
International-news






မောင်ယဿ

REF: upi / Photo; upi

Unicode

ဆိုင်ကလုန်း အမ်ဖန်ကြောင့် အိန္ဒိယမှာလူ ၈၀ ကျော်သေဆုံး

မေလ၂၁ ရက်နေ့ မှာ ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်က အိန္ဒိယ ကုန်းတွင်းပိုင်းသို့ ဝင်ရောက် လာကာ မိုးကြီး လေကြီး ကျပြီး နောက် လူ ၈၀ ကျော် သေဆုံး ခဲ့ပါတယ် ။ အနောက် ဘန်ဂေါပြည်နယ်မှာ အနည်းဆုံး လူ ၇၂ ယောက် သေဆုံး ခဲ့ရပြီး အဲ့ဒိ ထဲက မိန်းကလေး တစ်ယောက်ဆိုရင် အိမ်ထဲ မှာ နံရံ ပြိုကျပိပြီး သေဆုံး ခဲ့ရပါတယ် ။ ဘင်္ဂလားဒေ့ရှ် မှာ တော့ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ ပါတယ် ။

ပင်လယ်ကမ်းခြေ ဒေသ ဖြစ်တဲ့ အိုဒီရှား ပြည်နယ်မှာတော့ အသေအပျောက် စာရင်း ဘာမှ မရသေးဘူးလို့ အစိုးရ အာဏါပိုင် တွေက ဆိုတယ် ။ အိုဒီရှားပြည်နယ် အတွင်းဝန်က သူတို့ အနေနဲ့ မိုးလေဝသ သတင်းကို အတိအကျ ရလိုက်တဲ့ အတွက် အသက်ပေါင်း များစွာ ရွေ့ပြောင်း ပြီး ကယ်ဆယ် လိုက်နိုင်တယ် လို့ဆိုတယ် ။ “အိုဒီရှားမှာ လူ၂၀၀၀၀၀ နီးပါး လောက်ကို အိမ်ယာရွှေ့ပြောင်း ပေးနိုင်ခဲ့ ပါတယ် ။

ဆိုင်ကလုန်း ကာလ အတွင်းမှာ ဘေးကင်းတဲ့ အဆောက်အအုံ တွေဆီကို ပို့ပေး နိုင်ပါတယ် ။ နောက်ပြီး ဆေးအဖွဲ့ ၂၁၀ နဲ့ တိမွေးကု ၇၅ ဖွဲ့ကို မုန်တိုင်းသင့် ဒေသတွေကို ပို့ထား ပါတယ်”လို့ ဆိုတယ် ။ ဆိုင်ကလုန်း အမ်ဖန်က တစ်နာရီကို ၉၅ မိုင် ကနေ ၁၀၂ မိုင် အတွင်း တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက် လာပါတယ် ။ အဓိက ဝင်ရောက် ခဲ့တဲ့ နေရာတွေကတော့ အိန္ဒိယမှာ ဒစ်ဂဟာနဲ့ အနောက်ဘန်ဂေါ တို့ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ဟာရှာကျွန်းတွေကို ဝင်ရောက်ခဲ့ ပါတယ် ။

အမ်ဖန်က ကုန်းတွင်ပိုင်းကို ဝင်ရောက်ပြီးနောက် တဖြည်းဖြည်း အားပျော့ကာ တစ်နာရီ ၆၈ မိုင် နဲ့ အနောက်မြောက်ဖက် သို့ ဝင်ရောက် သွားခဲ့ပါတယ် ။ မုန်တိုင်းက ပါဝါလိုင်းတွေ စုတ်ပြတ်သွားစေတယ် သစ်ပင်တွေ အမြစ်က လှန်သွားတယ် ၊ ပြီးတော့ ရေလွှမ်းမိုးမှု တွေကို ဖြစ်စေ ပါတယ် ။ ဝန်ကြီးချုပ် မိုဒီကတော့ ဒေသဆိုင်ရာ အာဏါပိုင် အဖွဲ့ အစည်းတွေကို မုန်တိုင်းဘေးသင့် ပြည်သူတွေကို အကူအညီပေးဖို့ မှာကြားခဲ့ပြီး ပြည်သူတွေ အနေနဲ့ အဆင်တပြေ ဖြစ်ပါစေကြောင်း သူ့ရဲ့တွစ်တာမှာ ရေးတင်ခဲ့ ပါတယ် ။ “အကူအညီ ပေးရေးမှာ ဘယ်တစ်ခုမှ ကျန်မနေပါစေနဲ့”လို့ ဆိုပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်
International-news
သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ်

သက်သက်လွတ် စားဖို့အတွက် ကိုယ့်ဖာသာ ကိုယ်ရွေးချယ်လိုက်တာပါလို့ ဆိုတဲ့ ရာကယ်ပရက်ဆင်းဂ် ရာကယ်ပရက်ဆင်းဂ် ဆိုတာက တလူဂူး နဲ့ တမီးလ် ရုပ်ရှင်လောက ကနေ နာမည်ကြီး လာပြီး ဘောလီးဝုဒ် ကို ခြေချလာတဲ့ မင်းသမီးတစ်လက်ပါ ။ အမျိုးအစားပုံစံကွဲပြားတဲ့ အိန္ဒိယရုပ်ရှင်လောကမှာ တစ်ခုကနေ အခြား တစ်ခုကို ပြောင်းဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ ။ ဘာသာစကား ၊ အလေ့အထ နဲ့ အမှုအကျင့် တွေ ကွဲပြားတဲ့ ရုပ်ရှင်လောကတွေမှာ နှံ့အောင်ကျင်လည်နိုင်ဖို့ အတွက် ဘက်ပေါင်းစုံ ကျွမ်းကျင်မှ အဆင်ပြေ နိုင်မှာပါ ။ ရုပ်ရှင်လောက တစ်ခုနဲ့ တစ်ခုအကူးမှာ ကျရှုံး သွားတဲ့ မင်းသမီးတွေ …