
Entertainment







Unicode

ဆိုးလ်မြူးဇစ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု ရတဲ့ BTS

ကေပေါ့ စူပါစတား BTSက ဆိုးလ်မြူးဇစ်က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကို ၃နှစ်တာ တန်းစီခဲ့ပြီးမှ ဒီနှစ်တော့ ရရှိခဲ့ပါတယ်။ ဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ကြာသပတေးညက ဆိုးလ်မြို့ ဂိုချုပ်စကိုင်း ကပွဲခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီ ၇ယောက်တွဲ ဝိုင်း BTSက မနှစ်က ဧပြီလမှာ “Map of the Soul; persona” အယ်လ်ဘမ်ကို ထုတ်ခဲ့ပါတယ်။

ဒီဆုက တောင်ကိုရီး ယား မှာ ဂီတသမားတွေအတွက် အမြင့်ဆုံးဆု ဖြစ်ပေမဲ့ အဲ့ဒီညက ပွဲကို BTS မတက်ရောက် ဖြစ်ခဲ့ပါဘူး။ အဲ့ဒိ အယ်လ်ဘမ် က မနှစ်ကကိုရီးယားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ မှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး အချပ်ရေ ၃.၇သန်း ရောင်းခဲ့ရပါတယ်။ ၂၀၁၈ လောက်ထိက နှစ်စဉ်ကျင်းပတဲ့ ဆိုးလ်မြူးဇစ် ဆုပေးပွဲကို BTS က တက်ခဲ့ပါတယ်။

မနှစ်ကထိ အကောင်းဆုံးအယ်လ်ဘမ် ဆုတစ်ခုပဲ ပေးခဲ့ပေမဲ့ ဒီနှစ်တော့ ဆိုးလ်မြူးဇစ်က အကောင်းဆုံးအယ်လ်ဘမ် ရယ် အကောင်းဆုံး ဒစ်ဂျစ်တယ်မြူးဇစ် ရယ်ဆိုပြီ ၂ဆုခွဲ ပေးပါ တယ်။ မနှစ်က မေလ ကထွက်တဲ့ ဂဲလ်ဂျင်နရေးရှင်းအဖွဲ့က တေရီအွန်ရဲ့ “four seasons” ဆင်ဂဲလ် ဓာတ်ပြားက အကောင်းဆုံး ဒစ်ဂျစ်တယ်မြူးဇစ်ဆု ချီးမြှင့်ခြင်း ခံရပါတယ်။

ဂဲလ်ဂျင်နရေးရှင်းက ဆိုးလ်မြူးဇစ်ဆုကို ၂နှစ်ဆက်တိုက် ဆွတ်ခု ရရှိထားတာပါ။ ဆုပေးပွဲ သမိုင်းမှာလည်း ၂နှစ်ဆက်တိုက် ဆုရရှိတဲ့ အမျိုးသမီးအဖွဲ့ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူမက OSTဆုကိုလည်း “Hotel del Luna” တီဗီဇတ်လမ်းတွဲ ထဲက “All about You” သီချင်းနဲ့ ရခဲ့ပါတယ်။ အဲ့ဒိဆုပေးပွဲမှာ BTS ၊ တေရီအွန် ၊ EXO ၊ စူပါဂျူနီယာ တို့ အပါအဝင် အဆိုတော် ၁၂ဦး ဆုရခဲ့ပါတယ်။ EXO က အကျော်ကြားဆုံး ဆုရခဲ့ပြီး TXT က အကောင်းဆုံး မျက်နှာသစ်ဆုရခဲ့ပါတယ်။

မောင်ယဿ REF: msn photo: reuter and hello kpop

No Comments

Leave a Reply

Your email address will not be published.

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …