ဆန္ဖရန္စၥကိုမွာ အျပင္ထြက္ခြင့္ ပိတ္ၿပီ

ဆန္ဖရန္စၥကိုမွာ အျပင္ထြက္ခြင့္ ပိတ္ၿပီ
International-news

ဆန္ဖရန္စၥကိုမွာ အျပင္ထြက္ခြင့္ ပိတ္ၿပီ

အေမရိကန္မွာ ကိုဗစ္-၁၉ ျပန႔္ႏွံ႔မႈက တျဖည္းျဖည္း ျမန္လာတဲ့အတြက္ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ဖို႔ အမိန႔္ေပးၿပီးတဲ့အျပင္ ဆန္ဖရန္စၥကို အာဏါပိုင္ေတြက ၿမိဳ႕နယ္၆ ၿမိဳ႕နယ္ကို မလိုအပ္ဘဲ အိမ္ျပင္ ထြက္ခြင့္ကို ပိတ္လိုက္ပါတယ္ ။ ဆန္ဖရန္စၥကို ၿမိဳ႕ေတာ္ဝန္ လန္ဒန္ဘရက္က ျပည္သူ႔က်န္းမာေရး ကြၽမ္းက်င္ သူေတြရဲ႕ အႀကံေပးခ်က္ အရ ဧၿပီလ ၇ ရက္ေန႔ မတိုင္မခ်င္း မလိုအပ္ပဲ အိမ္ျပင္ မထြက္ရဆိုၿပီး ျပည္သူ ၇ သန္းကို အမိန႔္ထုတ္ လိုက္ပါတယ္ ။

အစားအစာ ေဆး နဲ႔ အျခား လိုအပ္တဲ့ပစၥည္းေတြကို ဝယ္တာက လြဲလို႔ ရယ္ တိုက္႐ိုက္ေရာင္းရတဲ့ ပစၥည္းေတြကို ေရာင္းတဲ့ ကိစၥရယ္ ကလြဲၿပီး ဘယ္သူ႔မွ အျပင္ မထြက္ရဘူးလို႔ အမိန႔္ထုတ္လိုက္ပါတယ္ ။ ဒါအျပင့္ စားေရးေသာက္ေရးလုပ္ငန္းလို လူမႈေန႔စဥ္ဘဝအတြက္ လိုအပ္ခ်က္ လုပ္ငန္းေတြသာ လုပ္ခြင့္ျပဳၿပီး က်န္တဲ့ လုပ္ငန္းေတြ အကုန္ ရပ္ထားရမယ္လို႔ လည္းဆိုပါတယ္ ။

“က်ေနာ္တို႔ ၿမိဳ႕အတြက္ အဓိပၸြါယ္ ရွိတဲ့ လုပ္ရပ္လို႔ က်ေနာ္ ျမင္ပါတယ္ ။ က်ေနာ္တို႔ကိုယ္တိုင္ေရာ အိမ္နီးခ်င္း ေတြကို ပါ ကာကြယ္ဖို႔ အတြက္ က်ေနာ္တို႔မွာ တာဝန္ရွိ ပါတယ္ ။ မျဖစ္မေန အိမ္ျပင္ ထြက္တာက လြဲလို႔ အိမ္မွာ ေနၿပီးေတာ့ ကူးစက္ေရာဂါပိုးျပန႔္ႏွံ႔မႈကို အရွိန္ေလွ်ာ့ခ် ပစ္လိုက္ ၾကရေအာင္ ” လို႔ သူက ဆိုပါတယ္ ။

တနလၤာေန႔ ညေန ဂြၽန္ေဟာ့ပ္ကင္း တကၠသိုလ္ ေဆး႐ုံရဲ႕ တြက္ခ်က္ တိုင္းတာမႈ အရ အေမရိကားမွာ ကိုဗစ္-၁၉ ေရာဂါ လကၡဏါ ေတြ႕ရွိသူ ၄၆၆၁ ဦး ရွိေနၿပီး ေသဆုံးသူ ၈၅ ဦး ရွိေနပါတယ္ ။ နယူးဂ်ာဆီ နယူးေယာက္ခ္ ကြန္နက္ တီးကပ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ေတြက လူမႈေန႔စဥ္ ဘဝအတြက္ မလိုအပ္တဲ့ လုပ္ငန္း အားလုံး ကို ေနာက္ထပ္ အမိန႔္ တစ္စုံ တစ္ရာ မထုတ္ျပန္ မခ်င္း ရပ္တန႔္ ထားဖို႔အတြက္ အမိန႔္ ထုတ္ထား ပါတယ္ ။

အမိန႔္ေအာက္မွာ အားကစား႐ုံ အားလုံး ႐ုပ္ရွင္႐ုံနဲ႔ ကာစီႏိုအားလုံး တနလၤာေန႔ မနက္၈နာရီကစၿပီး ပိတ္လိုက္ဖို႔ ၫႊန္ၾကား လိုက္ပါ တယ္။ ကုန္စုံဆိုင္ေတြ စားေသာက္ဆိုင္ေတြ အရက္ဘားေတြ ကိုလည္း ပါဆယ္ပဲ ေရာင္းခြင့္ျပဳထားပါတယ္ ။

စတိုးဆိုင္ေတြမွာ ေဈးဝယ္သူေတြ လာဝယ္ရင္လည္း ဆိုင္ထဲမွာ လူ ၅၀ ထက္မပိုေစရ ပိုတဲ့လူေတြ အျပင္မွာ ကိုယ့္ အစီအစဥ္နဲ႔ ကိုယ္ ေစာင့္ဆိုင္း ရမယ္လို႔လည္း ဆိုထားပါတယ္ ။ ျပည္နယ္ခ်င္း ထိစပ္ ေနတဲ့ ေနရာ ေတြမွာလည္း ဂိတ္ေတြကို ပိတ္ထား လိုက္ပါတယ္ ။ လက္ရွိအမိန႔္ ေတာ္ေတာ္မ်ားမ်ားက ျပည္ေထာင္စု အစိုးရအမိန႔္ မဟုတ္ဘဲ ျပည္နယ္ အစိုးရေတြက ျပည္နယ္ အတြင္း ျပည္သူ႔ က်န္းမာေရး ကိစၥအတြက္ သီးျခား ထုတ္ျပန္ လိုက္ၾကတာ ျဖစ္ပါတယ္ ။

ေမာင္ယႆ

REF: upi / Photo; upi

Unicode

ဆန်ဖရန်စ္စကိုမှာ အပြင်ထွက်ခွင့် ပိတ်ပြီ

အမေရိကန်မှာ ကိုဗစ်-၁၉ ပြန့်နှံ့မှုက တဖြည်းဖြည်း မြန်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဖို့ အမိန့်ပေးပြီးတဲ့အပြင် ဆန်ဖရန်စ္စကို အာဏါပိုင်တွေက မြို့နယ်၆ မြို့နယ်ကို မလိုအပ်ဘဲ အိမ်ပြင် ထွက်ခွင့်ကို ပိတ်လိုက်ပါတယ် ။ ဆန်ဖရန်စ္စကို မြို့တော်ဝန် လန်ဒန်ဘရက်က ပြည်သူ့ကျန်းမာရေး ကျွမ်းကျင် သူတွေရဲ့ အကြံပေးချက် အရ ဧပြီလ ၇ ရက်နေ့ မတိုင်မချင်း မလိုအပ်ပဲ အိမ်ပြင် မထွက်ရဆိုပြီး ပြည်သူ ၇ သန်းကို အမိန့်ထုတ် လိုက်ပါတယ် ။

အစားအစာ ဆေး နဲ့ အခြား လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်တာက လွဲလို့ ရယ် တိုက်ရိုက်ရောင်းရတဲ့ ပစ္စည်းတွေကို ရောင်းတဲ့ ကိစ္စရယ် ကလွဲပြီး ဘယ်သူ့မှ အပြင် မထွက်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ် ။ ဒါအပြင့် စားရေးသောက်ရေးလုပ်ငန်းလို လူမှုနေ့စဉ်ဘဝအတွက် လိုအပ်ချက် လုပ်ငန်းတွေသာ လုပ်ခွင့်ပြုပြီး ကျန်တဲ့ လုပ်ငန်းတွေ အကုန် ရပ်ထားရမယ်လို့ လည်းဆိုပါတယ် ။

“ကျနော်တို့ မြို့အတွက် အဓိပ္ပွါယ် ရှိတဲ့ လုပ်ရပ်လို့ ကျနော် မြင်ပါတယ် ။ ကျနော်တို့ကိုယ်တိုင်ရော အိမ်နီးချင်း တွေကို ပါ ကာကွယ်ဖို့ အတွက် ကျနော်တို့မှာ တာဝန်ရှိ ပါတယ် ။ မဖြစ်မနေ အိမ်ပြင် ထွက်တာက လွဲလို့ အိမ်မှာ နေပြီးတော့ ကူးစက်ရောဂါပိုးပြန့်နှံ့မှုကို အရှိန်လျှော့ချ ပစ်လိုက် ကြရအောင် ” လို့ သူက ဆိုပါတယ် ။

တနင်္လာနေ့ ညနေ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် ဆေးရုံရဲ့ တွက်ချက် တိုင်းတာမှု အရ အမေရိကားမှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏါ တွေ့ရှိသူ ၄၆၆၁ ဦး ရှိနေပြီး သေဆုံးသူ ၈၅ ဦး ရှိနေပါတယ် ။ နယူးဂျာဆီ နယူးယောက်ခ် ကွန်နက် တီးကပ် ပြည်နယ် အုပ်ချုပ်ရေးမှူး တွေက လူမှုနေ့စဉ် ဘဝအတွက် မလိုအပ်တဲ့ လုပ်ငန်း အားလုံး ကို နောက်ထပ် အမိန့် တစ်စုံ တစ်ရာ မထုတ်ပြန် မချင်း ရပ်တန့် ထားဖို့အတွက် အမိန့် ထုတ်ထား ပါတယ် ။

အမိန့်အောက်မှာ အားကစားရုံ အားလုံး ရုပ်ရှင်ရုံနဲ့ ကာစီနိုအားလုံး တနင်္လာနေ့ မနက်၈နာရီကစပြီး ပိတ်လိုက်ဖို့ ညွှန်ကြား လိုက်ပါ တယ်။ ကုန်စုံဆိုင်တွေ စားသောက်ဆိုင်တွေ အရက်ဘားတွေ ကိုလည်း ပါဆယ်ပဲ ရောင်းခွင့်ပြုထားပါတယ် ။

စတိုးဆိုင်တွေမှာ ဈေးဝယ်သူတွေ လာဝယ်ရင်လည်း ဆိုင်ထဲမှာ လူ ၅၀ ထက်မပိုစေရ ပိုတဲ့လူတွေ အပြင်မှာ ကိုယ့် အစီအစဉ်နဲ့ ကိုယ် စောင့်ဆိုင်း ရမယ်လို့လည်း ဆိုထားပါတယ် ။ ပြည်နယ်ချင်း ထိစပ် နေတဲ့ နေရာ တွေမှာလည်း ဂိတ်တွေကို ပိတ်ထား လိုက်ပါတယ် ။ လက်ရှိအမိန့် တော်တော်များများက ပြည်ထောင်စု အစိုးရအမိန့် မဟုတ်ဘဲ ပြည်နယ် အစိုးရတွေက ပြည်နယ် အတွင်း ပြည်သူ့ ကျန်းမာရေး ကိစ္စအတွက် သီးခြား ထုတ်ပြန် လိုက်ကြတာ ဖြစ်ပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …