
International-news








source; forbes
မောင်ယဿ ref; mirror .uk

photo by google

Unicode

ဆုမရဘူးပြောလို့ ပွဲမတက်တာလို့ တေလာဆွစ်ဆို

၆၂ ကြိမ်မြောက် ဂရမ္မီ ဆုပေးပွဲ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့ က စတေဘဲလ် စင်တာမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ တေလာဆွစ်နဲ့ သူ့အဖွဲ့ကို အခမ်းအနား တက်ရောက်ဖို့အတွက် ဖိတ်စာပို့ ချိန်က သူမအနေနဲ့ ဆုရနိုင်ချေရှိလားလို့ ဆုရွေးချယ်ရေးအဖွဲ့ကို ဖုန်းဆက်မေးမြန်းချိန်မှာ အားလုံးက မပြောနိုင်ဘူးဆိုပြီး ပြန်ဖြေလို့ ပွဲမတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ တေလာဆွစ်က ဆိုတယ်။

“ဘယ်သူမှ ကျမ ဆုရမယ်လို့ အာမ မခံခဲ့ဘူးလေ။ အဲ့တော့ ဘာလုပ်ဖို့ ပွဲ သွားတက်နေရမှာလဲ” လို့ ဆိုတယ်။ တေလာဆွစ် (၃၀ နှစ်) က ဂရမ္မီ ဆန်ခါတင် စာရင်းမှာ တစ်နှစ်တာ အကောင်းဆုံးဆုမှာ ပါဝင်ခဲ့လို့ သူမက ဆုရနိုင် မရနိုင်ကို သိချင်စိတ် အလွန်ပြင်းပြ ခဲ့ပါတယ်။ ဒါကြောင့်သူမက ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေဆီကို ဖုန်းဆက်ခဲ့တာပါ။

သူမရဲ့ အဖွဲ့ကလည်း သူမဆုရနိုင် မရနိုင် ကို အသည်းအသန် ကြိုးစား စုံးစမ်း ကြည့်ပါသေးတယ်။ ဘယ်လိုမှ စုံစမ်းလို့ မရမှန်းသိလို့ သူတို့က လက်လျှော့လိုက်ပြီး ဒီပွဲကို မတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲ့ဒိပွဲကိုတော့ ဆယ်ကျော်သက် အဆိုတော်မလေး ဘီလီ အီလစ်ရှ်က ဆု ၅ ဆု သိမ်းယူပြီး အောင်ပွဲ ခံခဲ့ပါတယ်။

ဆုရွေးချယ်ရေး အဖွဲ့ဝင်ခြောက်ဦးက “သူမရဲ့ အဖွဲ့တွေက ဖုန်း ခေါ်ကြပါတယ်။ သူမ ဂရမ္မီ ဆု ရနိုင်တာ သေချာသလား ဆိုပြီး မေးကြတာပါ။ ကျနော်တို့ အနေနဲ့က ဆုပေးပွဲကို သူမ မလာတာအတွက် နားလည် ပေးလို့ ရပါတယ်။ သူမ မလာလို့လည်း ဘာမှ မဖြစ်သွားပါဘူး။

လာရင်တော့ ပို ကောင်းတာပေါ့။ သူမကို အဲ့လို ဆုရပါတယ်လို့ သတင်းကြိုပေးလိုက်ရင် ကျန်တာတွေ အားလုံး အလကား ဖြစ်သွားမှာပေါ့” လို့ ဆိုတယ်။ နောက်ထပ် ကြားရတဲ့ တိုးတိုး သတင်းကတော့ တေလာဆွစ်က ဆုရမယ် သေချာမှ ပွဲတက်ချင်တာတဲ့ ၊ သူမက အမြဲလို အနိုင် လိုချင်နေတာတဲ့။

သူမက အနိုင်မရဘူး ဆိုရင် သူများကို မုဒိတာ ပွားပေးဖို့ အတွက်တောင် မအားဘူးလို့ ဆိုတာပါ။ အဲ့ဒိသတင်းက ပွလာလို့ တေလာဆွစ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က “ မဟုတ်ရ ပါဘူး။ ဒီလို အခြေအမြစ်မရှိ တဲ့ သတင်းတွေက ၁၀၀% အမှားတွေပါ။ သူမ ဂရမ္မီဆုပေးပွဲကို မသွားတာက အခြားသော အကြာင်းကြောင့်ပါ” လို့ ငြင်းဆန်သွားပါတယ်။

source; forbes
မောင်ယဿ ref; mirror .uk

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …