စိတ္ကေလးရယ္တဲ့ပ်ိဳေစလို””’
- By : Phoe Linn
- Category : Entertainment, Health

စိတ္ကေလးရယ္တဲ့ပ်ိဳေစလို””’
သင္တို႔ ကြၽႏ္ုပ္တို႔ ေန႔တစ္ဓူဝ ျဖတ္သန္း ေလွ်ာက္လွမ္းေနၾကရတဲ့ ေလာကလမ္းေတြဟာ အစဥ္အၿမဲ မေခ်ာေမြ႕ႏိုင္ပါဘူး။ ေရစီးတစ္ခါ ေရသာတစ္လွည့္ ဆိုသလိုပဲ ဆိုးတစ္လွည့္ ေကာင္းတစ္ခါ လည္ပတ္ေနၾကရတာမို႔ စိတ္ညစ္ညဴးတာေတြ စိတ္မေပ်ာ္ပိုက္တာေတြ မ်ားလာတဲ့အခါ သင့္႐ုပ္ဟာ ႏုပ်ိဳျခင္းကင္းၿပီး အ႐ြယ္မတိုင္ခင္ ႐ုပ္ ရင့္ လာ မွာ ျဖစ္ ပါ တယ္။ဘယ္သို႔ပင္ ျဖစ္ေစ ႐ုပ္ေရာ စိတ္ကိုပါ ႏုပ်ိဳ လန္းဆန္းမူွ ရဖို႔ေတာ့ မိမိတို႔ ကိုယ္တိုင္ အားထုတ္ရမွာပဲ ျဖစ္ပါတယ္။ဘာေတြနဲ႔ ဘယ္လို စိတ္ကို ေပ်ာ္႐ႊင္ ႏုပ်ိဳရမွာလည္းလို႔ သိပ္မေတြးပါနဲ႔ သင္နဲ႔ လက္တစ္ကမ္းမွာ ရွိေနတဲ့ စိတ္ပ်ိဳေဆးေတြကို ေမ့ မ ေန ဖို႔ ပဲ လို ပါ တယ္။ ။
သံစဥ္ခ်ိဳခ်ိဳ စိတ္ကိုပ်ိဳ”’
သီခ်င္း သံစဥ္ေတြဟာ လူသားတို႔ရဲ႕ ႏွလုံးသားကို ႏုညံေစၿပီး ဦးေႏွာက္ကို ႏုပ်ိဳလန္းဆန္းေစတယ္လို႔ ဆိုထားပါတယ္။ သင့္ရဲ႕ ခႏၶာကိုယ္ ႏုပ်ိဳလန္းဆန္းေစဖို႔ဆိုရင္ ကိုယ္လက္လူွပ္ရွားအားကစား လုပ္ရမွာျဖစ္ၿပီး ဦးေႏွာက္ ႏုပ်ိဳဖို႔အတြက္ဆိုရင္ သံစဥ္ေတြကို နား ေထာင္ ေပး ပါ လို႔ ဆို ထား ပါ တယ္။ သံစဥ္ေတြဆိုတာ က ဦးေႏွာက္အတြက္ workout တစ္မ်ိဳးလို႔ ဆိုႏိုင္ပါတယ္။ ။
သုေတသီေတြရဲ႕ ေလ့လာခ်က္အရ
သံစဥ္ေတြဟာ စိတ္လူွပ္ရွားမူွ (Anxiety) ကို ေလ်ာ့က်ေစျခင္း ေသြးဖိအား blood pressure ကိုက်ေစျခင္း ၊ နာက်င္မူွ (pain) ကို သက္သာေစျခင္း၊ ေကာင္းမြန္ျမန္ဆန္စြာအိပ္ေပ်ာ္ေစျခင္း (Sleep Quality) ၊ စိတ္ခံစားမူွ (mood) ေကာင္းေစျခင္း ၊ အသိ သတိ (Mental Alertness) ရွိေစျခင္း ၊ မွတ္ဉာဏ္ (Memory) ေကာင္းေစျခင္း စတဲ့ အက်ိဳးမ်ားစြာကို ေပးစြမ္းႏိုင္ပါတယ္။
ဦေႏွာက္အတြက္ ေလ့က်င့္ခန္း””’
လူအေတာ္မ်ားမ်ားကို ေလ့လာတဲ့အခါ ေတြ႕ရွိတာကေတာ့ သူတို႔ဟာ ဆယ္ေက်ာ္သက္နဲ႔ အသက္ႏွစ္ဆယ္ဝန္းက်င္မွာ နားေထာင္ခဲ့တဲ့ သီခ်င္းအမ်ိဳးစားေတြကိုပဲ နားေထာင္ရတာ ႀကိဳက္ႏွစ္သက္ေၾကာင္း ေတြ႕ရွိရပါတယ္။တစ္ျခားေသာ မူကြဲပါးတဲ့ သီခ်င္းေတြကို သိပ္မႏွစ္သက္ၾကတာ ေတြ႕ရပါတယ္။ သို႔ေသာ္ မိမိနားေထာင္ေနၾက မဟုတ္တဲ့ Genre သီခ်င္းေတြကို နားေထာင္ေပးတာကလည္း ဦးေႏွာက္ကို workout တစ္ မ်ိဳး ျဖစ္ ေစ ပါ တယ္။ ။
အမွတ္တရ”’
အခ်ိဳ႕ေသာအေၾကာင္းခ်င္းရာမ်ားနဲ႔ တိုက္ဆိုင္တဲ့သီခ်င္းေတြဟာ သင့္ကိုငယ္စဥ္ကအျဖစ္အပ်က္တစ္စုံတရာအမွတ္တရရွိေနေစမဲ့ကိစၥရပ္ေတြကိုျပန္လည္ႏူွိးဆြေပးတာမို႔ စိတ္ကိုျပန္လည္ႏုပ်ိဳေစၿပီးလန္းဆန္းေနေစပါတယ္။
သံစဥ္ဘယ္လိုေ႐ြးမယ္””
ဒါကေတာ့လြယ္ပါတယ္ သီခ်င္းေတြဟာအမ်ိဳးမ်ိဳးအျပားျပားရွိေနၿပီး သင့္အတြက္ စိတ္ခံစားခ်က္ကိုလည္းအမ်ိဳးမ်ိဳးေပးႏိုင္ပါတယ္။ေနာက္မိမိကိုယ္ကိုယ္သတိထားၾကည့္ၿပီး ဘယ္လိုသံစဥ္ေတြဟာ ကိုယ့္အတြက္အစဥ္ေျပ စိတ္ပ်ိဳေစမလည္းဆိုတာ ကိုယ္တိုင္ဆုံးျဖတ္ၾကည့္ပါ။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ ခပ္ေဆြးေဆြးသီခ်င္းေတြ နားေထာင္ခ်င္ၿပီး အခ်ိဳ႕အခ်ိန္ေတြမွာေတာ့ ျမဴးႂကြတဲ့သီခ်င္းေတြ နားေထာင္ခ်င္စိတ္ျဖစ္ေပၚလာပါလိမ့္ယ္ မိမိရဲ႕စိတ္အေျခအေနေပၚမွာမူတည္ၿပီးေ႐ြးခ်ယ္နားေထာင္လိုက္ပါ။
သံစဥ္ေတးသြားခ်ိဳခ်ိဳေတြဟာ သင့္စိတ္ကိုပ်ိဳေစဖို႔ အာမခံႏိုင္ပါတယ္။သံစဥ္ခ်ိဳခ်ိဳစိတ္ပ်ိဳပ်ိဳ ျဖစ္ၾကပါေစ…။
စႏၵီျမင့္မိုရ္#
Unicode
စိတ်ကလေးရယ်တဲ့ပျိုစေလို””’
သင်တို့ ကျွန်ုပ်တို့ နေ့တစ်ဓူဝ ဖြတ်သန်း လျှောက်လှမ်းနေကြရတဲ့ လောကလမ်းတွေဟာ အစဉ်အမြဲ မချောမွေ့နိုင်ပါဘူး။ ရေစီးတစ်ခါ ရေသာတစ်လှည့် ဆိုသလိုပဲ ဆိုးတစ်လှည့် ကောင်းတစ်ခါ လည်ပတ်နေကြရတာမို့ စိတ်ညစ်ညူးတာတွေ စိတ်မပျော်ပိုက်တာတွေ များလာတဲ့အခါ သင့်ရုပ်ဟာ နုပျိုခြင်းကင်းပြီး အရွယ်မတိုင်ခင် ရုပ် ရင့် လာ မှာ ဖြစ် ပါ တယ်။ဘယ်သို့ပင် ဖြစ်စေ ရုပ်ရော စိတ်ကိုပါ နုပျို လန်းဆန်းမူှ ရဖို့တော့ မိမိတို့ ကိုယ်တိုင် အားထုတ်ရမှာပဲ ဖြစ်ပါတယ်။ဘာတွေနဲ့ ဘယ်လို စိတ်ကို ပျော်ရွှင် နုပျိုရမှာလည်းလို့ သိပ်မတွေးပါနဲ့ သင်နဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ စိတ်ပျိုဆေးတွေကို မေ့ မ နေ ဖို့ ပဲ လို ပါ တယ်။ ။
သံစဉ်ချိုချို စိတ်ကိုပျို”’
သီချင်း သံစဉ်တွေဟာ လူသားတို့ရဲ့ နှလုံးသားကို နုညံစေပြီး ဦးနှောက်ကို နုပျိုလန်းဆန်းစေတယ်လို့ ဆိုထားပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ် နုပျိုလန်းဆန်းစေဖို့ဆိုရင် ကိုယ်လက်လူှပ်ရှားအားကစား လုပ်ရမှာဖြစ်ပြီး ဦးနှောက် နုပျိုဖို့အတွက်ဆိုရင် သံစဉ်တွေကို နား ထောင် ပေး ပါ လို့ ဆို ထား ပါ တယ်။ သံစဉ်တွေဆိုတာ က ဦးနှောက်အတွက် workout တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ ။
သုတေသီတွေရဲ့ လေ့လာချက်အရ
သံစဉ်တွေဟာ စိတ်လူှပ်ရှားမူှ (Anxiety) ကို လျော့ကျစေခြင်း သွေးဖိအား blood pressure ကိုကျစေခြင်း ၊ နာကျင်မူှ (pain) ကို သက်သာစေခြင်း၊ ကောင်းမွန်မြန်ဆန်စွာအိပ်ပျော်စေခြင်း (Sleep Quality) ၊ စိတ်ခံစားမူှ (mood) ကောင်းစေခြင်း ၊ အသိ သတိ (Mental Alertness) ရှိစေခြင်း ၊ မှတ်ဉာဏ် (Memory) ကောင်းစေခြင်း စတဲ့ အကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။
ဦနှောက်အတွက် လေ့ကျင့်ခန်း””’
လူအတော်များများကို လေ့လာတဲ့အခါ တွေ့ရှိတာကတော့ သူတို့ဟာ ဆယ်ကျော်သက်နဲ့ အသက်နှစ်ဆယ်ဝန်းကျင်မှာ နားထောင်ခဲ့တဲ့ သီချင်းအမျိုးစားတွေကိုပဲ နားထောင်ရတာ ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရပါတယ်။တစ်ခြားသော မူကွဲပါးတဲ့ သီချင်းတွေကို သိပ်မနှစ်သက်ကြတာ တွေ့ရပါတယ်။ သို့သော် မိမိနားထောင်နေကြ မဟုတ်တဲ့ Genre သီချင်းတွေကို နားထောင်ပေးတာကလည်း ဦးနှောက်ကို workout တစ် မျိုး ဖြစ် စေ ပါ တယ်။ ။
အမှတ်တရ”’
အချို့သောအကြောင်းချင်းရာများနဲ့ တိုက်ဆိုင်တဲ့သီချင်းတွေဟာ သင့်ကိုငယ်စဉ်ကအဖြစ်အပျက်တစ်စုံတရာအမှတ်တရရှိနေစေမဲ့ကိစ္စရပ်တွေကိုပြန်လည်နူှိးဆွပေးတာမို့ စိတ်ကိုပြန်လည်နုပျိုစေပြီးလန်းဆန်းနေစေပါတယ်။
သံစဉ်ဘယ်လိုရွေးမယ်””
ဒါကတော့လွယ်ပါတယ် သီချင်းတွေဟာအမျိုးမျိုးအပြားပြားရှိနေပြီး သင့်အတွက် စိတ်ခံစားချက်ကိုလည်းအမျိုးမျိုးပေးနိုင်ပါတယ်။နောက်မိမိကိုယ်ကိုယ်သတိထားကြည့်ပြီး ဘယ်လိုသံစဉ်တွေဟာ ကိုယ့်အတွက်အစဉ်ပြေ စိတ်ပျိုစေမလည်းဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါ။ တစ်ချို့အချိန်တွေမှာ ခပ်ဆွေးဆွေးသီချင်းတွေ နားထောင်ချင်ပြီး အချို့အချိန်တွေမှာတော့ မြူးကြွတဲ့သီချင်းတွေ နားထောင်ချင်စိတ်ဖြစ်ပေါ်လာပါလိမ့်ယ် မိမိရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးရွေးချယ်နားထောင်လိုက်ပါ။
သံစဉ်တေးသွားချိုချိုတွေဟာ သင့်စိတ်ကိုပျိုစေဖို့ အာမခံနိုင်ပါတယ်။သံစဉ်ချိုချိုစိတ်ပျိုပျို ဖြစ်ကြပါစေ…။
စန္ဒီမြင့်မိုရ်#
No Comments