
International-news







မောင်ယဿ


Unicode

ဆုံးသွားတဲ့ လီဗာပူးပရိသက်အတွက် အုပ်ဂူမှာသွားပြီး အောင်ပွဲခံ

ပြီးခဲ့တဲ့ရက်က လီဗာပူးအသင်းက ခရစ္စတယ်ပဲလေ့ကို ၅-ဝဂိုးနဲ့ နိုင်ပြီး မန်စီတီး အသင်းက ချယ်ဆီးကို ၂-၁ဂိုးနဲ့ ရှုံး လို့ လက်ကျန်ပွဲ ၇ပွဲ အလိုမှာပဲ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ဆုတ်ကိုင်နိုင်ခဲ့ ပါတယ်။ လီဗာပူးရဲ့ ဖန်တစ်ယောက်ဖြစ်တဲ့ ဆာဂျလီတစ်ယောက်ကတော့ သူအနှစ် ၃၀ ကျော် အားပေးလာတဲ့ အသင်း ချန်ပီယံ ပြန်ဖြစ်သွားပြီ ဆိုတာကို မသိနိုင်တော့ပါဘူး ။ သူ့အတွက် က ဒီနှစ် ဇန်နဝါရီလမှာ မန်ယူ အသင်းကို လီဗာပူး အနိုင် ကစားပြီးတော့ အောင်ပွဲ ခံခဲ့တာကို နောက်ဆုံး မြင်ခဲ့ရတာပါ ။

လီဗာပူးရဲ့ ၁၉ကြိမ်မြောက်ဖလားယူတာကို မြင်ချင်ခဲ့တဲ့ သူ့ရဲ့ ဆန္ဒက သူ့အတွက် မပြည့်ဝခဲ့ ပါဘူး။ ဒါကို သိတဲ့ သူ့ရဲ့ ညီတွေက လီဗာပူး ဖလားယူပြီး အောင်ပွဲခံချိန်မှာပဲ သူတို့ က သူတို့အကိုရဲ့ အုပ်ဂူဆီကိုသွားပြီး အောင်ပွဲခံခဲ့ကြပါတယ် ။ အဲ့ဒိအကြောင်းကို အောင်ပွဲသွားခံ တဲ့ ညီတွေက လိုင်းပေါ်ကိုတင်လိုက်တဲ့အခါမှာ ချက်ခြင်းကိုပဲ လူ ၆ထောင် ကျော်က သူတို့ရဲ့ ပို့စ်ကိုရှယ်ခဲ့ကြပြီး လူ၃သောင်းနီးပါးက LIKE ပေးခဲ့ကြပါတယ် ။

သူတို့က လီဗာပူးရဲ့ we”ll never walk alone (ငါတို့ချည်းပဲ မသွားဘူး) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အောင်ပွဲ ကို သူတို့အကိုနဲ့ အတူ ခံစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အုပ်ဂူဆီမှာ သွားအောင်ပွဲခံခဲ့တာပါလို့ ဆိုတယ် ။ “ကျနော့် ဦးလေးတွေက ဒီနေ့ပဲ နယ်ကနေ ချက်ခြင်း အိမ်ကိုလာကြတယ် ။ ပြီးတော့ ချန်ပီယံ လီဗာပူးအတွက် အောင်ပွဲခံကြမယ်လို့ လာပြောတယ်”လို့ ဆုံးသွားတဲ့ လီဗာပူး ပရိသတ်ရဲ့ သားဖြစ်သူကဆိုတယ် ။

လာရောက်တဲ့ ဦးလေးဖြစ်သူတွေနဲ့ သူ့အဖေက လီဗာပူး ပရိသတ်တွေဖြစ်ပြီး သူတို့က လီဗာပူးပွဲတွေကို တစ်ရာသီလုံး တစ်ပွဲမှ မလွတ်တမ်း အားပေးခဲ့ကြတဲ့ သူတွေပါ ။ လူပျိုဘဝ ကတည်းက သူတို့ ညီအကိုတွေ အားလုံး လီဗာပူးကိုပဲ အားပေးခဲ့တာပါ ။ အိမ်ထောင်တွေ ကျပြီး ခွဲသွားလည်း သူတို့က လီဗာပူးပွဲရှိတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဖုန်းဆက်အကြောင်းကြားပြီး ပွဲ ကြည့်လေ့ရှိ ကြပါတယ် ။

“အခုတော့ ကျနော်အဖေနဲ့ ဦးလေးတွေရဲ့ အသင်းလီဗာပူးက ချန်ပီယံဖြစ်ခဲ့ပါပြီ ။ သူကတော့ မရှိတော့ပေမဲ့ သူ့ရဲ့ အမှတ်တရ အုပ်ဂူမှာကျနော်တို့ သွားပြီး အောင်ပွဲခံသင့် ပါတယ်လို့ ဆုံးဖြတ်ခဲ့တာပါ” လို့ သားဖြစ်သူက ဆိုပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; twitter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …