
ဆီးႀကိတ္ကင္ဆာကို ႏိုင္ႏိုင္နင္းနင္း ကုသလို႔ရေနပါၿပီ
၂၁ရာစုမွာ လူသားေတြအတြက္ အေအာင္ျမင္ဆုံး အရာကို ေျပာပါဆိုရင္ ေဆးဝါး နဲ႔ ေဆးကုသျခင္း အတတ္ပညာပါပဲ။ လြန္ခဲ့တဲ့ ႏွစ္ ၅၀ေလာက္က ကု မရဘူးဆိုတဲ့ ေရာဂါ ေတာ္ေတာ္မ်ားမ်ားကို ဒီဖက္ေခတ္မွာ ကုသႏိုင္ေနပါၿပီ။
ဒါေပမဲ့ ဒီေန႔ေခတ္ထိ ေဆးပညာ ရွင္ေတြ ကုသဖို႔ေရာ ေရာဂါရင္းျမစ္ ရွာေဖြဖို႔ အတြက္ေရာ ႐ုန္းကန္ေနရတဲ့ ေရာဂါကေတာ့ ကင္ဆာပါပဲ။ ေနာက္ဆုံးေပၚ သုေတသနေတြက ကင္ဆာကို ေစာစီးစြာ ေရာဂါသ႐ုပ္ ခြဲႏိုင္ရင္ လူ႔အသက္ေပါင္း မ်ားစြာကို ကယ္ဆယ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။
ဆီးႀကိတ္ကင္ဆာက အမ်ိဳးသားေတြမွာ ေလးခုေျမာက္ အျဖစ္မ်ားဆုံး ေရာဂါတစ္ခုပါ။ ဒါေပမဲ့ ဆီးႀကိတ္ကင္ဆာရဲ႕၅၀% က ႀကိဳတင္ ကာကြယ္လို႔ ရပါတယ္။
ကင္ဆာသုေတသန အတြက္ႏိုင္ငံတကာ ေအဂ်င္စီရဲ႕ ေလ့လာမႈတစ္ခုအရ ဆီးႀကိတ္ကင္ဆာက မျဖစ္ခင္ ၁၀ႏွစ္ေလာက္ ႀကိဳၿပီေတာ့ သိႏိုင္တဲ့အတြက္ ကာကြယ္ဖို႔အတြက္ လြယ္ကူပါတယ္ လို႔ ဆိုပါတယ္။
အဲ့ဒိစမ္းသက္ခ်က္အရ ဆီးအိမ္ထဲမွာ ဗီဇထြန္းျခင္းေတြ ျဖစ္လာတာကို စမ္းသက္တာပါ။ သုေတသန စမ္းသက္ခ်က္ကို အသက္ ၄၅ ႏွစ္ကေန ၇၀ႏွစ္ အတြင္း အီရန္ႏိုင္ငံသား ၅၀၀၀၀ ရဲ႕ ဆီးနမူနာကို ယူၿပီး ျပဳလုပ္ခဲ့တာပါ။
အဲ့ဒိထဲက ၁၃၁ ေယာက္က ဆီးႀကိတ္ကင္ဆာေရာဂါ လကၡဏါ ကို ေတြ႕ရွိခဲ့ရၿပီး အေယာက္ ၃၀ ကိုေတာ့ ၁၀ႏွစ္ေက်ာ္ ကတည္းက ႀကိဳတင္သိခဲ့ရပါတယ္။
၁၄ေယာက္ကသာ ဗီဇထြန္းျခင္းေၾကာင့္ျဖစ္တဲ့ ကင္ဆာေရာဂါကို ခံစားေနရတာပါ။ အဲ့လို ႀကိဳသိလိုက္တဲ့အတြက္ ကာကြယ္မႈ ရခဲ့လို႔ အသက္အႏၲရာယ္ ေဘးကေန လြတ္ေျမာက္ခဲ့ ပါတယ္။
အခု ဆီးႀကိတ္ကင္ဆာ ေရာဂါသည္ေတြကို ဆိုက္တိုစကုတ္ပီ လို႔ ေခၚတဲ့ ကုသနည္းနဲ႔ မွန္ေျပာင္းသြင္း ၾကည့္ရႈ႕ၿပီး ကုသႏိုင္ပါၿပီ။ ဆီးႀကိတ္ကင္ဆာေရာဂါ လကၡဏါေတြကေတာ့ ဆီးတြင္းေသြးပါျခင္း ဆီးမထိန္းႏိုင္ျခင္း ဆီးခုံ႐ိုးတစ္ဝိုက္ နာက်င္ ကိုက္ခဲျခင္း ေျခေထာက္ေဖာေရာင္လာျခင္း နဲ႔ ကိုယ္အေလးခ်ိန္ က်ဆင္းလာျခင္းတို႔ပဲ ျဖစ္ပါတယ္။
ဆီးႀကိတ္ကင္ဆာက ေဆးလိပ္ေသာက္ျခင္း လုပ္ငန္းခြင္ထဲမွာ ဒါမွမဟုတ္ လူမႈဘဝမွာ ပလက္စတစ္ထဲမွာပါတဲ့ ဓာတုပစၥည္းေတြနဲ႔ ထိေတြ႕ မႈနဲ႔ ဆက္စပ္ေနတယ္လို႔ ဆိုတယ္။ ခြဲစိတ္ ကုသမယ္။ ဓာတ္ေရာင္ျခည္ေပး ကုသမယ္။ ဓာတုေဆးသြင္း ကုသျခင္းေတြနဲ႔ ကုသလို႔ ရေနပါၿပီ။
ေမာင္ယႆ REF: world of buzz
Photo; medical news today
Unicode
ဆီးကြိတ်ကင်ဆာကို နိုင်နိုင်နင်းနင်း ကုသလို့ရနေပါပြီ
၂၁ရာစုမှာ လူသားတွေအတွက် အအောင်မြင်ဆုံး အရာကို ပြောပါဆိုရင် ဆေးဝါး နဲ့ ဆေးကုသခြင်း အတတ်ပညာပါပဲ။ လွန်ခဲ့တဲ့ နှစ် ၅၀လောက်က ကု မရဘူးဆိုတဲ့ ရောဂါ တော်တော်များများကို ဒီဖက်ခေတ်မှာ ကုသနိုင်နေပါပြီ။
ဒါပေမဲ့ ဒီနေ့ခေတ်ထိ ဆေးပညာ ရှင်တွေ ကုသဖို့ရော ရောဂါရင်းမြစ် ရှာဖွေဖို့ အတွက်ရော ရုန်းကန်နေရတဲ့ ရောဂါကတော့ ကင်ဆာပါပဲ။ နောက်ဆုံးပေါ် သုတေသနတွေက ကင်ဆာကို စောစီးစွာ ရောဂါသရုပ် ခွဲနိုင်ရင် လူ့အသက်ပေါင်း များစွာကို ကယ်ဆယ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဆီးကြိတ်ကင်ဆာက အမျိုးသားတွေမှာ လေးခုမြောက် အဖြစ်များဆုံး ရောဂါတစ်ခုပါ။ ဒါပေမဲ့ ဆီးကြိတ်ကင်ဆာရဲ့၅၀% က ကြိုတင် ကာကွယ်လို့ ရပါတယ်။
ကင်ဆာသုတေသန အတွက်နိုင်ငံတကာ အေဂျင်စီရဲ့ လေ့လာမှုတစ်ခုအရ ဆီးကြိတ်ကင်ဆာက မဖြစ်ခင် ၁၀နှစ်လောက် ကြိုပြီတော့ သိနိုင်တဲ့အတွက် ကာကွယ်ဖို့အတွက် လွယ်ကူပါတယ် လို့ ဆိုပါတယ်။
အဲ့ဒိစမ်းသက်ချက်အရ ဆီးအိမ်ထဲမှာ ဗီဇထွန်းခြင်းတွေ ဖြစ်လာတာကို စမ်းသက်တာပါ။ သုတေသန စမ်းသက်ချက်ကို အသက် ၄၅ နှစ်ကနေ ၇၀နှစ် အတွင်း အီရန်နိုင်ငံသား ၅၀၀၀၀ ရဲ့ ဆီးနမူနာကို ယူပြီး ပြုလုပ်ခဲ့တာပါ။
အဲ့ဒိထဲက ၁၃၁ ယောက်က ဆီးကြိတ်ကင်ဆာရောဂါ လက္ခဏါ ကို တွေ့ရှိခဲ့ရပြီး အယောက် ၃၀ ကိုတော့ ၁၀နှစ်ကျော် ကတည်းက ကြိုတင်သိခဲ့ရပါတယ်။
၁၄ယောက်ကသာ ဗီဇထွန်းခြင်းကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါကို ခံစားနေရတာပါ။ အဲ့လို ကြိုသိလိုက်တဲ့အတွက် ကာကွယ်မှု ရခဲ့လို့ အသက်အန္တရာယ် ဘေးကနေ လွတ်မြောက်ခဲ့ ပါတယ်။
အခု ဆီးကြိတ်ကင်ဆာ ရောဂါသည်တွေကို ဆိုက်တိုစကုတ်ပီ လို့ ခေါ်တဲ့ ကုသနည်းနဲ့ မှန်ပြောင်းသွင်း ကြည့်ရှု့ပြီး ကုသနိုင်ပါပြီ။ ဆီးကြိတ်ကင်ဆာရောဂါ လက္ခဏါတွေကတော့ ဆီးတွင်းသွေးပါခြင်း ဆီးမထိန်းနိုင်ခြင်း ဆီးခုံရိုးတစ်ဝိုက် နာကျင် ကိုက်ခဲခြင်း ခြေထောက်ဖောရောင်လာခြင်း နဲ့ ကိုယ်အလေးချိန် ကျဆင်းလာခြင်းတို့ပဲ ဖြစ်ပါတယ်။
ဆီးကြိတ်ကင်ဆာက ဆေးလိပ်သောက်ခြင်း လုပ်ငန်းခွင်ထဲမှာ ဒါမှမဟုတ် လူမှုဘဝမှာ ပလက်စတစ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ မှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုတယ်။ ခွဲစိတ် ကုသမယ်။ ဓာတ်ရောင်ခြည်ပေး ကုသမယ်။ ဓာတုဆေးသွင်း ကုသခြင်းတွေနဲ့ ကုသလို့ ရနေပါပြီ။
မောင်ယဿ REF: world of buzz
Photo; medical news today
No Comments