စားလည္း မေကာင္း မစားလည္း မေကာင္း ေသာ ဆား

စားလည္း မေကာင္း မစားလည္း မေကာင္း ေသာ ဆား
Health

စားလည္း မေကာင္း မစားလည္း မေကာင္း ေသာ ဆား

မိမိတို႔ ေန႔စဥ္ စားသုံးေနတဲ့ အစားအစာ မ်ားထဲမွာ ဆားဟာ မပါမျဖစ္ ပစၥည္း တစ္ခု ျဖစ္ၿပီး ဆားကိုစားလြန္းလွ်င္လည္း မေကာင္း မစားျပန္လွ်င္လည္း မေကာင္းေပ ။

ဆားဆိုသည့္ ဆိုဒီယမ္က႐ို႐ိုက္ သည္ လူတို႔ စားသုံးၾကသည့္ အစားအစာမ်ား အတြက္ အရသာကို ပိုမို ထူးကဲေစၿပီး တာရွည္ခံႏိုင္မူွ ကိုလည္းအားျဖည့္ ေပးပါတယ္ ။

လူသားတို႔၏ ခႏၶာကိုယ္ရွိ အာ႐ုံ ေၾကာမ်ား ႂကြက္သားမ်ား အလုပ္လုပ္ ႏိုင္ေစရန္ ေရဓာတ္ သတၳဳဓာတ္ ညီမွ်ေစရန္ ဆားဓာတ္ အနည္းငယ္ လီုအပ္ေပသည္ ။

လူသားတို႔၏ ခႏၶာကိုယ္ သည္ တစ္န႔တာ အတြက္ ဆိုဒီယမ္ ( ဆား ) ၅၀၀ မီလီဂရမ္ လိုအပ္ ပါသည္ ။ အေမရိကန္ႏိုင္ငံ ႏွလုံးက်န္းမာေရး အဖြဲ႕၏ သတ္မွတ္ခ်က္မွာ အ႐ြယ္ေရာက္သူ လူတစ္ေယာက္အတြက္ တစ္ေန႔လွ်င္ ဆိုဒီယမ္ ၁၅၀၀ မီလီ ဂရမ္ သာ လိုအပ္ၿပီး တစ္ေန႔လွ်င္ ၂၃၀၀ မီလီ ဂရမ္ထက္မေက်ာ္လြန္ ေစရ ဟု ဆိုထား ပါတယ္ ။

ဆားဓာတ္ ခ်ိဳ႕တဲ့လွ်င္ မည္သည္တို႔ ျဖစ္ႏိုင္ သနည္း မည္သူေတြတြင္ ဆားဓာတ္ ခ်ိဳ႕တဲ့ႏိုင္သနည္းဟု ဆိုလွ်င္ ……

ဆားဓာတ္ နည္းလွ်င္ ေခါင္းမူး ေခါင္းကိုက္ ျဖစ္တတ္ၿပီး စိတ္႐ူွတ္ေထြးမူွမ်ား ျဖစ္တတ္ ေပသည္ ။ခႏၶာကိုယ္ ႏုံးခ်ိကာ ေမ့ေမ်ာျခင္း တက္ျခင္းတို႔ ျဖစ္တတ္ သည္ဟု သုေတသနပညာရွင္မ်ားက ဆိုထားပါတယ္ ။

ဆားဓာတ္ ဆုံး႐ူံွးျခင္းမွာ အန္ျခင္း ေခြၽးထြက္ လြန္ျခင္း ဝမ္းေလ်ာျခင္းတို႔ေၾကာင့္ ျဖစ္တတ္ ေပသည္ ။ ေက်ာက္ကပ္ မေကာင္းသည့္ သူမ်ား သည္ ခႏၶာကိုယ္မွ ပိုေနသည့္ ေရမ်ားကို မစြန႔္ ထုတ္ႏိုင္ျခင္းေၾကာင့္ ဆားဓာတ္ ခ်ိဳ႕တဲ့ျခင္း ျဖစ္တတ္ ေပသည္ ။

ဆားအစားမ်ား လြန္းလွ်င္ မည္ကဲ့သို႔ ျဖစ္ႏိုင္ သနည္း။ တန္လွ်င္ေဆး လြန္လွ်င္ ေဘးဆိုသကဲ့သို႔ ခႏၶာကိုယ္ တြင္ လိုအပ္သည္ထက္ ဆားဓာတ္ ပိုမိုလာလွ်င္ ေသြးတိုး ေရာဂါ ႏွလုံးေရာဂါ ေလျဖတ္ ေလျဖန္းျခင္း မ်ားကို ျဖစ္ေစတတ္ ပါသည္ ။ ေနာက္ထပ္ဆိုက်ိဳး မ်ားကေတာ့ အ႐ိုးမွ တဆင့္ ကယ္လ္ဆီယမ္ ဆုံး႐ူံွးမူွကို ျဖစ္ေစကာ အ႐ိုးပြ ေရာဂါ အ႐ိုးပါးျခင္းတို႔ကို ျဖစ္ေစမွာ ျဖစ္ပါတယ္ ။

ေသြးတြင္း ဆားဓာတ္မ်ား ပိုမိုမ်ားျပားလာသည့္ အခါ ေက်ာက္ကပ္ကို ထိခိုက္ ပ်က္စီးေစပါတယ္ ။ေသြးပမာဏလည္း ပိုတိုးျမင့္လာၿပီး ႏွလုံးကို ထိခိုက္ ေစႏိုင္ပါတယ္ ။

ဆားစားသုံးျခင္းကို သင္ဘယ္လို ေလ်ာ့ခ်သင့္သလည္း ဆိုရင္…. အစားအစာ ဂ႐ုစိုက္ ေ႐ြးခ်ယ္ဖို႔ ပါပဲ ။ ခ်က္ျပဳတ္သည့္ အခါ ဆားကို ေလ်ာ့၍ သုံးစြဲပါ ။ အသင့္ထုတ္ပိုးစာမ်ားႏွင့္ ေဝးေဝးေရွာင္ပါ ။အာလူးေၾကာ္ ေခါက္ဆြဲေျခာက္ထုတ္ ၊ ပီဇာ၊ ဆင္းဒဝစ္ ၊

ေဟာ့ေဒါ့၊ ေထာပတ္ ၊ခ်ိစ္ ၊ေပါင္မုန႔္၊ ေပါက္ေပါက္ဆုပ္ ၊ခရက္ကာမုန႔္၊ Tacos မုန႔္ မ်ားကို ေရွာင္တာဟာ ဆားပမာဏ ေလ်ာ့က် ေစပါတယ္ ။

ဆိုဒီယမ္( ဆား ) ပါဝင္မူွ ပမာဏ ေလ်ာ့ခ်ထားသည့္ အစားအစာမ်ားကို ေ႐ြးခ်ယ္ျခင္း အားျဖင့္ သင့္က်န္းမာေရးကို ဂ႐ုစိုက္ပါ …..

စႏၵီျမင့္မိုရ္#

Unicode

စားလည်း မကောင်း မစားလည်း မကောင်း သော ဆား

မိမိတို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာ များထဲမှာ ဆားဟာ မပါမဖြစ် ပစ္စည်း တစ်ခု ဖြစ်ပြီး ဆားကိုစားလွန်းလျှင်လည်း မကောင်း မစားပြန်လျှင်လည်း မကောင်းပေ ။

ဆားဆိုသည့် ဆိုဒီယမ်ကရိုရိုက် သည် လူတို့ စားသုံးကြသည့် အစားအစာများ အတွက် အရသာကို ပိုမို ထူးကဲစေပြီး တာရှည်ခံနိုင်မူှ ကိုလည်းအားဖြည့် ပေးပါတယ် ။

လူသားတို့၏ ခန္ဓာကိုယ်ရှိ အာရုံ ကြောများ ကြွက်သားများ အလုပ်လုပ် နိုင်စေရန် ရေဓာတ် သတ္ထုဓာတ် ညီမျှစေရန် ဆားဓာတ် အနည်းငယ် လီုအပ်ပေသည် ။

လူသားတို့၏ ခန္ဓာကိုယ် သည် တစ်န့တာ အတွက် ဆိုဒီယမ် ( ဆား ) ၅၀၀ မီလီဂရမ် လိုအပ် ပါသည် ။ အမေရိကန်နိုင်ငံ နှလုံးကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်မှာ အရွယ်ရောက်သူ လူတစ်ယောက်အတွက် တစ်နေ့လျှင် ဆိုဒီယမ် ၁၅၀၀ မီလီ ဂရမ် သာ လိုအပ်ပြီး တစ်နေ့လျှင် ၂၃၀၀ မီလီ ဂရမ်ထက်မကျော်လွန် စေရ ဟု ဆိုထား ပါတယ် ။

ဆားဓာတ် ချို့တဲ့လျှင် မည်သည်တို့ ဖြစ်နိုင် သနည်း မည်သူတွေတွင် ဆားဓာတ် ချို့တဲ့နိုင်သနည်းဟု ဆိုလျှင် ……

ဆားဓာတ် နည်းလျှင် ခေါင်းမူး ခေါင်းကိုက် ဖြစ်တတ်ပြီး စိတ်ရူှတ်ထွေးမူှများ ဖြစ်တတ် ပေသည် ။ခန္ဓာကိုယ် နုံးချိကာ မေ့မျောခြင်း တက်ခြင်းတို့ ဖြစ်တတ် သည်ဟု သုတေသနပညာရှင်များက ဆိုထားပါတယ် ။

ဆားဓာတ် ဆုံးရူံှးခြင်းမှာ အန်ခြင်း ချွေးထွက် လွန်ခြင်း ဝမ်းလျောခြင်းတို့ကြောင့် ဖြစ်တတ် ပေသည် ။ ကျောက်ကပ် မကောင်းသည့် သူများ သည် ခန္ဓာကိုယ်မှ ပိုနေသည့် ရေများကို မစွန့် ထုတ်နိုင်ခြင်းကြောင့် ဆားဓာတ် ချို့တဲ့ခြင်း ဖြစ်တတ် ပေသည် ။

ဆားအစားများ လွန်းလျှင် မည်ကဲ့သို့ ဖြစ်နိုင် သနည်း။ တန်လျှင်ဆေး လွန်လျှင် ဘေးဆိုသကဲ့သို့ ခန္ဓာကိုယ် တွင် လိုအပ်သည်ထက် ဆားဓာတ် ပိုမိုလာလျှင် သွေးတိုး ရောဂါ နှလုံးရောဂါ လေဖြတ် လေဖြန်းခြင်း များကို ဖြစ်စေတတ် ပါသည် ။ နောက်ထပ်ဆိုကျိုး များကတော့ အရိုးမှ တဆင့် ကယ်လ်ဆီယမ် ဆုံးရူံှးမူှကို ဖြစ်စေကာ အရိုးပွ ရောဂါ အရိုးပါးခြင်းတို့ကို ဖြစ်စေမှာ ဖြစ်ပါတယ် ။

သွေးတွင်း ဆားဓာတ်များ ပိုမိုများပြားလာသည့် အခါ ကျောက်ကပ်ကို ထိခိုက် ပျက်စီးစေပါတယ် ။သွေးပမာဏလည်း ပိုတိုးမြင့်လာပြီး နှလုံးကို ထိခိုက် စေနိုင်ပါတယ် ။

ဆားစားသုံးခြင်းကို သင်ဘယ်လို လျော့ချသင့်သလည်း ဆိုရင်…. အစားအစာ ဂရုစိုက် ရွေးချယ်ဖို့ ပါပဲ ။ ချက်ပြုတ်သည့် အခါ ဆားကို လျော့၍ သုံးစွဲပါ ။ အသင့်ထုတ်ပိုးစာများနှင့် ဝေးဝေးရှောင်ပါ ။အာလူးကြော် ခေါက်ဆွဲခြောက်ထုတ် ၊ ပီဇာ၊ ဆင်းဒဝစ် ၊

ဟော့ဒေါ့၊ ထောပတ် ၊ချိစ် ၊ပေါင်မုန့်၊ ပေါက်ပေါက်ဆုပ် ၊ခရက်ကာမုန့်၊ Tacos မုန့် များကို ရှောင်တာဟာ ဆားပမာဏ လျော့ကျ စေပါတယ် ။

ဆိုဒီယမ်( ဆား ) ပါဝင်မူှ ပမာဏ လျော့ချထားသည့် အစားအစာများကို ရွေးချယ်ခြင်း အားဖြင့် သင့်ကျန်းမာရေးကို ဂရုစိုက်ပါ …..

စန္ဒီမြင့်မိုရ်#

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …