စွန်အမြီးမှာ ချိတ်ပြီး ပါသွာတဲ့ မိန်းကလေး ကံကောင်းလို့ မသေ ( ဆိုရှယ် မီဒီယာပေါ်ကို ပြန့်နှံ့ သွားတဲ့ ဗီဒီယို)
- By : Phoe Linn
- Category : International-news
- Tags: international news

စွန်အမြီးမှာ ချိတ်ပြီး ပါသွာတဲ့ မိန်းကလေး ကံကောင်းလို့ မသေ ( ဆိုရှယ် မီဒီယာပေါ်ကို ပြန့်နှံ့ သွားတဲ့ ဗီဒီယို)
မနေ့ က (တနင်္ဂနွေ) ထိုင်ဝမ်မှာ လုပ်တဲ့ စွန်လွှတ်ပွဲတော်က ပျော်စရာကနေ ကြောက်မက်ဖွယ်ရာ အဖြစ်သို့ ကူးပြောင်း ခဲ့ပါတယ်။ ၃နှစ်အရွယ် ကောင်မလေးတစ်ယောက် စွန်နောက်မြီး နဲ့ ချိတ်ပြီး ကောင်းကင်ပေါ်ကို ပါသွားလို့ ကြောက်လန့်တကြား အော်ဟစ်မှုတွေ အပြီးမှာ ကလေးမလေးရဲ့ အသက်ကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပါတယ်။
မြို့တော် တိုင်ပေ ရဲ့ တောင်ပိုင်းက ဟဆင်ချူ မြို့မှာ မနေ့က နိုင်ငံတကာ စွန်လွှတ်ပွဲတော် ကျင်းပခဲ့ပါတယ်။ ဆိုရှယ် မီဒီယာပေါ်ကို ပြန့်နှံ့ သွားတဲ့ ဗီဒီယိုထဲက ပုံရိပ်အရ လိမ္မော်ရောင် အမြီးရှည်ကြီးနဲ့ စွန်ကြီးကို လွှတ်တင်ဖို့ အတွက် လူတွေ ကြိုးစား နေကြတာကို မြင်တွေ့ ရပါတယ်။
လူတွေက ကိုယ်လုပ်ရမယ့် ကိစ္စတွေကို ဝိုင်းဝန်း လုပ်ဆောင်ရင်းနဲ့ စွန်ကြီးက လေပေါ်ကို တဖြည်းဖြည်း တက်လာပါတယ်။ အဲ့ဒိနောက်မှာ အားကောင်းတဲ့ လေစီးကြောင်းထဲကို စွန်က မျောပါ သွားပါတယ်။
စွန်ကြီး တက်သွားတာကို လူတွေဝိုင်းပြီး မော့ကြည့် နေကြပါတယ်။ အဲ့ဒီ ပုံရိပ်တွေကို ဗီဒီယိုမှတ်တမ်း တင်နေချိန်မှာပဲ ဘယ်ကနေ ဘယ်လို ကောင်မလေး တစ်ယောက် စွန်ရဲ့အမြီးမှာ ချိတ်ပြီး ပါသွားလဲမသိ ၊ ကောင်းကင်ပေါ်ကို တက်သွားပါတယ်။
ဗီဒီယို ဖိုင်ထဲမှာကတော့ အော်ဟစ်သံတွေ ဆူညံစွာ ကြားနေရပါတယ်။ ကောင်မလေးကတော့ စွန်နဲ့အတူ မိုးပေါ်ကို စတက်နေပါတယ်။ စွန်ကလည်း လေကြောင်း ရလို့လားမသိ မိုးပေါ်ကို တဟုန်ထိုး မြင့်တက် နေပါတယ်။ စက္ကန့် ၃၀လောက်ပဲ ကြာမယ်ထင်ပါတယ်။
စွန်က မိုးပေါ်ကို တော်တော် ရောက်နေပါပြီ။ အဲ့ဒါနဲ့ စွန်လွှတ်အသင်းက ချက်ခြင်းပဲ စွန်ကို အောက်ချဖို့ လုပ်လိုက်ကြပါတယ်။ လေအား ကောင်းကောင်းနဲ့ လွှင့်နေတဲ့စွန်ကို အောက်ကျအောင် အားလုံး ဝိုင်းပြီး ဆွဲချပြီးချိန်မှာတော့ ကလေးမလေးမှာ အသက်ဘေးက သီသီလေးလွတ်ခဲ့ပါတယ်။
ပွဲကျင်းပတဲ့ ဝန်ထမ်းတွေနဲ့ ကလေးမရဲ့ မိဘတွေက ချက်ခြင်းကိုပဲ ကလေးမလေးကို ဆေးရုံကို အရေးပေါ် ခေါ်သွားခဲ့ရပါတယ်။ ကလေးမလေးရဲ့ လည်ပင်းနဲ့ မျက်နှာမှာ ခြစ်ရာ အနည်းငယ် ရသွားတာက လွဲပြီး ကျန်တဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။
ထိုင်ဝမ်အစိုးရပိုင် သတင်းဌာန စင်ထရယ်နယူးအေဂျင်စီရဲ့အဆိုအရ ကလေးမလေးကို ဆေးရုံမှာ တစ်နာရီလောက် ကြာအောင် ဆေးစစ်မှု ပြီးတဲ့ နောက်မှာတော့ ဆေးရုံက ဆင်းခွင့်ပြုပေး လိုက်တယ်လို့ သိရပါတယ်။
ဟဆင်ချူမြို့တော်ဝန်က ချက်ခြင်းပဲ တောင်းပန်မှုကို ပြုလုပ်ခဲ့ပြီး စွန်လွှတ်ပွဲတော်ကို လုံခြုံရေးကိစ္စ ပြန်လည်စီစဉ်ဖို့ ခေတ္တ ဆိုင်းငံ့ခဲ့ပါတယ်။ “ ဒီလိုအဖြစ်မျိုး နောက်တစ်ကြီမ် မဖြစ်အောင် ကျနော်တို့ လုံခြုံရေးကိစ္စတွေကို ပြန်လည် စိစစ်နေပါတယ်”လို့ သူက ရုပ်သံမှာ ပြောသွားပါတယ်။
မောင်ယဿ, REF: CNN, photo: cnn
Zawgyi
စြန္အၿမီးမွာ ခ်ိတ္ၿပီး ပါသြာတဲ့ မိန္းကေလး ကံေကာင္းလို႔ မေသ ( ဆိုရွယ္ မီဒီယာေပၚကို ျပန႔္ႏွံ႔ သြားတဲ့ ဗီဒီယို)
မေန႔ က (တနဂၤေႏြ) ထိုင္ဝမ္မွာ လုပ္တဲ့ စြန္လႊတ္ပြဲေတာ္က ေပ်ာ္စရာကေန ေၾကာက္မက္ဖြယ္ရာ အျဖစ္သို႔ ကူးေျပာင္း ခဲ့ပါတယ္။ ၃ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ စြန္ေနာက္ၿမီး နဲ႔ ခ်ိတ္ၿပီး ေကာင္းကင္ေပၚကို ပါသြားလို႔ ေၾကာက္လန႔္တၾကား ေအာ္ဟစ္မႈေတြ အၿပီးမွာ ကေလးမေလးရဲ႕ အသက္ကို ျပန္လည္ ကယ္ဆယ္ ႏိုင္ခဲ့ပါတယ္။
ၿမိဳ႕ေတာ္ တိုင္ေပ ရဲ႕ ေတာင္ပိုင္းက ဟဆင္ခ်ဴ ၿမိဳ႕မွာ မေန႔က ႏိုင္ငံတကာ စြန္လႊတ္ပြဲေတာ္ က်င္းပခဲ့ပါတယ္။ ဆိုရွယ္ မီဒီယာေပၚကို ျပန႔္ႏွံ႔ သြားတဲ့ ဗီဒီယိုထဲက ပုံရိပ္အရ လိေမၼာ္ေရာင္ အၿမီးရွည္ႀကီးနဲ႔ စြန္ႀကီးကို လႊတ္တင္ဖို႔ အတြက္ လူေတြ ႀကိဳးစား ေနၾကတာကို ျမင္ေတြ႕ ရပါတယ္။
လူေတြက ကိုယ္လုပ္ရမယ့္ ကိစၥေတြကို ဝိုင္းဝန္း လုပ္ေဆာင္ရင္းနဲ႔ စြန္ႀကီးက ေလေပၚကို တျဖည္းျဖည္း တက္လာပါတယ္။ အဲ့ဒိေနာက္မွာ အားေကာင္းတဲ့ ေလစီးေၾကာင္းထဲကို စြန္က ေမ်ာပါ သြားပါတယ္။
စြန္ႀကီး တက္သြားတာကို လူေတြဝိုင္းၿပီး ေမာ့ၾကည့္ ေနၾကပါတယ္။ အဲ့ဒီ ပုံရိပ္ေတြကို ဗီဒီယိုမွတ္တမ္း တင္ေနခ်ိန္မွာပဲ ဘယ္ကေန ဘယ္လို ေကာင္မေလး တစ္ေယာက္ စြန္ရဲ႕အၿမီးမွာ ခ်ိတ္ၿပီး ပါသြားလဲမသိ ၊ ေကာင္းကင္ေပၚကို တက္သြားပါတယ္။
ဗီဒီယို ဖိုင္ထဲမွာကေတာ့ ေအာ္ဟစ္သံေတြ ဆူညံစြာ ၾကားေနရပါတယ္။ ေကာင္မေလးကေတာ့ စြန္နဲ႔အတူ မိုးေပၚကို စတက္ေနပါတယ္။ စြန္ကလည္း ေလေၾကာင္း ရလို႔လားမသိ မိုးေပၚကို တဟုန္ထိုး ျမင့္တက္ ေနပါတယ္။ စကၠန႔္ ၃၀ေလာက္ပဲ ၾကာမယ္ထင္ပါတယ္။
စြန္က မိုးေပၚကို ေတာ္ေတာ္ ေရာက္ေနပါၿပီ။ အဲ့ဒါနဲ႔ စြန္လႊတ္အသင္းက ခ်က္ျခင္းပဲ စြန္ကို ေအာက္ခ်ဖို႔ လုပ္လိုက္ၾကပါတယ္။ ေလအား ေကာင္းေကာင္းနဲ႔ လႊင့္ေနတဲ့စြန္ကို ေအာက္က်ေအာင္ အားလုံး ဝိုင္းၿပီး ဆြဲခ်ၿပီးခ်ိန္မွာေတာ့ ကေလးမေလးမွာ အသက္ေဘးက သီသီေလးလြတ္ခဲ့ပါတယ္။
ပြဲက်င္းပတဲ့ ဝန္ထမ္းေတြနဲ႔ ကေလးမရဲ႕ မိဘေတြက ခ်က္ျခင္းကိုပဲ ကေလးမေလးကို ေဆး႐ုံကို အေရးေပၚ ေခၚသြားခဲ့ရပါတယ္။ ကေလးမေလးရဲ႕ လည္ပင္းနဲ႔ မ်က္ႏွာမွာ ျခစ္ရာ အနည္းငယ္ ရသြားတာက လြဲၿပီး က်န္တဲ့ ဒဏ္ရာ ျပင္းျပင္းထန္ထန္ မရခဲ့ပါဘူး။
ထိုင္ဝမ္အစိုးရပိုင္ သတင္းဌာန စင္ထရယ္နယူးေအဂ်င္စီရဲ႕အဆိုအရ ကေလးမေလးကို ေဆး႐ုံမွာ တစ္နာရီေလာက္ ၾကာေအာင္ ေဆးစစ္မႈ ၿပီးတဲ့ ေနာက္မွာေတာ့ ေဆး႐ုံက ဆင္းခြင့္ျပဳေပး လိုက္တယ္လို႔ သိရပါတယ္။
ဟဆင္ခ်ဴၿမိဳ႕ေတာ္ဝန္က ခ်က္ျခင္းပဲ ေတာင္းပန္မႈကို ျပဳလုပ္ခဲ့ၿပီး စြန္လႊတ္ပြဲေတာ္ကို လုံၿခဳံေရးကိစၥ ျပန္လည္စီစဥ္ဖို႔ ေခတၱ ဆိုင္းငံ့ခဲ့ပါတယ္။ “ ဒီလိုအျဖစ္မ်ိဳး ေနာက္တစ္ႀကီမ္ မျဖစ္ေအာင္ က်ေနာ္တို႔ လုံၿခဳံေရးကိစၥေတြကို ျပန္လည္ စိစစ္ေနပါတယ္”လို႔ သူက ႐ုပ္သံမွာ ေျပာသြားပါတယ္။
ေမာင္ယႆ, REF: CNN, photo: cnn
No Comments