ဆေးခြောက် တစ်လင်ဗန်းနဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ မက်ဒေါနား

ဆေးခြောက် တစ်လင်ဗန်းနဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ မက်ဒေါနား
Cele News

ဆေးခြောက် တစ်လင်ဗန်းနဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ မက်ဒေါနား

ပုံမှန်အားဖြင့် ဟတ်ပီးဘတ်ဒေး လုပ်ကြတယ်ဆိုရင် ကိတ်မုန့်လေးဝယ်ပြီး ဖယောင်းတိုင်လေးထွန်း သူငယ်ချင်း အပေါင်းအသင်းတွေ နဲ့ ဟတ်ပီဘတ်ဒေးတူးယူ ဆိုပြီး သီချင်းတွေအတူတူ ဆိုပြီး မွေးနေ့ကို ကျင်းပကြပါတယ်။

အခုလို ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ နေတဲ့ ကာလမှာ မွေးနေ့ ကျရောက်တဲ့ သူတွေကတော့ ကိုယ့်မိသားစုနဲ့ အတူ ဟတ်ပီးဘတ်ဒေး ပွဲကျဉ်းကျဉ်း လေးတွေကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်း နေကြရပါတယ်။

ဆေးခြောက် တစ်လင်ဗန်းနဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ မက်ဒေါနား1

ပေါ့ပ်မင်းသမီးကြီး မက်ဒေါ်နားကတော့ သြဂုတ်လ ၁၆ရက်နေ့ က သူမရဲ့ ၆၂နှစ်ပြည့် မွေးနေ့ပွဲကိုတော့ သူများလို ကိတ်မုန့် မခွဲဘဲ ဆေးခြောက် တစ်လင်ဗန်းနဲ့ ဟတ်ပီးဘတ်ဒေး လိုက်ပါတယ်။

ဒီကနေ့ မှာ သူမက သူမရဲ့ အင်စတာဂရမ်မှာ မွေးနေ့ပွဲ ကျင်းပတဲ့ အကြောင်းကို ပုံတွေ တင်လာပါတယ်။ ၆၂နှစ်ပြည့် မွေးနေ့ အတွက် မိသားစုတွေ သူငယ်ချင်းတွေ နဲ့ ဂျမေကာက အိမ်မှာ ပျော်ရွင်စွာ ကျင်းပတဲ့ ပုံတွေပါ။ အဓိက ကတော့ သူမက သူမရဲ့ မွေးနေ့ပွဲမှာ ဆေးခြောက်ဗန်းကြီးတစ်ဗန်းနဲ့ ကဲတာကို ပြချင်တာပါ။

နောက်ပြီးတော့ သူမက မွေးနေ့ပွဲ ပုံတင်မက ပဲ သူမရဲ့ ဘဲငယ်ငယ်လေး အာလ်မာလိခ်ဝီလျှံ ရယ် သမီးအကြီး ဆုံး လောရာဒီနဲ့ အတူ နိုက်အောက် ထွက်တဲ့ပုံ တွေလည်း တင်ထားပါတယ်။

ဆေးခြောက် တစ်လင်ဗန်းနဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ မက်ဒေါနား3

သြဂုတ်လ ၁၇ရက်နေ့ မနက်မှာ မနေ့က နဲ့ ညဖက် တစ်ညလုံး လျှောက်ကဲတဲ့ ပုံတွေ တစ်ပြုံကြီးပဲ အင်စတာဂရမ်ပေါ်ကို တင်ထားတာတွေ့ ရပါတယ်။

သူမမှာ ဖော်လိုဝါ ၁၅.၄ သန်းကျော် ရှိပါတယ်။ ကင်မရာရှေ့မှာ ဆေးခြောက်တွေ ကို ဗန်းကြီးနဲ့ ထည့်ပြီး ပွတ်ချွန်းတစ်လိပ်ကို ခဲကာ ဟန်ပါပါ ဓာတ်ပုံ အရိုက်ခံ ခဲ့ပါတယ်။

သူမက ပုံတွေမှာ “ ဂျမေကာ ကနေ ကြိုဆိုပါတယ်။ ဘဲလေး အာလ်မာလိခ်အတွက်ပါ” လို့ ပုံစာတပ်ထား ပါတယ်။ သူမက သူမရဲ့ ကယ်လီဖိုးနီးယားက ဒန်ဆာ တစ်ယောက်ဖြစ်တဲ့ အာလ်မာလိခ် (၂၆နှစ်) နဲ့ ၂ယောက်တွဲ ပုံတွေလည်း တင်ထားတဲ့အပြင် သမီးကြီးဖြစ်သူ လောရာဒီ (၃၂နှစ်) နဲ့ တွဲရိုက်ထားတဲ့ ပုံတွေလည်း တင်ထားပါတယ်။

ဆေးခြောက် တစ်လင်ဗန်းနဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ မက်ဒေါနား2

မက်ဒေါ်နားမှာက ကိုယ်တိုင်မွေးထားတဲ့ ကလေး၂ယောက်နဲ့ မွေးစားထားတဲ့ ကလေး ၄ယောက် ရှိပါတယ်။ သူတို့အားလုံး ဂျမေကာမှာ သွားပြီး အနားယူ နေကြပါတယ်။

ဂျမေကာက လှပတဲ့ကမ်းခြေနဲ့ နွေးထွေးတဲ့ နေရောင်အောက်မှာ မိသားစုလိုက် အနားယူ နေကြတာပါ။ မွေးနေ့ ပွဲကိုလာဖို့ အတွက် ဂျမေကာက မိတ်ဆွေတွေကိုပဲ ဖိတ်ပြီး ကျင်းပခဲ့ပါတယ်။

မောင်ယဿ, REF: express.co, Photo ; instergram

Zawgyi

ေဆးေျခာက္ တစ္လင္ဗန္းနဲ႔ ေမြးေန႔ပြဲ က်င္းပတဲ့ မက္ေဒါနား

ပုံမွန္အားျဖင့္ ဟတ္ပီးဘတ္ေဒး လုပ္ၾကတယ္ဆိုရင္ ကိတ္မုန႔္ေလးဝယ္ၿပီး ဖေယာင္းတိုင္ေလးထြန္း သူငယ္ခ်င္း အေပါင္းအသင္းေတြ နဲ႔ ဟတ္ပီဘတ္ေဒးတူးယူ ဆိုၿပီး သီခ်င္းေတြအတူတူ ဆိုၿပီး ေမြးေန႔ကို က်င္းပၾကပါတယ္။

အခုလို ကိုဗစ္-၁၉ ေရာဂါ ျပန႔္ႏွံ႔ ေနတဲ့ ကာလမွာ ေမြးေန႔ က်ေရာက္တဲ့ သူေတြကေတာ့ ကိုယ့္မိသားစုနဲ႔ အတူ ဟတ္ပီးဘတ္ေဒး ပြဲက်ဥ္းက်ဥ္း ေလးေတြကို ေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္သန္း ေနၾကရပါတယ္။

ေပါ့ပ္မင္းသမီးႀကီး မက္ေဒၚနားကေတာ့ ၾသဂုတ္လ ၁၆ရက္ေန႔ က သူမရဲ႕ ၆၂ႏွစ္ျပည့္ ေမြးေန႔ပြဲကိုေတာ့ သူမ်ားလို ကိတ္မုန႔္ မခြဲဘဲ ေဆးေျခာက္ တစ္လင္ဗန္းနဲ႔ ဟတ္ပီးဘတ္ေဒး လိုက္ပါတယ္။

ဒီကေန႔ မွာ သူမက သူမရဲ႕ အင္စတာဂရမ္မွာ ေမြးေန႔ပြဲ က်င္းပတဲ့ အေၾကာင္းကို ပုံေတြ တင္လာပါတယ္။ ၆၂ႏွစ္ျပည့္ ေမြးေန႔ အတြက္ မိသားစုေတြ သူငယ္ခ်င္းေတြ နဲ႔ ဂ်ေမကာက အိမ္မွာ ေပ်ာ္႐ြင္စြာ က်င္းပတဲ့ ပုံေတြပါ။ အဓိက ကေတာ့ သူမက သူမရဲ႕ ေမြးေန႔ပြဲမွာ ေဆးေျခာက္ဗန္းႀကီးတစ္ဗန္းနဲ႔ ကဲတာကို ျပခ်င္တာပါ။

ေနာက္ၿပီးေတာ့ သူမက ေမြးေန႔ပြဲ ပုံတင္မက ပဲ သူမရဲ႕ ဘဲငယ္ငယ္ေလး အာလ္မာလိခ္ဝီလွ်ံ ရယ္ သမီးအႀကီး ဆုံး ေလာရာဒီနဲ႔ အတူ ႏိုက္ေအာက္ ထြက္တဲ့ပုံ ေတြလည္း တင္ထားပါတယ္။

ၾသဂုတ္လ ၁၇ရက္ေန႔ မနက္မွာ မေန႔က နဲ႔ ညဖက္ တစ္ညလုံး ေလွ်ာက္ကဲတဲ့ ပုံေတြ တစ္ၿပဳံႀကီးပဲ အင္စတာဂရမ္ေပၚကို တင္ထားတာေတြ႕ ရပါတယ္။

သူမမွာ ေဖာ္လိုဝါ ၁၅.၄ သန္းေက်ာ္ ရွိပါတယ္။ ကင္မရာေရွ႕မွာ ေဆးေျခာက္ေတြ ကို ဗန္းႀကီးနဲ႔ ထည့္ၿပီး ပြတ္ခြၽန္းတစ္လိပ္ကို ခဲကာ ဟန္ပါပါ ဓာတ္ပုံ အ႐ိုက္ခံ ခဲ့ပါတယ္။

သူမက ပုံေတြမွာ “ ဂ်ေမကာ ကေန ႀကိဳဆိုပါတယ္။ ဘဲေလး အာလ္မာလိခ္အတြက္ပါ” လို႔ ပုံစာတပ္ထား ပါတယ္။ သူမက သူမရဲ႕ ကယ္လီဖိုးနီးယားက ဒန္ဆာ တစ္ေယာက္ျဖစ္တဲ့ အာလ္မာလိခ္ (၂၆ႏွစ္) နဲ႔ ၂ေယာက္တြဲ ပုံေတြလည္း တင္ထားတဲ့အျပင္ သမီးႀကီးျဖစ္သူ ေလာရာဒီ (၃၂ႏွစ္) နဲ႔ တြဲ႐ိုက္ထားတဲ့ ပုံေတြလည္း တင္ထားပါတယ္။

မက္ေဒၚနားမွာက ကိုယ္တိုင္ေမြးထားတဲ့ ကေလး၂ေယာက္နဲ႔ ေမြးစားထားတဲ့ ကေလး ၄ေယာက္ ရွိပါတယ္။ သူတို႔အားလုံး ဂ်ေမကာမွာ သြားၿပီး အနားယူ ေနၾကပါတယ္။

ဂ်ေမကာက လွပတဲ့ကမ္းေျခနဲ႔ ေႏြးေထြးတဲ့ ေနေရာင္ေအာက္မွာ မိသားစုလိုက္ အနားယူ ေနၾကတာပါ။ ေမြးေန႔ ပြဲကိုလာဖို႔ အတြက္ ဂ်ေမကာက မိတ္ေဆြေတြကိုပဲ ဖိတ္ၿပီး က်င္းပခဲ့ပါတယ္။

ေမာင္ယႆ, REF: express.co, Photo ; instergram

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …