စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း

စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း
Life Style

စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း

ဒီေန႔ မနက္ ၁၁ ဝန္းက်င္ေလာက္က ကိုဇင္မင္းဦးဆီက ဖုန္း ဝင္လာသည္။ အစ္ကိုႀကီး မနက္စာ စားရေအာင္တဲ့။ က်ေတာ္ ၿမိဳ႕ထဲ ေရာက္ေနတယ္တဲ့။ ဒါ႐ိုက္တာ မိုက္တီး ႐ိုက္ကူးတဲ့ ျမန္မာေပါကားမ်ား ရပ္ အထူးပြဲ လာၾကည့္တာ ပါတဲ့။

ကိုဇင္မင္းဦးက အင္းစိန္သား။ သူသည္ ေမြးသည္မွ စ၍ ၂၀၁၂ အထိ ယခု ပုံတြင္ ျမင္ရသကဲ့သို႔ မဟုတ္။ ခင္ဗ်ားတို႔၊ က်ေတာ္တို႔လို ဘယ္ညာ လက္ ၂ ဖက္ အစုံအလင္။

၂၀၁၂ တြင္ NLD ႐ုံး ဖြင့္ရန္ စီစဥ္ရင္း စတီးလ္အလံတိုင္က ဓာတ္ႀကိဳးႏွင့္ ထိကာ သူ၏ ဘယ္ညာလက္ ၂ ဖက္စလုံး ျဖတ္လိုက္ရသည္။ သူ႔ကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ေဆး႐ုံသို႔ လာေရာက္ အားေပး၏။ စိန္ေခၚမႈ အမ်ိဳးမ်ိဳး ရင္ဆိုင္ရလိမ့္ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆို၏။ ဘယ္ အခက္အခဲပဲျဖစ္ျဖစ္ သတၱိရွိရွိ ရင္ဆိုင္ျဖတ္သန္းပါ ဟူ၍လည္း ႏႈတ္ျဖင့္ တစ္ဖုံ၊ စာျဖင့္ တစ္မ်ိဳး အားေပး၏။

စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း2

ေဒၚေအာင္ဆန္းစုၾကည္ ကူညီမႈျဖင့္ ဂ်ာမနီသို႔ သြားေရာက္၍ လက္အတု တပ္ဆင္ခဲ့သည္။ သို႔ေသာ္ ၾကာေတာ့ ဒီလက္ အတုလည္း သုံးမရေတာ့ေပ။ ပထမ ထိုင္းတြင္ သြားသြားျပင္ေသာ္လည္း ေနာက္ပိုင္း မတတ္ႏိုင္ေတာ့၍ လက္တုမပါဘဲ သူ ဘဝကို ျဖတ္သန္းေတာ့သည္။ လက္ဝဲသုႏၶရ မဟုတ္။

လက္ဝဲ လက္ယာ သုည ဟူ၍ သူ႔ကိုယ္သူ ကင္ပြန္းတပ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ အားေပးစကား အတိုင္း လက္ ၂ ဘက္ မရွိျခင္းက သူ႔ကို စိန္ေခၚမႈ အမ်ိဳးမ်ိဳး ႀကဳံေတြ႕ေစေတာ့သည္။ ထိုအခါ သတၱိရွိရွိပဲ ရင္ဆိုင္ ျဖတ္သန္းခဲ့သည္။ သူ႔မွာ လက္ ၂ ဘက္ မရွိတာ အရွိတရား ျဖစ္၏။ အဲဒီ အရွိတရားကို ၾကည္ၾကည္ျဖဴျဖဴ လက္ခံလိုက္သည့္အခါ သူသည္ ေပါ့ပါးစြာပင္ ဘဝကို ျဖတ္သန္းႏိုင္ခဲ့ေတာ့၏။

စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း2

ေအးေဆးပါပဲ။ သူ႔လက္ ငုတ္တိုေလးျဖင့္ ဖုန္းေျပာသည္။ စာ႐ိုက္သည္။ သူ႔လက္ ငုတ္တိုေလးျဖင့္ ေရ ေသာက္သည္။ ဘီယာ ေသာက္သည္။ အလုပ္ေတြ လုပ္သည္။ဘယ္သူ႔ အကူအညီမွ မလို။

တစ္ခုသာ။ အစားအေသာက္ စားေသာက္လွ်င္ေတာ့ ေဘးတစ္ေယာက္က ခြံ႕ေကြၽးရေတာ့သည္။ ထိုအခါမ်ိဳးတြင္ အာဏာရွင္စနစ္ကို တြန္းလွန္ခဲ့ေသာ၊ တြန္းလွန္ေနဆဲျဖစ္ေသာ ကိုဇင္မင္းဦးသည္ ကေလးငယ္တစ္ဦးပမာ သူထံ လွမ္းလင့္လာမည့္ စားဖြယ္ကို ပါးစပ္ဟ၍ ေပးရွာ၏။

ဒါသည္လည္း သူ ရင္ဆိုင္ရသည့္ စိန္ေခၚမႈပင္ မဟုတ္ပါလား။ ဒါကလြဲ၍ သူသည္ သူ႔အားသူ ကိုးသည္။ ဘတ္စ္ကား စီးရာ၌ပင္ သူ႔လက္ ငုတ္တိုေလးကို အားကိုး၍ စီးသည္။

၄၈ လမ္း၊ ထမင္းဆိုင္သို႔ အသြား ဘတ္စ္ကားေပၚ၌ ကိုဇင္မင္းဦးကို က်ေတာ္ကိုယ္တိုင္ ႐ိုက္ခဲ့ေသာ ဓာတ္ပုံတြင္ၾကည့္ပါ။ သူကား ၿပဳံး၍သာ ေနပါသည္။

ကိုဦးေဆြ

Unicode

စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခြင်း

ဒီနေ့ မနက် ၁၁ ဝန်းကျင်လောက်က ကိုဇင်မင်းဦးဆီက ဖုန်း ဝင်လာသည်။ အစ်ကိုကြီး မနက်စာ စားရအောင်တဲ့။ ကျတော် မြို့ထဲ ရောက်နေတယ်တဲ့။ ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ မြန်မာပေါကားများ ရပ် အထူးပွဲ လာကြည့်တာ ပါတဲ့။

ကိုဇင်မင်းဦးက အင်းစိန်သား။ သူသည် မွေးသည်မှ စ၍ ၂၀၁၂ အထိ ယခု ပုံတွင် မြင်ရသကဲ့သို့ မဟုတ်။ ခင်ဗျားတို့၊ ကျတော်တို့လို ဘယ်ညာ လက် ၂ ဖက် အစုံအလင်။

၂၀၁၂ တွင် NLD ရုံး ဖွင့်ရန် စီစဉ်ရင်း စတီးလ်အလံတိုင်က ဓာတ်ကြိုးနှင့် ထိကာ သူ၏ ဘယ်ညာလက် ၂ ဖက်စလုံး ဖြတ်လိုက်ရသည်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆေးရုံသို့ လာရောက် အားပေး၏။ စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်ရလိမ့်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို၏။ ဘယ် အခက်အခဲပဲဖြစ်ဖြစ် သတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းပါ ဟူ၍လည်း နှုတ်ဖြင့် တစ်ဖုံ၊ စာဖြင့် တစ်မျိုး အားပေး၏။

ဒေါ်အောင်ဆန်းစုကြည် ကူညီမှုဖြင့် ဂျာမနီသို့ သွားရောက်၍ လက်အတု တပ်ဆင်ခဲ့သည်။ သို့သော် ကြာတော့ ဒီလက် အတုလည်း သုံးမရတော့ပေ။ ပထမ ထိုင်းတွင် သွားသွားပြင်သော်လည်း နောက်ပိုင်း မတတ်နိုင်တော့၍ လက်တုမပါဘဲ သူ ဘဝကို ဖြတ်သန်းတော့သည်။ လက်ဝဲသုန္ဓရ မဟုတ်။

စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း3

လက်ဝဲ လက်ယာ သုည ဟူ၍ သူ့ကိုယ်သူ ကင်ပွန်းတပ်သည်။ ဒေါ်အောင်ဆန်းစုကြည် အားပေးစကား အတိုင်း လက် ၂ ဘက် မရှိခြင်းက သူ့ကို စိန်ခေါ်မှု အမျိုးမျိုး ကြုံတွေ့စေတော့သည်။ ထိုအခါ သတ္တိရှိရှိပဲ ရင်ဆိုင် ဖြတ်သန်းခဲ့သည်။ သူ့မှာ လက် ၂ ဘက် မရှိတာ အရှိတရား ဖြစ်၏။ အဲဒီ အရှိတရားကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်သည့်အခါ သူသည် ပေါ့ပါးစွာပင် ဘဝကို ဖြတ်သန်းနိုင်ခဲ့တော့၏။

အေးဆေးပါပဲ။ သူ့လက် ငုတ်တိုလေးဖြင့် ဖုန်းပြောသည်။ စာရိုက်သည်။ သူ့လက် ငုတ်တိုလေးဖြင့် ရေ သောက်သည်။ ဘီယာ သောက်သည်။ အလုပ်တွေ လုပ်သည်။ဘယ်သူ့ အကူအညီမှ မလို။

စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ျခင္း4

တစ်ခုသာ။ အစားအသောက် စားသောက်လျှင်တော့ ဘေးတစ်ယောက်က ခွံ့ကျွေးရတော့သည်။ ထိုအခါမျိုးတွင် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သော၊ တွန်းလှန်နေဆဲဖြစ်သော ကိုဇင်မင်းဦးသည် ကလေးငယ်တစ်ဦးပမာ သူထံ လှမ်းလင့်လာမည့် စားဖွယ်ကို ပါးစပ်ဟ၍ ပေးရှာ၏။

ဒါသည်လည်း သူ ရင်ဆိုင်ရသည့် စိန်ခေါ်မှုပင် မဟုတ်ပါလား။ ဒါကလွဲ၍ သူသည် သူ့အားသူ ကိုးသည်။ ဘတ်စ်ကား စီးရာ၌ပင် သူ့လက် ငုတ်တိုလေးကို အားကိုး၍ စီးသည်။

၄၈ လမ်း၊ ထမင်းဆိုင်သို့ အသွား ဘတ်စ်ကားပေါ်၌ ကိုဇင်မင်းဦးကို ကျတော်ကိုယ်တိုင် ရိုက်ခဲ့သော ဓာတ်ပုံတွင်ကြည့်ပါ။ သူကား ပြုံး၍သာ နေပါသည်။

ကိုဦးဆွေ

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …