စူပါဟီး႐ိုးလုပ္ခ်င္တဲ့ ၿမိဳ႕စားကေတာ္ မီဂန္
- By : Kaung Khant
- Category : Entertainment

စူပါဟီး႐ိုးလုပ္ခ်င္တဲ့ ၿမိဳ႕စားကေတာ္ မီဂန္
ၿဗိတိန္နန္းေတာ္ထဲက ဆဲဆက္ၿမိဳ႕စား ကေတာ္ မီဂန္က သူမ ရဲ႕ အပ်ိဳ ဘဝ တုန္းက ေအးဂ်င့္ နစ္ေကာ္လင္းကို အဆက္အသြယ္ ျပန္ယူၿပီး သူမအေနနဲ႔ စူပါဟီး႐ိုး ႐ုပ္ရွင္ေတြထဲ က ဇာတ္ေကာင္တစ္ေကာင္ အျဖစ္ ျပန္ၿပီး သ႐ုပ္ေဆာင္လိုေၾကာင္း ေျပာလာပါတယ္။ သည္ေမးလ္ ရဲ႕ တနဂၤေႏြ ထုတ္ သတင္းစာမွာ “သူမကေတာ့ သ႐ုပ္ေဆာင္ အလုပ္ကို ျပန္လုပ္ခ်င္ေနပါတယ္ ။ အခု သူမ သ႐ုပ္ေဆာင္ခ်င္တာက စူပါဟီး႐ို ႐ုပ္ရွင္ တစ္ခုခုမွာ ပါခ်င္ေနတာပါ။
သူမရဲ႕ ေအးဂ်င့္ က သူမ နဲ႔ လိုက္ဖတ္ မယ့္ ႐ုပ္ရွင္ တစ္ကား အတြက္ တက္တက္ ႂကြႂကြ လိုက္ ရွာ ေန ပါ တယ္။ သူမ က ေတာ့ ဇာတ္လမ္း မ ေ႐ြး ႐ိုက္မယ္ လို႔ ေအးဂ်င့္ က ေျပာ ပါတယ္”လို႔ ပါ ရွိ ပါ တယ္။
“မီဂန္က ေဟာလီးဝုဒ္မွာ အစည္းအေဝး တစ္ခုလုပ္ဖို႔အတြက္ စီစဥ္ေနပါတယ္။ အခုလည္း ဒစၥေန နဲ႔စကားေျပာထားၿပီးပါၿပီ။ အဲ့ဒါအျပင္ သူမက စူပါဟီး႐ို ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ခ်င္ေနတာပါ။ သူမက ႐ုပ္ရွင္သ႐ုပ္ေဆာင္အျဖစ္နဲ႔ အသက္ေမြးလို႔မရဘူးဆို တာကို သိပါတယ္။ ၿမိဳ႕စားကေတာ္ဆိုတဲ့ ပုံရိပ္ကို သ႐ုပ္ေဆာင္ဆိုတဲ့ အသက္ေမြးဝမ္းေက်ာင္းမႈက ေက်ာ္လို႔မရ ပါဘူး။
လူေတြကလည္း သူမရဲ႕ အတိတ္ဘ၀ က သ႐ုပ္ေဆာင္လုပ္ဖူးတယ္ဆိုတာကို ျပန္မသြားေစခ်င္ပါဘူး။ တကယ္လို႔ ဆႏၵရွိမယ္ဆိုရင္ ေတာင္မွ အသံသ႐ုပ္ေဆာင္ အျဖစ္ေလာက္ပဲ ဝါသနာအရ လုပ္လို႔ရမွာပါ။ သူမကေတာ့ ဆုံးျဖတ္ခ်က္ခ်ထားၿပီး ပုံေပၚေနပါတယ္။ ႐ုပ္ရွင္ေလာက က ဟိုလူ ဒီလူေတြကို လိုက္ေတြ႕ ေနတယ္။
သူမပုံစံ ၾကည့္ရတာ လုပ္ငန္းႀကီး တစ္ခုလုပ္ခ်င္ ေနပုံ ေပၚပါတယ္”လို႔ သတင္းစာထဲမွာ ဆိုပါတယ္။ မီဂန္က ဒစၥေနနဲ႔ ေတာဆင္႐ိုင္း ထိန္းသိမ္းကာကြယ္ေရးအလႉေငြအတြက္ ႐ိုက္မယ့္႐ုပ္ရွင္အတြက္ အသံဇာတ္ေၾကာင္းေျပာသူအျဖစ္ လက္မွတ္ထိုး သေဘာတူၿပီးသားျဖစ္ပါတယ္။ သူမက ကေနဒါမွာမင္းသား ဟာရီနဲ႔အတူ သီတင္းပတ္ ၆ပတ္ အနားယူမယ္ဆို ကတည္းက အဲ့ဒိကိစၥကိုစီစဥ္ထားခဲ့တာပါ။
သူတို႔၂ဦးကေတာ့ ၿဗိတိသွ် ေတာ္ဝင္မိသားစု ကေန အနားယူဖို ဆုံးျဖတ္ေနပါတယ္။ ၿပီးေတာ့ နန္ော္အေထာက္ပံ့ခံ ဘဝကေန ကိုယ္ေငြနဲ႔ရပ္တည္ႏိုင္တဲ့မိသားစုဘ၀ ကိုပိုင္ဆိုင္ေအာင္လုပ္ခ်င္ေနတာပါ။ ဒါေၾကာင့္ မီဂန္က သူမကိုယ္တိုင္လုပ္လို႔ရမယ့္ အလုပ္ဆီကို ျပန္ဦးလွည့္လာတာေနမွာပါ။
ေမာင္ယႆ Ref;Asiaone
Photo; pinterset
Unicode
စူပါဟီးရိုးလုပ်ချင်တဲ့ မြို့စားကတော် မီဂန်
ဗြိတိန်နန်းတော်ထဲက ဆဲဆက်မြို့စား ကတော် မီဂန်က သူမ ရဲ့ အပျို ဘဝ တုန်းက အေးဂျင့် နစ်ကော်လင်းကို အဆက်အသွယ် ပြန်ယူပြီး သူမအနေနဲ့ စူပါဟီးရိုး ရုပ်ရှင်တွေထဲ က ဇာတ်ကောင်တစ်ကောင် အဖြစ် ပြန်ပြီး သရုပ်ဆောင်လိုကြောင်း ပြောလာပါတယ်။ သည်မေးလ် ရဲ့ တနင်္ဂနွေ ထုတ် သတင်းစာမှာ “သူမကတော့ သရုပ်ဆောင် အလုပ်ကို ပြန်လုပ်ချင်နေပါတယ် ။ အခု သူမ သရုပ်ဆောင်ချင်တာက စူပါဟီးရို ရုပ်ရှင် တစ်ခုခုမှာ ပါချင်နေတာပါ။
သူမရဲ့ အေးဂျင့် က သူမ နဲ့ လိုက်ဖတ် မယ့် ရုပ်ရှင် တစ်ကား အတွက် တက်တက် ကြွကြွ လိုက် ရှာ နေ ပါ တယ်။ သူမ က တော့ ဇာတ်လမ်း မ ရွေး ရိုက်မယ် လို့ အေးဂျင့် က ပြော ပါတယ်”လို့ ပါ ရှိ ပါ တယ်။
“မီဂန်က ဟောလီးဝုဒ်မှာ အစည်းအဝေး တစ်ခုလုပ်ဖို့အတွက် စီစဉ်နေပါတယ်။ အခုလည်း ဒစ္စနေ နဲ့စကားပြောထားပြီးပါပြီ။ အဲ့ဒါအပြင် သူမက စူပါဟီးရို ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်နေတာပါ။ သူမက ရုပ်ရှင်သရုပ်ဆောင်အဖြစ်နဲ့ အသက်မွေးလို့မရဘူးဆို တာကို သိပါတယ်။ မြို့စားကတော်ဆိုတဲ့ ပုံရိပ်ကို သရုပ်ဆောင်ဆိုတဲ့ အသက်မွေးဝမ်းကျောင်းမှုက ကျော်လို့မရ ပါဘူး။
လူတွေကလည်း သူမရဲ့ အတိတ်ဘ၀ က သရုပ်ဆောင်လုပ်ဖူးတယ်ဆိုတာကို ပြန်မသွားစေချင်ပါဘူး။ တကယ်လို့ ဆန္ဒရှိမယ်ဆိုရင် တောင်မှ အသံသရုပ်ဆောင် အဖြစ်လောက်ပဲ ဝါသနာအရ လုပ်လို့ရမှာပါ။ သူမကတော့ ဆုံးဖြတ်ချက်ချထားပြီး ပုံပေါ်နေပါတယ်။ ရုပ်ရှင်လောက က ဟိုလူ ဒီလူတွေကို လိုက်တွေ့ နေတယ်။
သူမပုံစံ ကြည့်ရတာ လုပ်ငန်းကြီး တစ်ခုလုပ်ချင် နေပုံ ပေါ်ပါတယ်”လို့ သတင်းစာထဲမှာ ဆိုပါတယ်။ မီဂန်က ဒစ္စနေနဲ့ တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးအလှူငွေအတွက် ရိုက်မယ့်ရုပ်ရှင်အတွက် အသံဇာတ်ကြောင်းပြောသူအဖြစ် လက်မှတ်ထိုး သဘောတူပြီးသားဖြစ်ပါတယ်။ သူမက ကနေဒါမှာမင်းသား ဟာရီနဲ့အတူ သီတင်းပတ် ၆ပတ် အနားယူမယ်ဆို ကတည်းက အဲ့ဒိကိစ္စကိုစီစဉ်ထားခဲ့တာပါ။
သူတို့၂ဦးကတော့ ဗြိတိသျှ တော်ဝင်မိသားစု ကနေ အနားယူဖို ဆုံးဖြတ်နေပါတယ်။ ပြီးတော့ နန်ော်အထောက်ပံ့ခံ ဘဝကနေ ကိုယ်ငွေနဲ့ရပ်တည်နိုင်တဲ့မိသားစုဘ၀ ကိုပိုင်ဆိုင်အောင်လုပ်ချင်နေတာပါ။ ဒါကြောင့် မီဂန်က သူမကိုယ်တိုင်လုပ်လို့ရမယ့် အလုပ်ဆီကို ပြန်ဦးလှည့်လာတာနေမှာပါ။
မောင်ယဿ Ref;Asiaone
Photo; pinterset
No Comments