ဆူပူေသာင္းၾကမ္းမႈေတြၾကားက ၾကင္နာတတ္တဲ့ သားအဖ၂ေယာက္

ဆူပူေသာင္းၾကမ္းမႈေတြၾကားက ၾကင္နာတတ္တဲ့ သားအဖ၂ေယာက္
International-news

ဆူပူေသာင္းၾကမ္းမႈေတြၾကားက ၾကင္နာတတ္တဲ့ သားအဖ၂ေယာက္

အိႏၵိယလႊတ္ေတာ္က ႏိုင္ငံသားလြတ္ၿငိမ္းခ်မ္းသာမႈ ဥပေဒကိုျပဌန္းလိုက္ေတာ့ နယူးေဒလီက တကၠသိုလ္ေက်ာင္းသားေတြနဲ႔ အထက္တန္းေက်ာင္းသားေတြက အဲ့ဒိဥပေဒကို ကန႔္ကြက္တဲ့အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကပါတယ္။

ရဲေတြက အၾကမ္းဖက္ႏွိမ္နင္းမႈ ျပဳတဲ့ေနာက္ပိုင္းမွာ အမ်ိဳးသားေရးအစြန္းေရာက္ဝါဒီေတြ ပါဝင္လာၿပီး ဆူပူလႈတ္ရွားမႈ ေတြျဖစ္လာၾကတယ္။ ျပဌန္းလိုက္တဲ့ ဥပေဒအရ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းေနတဲ့ မူဆလင္ေတြက အလို အေလ်ာက္ ႏိုင္ငံသားျဖစ္ခြင့္ ရေတာ့မွာကို မေက်နပ္တာက ဇာတ္လမ္းစတာပါ။

အခုေတာ့ အျခားမူဆလင္ေတြကို အၾကမ္းဖက္တာ သတ္ျဖတ္တာနဲ႔ မူဆလင္ပိုင္ အိမ္ေတြနဲ႔ ဆိုင္ေတြပါ မီးရႈိ႕ ဖ်က္ဆီးတဲ့ အဆင့္ထိ ေရာက္လာပါတယ္။ ဆူပူလႈတ္ရွားမႈေတြ ျဖစ္ေနတဲ့ အထဲကေန ၾကင္နာတတ္တဲ့ ဆစ္ခ္လူမ်ိဳး သားအဖ ၂ေယာက္ေပၚလာခဲ့ပါတယ္။

သူတို႔ သားအဖ၂ေယာက္က နယူးေဒလီၿမိဳ႕ အနီးပတ္ဝန္းက်င္မွာရွိတဲ့ မူဆလင္ လူနည္းစုရွိတဲ့ ႐ြာေတြကေန ကေလးေတြ အမ်ိဳးသမီးေတြနဲ႔ အသက္ႀကီးသူေတြကို သူတို႔ဆိုင္ကယ္နဲ႔ နယူးေဒလီကို ေန႔စဥ္ေခါက္တုံ႔ေခါက္ျပန္ သယ္ပို႔ေပးေနပါတယ္။ ေစတနာ့ဝန္ထမ္း ဆစ္ခ္ သားအဖပါ။

မိုဟင္ဒါဆင္းဂ္ (၅၃ႏွစ္)နဲ႔ သူ႔သား အင္ဒါဂ်စ္ဆင္းဂ္ တို႔က သူတို႔ဆိုင္ကယ္မွာ အမ်ိဳးသမီးနဲ႔ ကေလးေတြဆိုရင္ ၄၊၅ေယာက္ႏႈန္း အမ်ိဳးသားနဲ႔ ကေလးေတြဆိုရင္ ၃ ၊ ၄ ေယာက္ႏႈန္းနဲ႔ သယ္ပို႔ ေနပါတယ္။

အခုဆိုရင္ သူတို႔ သယ္ပို႔ေပးတဲ့ လူဦးေရ က ၆၀ ေက်ာ္ ၇၀ ထဲကိုေရာက္ေနပါၿပီး ဆူပူေသာင္းက်န္မႈ ျဖစ္ေနတဲ့ ေနရာေတြက အမ်ိဳးသားေတြကိုသယ္ယူေတာ့မယ္ဆိုရင္ သူတို႔ ဆစ္ခ္လူမ်ိဳးေတြ ေပါင္းတဲ့ ေခါင္းေပါင္းကိုစြပ္ၿပီး ေခၚယူရပါတယ္။

မိုဟင္ဒါဆင္းဂ္က “ က်ေနာ့္မ်က္ေစ့ထဲမွာ ဟင္ဒူေတြ မူဆလင္ေတြ ဆိုၿပီးခြဲမျမင္ပါဘူး။ သူတို႔အားလုံးက လူေတြပါပဲ။ က်ေနာ္ျမင္တာ ကေလးသူငယ္ေတြ အမ်ိဳးသမီးေတြ အိုႀကီးအိုမေတြပါပဲ။ သူတို႔ေတြက ဆူပူ ေသာင္း က်န္းမႈမွာ မ ပါ ဝင္ ပါ ဘူး ။

က်ေနာ္ကေတာ့ လူသား ဆန္ ခ်င္ ပါ တယ္။ အဲ့ဒါေၾကာင့္ ဒီလိုလုပ္ရတာပါပဲ။ သူတို႔အကူအညီ လိုေန တယ္။ က်ေနာ္အကူအညီေပးတယ္။ ဒါ့အျပင္က်ေနာ္ ဘာေျပာရမွလဲ”လို႔ ဟတ္ဖင္တန္ပို႔စ္ သတင္းစာကိုေျပာ ပါတယ္။

သူကေတာ့ “ဘာသာတရားက က်ေနာ္တို႔ကိုဆုံးမတာ စိတ္ထားေကာင္းေကာင္းထားဖို႔ ပဲ ဆိုပါတယ္။ က်ေနာ္ျဖတ္သန္းခဲ့ရတဲ့ ၁၉၄၈ ဆစ္ခ္ ဆန႔္က်င္ေရး အဓိက႐ုဏ္းတုန္းကလည္း ဒီလိုပါပဲ”လို႔ေျပာပါတယ္။

ေမာင္ယႆ REF: world of buzz
Photo; huffinton post

Unicode

ဆူပူသောင်းကြမ်းမှုတွေကြားက ကြင်နာတတ်တဲ့ သားအဖ၂ယောက်

အိန္ဒိယလွှတ်တော်က နိုင်ငံသားလွတ်ငြိမ်းချမ်းသာမှု ဥပဒေကိုပြဌန်းလိုက်တော့ နယူးဒေလီက တက္ကသိုလ်ကျောင်းသားတွေနဲ့ အထက်တန်းကျောင်းသားတွေက အဲ့ဒိဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။

ရဲတွေက အကြမ်းဖက်နှိမ်နင်းမှု ပြုတဲ့နောက်ပိုင်းမှာ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေ ပါဝင်လာပြီး ဆူပူလှုတ်ရှားမှု တွေဖြစ်လာကြတယ်။ ပြဌန်းလိုက်တဲ့ ဥပဒေအရ နိုင်ငံရေးခိုလှုံခွင့်တောင်းနေတဲ့ မူဆလင်တွေက အလို အလျောက် နိုင်ငံသားဖြစ်ခွင့် ရတော့မှာကို မကျေနပ်တာက ဇာတ်လမ်းစတာပါ။

အခုတော့ အခြားမူဆလင်တွေကို အကြမ်းဖက်တာ သတ်ဖြတ်တာနဲ့ မူဆလင်ပိုင် အိမ်တွေနဲ့ ဆိုင်တွေပါ မီးရှို့ ဖျက်ဆီးတဲ့ အဆင့်ထိ ရောက်လာပါတယ်။ ဆူပူလှုတ်ရှားမှုတွေ ဖြစ်နေတဲ့ အထဲကနေ ကြင်နာတတ်တဲ့ ဆစ်ခ်လူမျိုး သားအဖ ၂ယောက်ပေါ်လာခဲ့ပါတယ်။

သူတို့ သားအဖ၂ယောက်က နယူးဒေလီမြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မူဆလင် လူနည်းစုရှိတဲ့ ရွာတွေကနေ ကလေးတွေ အမျိုးသမီးတွေနဲ့ အသက်ကြီးသူတွေကို သူတို့ဆိုင်ကယ်နဲ့ နယူးဒေလီကို နေ့စဉ်ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးနေပါတယ်။ စေတနာ့ဝန်ထမ်း ဆစ်ခ် သားအဖပါ။

မိုဟင်ဒါဆင်းဂ် (၅၃နှစ်)နဲ့ သူ့သား အင်ဒါဂျစ်ဆင်းဂ် တို့က သူတို့ဆိုင်ကယ်မှာ အမျိုးသမီးနဲ့ ကလေးတွေဆိုရင် ၄၊၅ယောက်နှုန်း အမျိုးသားနဲ့ ကလေးတွေဆိုရင် ၃ ၊ ၄ ယောက်နှုန်းနဲ့ သယ်ပို့ နေပါတယ်။

အခုဆိုရင် သူတို့ သယ်ပို့ပေးတဲ့ လူဦးရေ က ၆၀ ကျော် ၇၀ ထဲကိုရောက်နေပါပြီး ဆူပူသောင်းကျန်မှု ဖြစ်နေတဲ့ နေရာတွေက အမျိုးသားတွေကိုသယ်ယူတော့မယ်ဆိုရင် သူတို့ ဆစ်ခ်လူမျိုးတွေ ပေါင်းတဲ့ ခေါင်းပေါင်းကိုစွပ်ပြီး ခေါ်ယူရပါတယ်။

မိုဟင်ဒါဆင်းဂ်က “ ကျနော့်မျက်စေ့ထဲမှာ ဟင်ဒူတွေ မူဆလင်တွေ ဆိုပြီးခွဲမမြင်ပါဘူး။ သူတို့အားလုံးက လူတွေပါပဲ။ ကျနော်မြင်တာ ကလေးသူငယ်တွေ အမျိုးသမီးတွေ အိုကြီးအိုမတွေပါပဲ။ သူတို့တွေက ဆူပူ သောင်း ကျန်းမှုမှာ မ ပါ ဝင် ပါ ဘူး ။

ကျနော်ကတော့ လူသား ဆန် ချင် ပါ တယ်။ အဲ့ဒါကြောင့် ဒီလိုလုပ်ရတာပါပဲ။ သူတို့အကူအညီ လိုနေ တယ်။ ကျနော်အကူအညီပေးတယ်။ ဒါ့အပြင်ကျနော် ဘာပြောရမှလဲ”လို့ ဟတ်ဖင်တန်ပို့စ် သတင်းစာကိုပြော ပါတယ်။

သူကတော့ “ဘာသာတရားက ကျနော်တို့ကိုဆုံးမတာ စိတ်ထားကောင်းကောင်းထားဖို့ ပဲ ဆိုပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ၁၉၄၈ ဆစ်ခ် ဆန့်ကျင်ရေး အဓိကရုဏ်းတုန်းကလည်း ဒီလိုပါပဲ”လို့ပြောပါတယ်။

မောင်ယဿ REF: world of buzz
Photo; huffinton post

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …