စာသင္ခန္းအတြင္း အႀကီးအငယ္ ႏွိပ္စက္မႈ မ်ားရွိေန

စာသင္ခန္းအတြင္း အႀကီးအငယ္ ႏွိပ္စက္မႈ မ်ားရွိေန
International-news

စာသင္ခန္းအတြင္း အႀကီးအငယ္ ႏွိပ္စက္မႈ မ်ားရွိေန

ေက်ာင္းဗီဒိုထဲမွာ မစင္ တစ္ပံုေတြ႕ လို႕၉တန္းေက်ာင္းသားေတြက ၇တန္ေက်ာင္းသားေတြကို အျပစ္ေပး တဲ့အေနနဲ႕ ေက်ာင္းသားငယ္ေတြ မစင္ ဇြန္နဲ႕ ေကၽြးခဲ့တဲ့ ၾကီးႏိုင္ငယ္ညွင္းျဖစ္စဥ္ တစ္ရပ္ျဖစ္ပြား ခဲ့ပါတယ္။

အင္ဒိုနီးရွား နိုင္ ငံ ႏႈဆာ ေတာင္ဂါရာ က မူမဲရီး အထက္တန္းေက်ာင္းမွာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔က ၇ တန္းေက်ာင္းသား ၇၇ ေယာက္ကို ၉ တန္းေက်ာင္းသား၂ ေယာက္က အျပစ္ေပးတဲ့အေနနဲ႕ မစင္ေတြကို အတင္းေကၽြးခဲ့ပါတယ္။

၇တန္းေက်ာင္းသားေတြ ေနလည္ပိုင္းမုန္႔စားဆင္းၿပီး စာသင္ခန္းကို ျပန္လာခ်ိန္မွာ အငယ္တန္းေတြကို လိုက္စစ္တဲ့ ၉တန္းေက်ာင္းသား ၂ေယာက္က ကေလးေတြရဲ႕ စာသင္ခန္းထဲက ဗီရိုထဲမွာ မစင္ပံုတစ္ပံု ေတြ႔တယ္တဲ့။ ဘယ္သူပါတာလဲဆိုၿပီး ေက်ာင္းသား ၈၉ ေယာက္ကို စစ္ေမးပါေတာ့တယ္။ ဘယ္သူမွ၀န္မခံလို႔ ေက်ာင္းသားႀကီးေတြက ကေလးေတြကို ၀န္မခံရင္ အားလံုး အဲ့ဒိမစင္ကို စားရမယ္လို႕ ေျပာပါတယ္။

အဲ့ဒါနဲ႕ ကေလးေတြကို မစင္ကို ဇြန္းနဲ႕ခပ္ၿပီး အတင္းစားခိုင္းပါတယ္။ အငယ္ေတြက အႀကီးေတြေၾကာက္တာေႀကာင့္ ျပန္လည္းမေျပာရဲတာေႀကာင့္ သူတို႕ခိုင္းတာကို လုပ္လိုက္ရပါတယ္။ ေက်ာင္းသား ၈၉ ေယာက္ထဲမွာ ၇၇ ေယာက္က ျပစ္ဒဏ္ထိသြားပါတယ္။ ေက်ာင္းသားႀကီးေတြက အိမ္ကမိဘေတြကိုျပန္ေျပာရင္ ဒိထက္ႀကီး တဲ့ျပစ္ဒဏ္ခံရမယ္လို႕ ေျပာပါတယ္။

က်ေနာ္တို႔က ျပန္မတိုက္ခိုက္ရဲေတာ့ ရြံေပမဲ့လည္း သူတို႔ခိုင္းတာ ကို လုပ္လိုက္ရပါတယ္ လို႔ ေက်ာင္းသားတစ္ဦးကေျပာပါတယ္။ ေက်ာင္းသားႀကီးေတြ ထပ္ႏွိပ္စက္မွာစိုးလို႕ သူတို႕ေတြအားလံုးက အိမ္ျပန္မေျပာရဲ ၾကပါဘူး။ ေက်ာင္းသားတစ္ေယာက္ကေတာ့ အိမ္က မိဘကို ျပန္ေျပာ လို႔ မိဘေတြ ေဒါသ အၾကီး အက်ယ္ျဖစ္ကာ ေက်ာင္းျပည္သူ႕ဆက္ဆံေရး အရာရွိနဲ႕ေတြ႔ကာ ဒိကိစၥကို အေရး မယူရင္ လိုင္းေပၚတင္မယ္လို႔ေျပာကာ ကေလးကို ေက်ာင္းကထုတ္ေပးဖို႔ လာေျပာပါတယ္။

ေက်ာင္းအုပ္က ေတာ့ ကေလးေတြကို မစင္မစားခိုင္းပါဘူး မ်က္ႏွာနားမွာကပ္ၿပီးေတာ့ နႈတ္ခမ္းနဲ႕ ထိခိုင္းတာပါလို႔ စံုစမ္းသမွ် ကိုျပန္ေျပာပါတယ္။ ေက်ာင္းအုပ္ရဲ႕ အႀကီးတန္းေတြအေပၚ မ်က္ႏွာလိုက္မႈ ေၾကာင့္ ေက်ာင္းသားမိဘေတြက ကေလးရဲ႕ ျဖစ္စဥ္ကို လိုင္းေပၚတင္ၿပီးဖြင့္ခ်လိုက္ပါတယ္။

လိုင္းေပၚကေန မီဒီယာအထိျပန္႔ႏံွ႕ လာလို႕ ေက်ာင္းက က်န္မိဘေတြကိုေတာင္းျပန္တဲ့အေၾကာင္း စာေရးအေၾကာင္းၾကားခဲ့ၿပီး ေက်ာင္းသားႀကီး၂ေယာက္ ကို ေက်ာင္းထုတ္လိုက္ပါတယ္။ ေနာက္ထပ္လည္းေက်ာင္းမွာ ေက်ာင္းသားအခ်င္းခ်င္း ႏွိပ္စက္မႈမျဖစ္ ေစရပါ ဘူး လို႕ အာမခံခဲ့ရပါတယ္။

ေမာင္ယႆ REF: world of buzz
Photo;religion news

Unicode

စာသင်ခန်းအတွင်း အကြီးအငယ် နှိပ်စက်မှု များရှိနေ

ကျောင်းဗီဒိုထဲမှာ မစင် တစ်ပုံတွေ့ လို့၉တန်းကျောင်းသားတွေက ၇တန်ကျောင်းသားတွေကို အပြစ်ပေး တဲ့အနေနဲ့ ကျောင်းသားငယ်တွေ မစင် ဇွန်နဲ့ ကျွေးခဲ့တဲ့ ကြီးနိုင်ငယ်ညှင်းဖြစ်စဉ် တစ်ရပ်ဖြစ်ပွား ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင် ငံ နှုဆာ တောင်ဂါရာ က မူမဲရီး အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ၇ တန်းကျောင်းသား ၇၇ ယောက်ကို ၉ တန်းကျောင်းသား၂ ယောက်က အပြစ်ပေးတဲ့အနေနဲ့ မစင်တွေကို အတင်းကျွေးခဲ့ပါတယ်။

၇တန်းကျောင်းသားတွေ နေလည်ပိုင်းမုန့်စားဆင်းပြီး စာသင်ခန်းကို ပြန်လာချိန်မှာ အငယ်တန်းတွေကို လိုက်စစ်တဲ့ ၉တန်းကျောင်းသား ၂ယောက်က ကလေးတွေရဲ့ စာသင်ခန်းထဲက ဗီရိုထဲမှာ မစင်ပုံတစ်ပုံ တွေ့တယ်တဲ့။ ဘယ်သူပါတာလဲဆိုပြီး ကျောင်းသား ၈၉ ယောက်ကို စစ်မေးပါတော့တယ်။ ဘယ်သူမှဝန်မခံလို့ ကျောင်းသားကြီးတွေက ကလေးတွေကို ဝန်မခံရင် အားလုံး အဲ့ဒိမစင်ကို စားရမယ်လို့ ပြောပါတယ်။

အဲ့ဒါနဲ့ ကလေးတွေကို မစင်ကို ဇွန်းနဲ့ခပ်ပြီး အတင်းစားခိုင်းပါတယ်။ အငယ်တွေက အကြီးတွေကြောက်တာကြောင့် ပြန်လည်းမပြောရဲတာကြောင့် သူတို့ခိုင်းတာကို လုပ်လိုက်ရပါတယ်။ ကျောင်းသား ၈၉ ယောက်ထဲမှာ ၇၇ ယောက်က ပြစ်ဒဏ်ထိသွားပါတယ်။ ကျောင်းသားကြီးတွေက အိမ်ကမိဘတွေကိုပြန်ပြောရင် ဒိထက်ကြီး တဲ့ပြစ်ဒဏ်ခံရမယ်လို့ ပြောပါတယ်။

ကျနော်တို့က ပြန်မတိုက်ခိုက်ရဲတော့ ရွံပေမဲ့လည်း သူတို့ခိုင်းတာ ကို လုပ်လိုက်ရပါတယ် လို့ ကျောင်းသားတစ်ဦးကပြောပါတယ်။ ကျောင်းသားကြီးတွေ ထပ်နှိပ်စက်မှာစိုးလို့ သူတို့တွေအားလုံးက အိမ်ပြန်မပြောရဲ ကြပါဘူး။ ကျောင်းသားတစ်ယောက်ကတော့ အိမ်က မိဘကို ပြန်ပြော လို့ မိဘတွေ ဒေါသ အကြီး အကျယ်ဖြစ်ကာ ကျောင်းပြည်သူ့ဆက်ဆံရေး အရာရှိနဲ့တွေ့ကာ ဒိကိစ္စကို အရေး မယူရင် လိုင်းပေါ်တင်မယ်လို့ပြောကာ ကလေးကို ကျောင်းကထုတ်ပေးဖို့ လာပြောပါတယ်။

ကျောင်းအုပ်က တော့ ကလေးတွေကို မစင်မစားခိုင်းပါဘူး မျက်နှာနားမှာကပ်ပြီးတော့ နှုတ်ခမ်းနဲ့ ထိခိုင်းတာပါလို့ စုံစမ်းသမျှ ကိုပြန်ပြောပါတယ်။ ကျောင်းအုပ်ရဲ့ အကြီးတန်းတွေအပေါ် မျက်နှာလိုက်မှု ကြောင့် ကျောင်းသားမိဘတွေက ကလေးရဲ့ ဖြစ်စဉ်ကို လိုင်းပေါ်တင်ပြီးဖွင့်ချလိုက်ပါတယ်။

လိုင်းပေါ်ကနေ မီဒီယာအထိပြန့်နံှ့ လာလို့ ကျောင်းက ကျန်မိဘတွေကိုတောင်းပြန်တဲ့အကြောင်း စာရေးအကြောင်းကြားခဲ့ပြီး ကျောင်းသားကြီး၂ယောက် ကို ကျောင်းထုတ်လိုက်ပါတယ်။ နောက်ထပ်လည်းကျောင်းမှာ ကျောင်းသားအချင်းချင်း နှိပ်စက်မှုမဖြစ် စေရပါ ဘူး လို့ အာမခံခဲ့ရပါတယ်။

မောင်ယဿ REF: world of buzz
Photo;religion news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ
International-news
စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ

စပိန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး ခရမ်းချဉ်သီးပြိုင်ပွဲ မောင်ယဿ ( စက်တင်ဘာ ၁၄ ) စပိန်နိုင်ငံ တူဒီလားမြို့ မှာ ရုပ်အဆိုးဆုံ ခရမ်းချဉ်သီး ပြိုင်ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒိပြိုင်ပွဲကို တူဒီလာက လယ်သမားဒါဇင်နဲ့ ချီပြီး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ လယ်သမားတွေပြတဲ့ ရုပ်ဆိုးဆိုး ခရမ်းချဉ်သီးတွေကို မြို့နေတော်တော်များများ က လာကြည့်ပြီး မဲပေးကြပါတယ်။ အနိုင်ရသွားတဲ့သူကိုလည်း ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတော်တော်များများ ချီးမြှင့်ပါတယ်။ “ ဘယ်သူကတော့ဗျာ ၊ ရုပ်ဆိုးတဲ့ အသီးတွေ မျိုးတွေ ကို စိုက်မလဲဗျာ။ အဲ့ပြဿနာကို သယ်လာတာက ပျားတွေဗျ။ သူတို့က ဝတ်မှုံကူးတယ်ဗျာ ၊ အဲ့ဒိမှာ ဘာတွေ ထူးထူးဆန်းဆန်း …

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ
International-news
အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ

အာဖဂန်သားတွေကို ကူဖို့ ကုလက အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀ရှာပြီ မောင်ယဿ ( စက်တင်ဘာ ၁၄ ) ၂၀၂၁ မကုန်ခင်မှာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားတဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးဒုက္ခကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၆၀၀ ရှာဖွေရေး ကိစ္စ ကို လုပ်ဆောင်နေပါတယ်။ မနေ့ပြုလုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံ အစည်းအဝေးမှာ အာဖဂန်တွေ သန်းနဲ့ ချီပြီး အငတ်ဘေး ဆိုက်နေပြီမို့လို့ ချမ်းချမ်းသာသာအလှူရှင်တွေကို အမြန်ရှာဖွေ အကူအညီတောင်းနိုင်အောင်လို့ တိုင်ပင်နေကြတာပါ။ အာဖဂန်ဌာနေ ကုလကိုယ်စားလှယ်ရဲ့ အဆိုအရ ၉၇% သော အာဖဂန်တွေ အငတ်ဘေးဆိုက်နေပြီလို့ ဆိုပါတယ်။ နေရာဖယ်ရှား …