- By : Phoe Linn
- Category : Life Style
- Tags: life style

Unicode
ဆစ်ပတ်ထက် ဗိုက်စူတာကို မိန်းကလေးတွေ ပိုစိတ်ဝင်စား
၂၀၁၉ ကတော့ ကုန်လွန်ခဲ့ပါပြီ ။ နှစ်သစ်က ဘာတွေ ဘယ်လို ပြောင်းလဲမယ် ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ် ။
လောလောဆယ် မှာတော့ ဘောဒီဝိတ် ချတာကို ကောင်မလေးတွေရော ကောင်းလေးတွေပါ စိတ်ဝင်စား နေကြတယ် ။ အရင်ခောတ် တွေလို မဟုတ်ဘဲ ကောင်လေး တွေက ဂျင်သွား ကစားတာ ပိုလာတယ် ။
ဗိုက်သား ဘယ်လီ ဆစ်ပတ် ဖြစ်ဖို့ အရေးကို ပိုအားသန် လာကြတယ် ။ မိန်းကလေး တွေကို ဆွဲဆောင် နိုင်ဖို့ ကိုယ်ခန္တာ အချိုးအစား ကျအောင် ဂျင်ကစားတာရယ် ကျန်းမာရေး ကြောင့်ရယ် အကြောင်းပြချက် တွေနဲ့ပေါ့ ။
ဒါပေမဲ့ ပလန်းနတ် ကာယ လေ့ကျင့်ရုံက ပြုလုပ်တဲ့ သုတေသန ရလဒ်ကို ဖတ်ပြီး သွားရင်တော့ သင် အံ့သြော် သွားပါမယ် ။ မိန်းကလေးတွေက ကြွက်သားတွေ အပြိုင်းပြိုင်းနဲ့ အမျိုးသား တွေထက် ဗိုက်စူ နေတဲ့ အမျိုးသား တွေကို ပိုစိတ်ဝင်စား တယ်တဲ့ ။
အွန်လိုင်း ပေါ်ကနေ အမျိုးသမီး ၂၀၀၀ ကို ကောက်ယူတဲ့ စစ်တမ်း မှာ ၇၀ ရာခိုင်နှုန်း သော အမျိုးသမီး တွေက ပုံမှန်ကိုယ် အလေးချိန်ထက် ၁၀ ကီလိုဂရမ် ပိုလေးတဲ့ အမျိုးသား တွေကို ပိုကြိုက်တယ်လို့ ဖော်ပြ ပါရှိတယ် ။ ဒါတင် မကပါဘူး ဗိုက်စူ နေတဲ့ အမျိုးသား တွေကို လက်ထပ်ချင်တဲ့ အမျိုးသမီးက ၈၀ ရာခိုင်နှုန်းတောင် ရှိတယ်ဆိုပဲ ။
ဆင်ချူး နေ့စဉ် သတင်းစာ အဆိုအရ ဝတဲ့ အမျိုးသားတွေက ဘောင်းဘီကို လျော့လျော့ရဲရဲဝတ်တဲ့အတွက်ကြောင့် သူတို့ရဲ့အဂါင်္က လွတ်လပ်စွာ ရှိနေတဲ့ အတွက် အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုကို ဖန်တီးပေး နိုင်မယ်လို့ အမျိုးသမီး တွေက ယုံကြည်ကြ တယ်လို့ ဖော်ပြတယ် ။
ဒီ ဖော်ပြချက် တွေကတော့ လိုင်းပေါ်က အမျိုးသမီး အုပ်စု တစ်ခုရဲ့ဖော်ပြချက်တွေ ဖြစ်ပြီး အမျိုးသမီး အားလုံးနဲ့ မသက်ဆိုင် ပါလို့ သတင်းစာက သူတို့ ကောက်ယူ ရရှိတဲ့ စစ်တမ်း အရဆိုပါတယ် ။
မောင်ယဿ REF;world of buzz
No Comments