စေန၅ တနဂၤေႏြ ၄ တနလၤာ၁ နဲ႔ပြဲႀကီးပြဲေကာင္းမ်ား

Sport

စေန၅ တနဂၤေႏြ ၄ တနလၤာ၁ နဲ႔ပြဲႀကီးပြဲေကာင္းမ်ား

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၇ မွာ အသင္းႀကီးေတြ ထိပ္တိုက္ ရင္ဆိုင္မႈေတြပါေနပါတယ္။ စေနေန႔မွာဆိုရင္ ခ်ယ္လ္ဆီးနဲ႔စပါးပြဲ ရွိၿပီး တနဂၤေႏြေန႔မွာဆိုရင္ လက္စတာနဲ႔ မန္စီတီးပြဲ ၊ အာႀကီးနဲ႔ အယ္ဗာတန္ပြဲ ရွိပါတယ္။ တနလၤာ ညကေတာ့ လီဗာပူးနဲ႔ဝက္စ္ဟမ္း ပြဲပါပဲ။

ခ်ယ္ဆီး-စပါး (၂-၁) ။။ ခ်ယ္လ္ဆီးအိမ္ကြင္းမွာ စပါး သေရက်ဖို႔ေတာင္ခက္ေနတယ္။ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ လန္ဒန္ဒါဘီပြဲမို႔လို႔ အားလုံးက အာ႐ုံစိုက္ေနၾကတယ္။ ၂သင္းလုံးကေတာ့ လာမယ့္ႏွစ္ ဥေရာပၿပိဳင္ပြဲ တစ္ေနရာကို ဝင္ဖို႔က ေသခ်ာသေလာက္ရွိေနပါၿပီ။

ခ်ယ္ဆီးအသင္းက ေတာ့ တိုက္စစ္ေပ်ာက္ေနတဲ့ စပါးအသင္းကို အင္ျပည့္အားျပည့္နဲ႔ ရင္ဆိုင္သြားမွာပါ။ စပါးမန္ေနဂ်ာေမာ္ရင္ဟို ကေတာ့ သူ႔ထုံးစံကိုျပန္ၿပီးလုပ္ပါလိမ့္မယ္။ ခံစစ္အေသပိတ္ၿပီး ေကာင္တာနဲ႔ေဖာက္ကစားဖို႔ပဲလုပ္မွာပါ ။ သေရ၁မွတ္ရဖို႔အတြက္ သူႀကိဳးစားအားထုတ္သြားမွာပါ။

ဘန္းေလ-ဘုန္းေမာက္ (၂-၁)။။ ေဆာက္သမ္တန္ကြင္းမွာ ၂-၁ ဂိုးနဲ႔ႏိုင္ထားလို႔ ေျခႂကြနဲ႔တဲ့ဘန္းေလကို ဘုန္းေမာက္ ထိန္းဖို႔မလြယ္ေလာက္ပါဘူး။ ဘုန္းေမာက္လည္းၿပီးခဲ့တဲ့ပြဲမွာ ရွက္ဖီးကို ၂-၁နဲ႔ ရႈံးထားတယ္။ ဒီရာသီမွာ ခန႔္မွန္းရအခက္ဆုံးအသင္းက ဘုန္းေမာက္ပါပဲ။

တိုက္စစ္က တစ္ခါတစ္ေလခြၽန္ထြက္ၿပီး ဂိုးေတြရတတ္ပါတယ္။ ဒါေပမဲ့ ဘန္းေလရဲ႕ အေကာင္းဆုံး ခံစစ္ ျမင္ရမွာမို႔လို႔ အိမ္ရွင္ အသင္းကပဲ အားေပးလိုက္ရေအာင္လားဗ်ာ။

ခရစၥတယ္ပဲေလ့-နယူးကာဆယ္ (၁-၁)။။ အိမ္ကြင္းကစားပုံမေကာင္းတဲ့ ခရစၥတယ္ပဲေလ့က သုံးပြဲဆက္ အရႈံးကိုရင္ဆိုင္ထားရေတာ့ နယူးကာဆယ္ကို ႏိုင္ဖို႔ ႐ုန္းကန္ရမွာပါ။ သေရ ရလဒ္ဆိုတာက သူ႔အတြက္ အမ်ားႀကီးေမွ်ာ္လင့္ထား႐ုံပါပဲ။

နယူးကာဆယ္က ဒီႏွစ္ရာသီမွာ ပုံမွန္တိုးတက္မႈရွိေနတယ္။ ေနာက္ၿပီးေတာ့ နယူးကာဆယ္က ဒီဖက္ပိုင္းမွာဂိုးေတြရေနေတာ့ တိုက္စစ္အားရွိေနတယ္ ။နယူကာဆယ္ကိုပို ႀကိဳက္တယ္။

ရွက္ဖီးနဲ႔ ဘ႐ိုက္တန္(၁-၀) ။။ ရွက္ဖီးက နတ္သမီး အိပ္မက္မက္ေနတယ္။ လတ္တေလာအမွတ္ေပး ဇယားမွာ နံပါတ္၆ ေနရာကိုေရာက္ ေနတယ္။ သူ႔အတြက္က ဥေရာပ ၿပိဳင္ပြဲတစ္ေနရာဝင္ခြင့္ အိပ္မက္လွလွမက္ႏိုင္ဖို႔ ဘ႐ိုက္တန္ကို ေသခ်ာေပါက္အႏိုင္ကစားမွာပါ။ ဘ႐ိုက္တန္ကလည္း ၇ပြဲဆက္တိုက္ႏိုင္ပြဲမရွိေတာ့ အရင္ အဲ့ဒိ၂သင္းေတြ႕ဆုံတုန္းကလို ရွက္ဖီးက ႏိုင္ပြဲဆက္သြားမွာပါ။

ေဆာက္သမ္တန္နဲ႔ ဗီလာ(၂-၀)။။ ဗီလာက သက္သက္မဲ့ အၿငိဳးခံရမဲ့ပြဲပါ။ အိမ္ကြင္းရႈံးပြဲနဲ႔ ႀကဳံထားလို႔ ေဆာက္သမ္တန္က ဒီပြဲကို အားထည့္ၿပီး ကစားပါလိမ့္မယ္။ ေရွ႕ ၃ပြဲမွာ တစ္ပြဲရႈံးထားေပမဲ့ ရတဲ့ ရလဒ္ထက္ ကစားပုံက ပိုေကာင္းခဲ့ပါတယ္။

ကစားကြက္ကို အေပၚကေန စီးၿပီး ကစားတတ္တဲ့အသင္းမို႔လို႔ ဂိုးရႏိုင္ခြင့္က ပိုမ်ားေနပါတယ္။ဗီလာကလည္း တန္းဆင္းဇုံထဲကေန႐ုန္း ေနရပါတယ္။ ဗီလာက အိမ္ကြင္းသာနည္းနည္းမာခ်င္တာ အေဝးကြင္း အားနည္းတယ္။ ေနာက္ၿပီးတိုက္စစ္မႉးေတြကလည္း ဒဏ္ရာျပႆနာက မလြတ္ေသးပါဘူး။ သေရဆိုရင္ေတာင္ ဗီလာကေပ်ာ္ရမွာပါ ။ဒါေပမဲ့မျဖစ္ႏိုင္ပါဘူး။

လက္စတာနဲ႔ မန္စီတီး (၂-၂)။။ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာ ကိုလုၾကမဲ့အသင္း၂သင္းပါ။ လက္စတာက ဒီပြဲမွာ ၾကယ္စင္စုႀကီးဆီ ကေန ငါးႀကီးႀကီးဖမ္းမွာပါ။ ယုံၾကည္မႈ က်ဆင္းေနတဲ့မန္စီတီးကို ႐ိုက္ခ်ိဳးၿပီး နည္းျပ ဂြာဒီယိုလာကို စိတ္ဒုကၡေပးမယ္လို႔ ျမင္ပါတယ္။

အိမ္ကြင္းရလဒ္ေကာင္းတဲ့ လက္စတာအတြက္ သေရရလဒ္ကို အလြယ္တကူယူႏိုင္မွာပါ။ လက္စတာက ကြင္လယ္ပိုင္းအားနည္းခ်က္ရွိ ေနတာကိုေတာ့ တစ္ခ်က္သတိထားရမယ္။ မန္စီတီးအသင္းက ပေရာ္ဖက္ရွင္နယ္ဆန္မဆန္ကို ဒီပြဲမွာေစာင့္ၾကည့္ရမွာပဲ။

မန္ယူနဲ႔ ဝက္ဖို႔ဒ္ (၂-၁) ။။ မန္ယူက လက္ရွိအမွတ္ေပးဇယားနံပါတ္ ၇ မွာရွိေနလို႔ သူ႔ရဲ႕ပစ္မွတ္က ထိပ္တန္း၄သင္းထဲကို ဝင္ၿပီး ေနာင္ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ႏိုင္ဖို႔ႀကိဳးစားေနပါတယ္။ ခက္တာက အတက္အက်မ်ားေနတာက မန္ယူရဲ႕ျပႆနာပဲ။ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ျဖစ္ေနတယ္။

တန္းဆင္းဇုံမွာ႐ုန္းေနရတဲ့ ဝက္ဖို႔ဒ္ရဲ႕ညစ္အားကို ခံႏိုင္ပါ့မလားေတာင္ေတြးမိတယ္။ ဒဏ္ရာေၾကာင့္ နားေနတဲ့ ရက္ရွ္ဖို႔ဒ္မပါ ေပမဲ့လည္း မန္ယူကိုအားေပးရမွာပါ။ ႐ိုး႐ိုးသားသားေျပာရရင္ ဝက္ဖို႔ဒ္က တိုးတက္မႈရွိပါတယ္။ ေၾကာက္စရာမေကာင္း ေပမဲ့ မန္ယူအိမ္ကြင္းမွာ သူတို႔လည္း အစြမ္းရွိတယ္ဆိုတာကို ျပ မွာမို႔လို႔ မန္ယူအႏိုင္ဆိုေပမဲ့ ဂိုးမျပတ္ေလာက္ပါဘူး။

ဝုဖ္ နဲ႔ ေနာ့ဝစ္ခ်္ (၂-၀)။။ ဝုဖ္က လက္စတာလို အသင္းမ်ိဳးကို ဂိုးမရွိ သေရ ခံကန္ႏိုင္တဲ့အသင္းပါ။ ပရီမီးယားလိဂ္လို ေ႐ႊပုံေပၚကို ျပန္လာထိုင္ႏိုင္ဖို႔ ႀကိဳးစားႏိုင္ခဲ့တာက သူ႔ရဲ႕ အံ့မခန္းအစြမ္းပါ။လက္ရွိအမွတ္ေပးဇယားမွာ မန္ယူေအာက္ကေန နံပါတ္ ၈ေနရာမွာရွိေနေတာ့ ဥေရာပ ၿပိဳင္ပြဲ ဝင္ခြင့္ေလးမ်ား ရမလားဆိုတဲ့အိပ္မက္က ရွိေနေသးတယ္။

ေနာ့ဝစ္ခ်္ကလည္း တန္းဆင္ဇုံ အမွတ္ေပးဇယား ဖင္မွာကပ္ေနေပမဲ့ လီဗာပူးကို ၁-၀ ဂိုးနဲ႔ ခံကန္ထားတယ္ဆိုတာကိုေတာ့မေမ့နဲ႔ေပါ့။ ဝုဖ္နဲ႔ပတ္သက္ၿပီးေတာ့ အားရွိစရာသတင္းကေတာ့ တိုက္စစ္မႉးေတြ အားလုံးရဲ႕လုပ္အားႏႈန္းကိုျပန္ရေနၿပီဆိုတာပါပဲ။

အာဆင္နယ္နဲ႔ အဲဗာတန္ (၂-၂)။။ တနဂၤေႏြည အတြက္ စိတ္လႈတ္ရွားစရာအေကာင္းဆုံးၿပိဳင္ပြဲပါပဲ။ ဒီရာသီမွာ ရလဒ္ေတြမေကာင္း ခဲ့ေပမဲ့ ဒီညကေတာ့ သူက သေရကို အသာအယာရေအာင္ယူျပသြားမွာပါ။ အူဘန္ေယာင္ ဘယ္ေလာက္ဂိုးသြင္းႏိုင္သလဲ ဆိုတာကို လည္း ေစာင့္ၾကည့္ရမွာပါ။ အရင္ထိပ္တိုက္ေတြ႕ဆုံမႈတုန္းက ဂိုးမရွိ သေရက်ခဲ့ေပမဲ့ လက္ရွိနည္းျပ အေျပာင္းအလဲေၾကာင့္ ဂိုးမ်ားဖို႔က ေသခ်ာပါတယ္။

လီဗာပူးနဲ႔ ဝက္စ္ဟမ္း (၃-၀)။။ လီဗာပူးက ေနာ့ဝစ္ခ်္လို ေအာက္ဆုံးအသင္းကို ၁-၀နဲ႔ပဲအႏိုင္ကစား ႏိုင္ခဲ့တာက အားေပးသူေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။ဒါေပမဲ့ ဒီတပတ္အိမ္ကြင္းမွာေတာ့ ဆီနီေဂါတိုက္စစ္မႉးျပန္ပါလာမဲ့အတြက္ေၾကာင့္ ဆာလတ္အတြက္ ဂိုးသြင္းလမ္းေၾကာင္းျပန္ပြင့္လာမွာပါ။

ပရီးမီးယားလိဂ္ဖလားအတြက္ ႐ုန္းကန္စရာမလိုတဲ့အတြက္ ကစားကြက္ကိုလွလွပပနဲ႔ ကစားႏိုင္ေအာင္ ႀကိဳးစားမွာပါ။ ကစားကြက္ရဲ႕ခ်ိတ္ဆက္မႈအားေၾကာင့္ပဲဂိုးေတြရသြားမွာပါ။ ဝက္စ္ဟမ္း အိမ္ကြင္းမွာေတာင္ ၂-၀ဂိုးနဲ႔ ႏိုင္ခဲ့ေသးတာ။ ဂိုမိုး႐ြာမ႐ြာကိုေစာင့္ၾကည့္ရမွာပါ။

ေမာင္ယႆ

REF: football predition .com

Unicode Version

စနေ၅ တနင်္ဂနွေ ၄ တနင်္လာ၁ နဲ့ပွဲကြီးပွဲကောင်းများ

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာ အသင်းကြီးတွေ ထိပ်တိုက် ရင်ဆိုင်မှုတွေပါနေပါတယ်။ စနေနေ့မှာဆိုရင် ချယ်လ်ဆီးနဲ့စပါးပွဲ ရှိပြီး တနင်္ဂနွေနေ့မှာဆိုရင် လက်စတာနဲ့ မန်စီတီးပွဲ ၊ အာကြီးနဲ့ အယ်ဗာတန်ပွဲ ရှိပါတယ်။ တနင်္လာ ညကတော့ လီဗာပူးနဲ့ဝက်စ်ဟမ်း ပွဲပါပဲ။

ချယ်ဆီး-စပါး (၂-၁) ။။ ချယ်လ်ဆီးအိမ်ကွင်းမှာ စပါး သရေကျဖို့တောင်ခက်နေတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လန်ဒန်ဒါဘီပွဲမို့လို့ အားလုံးက အာရုံစိုက်နေကြတယ်။ ၂သင်းလုံးကတော့ လာမယ့်နှစ် ဥရောပပြိုင်ပွဲ တစ်နေရာကို ဝင်ဖို့က သေချာသလောက်ရှိနေပါပြီ။

ချယ်ဆီးအသင်းက တော့ တိုက်စစ်ပျောက်နေတဲ့ စပါးအသင်းကို အင်ပြည့်အားပြည့်နဲ့ ရင်ဆိုင်သွားမှာပါ။ စပါးမန်နေဂျာမော်ရင်ဟို ကတော့ သူ့ထုံးစံကိုပြန်ပြီးလုပ်ပါလိမ့်မယ်။ ခံစစ်အသေပိတ်ပြီး ကောင်တာနဲ့ဖောက်ကစားဖို့ပဲလုပ်မှာပါ ။ သရေ၁မှတ်ရဖို့အတွက် သူကြိုးစားအားထုတ်သွားမှာပါ။

ဘန်းလေ-ဘုန်းမောက် (၂-၁)။။ ဆောက်သမ်တန်ကွင်းမှာ ၂-၁ ဂိုးနဲ့နိုင်ထားလို့ ခြေကြွနဲ့တဲ့ဘန်းလေကို ဘုန်းမောက် ထိန်းဖို့မလွယ်လောက်ပါဘူး။ ဘုန်းမောက်လည်းပြီးခဲ့တဲ့ပွဲမှာ ရှက်ဖီးကို ၂-၁နဲ့ ရှုံးထားတယ်။ ဒီရာသီမှာ ခန့်မှန်းရအခက်ဆုံးအသင်းက ဘုန်းမောက်ပါပဲ။ တိုက်စစ်က တစ်ခါတစ်လေချွန်ထွက်ပြီး ဂိုးတွေရတတ်ပါတယ်။ ဒါပေမဲ့ ဘန်းလေရဲ့ အကောင်းဆုံး ခံစစ် မြင်ရမှာမို့လို့ အိမ်ရှင် အသင်းကပဲ အားပေးလိုက်ရအောင်လားဗျာ။

ခရစ္စတယ်ပဲလေ့-နယူးကာဆယ် (၁-၁)။။ အိမ်ကွင်းကစားပုံမကောင်းတဲ့ ခရစ္စတယ်ပဲလေ့က သုံးပွဲဆက် အရှုံးကိုရင်ဆိုင်ထားရတော့ နယူးကာဆယ်ကို နိုင်ဖို့ ရုန်းကန်ရမှာပါ။ သရေ ရလဒ်ဆိုတာက သူ့အတွက် အများကြီးမျှော်လင့်ထားရုံပါပဲ။ နယူးကာဆယ်က ဒီနှစ်ရာသီမှာ ပုံမှန်တိုးတက်မှုရှိနေတယ်။ နောက်ပြီးတော့ နယူးကာဆယ်က ဒီဖက်ပိုင်းမှာဂိုးတွေရနေတော့ တိုက်စစ်အားရှိနေတယ် ။နယူကာဆယ်ကိုပို ကြိုက်တယ်။

ရှက်ဖီးနဲ့ ဘရိုက်တန်(၁-ဝ) ။။ ရှက်ဖီးက နတ်သမီး အိပ်မက်မက်နေတယ်။ လတ်တလောအမှတ်ပေး ဇယားမှာ နံပါတ်၆ နေရာကိုရောက် နေတယ်။

သူ့အတွက်က ဥရောပ ပြိုင်ပွဲတစ်နေရာဝင်ခွင့် အိပ်မက်လှလှမက်နိုင်ဖို့ ဘရိုက်တန်ကို သေချာပေါက်အနိုင်ကစားမှာပါ။ ဘရိုက်တန်ကလည်း ၇ပွဲဆက်တိုက်နိုင်ပွဲမရှိတော့ အရင် အဲ့ဒိ၂သင်းတွေ့ဆုံတုန်းကလို ရှက်ဖီးက နိုင်ပွဲဆက်သွားမှာပါ။

ဆောက်သမ်တန်နဲ့ ဗီလာ(၂-ဝ)။။ ဗီလာက သက်သက်မဲ့ အငြိုးခံရမဲ့ပွဲပါ။ အိမ်ကွင်းရှုံးပွဲနဲ့ ကြုံထားလို့ ဆောက်သမ်တန်က ဒီပွဲကို အားထည့်ပြီး ကစားပါလိမ့်မယ်။ ရှေ့ ၃ပွဲမှာ တစ်ပွဲရှုံးထားပေမဲ့ ရတဲ့ ရလဒ်ထက် ကစားပုံက ပိုကောင်းခဲ့ပါတယ်။

ကစားကွက်ကို အပေါ်ကနေ စီးပြီး ကစားတတ်တဲ့အသင်းမို့လို့ ဂိုးရနိုင်ခွင့်က ပိုများနေပါတယ်။ ဗီလာကလည်း တန်းဆင်းဇုံထဲကနေရုန်း နေရပါတယ်။ ဗီလာက အိမ်ကွင်းသာနည်းနည်းမာချင်တာ အဝေးကွင်း အားနည်းတယ်။ နောက်ပြီးတိုက်စစ်မှူးတွေကလည်း ဒဏ်ရာပြဿနာက မလွတ်သေးပါဘူး။ သရေဆိုရင်တောင် ဗီလာကပျော်ရမှာပါ ။ဒါပေမဲ့မဖြစ်နိုင်ပါဘူး။

လက်စတာနဲ့ မန်စီတီး (၂-၂)။။ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ ကိုလုကြမဲ့အသင်း၂သင်းပါ။ လက်စတာက ဒီပွဲမှာ ကြယ်စင်စုကြီးဆီ ကနေ ငါးကြီးကြီးဖမ်းမှာပါ။ ယုံကြည်မှု ကျဆင်းနေတဲ့မန်စီတီးကို ရိုက်ချိုးပြီး နည်းပြ ဂွာဒီယိုလာကို စိတ်ဒုက္ခပေးမယ်လို့ မြင်ပါတယ်။

အိမ်ကွင်းရလဒ်ကောင်းတဲ့ လက်စတာအတွက် သရေရလဒ်ကို အလွယ်တကူယူနိုင်မှာပါ။ လက်စတာက ကွင်လယ်ပိုင်းအားနည်းချက်ရှိ နေတာကိုတော့ တစ်ချက်သတိထားရမယ်။ မန်စီတီးအသင်းက ပရော်ဖက်ရှင်နယ်ဆန်မဆန်ကို ဒီပွဲမှာစောင့်ကြည့်ရမှာပဲ။

မန်ယူနဲ့ ဝက်ဖို့ဒ် (၂-၁) ။။ မန်ယူက လက်ရှိအမှတ်ပေးဇယားနံပါတ် ၇ မှာရှိနေလို့ သူ့ရဲ့ပစ်မှတ်က ထိပ်တန်း၄သင်းထဲကို ဝင်ပြီး နောင်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်နိုင်ဖို့ကြိုးစားနေပါတယ်။ ခက်တာက အတက်အကျများနေတာက မန်ယူရဲ့ပြဿနာပဲ။ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတယ်။

တန်းဆင်းဇုံမှာရုန်းနေရတဲ့ ဝက်ဖို့ဒ်ရဲ့ညစ်အားကို ခံနိုင်ပါ့မလားတောင်တွေးမိတယ်။ ဒဏ်ရာကြောင့် နားနေတဲ့ ရက်ရှ်ဖို့ဒ်မပါ ပေမဲ့လည်း မန်ယူကိုအားပေးရမှာပါ။ ရိုးရိုးသားသားပြောရရင် ဝက်ဖို့ဒ်က တိုးတက်မှုရှိပါတယ်။ ကြောက်စရာမကောင်း ပေမဲ့ မန်ယူအိမ်ကွင်းမှာ သူတို့လည်း အစွမ်းရှိတယ်ဆိုတာကို ပြ မှာမို့လို့ မန်ယူအနိုင်ဆိုပေမဲ့ ဂိုးမပြတ်လောက်ပါဘူး။

ဝုဖ် နဲ့ နော့ဝစ်ချ် (၂-ဝ)။။ ဝုဖ်က လက်စတာလို အသင်းမျိုးကို ဂိုးမရှိ သရေ ခံကန်နိုင်တဲ့အသင်းပါ။ ပရီမီးယားလိဂ်လို ရွှေပုံပေါ်ကို ပြန်လာထိုင်နိုင်ဖို့ ကြိုးစားနိုင်ခဲ့တာက သူ့ရဲ့ အံ့မခန်းအစွမ်းပါ။လက်ရှိအမှတ်ပေးဇယားမှာ မန်ယူအောက်ကနေ နံပါတ် ၈နေရာမှာရှိနေတော့ ဥရောပ ပြိုင်ပွဲ ဝင်ခွင့်လေးများ ရမလားဆိုတဲ့အိပ်မက်က ရှိနေသေးတယ်။

နော့ဝစ်ချ်ကလည်း တန်းဆင်ဇုံ အမှတ်ပေးဇယား ဖင်မှာကပ်နေပေမဲ့ လီဗာပူးကို ၁-၀ ဂိုးနဲ့ ခံကန်ထားတယ်ဆိုတာကိုတော့မမေ့နဲ့ပေါ့။ ဝုဖ်နဲ့ပတ်သက်ပြီးတော့ အားရှိစရာသတင်းကတော့ တိုက်စစ်မှူးတွေ အားလုံးရဲ့လုပ်အားနှုန်းကိုပြန်ရနေပြီဆိုတာပါပဲ။

အာဆင်နယ်နဲ့ အဲဗာတန် (၂-၂)။။ တနင်္ဂနွေည အတွက် စိတ်လှုတ်ရှားစရာအကောင်းဆုံးပြိုင်ပွဲပါပဲ။ ဒီရာသီမှာ ရလဒ်တွေမကောင်း ခဲ့ပေမဲ့ ဒီညကတော့ သူက သရေကို အသာအယာရအောင်ယူပြသွားမှာပါ။

အူဘန်ယောင် ဘယ်လောက်ဂိုးသွင်းနိုင်သလဲ ဆိုတာကို လည်း စောင့်ကြည့်ရမှာပါ။ အရင်ထိပ်တိုက်တွေ့ဆုံမှုတုန်းက ဂိုးမရှိ သရေကျခဲ့ပေမဲ့ လက်ရှိနည်းပြ အပြောင်းအလဲကြောင့် ဂိုးများဖို့က သေချာပါတယ်။

လီဗာပူးနဲ့ ဝက်စ်ဟမ်း (၃-ဝ)။။ လီဗာပူးက နော့ဝစ်ချ်လို အောက်ဆုံးအသင်းကို ၁-ဝနဲ့ပဲအနိုင်ကစား နိုင်ခဲ့တာက အားပေးသူတွေကို စိတ်ပျက်စေခဲ့ပါတယ်။ဒါပေမဲ့ ဒီတပတ်အိမ်ကွင်းမှာတော့ ဆီနီဂေါတိုက်စစ်မှူးပြန်ပါလာမဲ့အတွက်ကြောင့် ဆာလတ်အတွက် ဂိုးသွင်းလမ်းကြောင်းပြန်ပွင့်လာမှာပါ။

ပရီးမီးယားလိဂ်ဖလားအတွက် ရုန်းကန်စရာမလိုတဲ့အတွက် ကစားကွက်ကိုလှလှပပနဲ့ ကစားနိုင်အောင် ကြိုးစားမှာပါ။ ကစားကွက်ရဲ့ချိတ်ဆက်မှုအားကြောင့်ပဲဂိုးတွေရသွားမှာပါ။ ဝက်စ်ဟမ်း အိမ်ကွင်းမှာတောင် ၂-ဝဂိုးနဲ့ နိုင်ခဲ့သေးတာ။ ဂိုမိုးရွာမရွာကိုစောင့်ကြည့်ရမှာပါ။

မောင်ယဿ

REF: football predition .com

No Comments

Leave a Reply

Your email address will not be published.

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
Sport
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။ ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။ ပွဲစလို့ ၁၀မိနစ် အတွင်းမှာ …

လာမယ့္ အပတ္ထဲမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတာဖိုင္နယ္ပြဲစဥ္မ်ား
Sport
လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ

လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စဉ်တွေထဲက ဒုတိယအကျော့ ပြန်ကန်ပွဲတွေ ကစားပြီးနောက်မှာတော့ စပိန် နာမည်ကြီး ရီရယ်မက်ဒရစ်ကို အင်္ဂလန်ကလပ် မန်စီတီးက အနိုင်ယူပြီး အီတလီက စီရီးအေဘီလူးကြီး ဂျူဗင်တပ်ကို ပြင်သစ်အသင်း လိုင်းယွန်းက အနိုင်ယူခဲ့ကာ ကွာတာဖိုင်နယ်မှာ တွေ့ ဆုံ ကြတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံလိဂ် ဘောလုံပွဲတွေ မနားခင် ဖေဖော်ဝါရီလအတွင်းက မန်စီတီးကွင်းမှာ မန်စီတီးက ရီရဲမက်ဒရစ်အသင်းကို ကို ၂-၁ဂိုးနဲ့ အနိုင်ယူ ထားတာကို ရီရဲက အိမ်ကွင်းမှာ အနိုင်အဖြစ် မပြောင်း နိုင်ဘဲ ၂-၁ဂိုးနဲ့ ထပ်ရှုံးလို့ ၂ပွဲပေါင်း …