ဆန္ေဆးရည္ရဲ႕ အက်ိဳးေက်းဇူး

ဆန္ေဆးရည္ရဲ႕ အက်ိဳးေက်းဇူး
Knowledge

ဆန္ေဆးရည္ရဲ႕ အက်ိဳးေက်းဇူး

 

ဆန္ေဆးရည္ဟာ မိန္းမသားတို႔ အတြက္ အလွအပဆိုင္ရာမွာ အက်ိဳးေက်းဇူးမ်ားစြာ ေပးတယ္ဆိုတာကို သင္သိပါရဲ႕လား ။ ဆန္ကို ကမာၻ႔ႏိုင္ငံ အသီးသီးမွာ မ်ားေသာအားျဖင့္ အဓိကစားအစာအျဖစ္ စားသုံးေနၾကၿပီ ျဖစ္ပါတယ္ ။

ဆန္ကို မခ်က္ျပဳတ္မွီ ေဆးေက်ာတဲ့အခါမွာ ဆန္ေဆးရည္ကို မည္သူမွ အေလးအနက္ မထားပဲသြန္ပစ္တတ္ ၾကပါတယ္ ။ အခုေျပာခ်င္တာကေတာ့ သင့္အေနနဲ႔ အမွတ္တမဲ့ထားေလ့ရွိတဲ့ ဆန္ေဆးရည္ဟာ သင့္အလွအပကို အားျဖည့္ေပးမွာမို႔ သြန္မပစ္ၾကပါနဲ႔ ဆိုတာပါပဲ ။ ဆန္ေဆးရည္ဟာ အေရျပားနဲ႔ ဆံသားက်န္းမာေရးအတြက္ အလြန္အသုံးဝင္တယ္ဆိုတာ သင့္ကို ေျပာခ်င္ပါတယ္ ။

အာရွႏိုင္ငံ အမ်ားစုမွာဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာ ကတည္းက အေရျပားနဲ႔ ဆံသားက်န္းမာေရး အတြက္ ဆန္ေဆးရည္ကို အသုံးျပဳခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။ ဂ်ပန္ႏိုင္ငံမွာ ရွိၾကတဲ့လယ္သမား အမ်ိဳးသမီးအမ်ားစုဟာဆိုရင္ အေရျပားသန႔္စင္ဖို႔အတြက္ အဓိကထားၿပီး ဆန္ေဆးရည္ကို အသုံးျပဳၾကတယ္လို႔ သုေတသီမ်ားက ဆိုထားပါတယ္ ။

တ႐ုတ္ျပည္ ေက်းလက္ေဒသမွ အမ်ိဳးသမီးမ်ား ဆိုရင္လည္း ဆံပင္အုံထူပီး ရွည္လ်ားတဲ့ ဆံပင္ေတြကို ပိုင္ဆိုင္ၾကျခင္းဟာ ဆန္ေဆးရည္နဲ႔ ဆံပင္ေတြကို ေဆးတာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္ ။ ဆန္ေဆးရည္မွာ သတၳဳဓာတ္ ဗီတာမင္နဲ႔ အမိုင္ႏိုအက္ဆစ္ေတြ မ်ားစြာပါဝင္တာေၾကာင့္ ဆံသားနဲ႔ အေရျပားကို အထူးက်န္းမာေစတယ္လို႔ ဆိုပါတယ္ ။

သူ႔မွာပါဝင္တဲ့ ဖယ္႐ူလစ္အက္ဆစ္ ferulie acid ဟာ အစြမ္းထက္ ဓာတ္တိုး ဆန႔္က်င္ပစၥည္းျဖစ္တာမို႔ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္ ။ ဆန္ေဆးေရဆိုရင္ ဘယ္လိုဆန္အမ်ိဳးအစားကိုမဆို အသုံးျပဳႏိုင္ပါတယ္ ။ မိမိအိမ္မွာ ထမင္းမခ်က္ျပဳတ္ပဲ ဝယ္စားသူေတြအတြက္ကေတာ့ ဆန္အနည္းငယ္ကို ေရေအးထဲမွာ ၁၀မိနစ္ ၁၅မိနစ္ခန႔္ စိမ္ၿပီး ဆန္ကို ပြတ္ေဆး ဖယ္ထုတ္ကာ ထိုအရည္ကို ရယူႏိုင္ပါတယ္ ။

အခ်ဥ္ေဖာက္ ဆန္ေဆးရည္

အခ်ဥ္ေဖာက္ထားတဲ့ ဆန္ေဆးရည္ဟာ သင့္အတြက္ ပိုၿပီး ထိေရာက္ေစပါတယ္ ။ အခ်ဥ္ေဖာက္ ထားျခင္းေၾကာင့္ ph ေျပာင္းလဲမႈ ျဖစ္သြားတာမို႔ အက်ိဳးပိုထူးေစတာ ျဖစ္ပါတယ္ ။ ဆန္ကိုေရထဲမွာ ႏွစ္ရက္ေလာက္ စိမ္ထားေပးပါ ။

အခ်ဥ္နံ႔ ထြက္လာၿပီဆိုရင္ အသုံးျပဳႏိုင္ပါၿပီ ။ အသုံးျပဳသင့္သေလာက္ ျပဳလုပ္ၿပီး ပိုတဲ့အရည္ကို ေရခဲေသတၱာထဲမွာ သိမ္းထားၿပီးေနာက္ေန႔အတြက္ ဆက္အသုံးျပဳႏိုင္ပါတယ္ ။

ဝက္ၿခံနဲ႔ ေရာင္ရမ္းျခင္း

ဆန္ေဆးရည္ဟာ အေရျပားအေပၚမွာရွိတဲ့ ေရာင္ရမ္းမႈမ်ိဳးစုံကို ေလ်ာ့က်သက္သာ ေစပါတယ္ ။ အဖုအပိန႔္မ်ားကိုလည္း ကုသႏိုင္ပါတယ္ ။ ဘယ္လ္ဂ်ီယမ္ တကၠသိုလ္ မွ ေလ့လာေတြ႕ရွိမႈကေတာ့ ႏွင္းခူေရာဂါရွိခဲ့ရင္ ေန႔စဥ္ ၁၅ မိနစ္ခန႔္ အေရျပားကို သန႔္စင္ေဆးေၾကာ ေပးရင္ ၁၅ ရက္အတြင္း ေပ်ာက္ကင္းႏိုင္တယ္လို႔ ဆိုပါတယ္ ။

ဆန္ေဆးရည္ဟာ ဝက္ၿခံေပ်ာက္ကင္းဖို႔ကို အေထာက္အကူေပးၿပီး ေမႊးညင္းေပါက္ ေတြကိုလည္းက်ဥ္းေျမာင္း ေစႏိုင္ပါတယ္ ။ ဆန္ေဆးရည္ထဲကို ဝါဂြမ္းစျဖင့္စုပ္ယူၿပီး ဝက္ၿခံရွိရာေနရာမ်ားနဲ႔ ႏွင္းခူရွိရာေနရာတို႔ကို သုတ္လိမ္းေပးရမွာ ျဖစ္ပါတယ္ ။

ေနေလာင္ဒါဏ္

ဆန္ေဆးရည္မွာ ပါဝင္တဲ့ ဗီတာမင္ေအစီ ၊ ဖီေနာလစ္ျဒပ္ေပါင္းနဲ႔ ဖေလႏြိဳက္ေတြေၾကာင့္အသက္ႀကီးရင္ ျဖစ္တတ္တဲ့ အစက္အေပ်ာက္ေတြကို ေလ်ာ့က်ၿပီး UV rays ေၾကာင့္ ပ်က္စီးေနတဲ့ အေရျပားေတြကို ျပန္လည္ ျပဳျပင္ေပးျခင္းပဲ ျဖစ္ပါတယ္ ။ ပုံမွန္အသုံးျပဳရင္ တစ္ပတ္အတြင္း သိသိသာသာ ေကာင္းမြန္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္ ။

သူက အေရျပားကို ေခ်ာေမြ႕ေစတယ္ ၊ အသားအေရာင္ မညီမွ်မႈကို ထိန္းညႇိေပးတယ္ ။ ေမႊးညင္းေပါက္ေတြကိုက်ဥ္းေျမာင္းေစတာမို႔ ေႂကြသားလို ေတာက္ေျပာင္ လာပါလိမ့္မယ္ ။ မနက္ည မ်က္ႏွာသစ္ၿပီးတိုင္း တိုနာကဲ့သို႔ အသုံးျပဳႏိုင္ပါတယ္ ။

ဆံသားအတြက္

ဆံသားေတြ ေပ်ာ့ေျပာင္းၿပီး က်န္းမာလာေစဖို႔ အတြက္ အသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္ ။အျပည္ျပည္ဆိုင္ရာ အလွအပ သုေတသီတို႔ရဲ႕ ၂၀၁၀ ခုႏွစ္က ေလ့လာေတြ႕ရွိမႈအရ ဆန္ေဆးရည္ကို အသုံးျပဳတာေၾကာင့္ ဆံသားမ်ားသန္မာၿပီး elasticity ပိုမိုေကာင္းမြန္တဲ့ အတြက္ ဆံသား က်ိဳးေၾကတာ ဆံပင္ကြၽတ္တာေတြ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္လို႔ ဆိုထားပါတယ္ ။

သင္ေခါင္းေလွ်ာ္တဲ့အခါ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ရည္ ကြန္တီရွင္နာစတာေတြ အသုံးျပဳ ေလွ်ာ္ၿပီးတဲ့ေနာက္မွာ ဆန္ေဆးရည္ကို ေလာင္းခ်ေပးရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္ ။

ခႏၶာကိုယ္ကို Relax ျဖစ္ေစတဲ့အက်ိဳးကိုလည္း ေပးတာမို႔ ဆန္ေဆးရည္နဲ႔ ခႏၶာကိုယ္ကို ေလာင္းခ်ိဳးတာမ်ိဳး ဒါမွမဟုတ္ မိမိခ်ိဳးမဲ့ ေရေႏြးေႏြးထဲ ဆန္ေဆးရည္တစ္ခြက္ စပ္ထည့္ခ်ိဳးတာမ်ိဳးကိုျပဳလုပ္ေပးပါလို႔ ဆိုထားပါတယ္ ။

ကဲဒါဆို ဆန္ေဆးရည္ကို သြန္မပစ္ေတာ့ပဲ အက်ိဳးရွိရွိ အသုံးျပဳၾကပါစို႔ေနာ္….။

စႏၵီျမင့္မိုရ္#

Unicode Version

ဆန်ဆေးရည်ရဲ့ အကျိုးကျေးဇူး

 

ဆန်ဆေးရည်ဟာ မိန်းမသားတို့ အတွက် အလှအပဆိုင်ရာမှာ အကျိုးကျေးဇူးများစွာ ပေးတယ်ဆိုတာကို သင်သိပါရဲ့လား ။ ဆန်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ များသောအားဖြင့် အဓိကစားအစာအဖြစ် စားသုံးနေကြပြီ ဖြစ်ပါတယ် ။

ဆန်ကို မချက်ပြုတ်မှီ ဆေးကျောတဲ့အခါမှာ ဆန်ဆေးရည်ကို မည်သူမှ အလေးအနက် မထားပဲသွန်ပစ်တတ် ကြပါတယ် ။ အခုပြောချင်တာကတော့ သင့်အနေနဲ့ အမှတ်တမဲ့ထားလေ့ရှိတဲ့ ဆန်ဆေးရည်ဟာ သင့်အလှအပကို အားဖြည့်ပေးမှာမို့ သွန်မပစ်ကြပါနဲ့ ဆိုတာပါပဲ ။ ဆန်ဆေးရည်ဟာ အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် အလွန်အသုံးဝင်တယ်ဆိုတာ သင့်ကို ပြောချင်ပါတယ် ။

အာရှနိုင်ငံ အများစုမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အရေပြားနဲ့ ဆံသားကျန်းမာရေး အတွက် ဆန်ဆေးရည်ကို အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဂျပန်နိုင်ငံမှာ ရှိကြတဲ့လယ်သမား အမျိုးသမီးအများစုဟာဆိုရင် အရေပြားသန့်စင်ဖို့အတွက် အဓိကထားပြီး ဆန်ဆေးရည်ကို အသုံးပြုကြတယ်လို့ သုတေသီများက ဆိုထားပါတယ် ။

တရုတ်ပြည် ကျေးလက်ဒေသမှ အမျိုးသမီးများ ဆိုရင်လည်း ဆံပင်အုံထူပီး ရှည်လျားတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ကြခြင်းဟာ ဆန်ဆေးရည်နဲ့ ဆံပင်တွေကို ဆေးတာကြောင့် ဖြစ်တယ်လို့ သိရပါတယ် ။

ဆန်ဆေးရည်မှာ သတ္ထုဓာတ် ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်တွေ များစွာပါဝင်တာကြောင့် ဆံသားနဲ့ အရေပြားကို အထူးကျန်းမာစေတယ်လို့ ဆိုပါတယ် ။

သူ့မှာပါဝင်တဲ့ ဖယ်ရူလစ်အက်ဆစ် ferulie acid ဟာ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်တာမို့ ရောင်ရမ်းမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ် ။ ဆန်ဆေးရေဆိုရင် ဘယ်လိုဆန်အမျိုးအစားကိုမဆို အသုံးပြုနိုင်ပါတယ် ။

မိမိအိမ်မှာ ထမင်းမချက်ပြုတ်ပဲ ဝယ်စားသူတွေအတွက်ကတော့ ဆန်အနည်းငယ်ကို ရေအေးထဲမှာ ၁၀မိနစ် ၁၅မိနစ်ခန့် စိမ်ပြီး ဆန်ကို ပွတ်ဆေး ဖယ်ထုတ်ကာ ထိုအရည်ကို ရယူနိုင်ပါတယ် ။

အချဉ်ဖောက် ဆန်ဆေးရည်

အချဉ်ဖောက်ထားတဲ့ ဆန်ဆေးရည်ဟာ သင့်အတွက် ပိုပြီး ထိရောက်စေပါတယ် ။ အချဉ်ဖောက် ထားခြင်းကြောင့် ph ပြောင်းလဲမှု ဖြစ်သွားတာမို့ အကျိုးပိုထူးစေတာ ဖြစ်ပါတယ် ။ ဆန်ကိုရေထဲမှာ နှစ်ရက်လောက် စိမ်ထားပေးပါ ။

အချဉ်နံ့ ထွက်လာပြီဆိုရင် အသုံးပြုနိုင်ပါပြီ ။ အသုံးပြုသင့်သလောက် ပြုလုပ်ပြီး ပိုတဲ့အရည်ကို ရေခဲသေတ္တာထဲမှာ သိမ်းထားပြီးနောက်နေ့အတွက် ဆက်အသုံးပြုနိုင်ပါတယ် ။

ဝက်ခြံနဲ့ ရောင်ရမ်းခြင်း

ဆန်ဆေးရည်ဟာ အရေပြားအပေါ်မှာရှိတဲ့ ရောင်ရမ်းမှုမျိုးစုံကို လျော့ကျသက်သာ စေပါတယ် ။ အဖုအပိန့်များကိုလည်း ကုသနိုင်ပါတယ် ။ ဘယ်လ်ဂျီယမ် တက္ကသိုလ် မှ လေ့လာတွေ့ရှိမှုကတော့ နှင်းခူရောဂါရှိခဲ့ရင် နေ့စဉ် ၁၅ မိနစ်ခန့် အရေပြားကို သန့်စင်ဆေးကြော ပေးရင် ၁၅ ရက်အတွင်း ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ် ။

ဆန်ဆေးရည်ဟာ ဝက်ခြံပျောက်ကင်းဖို့ကို အထောက်အကူပေးပြီး မွှေးညင်းပေါက် တွေကိုလည်းကျဉ်းမြောင်း စေနိုင်ပါတယ် ။ ဆန်ဆေးရည်ထဲကို ဝါဂွမ်းစဖြင့်စုပ်ယူပြီး ဝက်ခြံရှိရာနေရာများနဲ့ နှင်းခူရှိရာနေရာတို့ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ် ။

နေလောင်ဒါဏ်

ဆန်ဆေးရည်မှာ ပါဝင်တဲ့ ဗီတာမင်အေစီ ၊ ဖီနောလစ်ဒြပ်ပေါင်းနဲ့ ဖလေနွိုက်တွေကြောင့်အသက်ကြီးရင် ဖြစ်တတ်တဲ့ အစက်အပျောက်တွေကို လျော့ကျပြီး UV rays ကြောင့် ပျက်စီးနေတဲ့ အရေပြားတွေကို ပြန်လည် ပြုပြင်ပေးခြင်းပဲ ဖြစ်ပါတယ် ။ ပုံမှန်အသုံးပြုရင် တစ်ပတ်အတွင်း သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ် ။

သူက အရေပြားကို ချောမွေ့စေတယ် ၊ အသားအရောင် မညီမျှမှုကို ထိန်းညှိပေးတယ် ။ မွှေးညင်းပေါက်တွေကိုကျဉ်းမြောင်းစေတာမို့ ကြွေသားလို တောက်ပြောင် လာပါလိမ့်မယ် ။ မနက်ည မျက်နှာသစ်ပြီးတိုင်း တိုနာကဲ့သို့ အသုံးပြုနိုင်ပါတယ် ။

ဆံသားအတွက်

ဆံသားတွေ ပျော့ပြောင်းပြီး ကျန်းမာလာစေဖို့ အတွက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ် ။အပြည်ပြည်ဆိုင်ရာ အလှအပ သုတေသီတို့ရဲ့ ၂၀၁၀ ခုနှစ်က လေ့လာတွေ့ရှိမှုအရ ဆန်ဆေးရည်ကို အသုံးပြုတာကြောင့် ဆံသားများသန်မာပြီး elasticity ပိုမိုကောင်းမွန်တဲ့ အတွက် ဆံသား ကျိုးကြေတာ ဆံပင်ကျွတ်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ ဆိုထားပါတယ် ။

သင်ခေါင်းလျှော်တဲ့အခါ ပုံမှန်အတိုင်း ခေါင်းလျှော်ရည် ကွန်တီရှင်နာစတာတွေ အသုံးပြု လျှော်ပြီးတဲ့နောက်မှာ ဆန်ဆေးရည်ကို လောင်းချပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ခန္ဓာကိုယ်ကို Relax ဖြစ်စေတဲ့အကျိုးကိုလည်း ပေးတာမို့ ဆန်ဆေးရည်နဲ့ ခန္ဓာကိုယ်ကို လောင်းချိုးတာမျိုး ဒါမှမဟုတ် မိမိချိုးမဲ့ ရေနွေးနွေးထဲ ဆန်ဆေးရည်တစ်ခွက် စပ်ထည့်ချိုးတာမျိုးကိုပြုလုပ်ပေးပါလို့ ဆိုထားပါတယ် ။

ကဲဒါဆို ဆန်ဆေးရည်ကို သွန်မပစ်တော့ပဲ အကျိုးရှိရှိ အသုံးပြုကြပါစို့နော်….။

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ......''''
Knowledge
”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.”

”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.” ခ်စ္သူေတြၾကားမွာ နမ္းျခင္းဟာ မထူးဆန္းတဲ့ ကိစၥတစ္ခုဆိုတာ လူတိုင္း သိၾကပါတယ္။သို႔ေသာ္ အနမ္းနဲ႔ ပါတ္သက္ၿပီး ေကာင္းျခင္း ဆိုးျခင္းကိုေတာ့ သိေကာင္းမွသိမွာမို႔ အခ်စ္နဲ႔ပတ္သက္ၿပီး သုေတသန ျပဳရာမွာ ကမာၻေက်ာ္တဲ့ ေဒါက္တာဝီလ်ံစတိုင္းဘတ္ရဲ႕ ေလ့လာခ်က္ တစ္ခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး နမ္းတာဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အခ်က္ဟာ ၇ ခ်က္ရွိၿပီး ဆိုးက်ိဳးဟာ ၄ မ်ိဳးရွိပါတယ္တဲ့။ အနမ္းရဲ႕ေကာင္းျခင္း မ်ား…. ၁…ခ်စ္သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ နမ္းေနတဲ့အခ်ိန္မွာ မိန္းမေရာ ေယာက်္ားပါ ႏွစ္ဦးစလုံးရဲ႕ မ်က္ႏွာျပင္ေပၚက ႂကြက္သားမွ်င္ေတြကို လူွပ္ရွားလာေအာင္ ဦးေႏွာက္က လူွံေဆာ္ေပးလိုက္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာရွိတဲ့ ေသြးလြတ္ေၾကာေတြ စီးဆင္းမူွ …