စိတ္ဓာတ္က်ေနလား
သဘာဝက ပေးသော ဆေးများ
စန္ဒီမြင့်မိုရ်#
Unicode
စိတ်ဓာတ်ကျနေလား
စိတ်သာ မူလ ပဓာန ဆိုသည့် ဆိုရိုး စကားအတိုင်း စိတ်သည် အရာရာကို ဦးဆောင် နိုင်ပါသည် ။
မိမိ ခန္ဓာကိုယ် အားဦးဆောင်မည့် မိမိ၏ စိတ်သည် အမြဲလို ကျဆင်း နေပြီး ဖိစီးမှု များထည်း၌ လူးလူး လိမ့်လိမ့် ဖြစ်နေပါက ရုပ်ကိုပါ ဖျက်ဆီးပစ် နိုင်သည်ကို သတိချပ် စေလိုပါသည် ။
သင်တို့ အနည်းငယ် မျှ စိတ်ဓာတ် ကျဆင်းသကဲ့သို့ ခံစားနေရပြီ ဆိုလျှင် မပူပါနှင့် သဘာဝက ပေးသည့် ထိရောက် စေသည့် အိမ်တွင်း ကုထုံးလေးများအား ပြန်လည် မျှဝေ ပေးချင်ပါသည် ။
သဘာဝက ပေးသော ဆေးများ
လက်ဘက်စိမ်း လက်ဘက်ရည် သည် သေးငယ်သော စိတ်ကျ ရောဂါ ကို ထိရောက်စွာ သက်သာစေပါသည် ။ လက်ဘက်စိမ်း လက်ဘက်ရည် တစ်ခွက်တွင် စိတ်ကျ ဝေဒနာ ကင်းစင်စေသည့် L_theanine ပါဝင်ခြင်းကြောင့် ဖြစ်ပါသည် ။ ထို ဓာတ်ပေါင်းသည် ဦးနှောက်တွင်းမှ ဆီရိုတိုနင် ဟုခေါ်သည့် စိတ်ပျော်ရွှင်မှု ဟော်မုန်း အထွက် တိုးခြင်း ဖြစ်စေတာကြောင့် ပူပင်သောက ကင်းဝေး စေပါတယ် ။
ပန်းသီးဟာ စိတ်ကျ ရောဂါကို တွန်းလှန်နိုင်ပြီး ဂလူတမစ် အက်ဆစ်ဟု ခေါ်သည့် ဓာတ်ပေါင်း တစ်မျိုး ပါဝင်ခြင်းကြောင့် ဦးနှောက်ဆဲလ် များ ရဲ့ လုပ်ငန်း ဆောင်တာကိုကောင်းမွန် စေပါသည် ။ စိတ်ကျ ရောဂါ မဖြစ်စေရန် ကာကွယ်ရာတွင် အလွန် ထိရောက် ပါသည် ။
အိုမီဂါ ၃ ဖက်တီး အက်ဆစ် ပါဝင်များသည့် အစားအစာများသည် ဦးနှောက် လုပ်ငန်း ဆောင်တာများကိုတိုးတက်စေပြီး မှတ်ဉာဏ် ကောင်းမွန်မှုကိုပါ ပေးစွမ်း ပါသည် ။
နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပြီး အဆစ်များ နာကျင်မှုကို ကင်းဝေးစေပါတယ် ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေဟာ စိတ်ကျ ဝေဒနာကို တွန်းလှန်နိုင် ပါတယ် ။
ဆီလီနီယမ် ပါဝင်တဲ့ အစားအစာများ ကိုနေ့စဉ် စားသုံးပေးရမှာ ဖြစ်ပါတယ် ။ စိတ်ဓာတ်ကျသူ အများစုဟာ စီလီနီယမ်ဓာတ် လျော့နည်း နေတာ တွေ့ရတယ်လို့ ပညာရှင်များက ဆိုထားပါတယ် ။
ဆီလီနီယမ် ပါဝင်တဲ့ အစားအစာတွေ ကတော့ အခွံမာသီး ၊ အစေ့အဆန်နဲ့ ပင်လယ်စာတွေပဲ ဖစ်ကြပါသည် ။ ဗီတာမင်ဘီ ပါဝင်သော အစားအစာများကို မိမိရဲ့ နေ့စဉ်စားသုံးမှု ထဲမှာ ထည့်သွင်းပေးပါကစိတ်ကျရောဂါ အနုစားကို လုံးဝတွန်းလှန်နိုင်မည် ဖြစ်သည် ။ဗီတာမင်ဘီ ပါဝင်သည့်အစားအစာဆိုသည်မှာ အမဲသား၊ တိရစ္ဆာန်တို့၏ အသည်း၊ ပဲသီးနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပါသည် ။
သဘာဝက ပေးအပ်သော အစားအစာတို့သည် သင့်အား ဆေးကောင်း တစ်ခွက် ဖြစ်စေသည်ဟု ဆိုပါက မမှားပေ ။ ယနေ့မှစပြီး စိတ်ဓာတ်ကျဆင်းခြင်းကို နေ့စဉ်စားသုံးမှုထဲတွင် မြုှတ်နှံ၍ လတ်ဆန်သောစိတ်ဓာတ် မြင့်မားသည့် အရည်အချင်းများ ဖြည့်လိုက်ကြပါစို့….. ။
စန္ဒီမြင့်မိုရ်#
No Comments