ဆေးလိပ်သောက်တဲ့ မိသားစုက ကလေးတွေ အအေးမိ တုတ်ကွေးဖြစ်နိုင်ခြေ ပိုများ

ဆေးလိပ်သောက်တဲ့ မိသားစုက ကလေးတွေ အအေးမိ တုတ်ကွေးဖြစ်နိုင်ခြေ ပိုများ
International-news

ဆေးလိပ်သောက်တဲ့ မိသားစုက ကလေးတွေ အအေးမိ တုတ်ကွေးဖြစ်နိုင်ခြေ ပိုများ

မောင်ယဿ ( သြဂုတ် ၅ )

လေ့လာမှု အသစ်တစ်ခုအရ ဆေးရွက်ကြီးဆေးလိပ်တွေနဲ့ ဆေးခြောက် သောက်တဲ့ မိသားစု တွေမှာ နေထိုင်ရတဲ့ ကလေးတွေမှာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်စေတဲ့အပြင် အအေးမိတုတ်ကွေး ရောဂါဖြစ်နိုင်ချေပိုများတယ်လို့ သိရပါတယ်။

ဆေးလိပ်နဲ့ဆေးခြောက်သောက်တတ်တဲ့ ကလေးထိန်းနဲ့ မိဘ ၁၅၀၀ ရဲ့ အိမ်တွေက ကလေးတွေကို သုတေသနလုပ်ရာမှာ ကလေးတွေက အအေမိတုတ်ကွေးရောဂါဖြစ်မှု ပိုနေတာကို ဆေးလိပ်နဲ့ ဆေးခြောက် မသောက်တဲ့ မိသားစုတွေအိမ်ကနဲ့ နှိုင်းယှဉ်ပြီး သိခဲ့ရပါတယ်။

“ ဒီတွေ့ရှိမှုက ဆေးခြောက်မီးခိုးငွေ့က ဆေးရွက်ကြီးဆေးလိပ် မီးခိုငွေ့ထက် ပိုပြီး အန္တရာယ်ကင်းတယ်လို့ ဆိုတာတောင် နောက်ဆက်တွဲ ပြဿနာက မသေးဘူးဆိုတာ မီးမောင်းထိုးပြလိုက်တာပါပဲ။

ဆေးခြောက် မီးခိုးငွေကို တစ်ဆင့်ခံရှုလိုက်ရတဲ့ ကလေးတွေမှာ အအေးမိတုတ်ကွေး ရောဂါ အဝင်လွယ်တာကို တွေ့ရပါတယ်” လို့ ဝင်စတန်တက္ကသိုလ်က အရေးပေါ်ကျန်းမာရေး ဌာနက ပါမောက္ခ အာဒမ်ဂျွန်ဆင်က ဆိုပါတယ်။

သုတေသီခေါင်းဆောင်က ဆေးခြောက်က ရောဂါဖြစ်စေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ ကြောင့် ကလေးတွေမှာ ရောဂါကူးစက်လွယ်တာလို့ ရှင်းပြတာပါ။

“ကျနော်တို့ လေ့လာမှု အရ ကလေးထိန်းအများစုက ဆေးခြောက်သောက် ကြတယ်လေ။ သူတို့ကြောင့် ကလေးတွေမှာမလိုလားအပ်တဲ့ ရောဂါကူးစက် ခံရနိုင်တာကို ပြောပြတာပါ။ ဆေးခြောက်တောင် အဲ့လိုဖြစ်ရင် ဆေးရွက်ကြီး ဆေးလိပ်တွေဆိုရင် ပြောစရာတောင်မလိုဘူး” လို့ ဆိုပါတယ်။

အမေရိကန် ကော်လိုရာဒိုပြည်နယ်မှာက ဆေးခြောက်ရှုတာကို ဆေးဝါး အဖြစ်အသုံးပြုခွင့်ပေးထားပါတယ်။ သုတေသီတွေက ကော်လိုရာဒို ပြည်နယ်ကိုသွားပြီး ဆေးခြောက်သုံးတဲ့မိသားစုတွေ လိုက်လံတွေ့ဆုံပြီး လုပ်ခဲ့ပါတယ်။

ဆေးလိပ်မသောက်တဲ့ မိသားစုက လေးတွေ ဆေးရုံတက်တာနဲ့ ဆေးလိပ်သောက်တဲ့ မိသားစုက ကလေးတွေ ဆေးရုံတက်တာကို ယှဉ်ကြည့်ပြန်တော့လည်း ဆေးလိပ်သောက်မိသားစုက ကလေးတွေကို အရေးပေါ် မျာကုရတာများတယ်လို့လည်းဆိုပါတယ်။

REF: US News,Photo:Credit  britishlung cancer foundation

Zawgyi


ဆေးလိပ်သောက်တဲ့ မိသားစုက ကလေးတွေ အအေးမိ တုတ်ကွေးဖြစ်နိုင်ခြေ ပိုများ
ဆေးလိပ်သောက်တဲ့ မိသားစုက ကလေးတွေ အအေးမိ တုတ်ကွေးဖြစ်နိုင်ခြေ ပိုများ

မောင်ယဿ ( သြဂုတ် ၅ )









REF: US News
Photo: britishlung cancer foundation

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …