
စာမ်က္ႏွာႏွစ္
တစ္ေန႔သ၌ ကြၽႏ္ုပ္သည္ ကြၽႏ္ုပ္၏ေဗဒင္ေဟာခန္းတြင္း၌ တစ္ေယာက္တည္းရွိေနစဥ္အတြင္း လက္ရွိ ကြၽႏ္ုပ္၏ဘ၀အေျခအေနႏွင့္ပတ္သက္ၿပီး အေတြးနယ္ခ်ဲ႕မိေနေလ၏။ကြၽႏ္ုပ္သည္လြန္ခဲ့သည့္ေလးႏွစ္ နီးပါးခန္႔မွစ၍ဒီေန႔အထိက်န္းမာေရးမေကာင္းဘဲ ေရာဂါသည္တစ္ေယာက္ဘ၀ကိုေရာက္ေန၏။
ေရာဂါ ျဖစ္ၿပီးႏွႏွစ္ခြဲခန္႔အထိလုံးဝေအာက္ပိုင္းေသေနသည့္လူနာျဖစ္၏။ကြၽႏ္ုပ္အားခြဲစိတ္ေပးသည့္ပါဂူႀကီးက ခြဲစိတ္ေပးၿပီးညတြင္ ကြၽႏ္ုပ္ထံသို႔ေရာက္လာၿပီး “ခင္ဗ်ားေနာက္သုံးေလးရက္ေနရင္ လမ္းျပန္ေလွ်ာက္ ႏိုင္ၿပီ”ဟု အားေပးစကားေျပာခဲ့ေသာ္လည္း ကြၽႏ္ုပ္သည္ဒီကေန႔အထိတစ္ေရာက္တည္းလမ္းေလွ်ာက္ ႏိုင္ဖို႔အတြက္ အႏိုင္ႏိုင္ျဖစ္ေနေလ၏။
ေဗဒင္ေဟာခန္းဖြင့္ထားေသာ္လည္း တစ္ရင္ႏွစ္ရက္ဖြင့္ၿပီးလွ်င္ က်န္းမာေရးအရ ႏွစ္လ၊သုံးလခန္႔ျပန္ပိတ္ထားရေလ၏။ထို႔ေၾကာင့္ကြၽႏ္ုပ္၏စီးပြားေရးသည္ ယူဇနာတစ္ ရာေအာက္အထိထိုးဆင္းက်ေနေလ၏။ေဆြမ်ိဳးသားသမီးအေပၚတြင္လည္း ၾသဇာမေညာင္းေတာ့ေပ..၊ ငယ္႐ြယ္သူမ်ားကလည္းမခန္႔သည့္အျပင္ ပုခုံးျခင္းယွဥ္လာၾကေလ၏။ေနာင္ဆိုလွ်င္ကြၽႏ္ုပ္ေခါင္းေပၚထိ ေျခဆုံနင္းလာႏိုင္ေလ၏။
ကြၽႏ္ုပ္က်န္းမာေရးေကာင္းစဥ္အခ်ိန္ကထိုသို႔မဟုတ္ေပ..၊စိတ္သြားတိုင္းကိုယ္ ပါ၍ လုပ္ခ်င္တာလုပ္၍ရေလ၏။ေငြေၾကးစီးပြားေရးလည္းေတာင့္တင္း၏။မိတ္ေဆြအေပါင္းအသင္း လည္းေပါမ်ား၏။ယခုအေျခအေနႏွင့္ဘာမွကိုအဆိုင္ေပ..။ကြၽႏ္ုပ္သည္ထိုအေၾကာင္းအရာမ်ားကို စဥ္း စားမိလိုက္ၿပီးေနာက္ စိတ္ဓာတ္က်ကာကြၽႏ္ုပ္၏ႏႈတ္မွ စကားတစ္ခြန္းကိုလႊတ္ကနဲေျပာလိုက္မိေလ၏။
“ဘ၀ကေနဖို႔မေကာင္းေတာ့ဘူး”
“ေနဖို႔ေကာင္းတဲ့ဘ၀ဆိုတာ ေသဖို႔လည္းမေကာင္းေသးဘူး..၊ေနလို႔ေကာင္းတဲ့ဘဝျဖစ္ေအာင္လုပ္၊ဒါမွ အေသေကာင္းေအာင္ျပင္ဆင္ခ်ိန္ရမွာ…”ဟု ဘယ္အခ်ိန္ကတည္းက ကြၽႏ္ုပ္၏ေရွ႕သို႔ေရာက္ေနသည္မ သိလိုက္ရဘဲ ကြၽႏ္ုပ္၏မိတ္ေဆြကိုေဖာင္တိန္ႀကီးသည္ ကြၽႏ္ုပ္၏စကားဆုံးလွ်င္ဆုံးျခင္းပင္ အထက္ပါအ တိုင္း ကြၽႏ္ုပ္အားေျပာလိုက္ေလျခင္းျဖစ္ေလ၏။ထို႔ေၾကာင့္ ကြၽႏ္ုပ္က –
“ခင္ဗ်ား ဘယ္အခ်ိန္ကတည္းက က်ဳပ္ေရွ႕ကိုေရာက္ေနတာလဲ ကိုေဖာင္တိန္”ဟု အံ့ၾသသည့္ေလသံျဖင့္ ေမးလိုက္ေလရာ ကိုေဖာင္တိန္က –
“အခုပဲေရာက္တာ က်ဳပ္ေရာက္တဲ့အခ်ိန္မွာပဲ ဆရာစိုးေျပာလိုက္တဲ့စကားကိုၾကားလိုက္တာ”ဟု ျပန္၍ ေျပာေလ၏။
“ေၾသာ္…ဒီလိုကိုး ..”ဟု ကြၽႏ္ုပ္က တိုက္ဆိုင္သြားရသည့္အေၾကာင္းကို သိလိုက္ရၿပီးလွ်င္ အံ့ၾသသြားရ ျပန္ေလေတာ့၏။ထိုအခါ ကိုေဖာင္တိန္က –
“က်ဳပ္ေမးစမ္းပါရေစဦး..၊တစ္ေယာက္တည္းစကားေတြထိုင္ေျပာေနရေလာက္ေအာင္ ဘာေတြမ်ား ေတြးေနမိလို႔လဲ ဆရာစိုးရဲ႕”ဟု ကိုေဖာင္တိန္ႀကီးက ေမးလိုက္ရာ ေစာေစာက ကြၽႏ္ုပ္ေတြးေနသည့္အ ေၾကာင္းမ်ားကို ကိုေဖာင္တိန္အားျပန္၍ေျပာျပလိုက္ရေလ၏။ကြၽႏ္ုပ္၏စကားကိုဆုံးေအာင္နားေထာင္ ၿပီးေနာက္ ကိုေဖာင္တိန္ႀကီးက –
“လူေတြကဒီအတိုင္းပါပဲ..ကိုယ္ျဖစ္ခ်င္တာမျဖစ္ရင္ စိတ္ဓာတ္က်လြယ္တယ္၊အရႈံးေပးမယ္ ..၊အဲဒီလိုမွမ ဟုတ္ရင္ေလာကႀကီးကို အျပစ္တင္မယ္၊အ႐ြဲ႕တိုက္မယ္..။ဘာ့ေၾကာင့္ ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းရွိ တယ္၊အဲဒါဟာဘာလဲဆိုတာကိုက်ဳပ္ေျပာျပမယ္..”ဟု ကိုေဖာင္တိန္ႀကီးက ကြၽႏ္ုပ္အားေျပာလိုက္ေလရာ –
“ေျပာပါဦး ကိုေဖာင္တိန္ရယ္..နားေထာင္ခ်င္ပါတယ္..”ဟု ကြၽႏ္ုပ္က ကိုေဖာင္တိန္အားျပန္၍ေျပာလိုက္ လွ်င္ကိုေဖာင္တိန္ႀကီးသည္ကြၽႏ္ုပ္အားေခါင္းညႇိတ္ျပလိုက္ၿပီးေနာက္မ်က္ေမွာင္ကိုအနည္းငယ္ႀကဳံ႕လိုက္ေလ၏။ထို႔ေနာက္ စကားကိုေျဖးေျဖးႏွင့္မွန္မွန္စ၍ေျပာေလေတာ့၏။
“အဓိက ကေတာ့က်ဳပ္တို႔ေတြဟာ ဘ၀ကိုမ်က္ႏွာစာႏွစ္ခုပိုင္းျခားကန္႔သတ္ၿပီးေနထိုင္ေနၾကလို႔ပဲျဖစ္ တယ္၊က်ဳပ္တို႔အတြက္ လိုခ်င္တာ၊ေက်နပ္စရာ၊က်ဳပ္တို႔လိုအပ္ေနတာ၊ျဖစ္ခ်င္၊ရခ်င္ေနတာ၊က်ဳပ္တို႔ရဲ႕ စိတ္ကိုေပ်ာ္႐ႊင္ေစတဲ့အရာ၊က်ဳပ္တို႔ကိုေကာင္းက်ိဳးေဆာင္တဲ့လူေတြၿပီးေတာ့..က်ဳပ္တို႔လိုလားေတာင့္တ ေနတဲ့အရာလုံး၊
က်ဳပ္တို႔ကသုခခ်မ္းသာလို႔သတ္မွတ္ထားၾကတဲ့အျခမ္းကို အလင္းဘက္အျခမ္း၊က်ဳပ္တို႔တစ္ေတြလက္ခံထားတဲ့အျခမ္းအျဖစ္ သတ္မွတ္ထားတယ္။ဘ၀ရဲ႕ေမွ်ာ္လင့္ခ်က္မ်ားရွိရာ ဘ၀ပန္းတိုင္အျဖစ္နဲ႔ယူဆလက္ခံထားၾကတဲ့အျခမ္း လည္းျဖစ္တယ္။ေန႔စဥ္နဲ႔အမွ်၀မ္းေျမာက္၀မ္းသာနဲ႔ က်ဳပ္တို႔ဖြင့္ဖတ္ျဖစ္ေနၾကတဲ့စာမ်က္ႏွာလည္းျဖစ္ တယ္..၊ဘယ္ႏွစ္ႀကိမ္ဖတ္ဖတ္ က်ဳပ္တို႔အတြက္ အားရတင္းတိမ္သြားျခင္းဆိုတာ လုံး၀မရွိတဲ့စာမ်က္ႏွာ လည္းျဖစ္တယ္။
က်ဳပ္တို႔တစ္ေတြ လိုခ်င္၊ရခ်င္၊ျဖစ္ခ်င္စိတ္မရွိတဲ့ က်ဳပ္တို႔ေကာင္းက်ိဳးကိုမေဆာင္ဘဲ၊က်ဳပ္တို႔ကို နာက်င္ေစတဲ့အရာ၊မျမင္ခ်င္၊မၾကားခ်င္၊မႀကဳံေတြ႕ခ်င္တဲ့ အေတြ႕အႀကဳံေတြ၊ျဖစ္ရပ္ေတြ၊လူေတြ၊အရာ ၀တ္ၳဳေတြ၊က်ဳပ္တို႔အတြက္ေၾကကြဲ၀မ္းနည္းမႈေတြျဖစ္ေပၚေစတယ္လို႔သတ္မွတ္ထားတဲ့အျခမ္း
၊က်ဳပ္တို႔ အတြက္ဒုကၡဆင္းရဲလို႔နားလည္လက္ခံထားတဲ့အျခမ္း အဲဒီဘက္အျခမ္းကို အေမွာင္ျခမ္းအျဖစ္သတ္ မွတ္ထားၾကၿပီး က်ဳပ္တို႔ဘယ္ေတာ့မွ ဖြင့္ၾကည့္ဖို႔မေျပာနဲ႔စိတ္ကူးနဲ႔ေတာင္ဖြင့္ဖတ္ဖို႔ကို႐ြံ႕ ေၾကာက္ေနၾကတဲ့စာမ်က္ႏွာလည္းျဖစ္တယ္။
အဲဒီလို တစ္ခုတည္းေသာကိုယ့္ရဲ႕ျဖစ္တည္မႈကို ကိုယ့္သေဘာနဲ႔ကိုယ္ ကိုယ့္ဆႏၵအရအႀကိဳက္ ႏွစ္မ်ိဳးခြဲၿပီးပိုင္းျခားသတ္မွတ္လိုက္တဲ့အတြက္ ဘ၀ပန္းတိုင္ကိုမွားယြင္းလက္ခံ လိုက္မိၿပီးသားျဖစ္သြားတယ္။ဘာျဖစ္လို႔လည္းဆိုေတာ့ က်ဳပ္တို႔သတ္မွတ္ထားတဲ့ အလင္းနဲ႔အေမွာင္ ဆိုတဲ့ႏွစ္ခုစလုံးရွိေနမွ က်ဳပ္တို႔ျဖစ္တည္မႈအတြက္ ၿပီးျပည့္စုံတဲ့ျဖစ္ရွိမႈျဖစ္ကိုဖန္တီးေပးေနတာပါ။
ဒါေပ မဲ့ က်ဳပ္တို႔တစ္ေတြဟာ က်ဳပ္တို႔ရဲ႕ဆႏၵေနာက္ကိုလိုက္ေနၾကတဲ့အတြက္ က်ဳပ္တို႔ရဲ႕ျဖစ္တည္မႈေတြဟာ ျပည့္စုံမႈမရွိဘဲ အပိုင္းအစေတြအျဖစ္နဲ႔ျပန႔္ႀကဲေနတယ္။ဒါ့ေၾကာင့္လည္း က်ဳပ္တို႔ဟာ အလင္းေရာင္ ေအာက္မွာေနေနၾကၿပီးလမ္းေပ်ာက္ေနၾကတာျဖစ္တယ္၊အလင္းေရာင္ဟာ က်ဳပ္တို႔ကိုလမ္းမျပႏိုင္ဘူး၊ ဘာျဖစ္လို႔လည္းဆိုေတာ့ တကယ့္အလင္းေရာင္မဟုတ္ဘဲ က်ဳပ္တို႔ဆႏၵနဲ႔ျပ႒ာန္းထားတဲ့ျပ႒ာန္းခ်က္ ျဖစ္ေနတဲ့အတြက္ေၾကာင့္ဘဲျဖစ္တယ္။
ဒီေတာ့ က်ဳပ္တို႔ေတြလမ္းကိုေတြ႕ခ်င္တယ္ဆိုရင္ က်ဳပ္တို႔ဘယ္တုန္းကမွဖြင့္မၾကည့္ခ်င္တဲ့ စာ မ်က္ႏွာဘက္အျခမ္းကို မျဖစ္မေနဖြင့္ဖတ္ၾကရလိမ့္မယ္၊က်ဳပ္တို႔ေပ်ာက္ဆုံးေနတဲ့လမ္းဟာ အေမွာင္ထဲ မွာရွိေနတယ္ဆိုတာေသခ်ာတယ္၊ေမွာင္ေနတဲ့အတြက္ လမ္းကိုက်ဳပ္တို႔မျမင္ႏိုင္တာပဲျဖစ္တယ္။
ဒါ့ ေၾကာင့္ က်ဳပ္တို႔ေတြအေမွာင္ထုထဲကိုရဲရဲရင့္ရင့္တိုး၀င္သြားၾကဖို႔လိုတယ္၊အေမွာင္ထုထဲမွာ ဘယ္လိုအ ေတြ႕အႀကဳံမ်ိဳးေတြနဲ႔ႀကဳံေတြ႕ရမယ္ဆိုတာကို ႀကိဳတင္မခန္႔မွန္းႏိုင္တဲ့အတြက္ ခင္ဗ်ားအေနနဲ႔ေၾကာက္ စိတ္ေတြလႊမ္းမိုးႏိုင္ေနႏိုင္တယ္ ဆိုတာက်ဳပ္သိပါတယ္၊
ဒါေပမဲ့ တကယ့္အေမွာင္ထုထဲကိုေရာက္တဲ့အခါမွာ ခင္ဗ်ားဟာအေမွာင္ထုနဲ႔က်င့္သားရသြားလိမ့္မယ္၊အေမွာင္ထုဟာေၾကာက္စရာမဟုတ္ဘူးဆိုတာ ကိုလည္းခင္ဗ်ားသိသြားလိမ့္မယ္..၊ဘာျဖစ္လို႔လဲဆိုေတာ့ အေမွာင္ထုဟာ က်ဳပ္တို႔ရဲ႕အေၾကာက္တရား ေတြကိုေျဖေဖ်ာက္ေပးႏိုင္လို႔ပဲျဖစ္တယ္၊
က်ဳပ္တို႔ရဲ႕မွားယြင္းေနတဲ့သိမွတ္မႈေတြ၊အယူအစြဲေတြအားလုံးကို အေမွာင္ထုကေဆးေၾကာ သန္႔စင္ေပးႏိုင္တယ္၊က်ဳပ္တို႔ရဲ႕ျဖစ္တည္မႈထဲကေနေပ်ာက္ဆုံးေနတဲ့လမ္းကို အေမွာင္ထုကေနပဲ ေဖာ္ထုတ္ေတြ႕ရွိႏိုင္တယ္၊ပကတိမ်က္စိနဲ႔ျမင္ေတြ႕လို႔မရတဲ့အရာအားလုံးကို အ ေမွာင္ထုထဲေရာက္ေတာ့မွဘဲျမင္ေတြ႕ႏိုင္တယ္ဆိုတာကို ခင္ဗ်ားေကာင္းေကာင္းႀကီးသေဘာေပါက္ ထားစမ္းပါ ကိုယ့္လူရယ္…။
အေၾကာက္တရားနဲ႔နဖူးေတြ႕၊ဒူးေတြ႕ရင္ဆိုင္လိုက္ၿပီးတဲ့အခါမွာ အေၾကာက္တရားဆိုတာမရွိဘူး၊ က်ဳပ္တို႔ရဲ႕ အလိုဆႏၵေတြက က်ဳပ္တို႔ကိုေၾကာက္ခိုင္းေနတာ က်ဳပ္တို႔ရဲ႕မသိမႈေတြကေၾကာက္ေနတာ၊တ ကယ့္အေမွာင္ထုထဲမွာသာ က်ဳပ္တို႔အတြက္စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈ၊ခ်မ္းသာမႈေတြကိုရရွိမွာျဖစ္တယ္၊
ခင္ ဗ်ားဟာ အေမွာင္ထုထဲမွာ ေနတတ္လာၿပီ၊ေနႏိုင္သြားၿပီ၊အေမွာင္ထုသည္သာလွ်င္ တကယ့္အလင္း ေရာင္ျဖစ္တယ္ဆိုတာကိုသိသြားၿပီဆိုရင္ ခင္ဗ်ားရဲ႕ျဖစ္တည္မႈဟာ အပိုင္းအျခားဆိုတဲ့စည္း႐ိုးလည္းမရွိ ေတာ့သလို အစိတ္အပိုင္းေတြနဲ႔ျပန္႔က်ဲေနျခင္းမရွိေတာ့ဘဲ၊အျပည့္အဝျဖစ္တည္မႈျဖစ္လာမယ္၊
ျဖစ္တည္ မႈတစ္ခုဟာ အဲဒီလိုျပည့္၀သြားၿပီိဆိုရင္ ျဖစ္တည္မႈမဲ့ျခင္းဆိုတဲ့လမ္းေၾကာင္းမွန္ေပၚကို ေရာက္ရွိသြားၿပီ….။ကိုင္း ..ကိုယ့္လူေရ…၊ခင္ဗ်ားဖြင့္မဖတ္ခ်င္တဲ့စာမ်က္ႏွာကို လွန္ျဖစ္ေအာင္လွန္ၿပီး ဖတ္ျဖစ္ေအာင္ဖတ္ ေပေတာ့ဗ်ိဳ႕ ….”ဟုေျပာ၍စကားကိုအဆုံးသတ္လိုက္ေလ၏။
ၿပီးလွ်င္ကိုေဖာင္တိန္သည္ထမင္းခူးစားေန ေလေတာ့၏။ထမင္းစားၿပီးေနာက္ ၎၏လက္ကိုမေဆးဘဲ ၎၏ပုဆိုးျဖင့္လက္ကိုသုတ္ကာ ကြၽႏ္ုပ္ အား
“ေသဖို႔အတြက္ ျပင္ဆင္ထား”ဟု ႏႈတ္ဆက္ေနက်အတိုင္း ႏႈတ္ဆက္စကားေျပာကာ ကြၽႏ္ုပ္၏ေဗဒင္ ေဟာခန္းတြင္းမွျပန္ထြက္သြားေလေတာ့၏။
ထိုအခါ ကြၽႏ္ုပ္သည္ ကိုေဖာင္တိန္ႀကီး၏ေနာက္ေက်ာျပင္ ကိုၾကည့္ရင္း ကြၽႏ္ုပ္၏မိတ္ေဆြကိုေဖာင္တိန္ႀကီးအား လူေတြကဘာ့ေၾကာင့္အ႐ူးႀကီးဟု ေခၚေဝၚသတ္ မွတ္ေနၾကသနည္းဟု ေတြးေနလိုက္မိေလေတာ့သတည္း …..။
သေဗၺသတၱာကမၼဒါယာဒါ
သိဒ္ၶိစိုး
Unicode
စာမျက်နှာနှစ်
တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ဗေဒင်ဟောခန်းတွင်း၌ တစ်ယောက်တည်းရှိနေစဉ်အတွင်း လက်ရှိ ကျွန်ုပ်၏ဘဝအခြေအနေနှင့်ပတ်သက်ပြီး အတွေးနယ်ချဲ့မိနေလေ၏။ကျွန်ုပ်သည်လွန်ခဲ့သည့်လေးနှစ် နီးပါးခန့်မှစ၍ဒီနေ့အထိကျန်းမာရေးမကောင်းဘဲ ရောဂါသည်တစ်ယောက်ဘဝကိုရောက်နေ၏။
ရောဂါ ဖြစ်ပြီးနှနှစ်ခွဲခန့်အထိလုံးဝအောက်ပိုင်းသေနေသည့်လူနာဖြစ်၏။ကျွန်ုပ်အားခွဲစိတ်ပေးသည့်ပါဂူကြီးက ခွဲစိတ်ပေးပြီးညတွင် ကျွန်ုပ်ထံသို့ရောက်လာပြီး “ခင်ဗျားနောက်သုံးလေးရက်နေရင် လမ်းပြန်လျှောက် နိုင်ပြီ”ဟု အားပေးစကားပြောခဲ့သော်လည်း ကျွန်ုပ်သည်ဒီကနေ့အထိတစ်ရောက်တည်းလမ်းလျှောက် နိုင်ဖို့အတွက် အနိုင်နိုင်ဖြစ်နေလေ၏။
ဗေဒင်ဟောခန်းဖွင့်ထားသော်လည်း တစ်ရင်နှစ်ရက်ဖွင့်ပြီးလျှင် ကျန်းမာရေးအရ နှစ်လ၊သုံးလခန့်ပြန်ပိတ်ထားရလေ၏။ထို့ကြောင့်ကျွန်ုပ်၏စီးပွားရေးသည် ယူဇနာတစ် ရာအောက်အထိထိုးဆင်းကျနေလေ၏။ဆွေမျိုးသားသမီးအပေါ်တွင်လည်း သြဇာမညောင်းတော့ပေ..၊ ငယ်ရွယ်သူများကလည်းမခန့်သည့်အပြင် ပုခုံးခြင်းယှဉ်လာကြလေ၏။နောင်ဆိုလျှင်ကျွန်ုပ်ခေါင်းပေါ်ထိ ခြေဆုံနင်းလာနိုင်လေ၏။
ကျွန်ုပ်ကျန်းမာရေးကောင်းစဉ်အချိန်ကထိုသို့မဟုတ်ပေ..၊စိတ်သွားတိုင်းကိုယ် ပါ၍ လုပ်ချင်တာလုပ်၍ရလေ၏။ငွေကြေးစီးပွားရေးလည်းတောင့်တင်း၏။မိတ်ဆွေအပေါင်းအသင်း လည်းပေါများ၏။ယခုအခြေအနေနှင့်ဘာမှကိုအဆိုင်ပေ..။ကျွန်ုပ်သည်ထိုအကြောင်းအရာများကို စဉ်း စားမိလိုက်ပြီးနောက် စိတ်ဓာတ်ကျကာကျွန်ုပ်၏နှုတ်မှ စကားတစ်ခွန်းကိုလွှတ်ကနဲပြောလိုက်မိလေ၏။
“ဘဝကနေဖို့မကောင်းတော့ဘူး”
“နေဖို့ကောင်းတဲ့ဘဝဆိုတာ သေဖို့လည်းမကောင်းသေးဘူး..၊နေလို့ကောင်းတဲ့ဘဝဖြစ်အောင်လုပ်၊ဒါမှ အသေကောင်းအောင်ပြင်ဆင်ချိန်ရမှာ…”ဟု ဘယ်အချိန်ကတည်းက ကျွန်ုပ်၏ရှေ့သို့ရောက်နေသည်မ သိလိုက်ရဘဲ ကျွန်ုပ်၏မိတ်ဆွေကိုဖောင်တိန်ကြီးသည် ကျွန်ုပ်၏စကားဆုံးလျှင်ဆုံးခြင်းပင် အထက်ပါအ တိုင်း ကျွန်ုပ်အားပြောလိုက်လေခြင်းဖြစ်လေ၏။ထို့ကြောင့် ကျွန်ုပ်က –
“ခင်ဗျား ဘယ်အချိန်ကတည်းက ကျုပ်ရှေ့ကိုရောက်နေတာလဲ ကိုဖောင်တိန်”ဟု အံ့သြသည့်လေသံဖြင့် မေးလိုက်လေရာ ကိုဖောင်တိန်က –
“အခုပဲရောက်တာ ကျုပ်ရောက်တဲ့အချိန်မှာပဲ ဆရာစိုးပြောလိုက်တဲ့စကားကိုကြားလိုက်တာ”ဟု ပြန်၍ ပြောလေ၏။
“သြော်…ဒီလိုကိုး ..”ဟု ကျွန်ုပ်က တိုက်ဆိုင်သွားရသည့်အကြောင်းကို သိလိုက်ရပြီးလျှင် အံ့သြသွားရ ပြန်လေတော့၏။ထိုအခါ ကိုဖောင်တိန်က –
“ကျုပ်မေးစမ်းပါရစေဦး..၊တစ်ယောက်တည်းစကားတွေထိုင်ပြောနေရလောက်အောင် ဘာတွေများ တွေးနေမိလို့လဲ ဆရာစိုးရဲ့”ဟု ကိုဖောင်တိန်ကြီးက မေးလိုက်ရာ စောစောက ကျွန်ုပ်တွေးနေသည့်အ ကြောင်းများကို ကိုဖောင်တိန်အားပြန်၍ပြောပြလိုက်ရလေ၏။ကျွန်ုပ်၏စကားကိုဆုံးအောင်နားထောင် ပြီးနောက် ကိုဖောင်တိန်ကြီးက –
“လူတွေကဒီအတိုင်းပါပဲ..ကိုယ်ဖြစ်ချင်တာမဖြစ်ရင် စိတ်ဓာတ်ကျလွယ်တယ်၊အရှုံးပေးမယ် ..၊အဲဒီလိုမှမ ဟုတ်ရင်လောကကြီးကို အပြစ်တင်မယ်၊အရွဲ့တိုက်မယ်..။ဘာ့ကြောင့် ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းရှိ တယ်၊အဲဒါဟာဘာလဲဆိုတာကိုကျုပ်ပြောပြမယ်..”ဟု ကိုဖောင်တိန်ကြီးက ကျွန်ုပ်အားပြောလိုက်လေရာ –
“ပြောပါဦး ကိုဖောင်တိန်ရယ်..နားထောင်ချင်ပါတယ်..”ဟု ကျွန်ုပ်က ကိုဖောင်တိန်အားပြန်၍ပြောလိုက် လျှင်ကိုဖောင်တိန်ကြီးသည်ကျွန်ုပ်အားခေါင်းညှိတ်ပြလိုက်ပြီးနောက်မျက်မှောင်ကိုအနည်းငယ်ကြုံ့လိုက်လေ၏။ထို့နောက် စကားကိုဖြေးဖြေးနှင့်မှန်မှန်စ၍ပြောလေတော့၏။
“အဓိက ကတော့ကျုပ်တို့တွေဟာ ဘဝကိုမျက်နှာစာနှစ်ခုပိုင်းခြားကန့်သတ်ပြီးနေထိုင်နေကြလို့ပဲဖြစ် တယ်၊ကျုပ်တို့အတွက် လိုချင်တာ၊ကျေနပ်စရာ၊ကျုပ်တို့လိုအပ်နေတာ၊ဖြစ်ချင်၊ရချင်နေတာ၊ကျုပ်တို့ရဲ့ စိတ်ကိုပျော်ရွှင်စေတဲ့အရာ၊ကျုပ်တို့ကိုကောင်းကျိုးဆောင်တဲ့လူတွေပြီးတော့..ကျုပ်တို့လိုလားတောင့်တ နေတဲ့အရာလုံး၊
ကျုပ်တို့ကသုခချမ်းသာလို့သတ်မှတ်ထားကြတဲ့အခြမ်းကို အလင်းဘက်အခြမ်း၊ကျုပ်တို့တစ်တွေလက်ခံထားတဲ့အခြမ်းအဖြစ် သတ်မှတ်ထားတယ်။ဘဝရဲ့မျှော်လင့်ချက်များရှိရာ ဘဝပန်းတိုင်အဖြစ်နဲ့ယူဆလက်ခံထားကြတဲ့အခြမ်း လည်းဖြစ်တယ်။နေ့စဉ်နဲ့အမျှဝမ်းမြောက်ဝမ်းသာနဲ့ ကျုပ်တို့ဖွင့်ဖတ်ဖြစ်နေကြတဲ့စာမျက်နှာလည်းဖြစ် တယ်..၊ဘယ်နှစ်ကြိမ်ဖတ်ဖတ် ကျုပ်တို့အတွက် အားရတင်းတိမ်သွားခြင်းဆိုတာ လုံးဝမရှိတဲ့စာမျက်နှာ လည်းဖြစ်တယ်။
ကျုပ်တို့တစ်တွေ လိုချင်၊ရချင်၊ဖြစ်ချင်စိတ်မရှိတဲ့ ကျုပ်တို့ကောင်းကျိုးကိုမဆောင်ဘဲ၊ကျုပ်တို့ကို နာကျင်စေတဲ့အရာ၊မမြင်ချင်၊မကြားချင်၊မကြုံတွေ့ချင်တဲ့ အတွေ့အကြုံတွေ၊ဖြစ်ရပ်တွေ၊လူတွေ၊အရာ ဝတ်္ထုတွေ၊ကျုပ်တို့အတွက်ကြေကွဲဝမ်းနည်းမှုတွေဖြစ်ပေါ်စေတယ်လို့သတ်မှတ်ထားတဲ့အခြမ်း
၊ကျုပ်တို့ အတွက်ဒုက္ခဆင်းရဲလို့နားလည်လက်ခံထားတဲ့အခြမ်း အဲဒီဘက်အခြမ်းကို အမှောင်ခြမ်းအဖြစ်သတ် မှတ်ထားကြပြီး ကျုပ်တို့ဘယ်တော့မှ ဖွင့်ကြည့်ဖို့မပြောနဲ့စိတ်ကူးနဲ့တောင်ဖွင့်ဖတ်ဖို့ကိုရွံ့ ကြောက်နေကြတဲ့စာမျက်နှာလည်းဖြစ်တယ်။
အဲဒီလို တစ်ခုတည်းသောကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်ဆန္ဒအရအကြိုက် နှစ်မျိုးခွဲပြီးပိုင်းခြားသတ်မှတ်လိုက်တဲ့အတွက် ဘဝပန်းတိုင်ကိုမှားယွင်းလက်ခံ လိုက်မိပြီးသားဖြစ်သွားတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်တို့သတ်မှတ်ထားတဲ့ အလင်းနဲ့အမှောင် ဆိုတဲ့နှစ်ခုစလုံးရှိနေမှ ကျုပ်တို့ဖြစ်တည်မှုအတွက် ပြီးပြည့်စုံတဲ့ဖြစ်ရှိမှုဖြစ်ကိုဖန်တီးပေးနေတာပါ။
ဒါပေ မဲ့ ကျုပ်တို့တစ်တွေဟာ ကျုပ်တို့ရဲ့ဆန္ဒနောက်ကိုလိုက်နေကြတဲ့အတွက် ကျုပ်တို့ရဲ့ဖြစ်တည်မှုတွေဟာ ပြည့်စုံမှုမရှိဘဲ အပိုင်းအစတွေအဖြစ်နဲ့ပြန့်ကြဲနေတယ်။ဒါ့ကြောင့်လည်း ကျုပ်တို့ဟာ အလင်းရောင် အောက်မှာနေနေကြပြီးလမ်းပျောက်နေကြတာဖြစ်တယ်၊အလင်းရောင်ဟာ ကျုပ်တို့ကိုလမ်းမပြနိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်အလင်းရောင်မဟုတ်ဘဲ ကျုပ်တို့ဆန္ဒနဲ့ပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက် ဖြစ်နေတဲ့အတွက်ကြောင့်ဘဲဖြစ်တယ်။
ဒီတော့ ကျုပ်တို့တွေလမ်းကိုတွေ့ချင်တယ်ဆိုရင် ကျုပ်တို့ဘယ်တုန်းကမှဖွင့်မကြည့်ချင်တဲ့ စာ မျက်နှာဘက်အခြမ်းကို မဖြစ်မနေဖွင့်ဖတ်ကြရလိမ့်မယ်၊ကျုပ်တို့ပျောက်ဆုံးနေတဲ့လမ်းဟာ အမှောင်ထဲ မှာရှိနေတယ်ဆိုတာသေချာတယ်၊မှောင်နေတဲ့အတွက် လမ်းကိုကျုပ်တို့မမြင်နိုင်တာပဲဖြစ်တယ်။
ဒါ့ ကြောင့် ကျုပ်တို့တွေအမှောင်ထုထဲကိုရဲရဲရင့်ရင့်တိုးဝင်သွားကြဖို့လိုတယ်၊အမှောင်ထုထဲမှာ ဘယ်လိုအ တွေ့အကြုံမျိုးတွေနဲ့ကြုံတွေ့ရမယ်ဆိုတာကို ကြိုတင်မခန့်မှန်းနိုင်တဲ့အတွက် ခင်ဗျားအနေနဲ့ကြောက် စိတ်တွေလွှမ်းမိုးနိုင်နေနိုင်တယ် ဆိုတာကျုပ်သိပါတယ်၊
ဒါပေမဲ့ တကယ့်အမှောင်ထုထဲကိုရောက်တဲ့အခါမှာ ခင်ဗျားဟာအမှောင်ထုနဲ့ကျင့်သားရသွားလိမ့်မယ်၊အမှောင်ထုဟာကြောက်စရာမဟုတ်ဘူးဆိုတာ ကိုလည်းခင်ဗျားသိသွားလိမ့်မယ်..၊ဘာဖြစ်လို့လဲဆိုတော့ အမှောင်ထုဟာ ကျုပ်တို့ရဲ့အကြောက်တရား တွေကိုဖြေဖျောက်ပေးနိုင်လို့ပဲဖြစ်တယ်၊
ကျုပ်တို့ရဲ့မှားယွင်းနေတဲ့သိမှတ်မှုတွေ၊အယူအစွဲတွေအားလုံးကို အမှောင်ထုကဆေးကြော သန့်စင်ပေးနိုင်တယ်၊ကျုပ်တို့ရဲ့ဖြစ်တည်မှုထဲကနေပျောက်ဆုံးနေတဲ့လမ်းကို အမှောင်ထုကနေပဲ ဖော်ထုတ်တွေ့ရှိနိုင်တယ်၊ပကတိမျက်စိနဲ့မြင်တွေ့လို့မရတဲ့အရာအားလုံးကို အ မှောင်ထုထဲရောက်တော့မှဘဲမြင်တွေ့နိုင်တယ်ဆိုတာကို ခင်ဗျားကောင်းကောင်းကြီးသဘောပေါက် ထားစမ်းပါ ကိုယ့်လူရယ်…။
အကြောက်တရားနဲ့နဖူးတွေ့၊ဒူးတွေ့ရင်ဆိုင်လိုက်ပြီးတဲ့အခါမှာ အကြောက်တရားဆိုတာမရှိဘူး၊ ကျုပ်တို့ရဲ့ အလိုဆန္ဒတွေက ကျုပ်တို့ကိုကြောက်ခိုင်းနေတာ ကျုပ်တို့ရဲ့မသိမှုတွေကကြောက်နေတာ၊တ ကယ့်အမှောင်ထုထဲမှာသာ ကျုပ်တို့အတွက်စစ်မှန်တဲ့ ပျော်ရွှင်မှု၊ချမ်းသာမှုတွေကိုရရှိမှာဖြစ်တယ်၊
ခင် ဗျားဟာ အမှောင်ထုထဲမှာ နေတတ်လာပြီ၊နေနိုင်သွားပြီ၊အမှောင်ထုသည်သာလျှင် တကယ့်အလင်း ရောင်ဖြစ်တယ်ဆိုတာကိုသိသွားပြီဆိုရင် ခင်ဗျားရဲ့ဖြစ်တည်မှုဟာ အပိုင်းအခြားဆိုတဲ့စည်းရိုးလည်းမရှိ တော့သလို အစိတ်အပိုင်းတွေနဲ့ပြန့်ကျဲနေခြင်းမရှိတော့ဘဲ၊အပြည့်အဝဖြစ်တည်မှုဖြစ်လာမယ်၊
ဖြစ်တည် မှုတစ်ခုဟာ အဲဒီလိုပြည့်ဝသွားပြီဆိုရင် ဖြစ်တည်မှုမဲ့ခြင်းဆိုတဲ့လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိသွားပြီ….။ကိုင်း ..ကိုယ့်လူရေ…၊ခင်ဗျားဖွင့်မဖတ်ချင်တဲ့စာမျက်နှာကို လှန်ဖြစ်အောင်လှန်ပြီး ဖတ်ဖြစ်အောင်ဖတ် ပေတော့ဗျို့ ….”ဟုပြော၍စကားကိုအဆုံးသတ်လိုက်လေ၏။
ပြီးလျှင်ကိုဖောင်တိန်သည်ထမင်းခူးစားနေ လေတော့၏။ထမင်းစားပြီးနောက် ၎င်း၏လက်ကိုမဆေးဘဲ ၎င်း၏ပုဆိုးဖြင့်လက်ကိုသုတ်ကာ ကျွန်ုပ် အား
“သေဖို့အတွက် ပြင်ဆင်ထား”ဟု နှုတ်ဆက်နေကျအတိုင်း နှုတ်ဆက်စကားပြောကာ ကျွန်ုပ်၏ဗေဒင် ဟောခန်းတွင်းမှပြန်ထွက်သွားလေတော့၏။
ထိုအခါ ကျွန်ုပ်သည် ကိုဖောင်တိန်ကြီး၏နောက်ကျောပြင် ကိုကြည့်ရင်း ကျွန်ုပ်၏မိတ်ဆွေကိုဖောင်တိန်ကြီးအား လူတွေကဘာ့ကြောင့်အရူးကြီးဟု ခေါ်ဝေါ်သတ် မှတ်နေကြသနည်းဟု တွေးနေလိုက်မိလေတော့သတည်း …..။
သဗ္ဗေသတ္တာကမ္မဒါယာဒါ
သိဒ်္ဓိစိုး
No Comments