႔
ပန္းသီး ဟာ ဆံပင္မ်ား ကို သန္စြမ္း ေစပါတယ္ ။ပန္းသီး ထဲမွာ ပါဝင္တဲ့ ဘိုင္အို တင္ဓာတ္ေၾကာင့္ သင့္ဆံပင္ကို အားျပည့္ ေနေစမွာပဲ ျဖစ္ပါတယ္ ။ ဆံပင္ တင္မက ေျခသည္း လက္သည္း ေတြရဲ႕က်န္းမာမႈ ကိုလည္း ေပးပါတယ္ ။ ဆံပင္ကြၽတ္ သက္သာ ေစဖို႔ ကလည္း ဘိုင္အိုတင္ဟာ အသုံးဝင္ ပါတယ္ ။
သုေတသီ တို႔ရဲ႕ေလ့လာခ်က္ အရ ဘိုင္အိုတင္ ဟာ ဆံပင္ကို သန္စြမ္း ေစၿပီး ဆံသားမ်ား တုတ္ခိုင္ လာကာ ဆံပင္ကို ထူထဲ ေစပါတယ္ ။ အမ်ားႀကီး မဟုတ္ ပါဘူး တစ္ေန႔ ကို ပန္းသီးတစ္လုံးစား ေပး႐ုံနဲ႔ သင့္ ဆံသားေတြ ေကာင္းမြန္စြာ သန္မာလာမွာ ျဖစ္ပါတယ္ ။
ဆံပင္အရွည္ ျမန္ျခင္း
သင့္ ဆံပင္ေတြ အရွည္ေႏွး ေနလို႔ သိပ္ စိတ္မပူပါနဲ႔ ။ ပန္းသီး ကိုသာ စားသုံးပါ ။ ပန္းသီး ထဲမွာ ပ႐ိုဆိုင္နီဒင္ B2 ပါဝင္ တာမို႔ ဆံပင္ ထူၿပီး အရွည္ျမန္ေစ ပါတယ္ ။ ဒါ့အျပင္ ဆံပင္ ပါးျခင္းထိပ္ေျပာင္ျခင္း ကိုလည္း ကာကြယ္ ေပးမွာ ျဖစ္ပါတယ္ ။
ဆံပင္ကြၽတ္ျခင္း
ပန္းသီး ထဲမွာ ဆံပင္ မကြၽတ္ေအာင္ ကာကြယ္ႏိုင္တဲ့ ဓာတ္ေပါင္းေတြ ျဖစ္တဲ့ ေပ်ာ္ဝင္ ႏိုင္စြမ္းမ်ားေသာ အမွ်င္ဓာတ္ ဖီေနာလစ္ ျဒပ္ေပါင္း အင္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ေတြ ပါဝင္ပါတယ္ ။ အင္တီ ေအာက္ဆီးဒင့္ဟာ ဦးေရျပားရဲ႕ေသြးလည္ပတ္မႈကို ေကာင္းေစ တာေၾကာင့္ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ ႏိုင္တာပဲ ျဖစ္ပါတယ္ ။
ေဗာက္ထျခင္း
ပန္းသီးရဲ႕ႀကိတ္ညႇစ္ရည္ကို သင့္ ဦးေရျပားမွာ လိမ္းေပးပါ ။ ဦးေရျပားရဲ႕ နဂို သဘာဝ အစိုဓာတ္ကို ထိန္းေပးႏိုင္တာမို႔ ေဗာက္ထျခင္း ကင္းေဝး ေစပါတယ္ ။ ရွမ္ပူနဲ႔ ေခါင္းေလွ်ာ္ ၿပီးတဲ့အခါ ပန္းသီး အရည္ကို ဦးေရျပားေပၚေလာင္း ၿပီး ညင္သာ စြာ ႏွိပ္နယ္ ေပးပါ ။ ဆယ္မိနစ္ခန႔္ထားၿပီး ေရေအးနဲ႔ သန႔္စင္ ေပးပါ ။ ေဗာက္ထျခင္း ကင္းေဝး ေစ႐ုံသာ မက ဆံသား မ်ားကိုပါ ေတာက္ေျပာင္ လာေစ မွာ ျဖစ္ပါတယ္ ။
ကဲ မိတ္ေဆြတို႔ေရ သက္သာ လြယ္ကူၿပီး အက်ိဳးမ်ားတဲ့
သဘာဝ အိမ္တြင္း နည္းကေလးကို အသုံးျပဳၿပီး ဆံပင္ ေတြကို ထိန္းသိမ္း လိုက္ပါစို႔….
စႏၵီျမင့္မိုရ္#
Unicode
ဆံပင်အတွက် ပန်းသီး
ပန်းသီးဟာ သင်နဲ့ လက်တစ်ကမ်း မှာ ရာသီ မရွေး ဝယ်ယူ ရရှိနိုင်တဲ့ သစ်သီး တစ်မျိုးပဲ မဟုတ် ပါလား ။ ပန်းသီးရဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုး အာနိသင် များစွာရ စေနိုင်တဲ့အထဲက အခု ဖော်ပြပေးမှာ ကတော့ ပန်းသီးနဲ့ သင့် ဆံပင် ဆက်စပ်မှု အကျိုးတွေပဲ ဖြစ်ပါတယ် ။
ဆံပင်သန်ဖို့
ပန်းသီး ဟာ ဆံပင်များ ကို သန်စွမ်း စေပါတယ် ။ပန်းသီး ထဲမှာ ပါဝင်တဲ့ ဘိုင်အို တင်ဓာတ်ကြောင့် သင့်ဆံပင်ကို အားပြည့် နေစေမှာပဲ ဖြစ်ပါတယ် ။ ဆံပင် တင်မက ခြေသည်း လက်သည်း တွေရဲ့ကျန်းမာမှု ကိုလည်း ပေးပါတယ် ။ ဆံပင်ကျွတ် သက်သာ စေဖို့ ကလည်း ဘိုင်အိုတင်ဟာ အသုံးဝင် ပါတယ် ။
သုတေသီ တို့ရဲ့လေ့လာချက် အရ ဘိုင်အိုတင် ဟာ ဆံပင်ကို သန်စွမ်း စေပြီး ဆံသားများ တုတ်ခိုင် လာကာ ဆံပင်ကို ထူထဲ စေပါတယ် ။ အများကြီး မဟုတ် ပါဘူး တစ်နေ့ ကို ပန်းသီးတစ်လုံးစား ပေးရုံနဲ့ သင့် ဆံသားတွေ ကောင်းမွန်စွာ သန်မာလာမှာ ဖြစ်ပါတယ် ။
ဆံပင်အရှည် မြန်ခြင်း
သင့် ဆံပင်တွေ အရှည်နှေး နေလို့ သိပ် စိတ်မပူပါနဲ့ ။ ပန်းသီး ကိုသာ စားသုံးပါ ။ ပန်းသီး ထဲမှာ ပရိုဆိုင်နီဒင် B2 ပါဝင် တာမို့ ဆံပင် ထူပြီး အရှည်မြန်စေ ပါတယ် ။ ဒါ့အပြင် ဆံပင် ပါးခြင်းထိပ်ပြောင်ခြင်း ကိုလည်း ကာကွယ် ပေးမှာ ဖြစ်ပါတယ် ။
ဆံပင်ကျွတ်ခြင်း
ပန်းသီး ထဲမှာ ဆံပင် မကျွတ်အောင် ကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ ဖြစ်တဲ့ ပျော်ဝင် နိုင်စွမ်းများသော အမျှင်ဓာတ် ဖီနောလစ် ဒြပ်ပေါင်း အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ် ။ အင်တီ အောက်ဆီးဒင့်ဟာ ဦးရေပြားရဲ့သွေးလည်ပတ်မှုကို ကောင်းစေ တာကြောင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ် နိုင်တာပဲ ဖြစ်ပါတယ် ။
ဗောက်ထခြင်း
ပန်းသီးရဲ့ကြိတ်ညှစ်ရည်ကို သင့် ဦးရေပြားမှာ လိမ်းပေးပါ ။ ဦးရေပြားရဲ့ နဂို သဘာဝ အစိုဓာတ်ကို ထိန်းပေးနိုင်တာမို့ ဗောက်ထခြင်း ကင်းဝေး စေပါတယ် ။ ရှမ်ပူနဲ့ ခေါင်းလျှော် ပြီးတဲ့အခါ ပန်းသီး အရည်ကို ဦးရေပြားပေါ်လောင်း ပြီး ညင်သာ စွာ နှိပ်နယ် ပေးပါ ။ ဆယ်မိနစ်ခန့်ထားပြီး ရေအေးနဲ့ သန့်စင် ပေးပါ ။ ဗောက်ထခြင်း ကင်းဝေး စေရုံသာ မက ဆံသား များကိုပါ တောက်ပြောင် လာစေ မှာ ဖြစ်ပါတယ် ။
ကဲ မိတ်ဆွေတို့ရေ သက်သာ လွယ်ကူပြီး အကျိုးများတဲ့
သဘာဝ အိမ်တွင်း နည်းကလေးကို အသုံးပြုပြီး ဆံပင် တွေကို ထိန်းသိမ်း လိုက်ပါစို့….
စန္ဒီမြင့်မိုရ်#
No Comments