စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားအခ်င္းခ်င္းႏွိပ္စက္မႈ လိုင္းေပၚမွာျပန႔္လာ

စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားအခ်င္းခ်င္းႏွိပ္စက္မႈ လိုင္းေပၚမွာျပန႔္လာ
International-news

စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားအခ်င္းခ်င္းႏွိပ္စက္မႈ လိုင္းေပၚမွာျပန႔္လာ

စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားအခ်င္းခ်င္း ႏွိပ္စက္မႈေတြရွိေနတာေၾကာင့္ အႏွိပ္စက္ခံရတဲ့ကေလးေတြက စိတ္ဓာတ္က်ဆင္းျခင္းေတြ စိတ္အေႏွာက္အယွက္ျဖစ္မႈ ေတြ ရွိလာတဲ့အတြက္ ေက်ာင္းမတက္ခ်င္ေတာ့တာေတြ မိဘကို ကလန္ကဆန္လုပ္တာေတြ မိသားစုနဲ႔ တသီးတျခားေနလာတာေတြ ျဖစ္လာၿပီး ေနာက္ဆုံးေသေၾကာင္းႀကံစည္တဲ့အထိ ျဖစ္လာႏိုင္ပါတယ္။ ႏွိပ္စက္တယ္ဆိုတာ ႏွိပ္စက္ခံရသူက အ႐ြယ္မေရာက္ မရင့္က်က္ေသးတဲ့ အတြက္ ႐ုပ္ပိုင္းဆိုင္ရာတင္ ႏွိပ္စက္ခံရတာမဟုတ္ဘဲ စိတ္ ပိုင္း ဆိုင္ ရာ ပါ ထိ ခိုက္ သြား တာ ပါ ။

ဒါေၾကာင့္ စာသင္ေက်ာင္း ေတြက ေက်ာင္းသားခ်င္းႏွိပ္စက္မႈက အျပင္ေလာကက လူလူခ်င္းႏွိပ္စက္မႈထက္ ပိုၿပီးအႏၲရာယ္ႀကီးပါတယ္။ အျပင္မွာက ေရွာင္ကြင္းရတာ လြယ္ကူေပမဲ့ စာသင္ေက်ာင္းဆိုတာ နိစၥဓူ၀ သြားေနရတဲ့ ေနရာျဖစ္လို႔ ေရွာင္ကြင္းဖို႔မလြယ္ကူပါဘူး။ အဆိုးတကာ့ အဆိုးဆုံးက စာသင္ေက်ာင္းတြင္ ႏွိပ္စက္မႈေတြက ႏွိပ္စက္တဲ့ေက်ာင္းသားေတြ အေရယူခံရျခင္းမွ ကင္းလြတ္ေနတာပါပဲ။ အဲ့ဒါေၾကာင့္ သူတို႔ေတြက သူတို႔ရဲ႕ အမွားေတြကို မသိ နားမလည္ဘဲ ဆက္ လက္ က်ဴး လြန္ ေန ေတာ့ တာ ပါ ပဲ ။

We Are Malaysia လို႔ အမည္ရတဲ့ ေဖ့စ္ဘုတ္ အေကာင့္တစ္ခုက စာသင္ေက်ာင္း တစ္ေက်ာင္းတစ္ေက်ာင္းမွာ ေက်ာင္းသား အုပ္စုတစ္စုက ေက်ာင္းသားတစ္ေယာက္ကို ဝိုင္းႏွိပ္စက္တဲ့ ဗီဒီယိုဖိုင္တစ္ခုကို တင္လိုက္ပါတယ္။ ေကာင္ေလးတစ္ေယာက္ကို အျခားေကာင္းေလးတစ္ေယာက္က ထိုးႀကိတ္ ကန္ေက်ာက္ေနတဲ့ ဖိုင္ပါ။ ခံရတဲ့ေကာင္ေလးက ဝတုတ္တုတ္ နဲ႔ ဘာမွျပန္မလုပ္ရဲ ဘဲျဖစ္ေနပါတယ္။ က်န္တဲ့ေက်ာင္းသားေတြက ႏွိပ္စက္ေနတာကို ဗီဒီယို႐ိုက္သူ႐ိုက္ ခုံေပၚတက္ၿပီး ေလွာင္ေျပာင္ေနသူက ေျပာင္ ေအာ္ဟစ္ၿပီး ခုန္ေနတဲ့သူကခုန္နဲ႔ စာသင္ခန္းကို တံခါးပိတ္ေသာ့ခတ္ၿပီး လုပ္ ခ်င္ တိုင္း လုပ္ ေန ၾက ပါ တယ္ ။

အဲ့ဒိဖိုင္ကိုတင္လိုက္သူက အလုပ္ခံလိုက္ရတဲ့ ေကာင္ေလးရဲ႕ အတန္းေဖာ္ပါပဲ။ ဗီဒီယိုဖိုင္ကို သူငယ္ခ်င္းေတြေရွ႕မွာ သူရဲေကာင္းလုပ္ျပတဲ့ ႏွိပ္စက္မႈလို႔ နာမည္တပ္ထားပါတယ္။ အခုေတာ့ We Are Malaysia က လိုင္းေပၚမွာ ျဖန႔္ေဝမႈေၾကာင့္ ေကာင္ေလးေတြကို ရဲကဖမ္းဆီး အေရးယူသြားပါၿပီ။ ႏွိပ္စက္တဲ့ ဗီဒီယိုဖိုင္ကိုလည္း We Are Malaysia က ျပန္ လည္ ဖ်က္ သိမ္း လိုက္ ပါ တယ္ ။

ေမာင္ယႆ REF: world of buzz photo ;facebook

Unicode

စာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်းနှိပ်စက်မှု လိုင်းပေါ်မှာပြန့်လာ

စာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း နှိပ်စက်မှုတွေရှိနေတာကြောင့် အနှိပ်စက်ခံရတဲ့ကလေးတွေက စိတ်ဓာတ်ကျဆင်းခြင်းတွေ စိတ်အနှောက်အယှက်ဖြစ်မှု တွေ ရှိလာတဲ့အတွက် ကျောင်းမတက်ချင်တော့တာတွေ မိဘကို ကလန်ကဆန်လုပ်တာတွေ မိသားစုနဲ့ တသီးတခြားနေလာတာတွေ ဖြစ်လာပြီး နောက်ဆုံးသေကြောင်းကြံစည်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ နှိပ်စက်တယ်ဆိုတာ နှိပ်စက်ခံရသူက အရွယ်မရောက် မရင့်ကျက်သေးတဲ့ အတွက် ရုပ်ပိုင်းဆိုင်ရာတင် နှိပ်စက်ခံရတာမဟုတ်ဘဲ စိတ် ပိုင်း ဆိုင် ရာ ပါ ထိ ခိုက် သွား တာ ပါ ။

ဒါကြောင့် စာသင်ကျောင်း တွေက ကျောင်းသားချင်းနှိပ်စက်မှုက အပြင်လောကက လူလူချင်းနှိပ်စက်မှုထက် ပိုပြီးအန္တရာယ်ကြီးပါတယ်။ အပြင်မှာက ရှောင်ကွင်းရတာ လွယ်ကူပေမဲ့ စာသင်ကျောင်းဆိုတာ နိစ္စဓူ၀ သွားနေရတဲ့ နေရာဖြစ်လို့ ရှောင်ကွင်းဖို့မလွယ်ကူပါဘူး။ အဆိုးတကာ့ အဆိုးဆုံးက စာသင်ကျောင်းတွင် နှိပ်စက်မှုတွေက နှိပ်စက်တဲ့ကျောင်းသားတွေ အရေယူခံရခြင်းမှ ကင်းလွတ်နေတာပါပဲ။ အဲ့ဒါကြောင့် သူတို့တွေက သူတို့ရဲ့ အမှားတွေကို မသိ နားမလည်ဘဲ ဆက် လက် ကျူး လွန် နေ တော့ တာ ပါ ပဲ ။

We Are Malaysia လို့ အမည်ရတဲ့ ဖေ့စ်ဘုတ် အကောင့်တစ်ခုက စာသင်ကျောင်း တစ်ကျောင်းတစ်ကျောင်းမှာ ကျောင်းသား အုပ်စုတစ်စုက ကျောင်းသားတစ်ယောက်ကို ဝိုင်းနှိပ်စက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်လိုက်ပါတယ်။ ကောင်လေးတစ်ယောက်ကို အခြားကောင်းလေးတစ်ယောက်က ထိုးကြိတ် ကန်ကျောက်နေတဲ့ ဖိုင်ပါ။ ခံရတဲ့ကောင်လေးက ဝတုတ်တုတ် နဲ့ ဘာမှပြန်မလုပ်ရဲ ဘဲဖြစ်နေပါတယ်။ ကျန်တဲ့ကျောင်းသားတွေက နှိပ်စက်နေတာကို ဗီဒီယိုရိုက်သူရိုက် ခုံပေါ်တက်ပြီး လှောင်ပြောင်နေသူက ပြောင် အော်ဟစ်ပြီး ခုန်နေတဲ့သူကခုန်နဲ့ စာသင်ခန်းကို တံခါးပိတ်သော့ခတ်ပြီး လုပ် ချင် တိုင်း လုပ် နေ ကြ ပါ တယ် ။

အဲ့ဒိဖိုင်ကိုတင်လိုက်သူက အလုပ်ခံလိုက်ရတဲ့ ကောင်လေးရဲ့ အတန်းဖော်ပါပဲ။ ဗီဒီယိုဖိုင်ကို သူငယ်ချင်းတွေရှေ့မှာ သူရဲကောင်းလုပ်ပြတဲ့ နှိပ်စက်မှုလို့ နာမည်တပ်ထားပါတယ်။ အခုတော့ We Are Malaysia က လိုင်းပေါ်မှာ ဖြန့်ဝေမှုကြောင့် ကောင်လေးတွေကို ရဲကဖမ်းဆီး အရေးယူသွားပါပြီ။ နှိပ်စက်တဲ့ ဗီဒီယိုဖိုင်ကိုလည်း We Are Malaysia က ပြန် လည် ဖျက် သိမ်း လိုက် ပါ တယ် ။

မောင်ယဿ REF: world of buzz photo ;facebook

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဇြန္လ၂ရက္ေန႔ ကို Black out အဂၤါေန႔ အျဖစ္သက္မွတ္ၿပီး အေမရိကန္ အသံသြင္း လုပ္ငန္းေတြ ရပ္နား
International-news
ဇြန္လ၂ရက္ေန႔ ကို Black out အဂၤါေန႔ အျဖစ္သက္မွတ္ၿပီး အေမရိကန္ အသံသြင္း လုပ္ငန္းေတြ ရပ္နား

ဇြန္လ၂ရက္ေန႔ ကို Black out အဂၤါေန႔ အျဖစ္သက္မွတ္ၿပီး အေမရိကန္ အသံသြင္း လုပ္ငန္းေတြ ရပ္နား မင္နီဆိုတာမွာ ျဖစ္ခဲ့တဲ့ ရဲေတြပါဝင္တဲ့ လူမဲေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အေမရိကားက နာမည္ႀကီး အသံသြင္း လုပ္ငန္းေတြ အားလုံးနီးပါး ဇြန္လ၂ ရက္ေန႔မွာ လုပ္ငန္းေတြ အားလုံး ရပ္နားထားလိုက္ၾကပါတယ္ ။ ၿပီးေတာ့ အဲ့ဒိေန႔ကို အေမွာင္ခ် ထားတဲ့ ေန႔ဆိုၿပီး သက္မွတ္လိုက္ ၾကပါတယ္ ။ ယူနီဗာဆယ္ ျမဴးဇစ္အုပ္စု၊ ဝမ္းနား ျမဴးဇစ္၊ အတၱလန္တစ္ရီေကာ္ဒင္း ၊ကိုလံဘီယာ ရီေကာ္ဒင္း၊ အင္တာစကုတ္ဂစ္ဖင္ ေအးအန္အမ္ ၊ ဒက္ဖ္ဂ်မ္ ၊ ဆိုနီျမဴးဇစ္နဲ႔ အျခား နာမည္ႀကီး အသံသြင္း …

အေမရိကားက နာမည္ႀကီး လက္လီဆိုင္ေတြ လုယက္ မႈေၾကာင့္ ပိတ္ထားရၿပီ
International-news
အေမရိကားက နာမည္ႀကီး လက္လီဆိုင္ေတြ လုယက္ မႈေၾကာင့္ ပိတ္ထားရၿပီ

အေမရိကားက နာမည္ႀကီး လက္လီဆိုင္ေတြ လုယက္ မႈေၾကာင့္ ပိတ္ထားရၿပီ အေမရိကားမွာ နာမည္ႀကီး လက္လီဆိုင္ စူပါမားကတ္ေတြက ဆႏၵျပမႈ ေနာက္က လိုက္လာတဲ့ ဆူပူ ေသာင္း က်န္းမႈနဲ႔ လုယက္ ဖ်က္ဆီးမႈ ဒဏ္ေတြ ကိုေၾကာက္လို႔ ဆိုင္ေတြကို ပိတ္ထားပါတယ္ ။ မင္နီဆိုတာ ရဲ ေတြ ေၾကာင့္ ေသဆုံးသြားတဲ့ လူမဲေဂ်ာ့ဖလြိဳက္ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ျဖစ္ေနရာက တစ္ဆင့္တက္ၿပီး မင္နီပိုလိရဲစခန္းကို ဆူပူ သူေတြက မီးတင္ရႈိ႕ ခဲ့ရာမွာ အေမရိကား မွာ မၿငိမ္မသက္မႈေတြ ျဖစ္ေပၚေနခဲ့ပါတယ္ ။ အခုဆိုရင္ ဆူပူမႈကေန တစ္ဆင့္ေက်ာ္ၿပီး လုယက္မႈ ေတြပါ ျဖစ္ေပၚ …

ဗီယက္နမ္မွာ ပုစြန္ေတြမွာ ျဖစ္တတ္တဲ့ D1V1 ေရာဂါ ျပန႔္ေန
International-news
ဗီယက္နမ္မွာ ပုစြန္ေတြမွာ ျဖစ္တတ္တဲ့ D1V1 ေရာဂါ ျပန႔္ေန

ဗီယက္နမ္မွာ ပုစြန္ေတြမွာ ျဖစ္တတ္တဲ့ D1V1 ေရာဂါ ျပန႔္ေန ေကာ္႐ိုနာ ဗိုင္းရက္ ဒဏ္ အျပင္းအထန္ခံစားေနရတဲ့ အေရွ႕ေတာင္ အာရွႏိုင္ငံ တစ္ခုျဖစ္တဲ့ဗီယက္နမ္ႏိုင္ငံမွာ D1V1ရာဂါပိုးတစ္မ်ိဳးျပန႔္ႏွံ႔ ၿပီး ေနာက္ထပ္ ၿခိမ္းေျခာက္မႈ တစ္ခုကို ရင္ဆိုင္ေနရပါတယ္ ။ ခက္တာက D1V1ဗိုင္းရက္ က ပုစြန္ေတြမွာ အဓိက ကူးစက္ၿပီး အဲ့ဒိ ေရာဂါပိုးက လူေတြဆီကို ကူးစက္ႏိုင္ မကူးစက္ ႏိုင္ဘူး ဆိုတာကို ဘယ္သူမွ စမ္းသပ္ခ်က္ မလုပ္ရေသးတာပါ ။ သိပၸံပညာရွင္ အခ်ိဳ႕ကေတာ့ ဗိုင္းရက္ကို အျခား အေကာင္ေတြနဲ႔ ကူးစက္မႈ ရွိမရွိ စမ္းသပ္ေနပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ေလာေလာဆယ္ ဗီယက္နမ္မွာ …