ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

Entertainment

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။

အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ တကယ်ဖြစ်ရပ်တစ်ခုကို အခြေခံတဲ့ စပိုင်ဒရမ္မာရုပ်ရှင် ကားတစ်ကားပါ။

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်2

အိန္ဒိယက ကိုဗစ်-၁၉ ရောဂါပိုး ပြန့်နှံ့နေလို့ ရုပ်ရှင်လုပ်ငန်းတွေ ရပ်ထားပေမဲ့ အခြေအနေကောင်းရင် လာမယ့် စက်တင်ဘာလထဲမှာ ကျရောက်မဲ့ ရုပ်ရှင် ထုတ်လုပ်သူ ရပ်ရှ် ချိုပရာရဲ့မွေနေ့မှာ အများပြည်သူကြည့်လို့ ရအောင် ချပြသွားမယ်လို့ အဒစ်ယာ ချိုပရာကဆိုပါတယ်။

တိုက်ဂါး ရုပ်ရှင် ဇာတ်လမ်းတွဲ က အိန္ဒိယဂျိမ်းစ်ဘွန်းလို့ ပြောရမယ့် ဇာတ်လမ်းတွဲပါ။ အခုပြမှာက တိုက်ဂါး ၃ ဖြစ်ပြီး ရှေ့မှာ ၂ကားရှိနေပါတယ်။ အဲ့ဒါက အက်သာ တိုက်ဂါး နဲ့ တိုက်ဂါးဇင်ဒါဟိုင်း ဆိုတဲ့ စပိုင်ဒရမ္မာ ကားတွေပဲ ဖြစ်ပြီး ပရိသက်ကြိတ်ကြိတ်တိုး အားပေးခဲ့တဲ့ ရုပ်ရှင်တွေလည်း ဖြစ်ပါတယ်။

အရင်တုန်းကတော့ ရုပ်ရှင်ရုံမှာ ပြသခဲ့ပေမဲ့ အခုတိုက်ဂါး၃ ကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပြသနိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။ ဖေ့စ်ဘုတ် တွစ်တာ အင်စတာဂရမ် နဲ့ရာရှရာရုပ်ရှင် ဝက်ဘ်ဆိုက်တွေမှာ ပြသဖို့အတွက် လုပ်ထားပါတယ်။

တိုက်ဂါးအဖြစ် သရုပ်ဆောင်မယ့်သူကတော့ ဆယ်လ်မန်ခန်းပါပဲ။ သူနဲ့ အတူ ကတ်ထရီနာကိဖ်က တွဲဖက် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ အလီအဘာဇေဖာရဲ့ ရိုက်ချက် အလန်းတွေကို စက်တင်ဘာလထဲမှာ ခံစားကြရမှာပါ။

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်3

ရုပ်ရှင်ဝေဖန်ရေးသမားတွေက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါး ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး “ တိုက်ဂါးကို စရိုက်တုန်းက စပိုင်ဒရမ္မာ ဇာတ်လမ်းတွဲ ဖြစ်သွားမယ်လို့ မထင်ဘူး။ ဒီလိုပဲ အက်ရှင်ကားတစ်ကား အဖြစ် ရိုက်လိုက်ကြတာပါ။

နောက်တော့ စာရေးဆရာက စိတ်ကူးတွေ ကွန့်မြူသွားပြီး ဇာတ်လမ်းတွဲ လိုဖြစ်လာတယ်။ တိုက်ဂါ ၂ ကိုရိုက်တော့ ခေတ်နဲ့ လျော်ညီမှုတွေ အားနည်းခဲ့တယ်။ အခုကားမှာကလည်း ဘယ်လို အဆင့်မြှင့် ထားမလဲကတော့ ကြည့်မှပဲ သိရမှာပါ။ သိပ်ပြီးတော့ ရင်မခုန်မိပါဘူးလို့”လို့ ဝေဖန်ခဲ့ပါတယ်။

မောင်ယဿ, REF: mid day, Photo; youtube

Zawgyi

No Comments

Leave a Reply

Your email address will not be published.

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
Entertainment
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။ လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို …