
ဆံညပ်ကလစ် ကို မီနီဗင်ကားတစ်စီးရအောင် လဲနိုင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး
ဆန်ဖရန်စစ္စကိုက ဒီမီစကစ်ပါဆိုတဲ့ အမျိုးသမီးက သူမရဲ့ဆံညပ်ကလစ်ကို မီနီဗင်ကားတစ်စီးရအောင် ပစ္စည်းချင်း လဲပြီးနောက်မှာတော့ သူမရဲ့ ပန်းတိုင်ဖြစ်တဲ့ အိမ်တစ်လုံးနဲ့ ရအောင်လဲမယ် ဆိုတဲ့ စိန်ခေါ်မှု တစ်ခု လုပ်ခဲ့ပါတယ်။
စကစ်ပါက ကိုဗစ်ကာလအတွင်းမှာ အိမ်တွင်းအောင်းနေရလို့ အပျင်းလည်းပြေ အကျိုးလည်းရှိမယ် ကိစ္စ တစ်ခုကို လုပ်ချင်နေပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ ဆိုတာကို တွေးနေရင်းနဲ့ သူမအကြံတစ်ခု ရခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်တော့ ကစားရင်း လိုင်းပေါ်မှာ ပစ္စည်း လဲကြရအောင်ဆိုတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။
သူမက တစ်တော့ပေါ်မှာ သူမရဲ့ ဗီဒီယိုဖိုင်လေးတွေကို တင်ရင်း သူမရဲ့ ဆံညပ်ကလစ်ကို ဘာနဲ့ လဲချင်သလဲလို့ မေးပါတယ်။ သူမရဲ့ တစ်တော့က စိတ်ဝင်စားစရာလည်း ကောင်းတယ်ပြီးတော့ သူမက နေ့နေ့ ညညလည်း ကြိုးစားပြီး လိုင်းပေါ်ကို တင်နေလို့ သီတင်းပတ် အနည်းငယ် အတွင်းမှာ သူမမှာ ဖော်လိုဝါ ၃သန်းကျော် ရခဲ့ပါတယ်။
သူမကို ပထမဆုံး ပစ္စည်းလဲဖို့ ပြောတဲ့သူက ကလစ်နဲ့ နားကပ်တစ်ရံနဲ့ လဲမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူတို့ ဖုန်းဆက် ချိန်းဆိုပြီး ကလစ်နဲ့ နားကပ်တစ်ရံ လဲခဲ့ကြတယ်။
အဲ့ဒိနောက် ဒုတိယ ကမ်းလှမ်းသူက နားကပ်နဲ့ နေကာမျက်မှန် တစ်လက်နဲ့ လဲမယ်လို့ ပြောလာပါတယ်။ အဲ့လိုနဲ့ လဲလာလိုက်တာ ၁၃ယောက်မြောက်ရဲ့ အိုင်ဖုန်း၁၁ ပရိုမက်စ်နဲ့ လဲပြီးမှာတော့ သူမက တော်တော် ပျော်ရွှင်ခဲ့ရပါတယ်။
နာရက်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့တစ်တော့ကို အမြဲ ကြည့်တဲ့သူပါ။ သူမရဲ့ အမျိုသားက တစ်တော့ ကြည့်တာကို မကြိုက်ပါဘူး။
ဒါပေမဲ့ နာရက်က ဒီမီစကစ်ပါရဲ့ တစ်တော့ဗီဒီယိုဖိုင် အတိုလေးတွေနဲ့ ပစ္စည်း လဲကြရအောင်ဆိုတဲ့ အစီအစဉ်ကို ပြောပြတော့ ခင်ပွန်းဖြစ်သူ အာချူက တော်တော်စိတ်ဝင်စား သွားပါတယ်။ အဲ့ဒါနဲ့ သူက စကစ်ပါရဲ့ အိုင်ဖုန်း ၁၁ ကို သူ့ရဲ့ ၂၀၀၈ ဒေါဂျစ်ကား မီနီဗင်နဲ့ လဲဖို့အတွက် လမ်းလှမ်းခဲ့ပါတယ်။
သဘောတူညီမှုတွေ ရပြီးနောက်မှာတော့ အာချူက နာရီပေါင်း ၃၁ နာရီကြာအောင် မင်နီဆိုတာကနေ ဆန်ဖရန်စစ္စကို ထိရောက်အောင် မောင်းလာခဲ့ပြီး သူ့ရဲ့ ကားနဲ့ စကစ်ပါရဲ့အိုင်ဖုန်း ၁၁ ကို လဲယူ သွားခဲ့ပါတယ်။ အခုဆိုရင် သူမက ဆံညပ်ကလေးကို တစ်ဆင့်ပြီး တစ်ဆင့်လဲလာတာ မီနီဗင်တစ်စီး ရနေပါပြီ။
သူမက နောက် ၂လအတွင်းမှာ အိမ်တစ်လုံးနဲ့ ရအောင်လဲမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဲဒိအိမ်ရရင်တော့ ဂေဟာတစ်ခုခုကို လှူလိုက်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ အခုတော့ သူမက တစ်တော့ပေါ်မှာ ဗီဒီယိုဖိုင်လေးတွေ တင်ရင်း ပစ္စည်းလဲဖို့အတွက် တောင်းဆိုနေပါတယ်။
မောင်ယဿ, REF: 6abc.com, Photo; yahoo news
Zawgyi
ဆံညပ္ကလစ္ ကို မီနီဗင္ကားတစ္စီးရေအာင္ လဲႏိုင္ခဲ့တဲ့ အေမရိကန္အမ်ိဳးသမီး
ဆန္ဖရန္စစၥကိုက ဒီမီစကစ္ပါဆိုတဲ့ အမ်ိဳးသမီးက သူမရဲ႕ဆံညပ္ကလစ္ကို မီနီဗင္ကားတစ္စီးရေအာင္ ပစၥည္းခ်င္း လဲၿပီးေနာက္မွာေတာ့ သူမရဲ႕ ပန္းတိုင္ျဖစ္တဲ့ အိမ္တစ္လုံးနဲ႔ ရေအာင္လဲမယ္ ဆိုတဲ့ စိန္ေခၚမႈ တစ္ခု လုပ္ခဲ့ပါတယ္။
စကစ္ပါက ကိုဗစ္ကာလအတြင္းမွာ အိမ္တြင္းေအာင္းေနရလို႔ အပ်င္းလည္းေျပ အက်ိဳးလည္းရွိမယ္ ကိစၥ တစ္ခုကို လုပ္ခ်င္ေနပါတယ္။ ဘာလုပ္ရင္ ေကာင္းမလဲ ဆိုတာကို ေတြးေနရင္းနဲ႔ သူမအႀကံတစ္ခု ရခဲ့ပါတယ္။ အဲ့ဒါကေတာ့ တစ္ေတာ့ ကစားရင္း လိုင္းေပၚမွာ ပစၥည္း လဲၾကရေအာင္ဆိုတဲ့ အစီအစဥ္ကို စတင္ခဲ့ပါတယ္။
သူမက တစ္ေတာ့ေပၚမွာ သူမရဲ႕ ဗီဒီယိုဖိုင္ေလးေတြကို တင္ရင္း သူမရဲ႕ ဆံညပ္ကလစ္ကို ဘာနဲ႔ လဲခ်င္သလဲလို႔ ေမးပါတယ္။ သူမရဲ႕ တစ္ေတာ့က စိတ္ဝင္စားစရာလည္း ေကာင္းတယ္ၿပီးေတာ့ သူမက ေန႔ေန႔ ညညလည္း ႀကိဳးစားၿပီး လိုင္းေပၚကို တင္ေနလို႔ သီတင္းပတ္ အနည္းငယ္ အတြင္းမွာ သူမမွာ ေဖာ္လိုဝါ ၃သန္းေက်ာ္ ရခဲ့ပါတယ္။
သူမကို ပထမဆုံး ပစၥည္းလဲဖို႔ ေျပာတဲ့သူက ကလစ္နဲ႔ နားကပ္တစ္ရံနဲ႔ လဲမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။ အဲ့ဒါနဲ႔ သူတို႔ ဖုန္းဆက္ ခ်ိန္းဆိုၿပီး ကလစ္နဲ႔ နားကပ္တစ္ရံ လဲခဲ့ၾကတယ္။
အဲ့ဒိေနာက္ ဒုတိယ ကမ္းလွမ္းသူက နားကပ္နဲ႔ ေနကာမ်က္မွန္ တစ္လက္နဲ႔ လဲမယ္လို႔ ေျပာလာပါတယ္။ အဲ့လိုနဲ႔ လဲလာလိုက္တာ ၁၃ေယာက္ေျမာက္ရဲ႕ အိုင္ဖုန္း၁၁ ပ႐ိုမက္စ္နဲ႔ လဲၿပီးမွာေတာ့ သူမက ေတာ္ေတာ္ ေပ်ာ္႐ႊင္ခဲ့ရပါတယ္။
နာရက္ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕တစ္ေတာ့ကို အၿမဲ ၾကည့္တဲ့သူပါ။ သူမရဲ႕ အမ်ိဳသားက တစ္ေတာ့ ၾကည့္တာကို မႀကိဳက္ပါဘူး။
ဒါေပမဲ့ နာရက္က ဒီမီစကစ္ပါရဲ႕ တစ္ေတာ့ဗီဒီယိုဖိုင္ အတိုေလးေတြနဲ႔ ပစၥည္း လဲၾကရေအာင္ဆိုတဲ့ အစီအစဥ္ကို ေျပာျပေတာ့ ခင္ပြန္းျဖစ္သူ အာခ်ဴက ေတာ္ေတာ္စိတ္ဝင္စား သြားပါတယ္။ အဲ့ဒါနဲ႔ သူက စကစ္ပါရဲ႕ အိုင္ဖုန္း ၁၁ ကို သူ႔ရဲ႕ ၂၀၀၈ ေဒါဂ်စ္ကား မီနီဗင္နဲ႔ လဲဖို႔အတြက္ လမ္းလွမ္းခဲ့ပါတယ္။
သေဘာတူညီမႈေတြ ရၿပီးေနာက္မွာေတာ့ အာခ်ဴက နာရီေပါင္း ၃၁ နာရီၾကာေအာင္ မင္နီဆိုတာကေန ဆန္ဖရန္စစၥကို ထိေရာက္ေအာင္ ေမာင္းလာခဲ့ၿပီး သူ႔ရဲ႕ ကားနဲ႔ စကစ္ပါရဲ႕အိုင္ဖုန္း ၁၁ ကို လဲယူ သြားခဲ့ပါတယ္။ အခုဆိုရင္ သူမက ဆံညပ္ကေလးကို တစ္ဆင့္ၿပီး တစ္ဆင့္လဲလာတာ မီနီဗင္တစ္စီး ရေနပါၿပီ။
သူမက ေနာက္ ၂လအတြင္းမွာ အိမ္တစ္လုံးနဲ႔ ရေအာင္လဲမယ္လို႔ ဆုံးျဖတ္ထားပါတယ္။ အဲဒိအိမ္ရရင္ေတာ့ ေဂဟာတစ္ခုခုကို လႉလိုက္မယ္လို႔လည္း ဆုံးျဖတ္ထားပါတယ္။ အခုေတာ့ သူမက တစ္ေတာ့ေပၚမွာ ဗီဒီယိုဖိုင္ေလးေတြ တင္ရင္း ပစၥည္းလဲဖို႔အတြက္ ေတာင္းဆိုေနပါတယ္။
ေမာင္ယႆ, REF: 6abc.com, Photo; yahoo news
No Comments