စူပါမားကတ်ထဲ ဓားနဲ့ ဝင်မွှေတဲ့ အကြမ်းဖက်သမားကို နယူးဇီလန်ရဲတွေက နေရမှာတင် ပစ်သတ်

စူပါမားကတ်ထဲ ဓားနဲ့ ဝင်မွှေတဲ့ အကြမ်းဖက်သမားကို နယူးဇီလန်ရဲတွေက နေရမှာတင် ပစ်သတ်
International-news

စူပါမားကတ်ထဲ ဓားနဲ့ ဝင်မွှေတဲ့ အကြမ်းဖက်သမားကို နယူးဇီလန်ရဲတွေက နေရမှာတင် ပစ်သတ်

မောင်ယဿ ( စက်တင်ဘာ ၃ )

နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့က စူပါမားကတ်တစ်ခုမှာ ဓာကိုင်ပြီး လူတွေကို လိုက်ထိုးနေတဲ့ အစ္စလမ် မစ်အစွန်းရောက် အကြမ်းဖက်သမား တစ်ဦးကို ရဲတွေက နေရာမှာတင်ပဲ ပစ်သတ်လိုက်တယ်လို့ ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က ဒီကနေ့ သတင်းစာရှင်းလင်ပွဲ မှာ ဆိုလိုက်ပါတယ်။

ဒါက အကြမ်းဖက် အိုင်အက်စ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
အဲ့ဒိ အခင်းဖြစ်ပွားမှုကိုကိုင်တွယ်တဲ့ ရဲအရာရှိက “ ဒီနေ့ မနက်ပိုင်းမှာ သီရိလကာၤ နိုင်ငံသားတစ်ဦးက နယူလင်း စတိုးထဲကို ဝင်လာပါတယ်။

အထဲကိုရောက်တာနဲ့ တွေ့တဲ့လူကို ဆိုင်ကစင်ပေါ်မှာ ထား ထားတဲ့ ဓားတစ်ချောင်း ကို ယူပြီး ထိုးလိုက်ပါတယ်”လို့ ဆိုပါတယ်။

ဆိုင်ကို ရဲတွေရောက်လာချိန်မှာတော့ သူလိုက်ထိုးထားတဲ့ လူ ၆ ဦးရှိသွားပါပြီ။ ရဲတွေက လက်နက်ချဖို့ ပြောပေမဲ့ သူက ပြန်ပြီးတိုက်ခိုက်ဖို့ ကြိုးစားတာနဲ့ ရဲတွေ က သူ့ကို အခင်းဖြစ်ပွားတဲ့ နေရာမှာ ပဲ သေနတ်နဲ့ ပစ်သတ်လိုက် ပါတယ်။

ဓာနဲ့ အထိုးခံရတဲ့ သူတွေကို ဆေးရုံ အရေးပေါ်မှာ တင်ထားပါတယ်။ အဲ့ဒိထဲက တစ်ယောက်ကတော့ ဆိုးဆိုးဝါးဝါး အခြေအနေနဲ့ ကြုံတွေ့နေပါတယ်။

“ ကျမပြောချင်တာက ဒီလိုလုပ်ရပ်တွေက အကြမ်းဖက်လုပ်ရပ်တွေပါ။ အိုင်အက်စ်တွေရဲ့ အစွန်းရောက် အယူဝါဒ က ကျမတို့ရဲ့ အစိုးရကို ခြိမ်းခြောက်တဲ့ပုံစံမျိုး ဖြစ်နေပါတယ်။

ဒီနေ့ဖြစ်ရပ်ကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အမုန်းတရားတွေ နဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို မြင်တွေ့ လိုက်ရတာပဲ ဖြစ်ပါတယ်။ ဒါတွေက ကိုးကွယ်မှု ၊ ယဉ်ကျေးမှု ၊ လူမျိုး နဲ့ မဆိုင်ပါဘူး ၊ တစ်ဦးချင်းစီရဲ့ ခံစားမှုနဲ့ သူ့ကိုလွှမ်းမိုးထားတဲ့ ဝါဒ နဲ့ပဲ ဆိုင်ပါတယ်။

အဲ့လို လူတွေက လူ့အဖွဲ့အစည်းကို ထိခိုက်လာပြီဆိုရင်တော့ တရားဥပဒေရဲ့ သက်ရောက်မှု က လုပ်ပိုင်ခွင့် ဘောင်ကို ကျော်ပြီး စိတ်မကောင်း စရာတွေ ဖြစ်လာတော့တာပဲ” လို့ ဆိုလိုက်ပါတယ်။
အဲ့ဒိလူက နယူးဇီလန် ကို ၂၀၁၁ ကတည်းက ရောက်နေခဲ့တာပါ။

သူရဲ့ အစွန်းရောက်ဝါဒ ဖြန့်ချီမှုတွေကြောင့် ၂၀၁၆ ကတည်းက ရဲတွေက စောင့်ကြည့်စာရင်းထဲကို ထည့်ထားပါတယ်။ “ ကျမတို့ က ပြည်သူတွေ ဘေးကင်အောင်နေထိုင် နိုင်လို့ရအောင် အဆင်မြင့်နည်းပညာတွေနဲ့ စောင့်ရှောက်နေပါတယ်” လို့ ဆိုပါတယ်။

REF: UPI,Photo: Credit UPI

Zawgyi


စူပါမားကတ်ထဲ ဓားနဲ့ ဝင်မွှေတဲ့ အကြမ်းဖက်သမားကို နယူးဇီလန်ရဲတွေက နေရမှာတင် ပစ်သတ်
စူပါမားကတ်ထဲ ဓားနဲ့ ဝင်မွှေတဲ့ အကြမ်းဖက်သမားကို နယူးဇီလန်ရဲတွေက နေရမှာတင် ပစ်သတ်

မောင်ယဿ ( စက်တင်ဘာ ၃ )


အဲ့ဒိ အခင်းဖြစ်ပွားမှုကိုကိုင်တွယ်တဲ့ ရဲအရာရှိက “ ဒီနေ့ မနက်ပိုင်းမှာ သီရိလကာင်္ နိုင်ငံသားတစ်ဦးက နယူလင်း စတိုးထဲကို ဝင်လာပါတယ်။








REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …