ဆူဒန်မှာ အစိုးရနဲ့ သူပုန်အုပ်စု ၅စု ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ

ဆူဒန်မှာ အစိုးရနဲ့ သူပုန်အုပ်စု ၅စု ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ
International-news

ဆူဒန်မှာ အစိုးရနဲ့ သူပုန်အုပ်စု ၅စု ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ

ဆူဒန်နိုင်ငံရဲ့ ကြားဖြတ်အစိုးရက သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူ စာချုပ် တစ်ရပ်ကို သူပုန်အုပ်စု ၅စုနဲ့ တနင်္လာနေ့က ရေးထိုးနိုင်ခဲ့ပြီ ဖြစ်လို့ အာဏါရှင်ဟောင်း အိုမာအယ်ဘရှား လက်ထက်က ခွဲထွက်ခဲ့တဲ့ သူပုန်တွေနဲ့ အစိုးရကြားမှာ ရှိတဲ့ အကြမ်းဖက်မှုတွေနဲ့ လက်နက်စွဲကိုင် တော်လှန်မှုတွေကို အဆုံးသတ် နိုင်ခဲ့ပါပြီ။

စီးပွားရေး၊ နယ်မြေ ပိုင်ဆိုင်မှု အခွင့်အရေး နဲ့ နိုင်ငံရေး ကိုယ်စား ပြုမှုတို့ ပေါ်မှာ အခြေပြုပြီး ဆွေးနွေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ခဲ့လို့ အာဏါ ခွဲဝေလိုတဲ့ ကြာဖြတ် အစိုးရနဲ့ သူပုန်အုပ်စုတွေက ဂျူဒါမြို့ မှာ လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။

ဆူဒန်မှာ အစိုးရနဲ့ သူပုန်အုပ်စု ၅စု ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ1

လွန်ခဲ့တဲ့ တစ်နှစ်လောက်က အာဏါရှင် ဘရှားကို ရာထူးကနေ ဖယ်ရှား လိုက်ပြီးနောက် ယာယီ ဖွဲ့ထားတဲ့ ကြားဖြတ်အစိုးရက သူပုန် အုပ်စုတွေနဲ့ ဒူးတိုက် ဆွေးနွေးမှုတွေကို အသည်းအသန် လုပ်ခဲ့ပါတယ်။ လက်ရှိ ရေးထိုးလိုက်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်က ပျက်ဆီးနေတဲ့ ဆူဒန်နိုင်ငံကို အဖတ်ဆယ် နိုင်တော့မှာပါ။

အာဏါရှင် ဘရှားကိုတော့ ၁၉၈၉ အာဏါသိမ်းမှု နဲ့ ၂၀၀၃ ဒါဖာ ပဋိပက္ခ မှာ လူရာနဲ့ ချီပြီး သတ်ဖြတ်မှုအတွက် စစ်တရားခံအဖြစ် တရားစွဲတင် ထားပါတယ်။ ဆူဒန်တောင်ပိုင်း ခရစ်ယာန်အုပ်စုနဲ့ မူဆလင်တွေကြားမှာ ဖြစ်တဲ့ ပြည်တွင်းစစ်မှာ ဘရှားက အကြမ်းဖက်မှု အများကြီး ပြု လုပ်ခဲ့ပါတယ်။

ဆူဒန်မှာ အစိုးရနဲ့ သူပုန်အုပ်စု ၅စု ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ2

ဒါပေမဲ့ အခုတော့ အစိုးရ အတိုက်အခံ အင်အားစုတွေ အားလုံး ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်တွေ ရခဲ့ပါပြီ။ အစိုးရသစ်မှာ ဆူဒန်ပြည်သူ့ လွတ်မြောက်ရေး လှုပ်ရှားမှု မြောက်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင် မိုဟာမက် ဟန်ဒန်ဒါဂါလို နဲ့ ဆူဒန် လွတ်မြောက်ရေး တပ်ခေါင်းဆောင် အယ်ဘ်ဒယ်ဝါဟစ် အယ်နား တို့လည်း ပါဝင်လာ ပါတယ်။

ဥရောပ သမဂ္ဂက အဆင့်မြင့် ပုဂ္ဂိုလ်တွေက အဲ့ဒိငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြည့်အ၀ ထောက်ခံ ပေးခဲ့ပါတယ်။ ဆူဒန်နိုင်ငံရဲ့ အပြောင်းအလဲအတွက် ဥရောပသမဂ္ဂ အနေနဲ့ စွမ်းနိုင်သလောက် အကူအညီ ပေးသွားဖို့ကို အာမခံခဲ့ပါတယ်။

ဆူဒန်မှာ အစိုးရနဲ့ သူပုန်အုပ်စု ၅စု ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ3

အမေရိကန် နော်ေ၀ နဲ့ ဗြိတိန်တို့ကလည်း အစိုးရနဲ့ သူပုန်အုပ်စုတွေ ကြားမှာ ငြိမ်းချမ်းရေး သဘောတူညီမှု ရပြီးပြီ ဖြစ်လို့ အစိုးရအဖွဲ့ တစ်ခုကို အမြန် အကောင်အထည် ဖော်ဖို့အတွက် တိုက်တွန်း ထားပါတယ်။

“ ဘယ် ဆူဒန်နိုင်ငံသား မဆို ငြိမ်းချမ်းစွာ နေပိုင်ခွင့် ရှိရမယ်။ တူညီတဲ့ အခွင့်အလမ်းနဲ့ တာဝန်ခံမှု ရှိရမယ်” လို့ ၃နိုင်ငံ ကြေညာချက်ကို ထုတ်ပြန် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို က ဆူဒန်နိုင်ငံကို အလည်အပတ် သွားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကို ထောက်ခံခဲ့ပါတယ်။

မောင်ယဿ, REF: UPI, Photo : UPI

Zawgyi

ဆူဒန္မွာ အစိုးရနဲ႔ သူပုန္အုပ္စု ၅စု ၿငိမ္းခ်မ္းေရး လက္မွတ္ ေရးထိုးႏိုင္ခဲ့ၿပီ

ဆူဒန္ႏိုင္ငံရဲ႕ ၾကားျဖတ္အစိုးရက သမိုင္းဝင္ ၿငိမ္းခ်မ္းေရး သေဘာတူ စာခ်ဳပ္ တစ္ရပ္ကို သူပုန္အုပ္စု ၅စုနဲ႔ တနလၤာေန႔က ေရးထိုးႏိုင္ခဲ့ၿပီ ျဖစ္လို႔ အာဏါရွင္ေဟာင္း အိုမာအယ္ဘရွား လက္ထက္က ခြဲထြက္ခဲ့တဲ့ သူပုန္ေတြနဲ႔ အစိုးရၾကားမွာ ရွိတဲ့ အၾကမ္းဖက္မႈေတြနဲ႔ လက္နက္စြဲကိုင္ ေတာ္လွန္မႈေတြကို အဆုံးသတ္ ႏိုင္ခဲ့ပါၿပီ။

စီးပြားေရး၊ နယ္ေျမ ပိုင္ဆိုင္မႈ အခြင့္အေရး နဲ႔ ႏိုင္ငံေရး ကိုယ္စား ျပဳမႈတို႔ ေပၚမွာ အေျချပဳၿပီး ေဆြးေႏြးတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ေအာင္ျမင္ခဲ့လို႔ အာဏါ ခြဲေဝလိုတဲ့ ၾကာျဖတ္ အစိုးရနဲ႔ သူပုန္အုပ္စုေတြက ဂ်ဴဒါၿမိဳ႕ မွာ လက္မွတ္ ေရးထိုး ႏိုင္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က အာဏါရွင္ ဘရွားကို ရာထူးကေန ဖယ္ရွား လိုက္ၿပီးေနာက္ ယာယီ ဖြဲ႕ထားတဲ့ ၾကားျဖတ္အစိုးရက သူပုန္ အုပ္စုေတြနဲ႔ ဒူးတိုက္ ေဆြးေႏြးမႈေတြကို အသည္းအသန္ လုပ္ခဲ့ပါတယ္။ လက္ရွိ ေရးထိုးလိုက္တဲ့ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္က ပ်က္ဆီးေနတဲ့ ဆူဒန္ႏိုင္ငံကို အဖတ္ဆယ္ ႏိုင္ေတာ့မွာပါ။

အာဏါရွင္ ဘရွားကိုေတာ့ ၁၉၈၉ အာဏါသိမ္းမႈ နဲ႔ ၂၀၀၃ ဒါဖာ ပဋိပကၡ မွာ လူရာနဲ႔ ခ်ီၿပီး သတ္ျဖတ္မႈအတြက္ စစ္တရားခံအျဖစ္ တရားစြဲတင္ ထားပါတယ္။ ဆူဒန္ေတာင္ပိုင္း ခရစ္ယာန္အုပ္စုနဲ႔ မူဆလင္ေတြၾကားမွာ ျဖစ္တဲ့ ျပည္တြင္းစစ္မွာ ဘရွားက အၾကမ္းဖက္မႈ အမ်ားႀကီး ျပဳ လုပ္ခဲ့ပါတယ္။

ဒါေပမဲ့ အခုေတာ့ အစိုးရ အတိုက္အခံ အင္အားစုေတြ အားလုံး ၿငိမ္းခ်မ္းေရးအတြက္ သေဘာတူညီခ်က္ေတြ ရခဲ့ပါၿပီ။ အစိုးရသစ္မွာ ဆူဒန္ျပည္သူ႔ လြတ္ေျမာက္ေရး လႈပ္ရွားမႈ ေျမာက္ပိုင္းတပ္ဖြဲ႕ ေခါင္းေဆာင္ မိုဟာမက္ ဟန္ဒန္ဒါဂါလို နဲ႔ ဆူဒန္ လြတ္ေျမာက္ေရး တပ္ေခါင္းေဆာင္ အယ္ဘ္ဒယ္ဝါဟစ္ အယ္နား တို႔လည္း ပါဝင္လာ ပါတယ္။

ဥေရာပ သမဂၢက အဆင့္ျမင့္ ပုဂၢိဳလ္ေတြက အဲ့ဒိၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို အျပည့္အ၀ ေထာက္ခံ ေပးခဲ့ပါတယ္။ ဆူဒန္ႏိုင္ငံရဲ႕ အေျပာင္းအလဲအတြက္ ဥေရာပသမဂၢ အေနနဲ႔ စြမ္းႏိုင္သေလာက္ အကူအညီ ေပးသြားဖို႔ကို အာမခံခဲ့ပါတယ္။

အေမရိကန္ ေနာ္ေ၀ နဲ႔ ၿဗိတိန္တို႔ကလည္း အစိုးရနဲ႔ သူပုန္အုပ္စုေတြ ၾကားမွာ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈ ရၿပီးၿပီ ျဖစ္လို႔ အစိုးရအဖြဲ႕ တစ္ခုကို အျမန္ အေကာင္အထည္ ေဖာ္ဖို႔အတြက္ တိုက္တြန္း ထားပါတယ္။

“ ဘယ္ ဆူဒန္ႏိုင္ငံသား မဆို ၿငိမ္းခ်မ္းစြာ ေနပိုင္ခြင့္ ရွိရမယ္။ တူညီတဲ့ အခြင့္အလမ္းနဲ႔ တာဝန္ခံမႈ ရွိရမယ္” လို႔ ၃ႏိုင္ငံ ေၾကညာခ်က္ကို ထုတ္ျပန္ ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္ကလည္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး မိုက္ပြန္ပီယို က ဆူဒန္ႏိုင္ငံကို အလည္အပတ္ သြားခဲ့ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ကို ဦးေဆာင္တဲ့ ၾကားျဖတ္အစိုးရကို ေထာက္ခံခဲ့ပါတယ္။

ေမာင္ယႆ, REF: UPI, Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …